< တရားဟောရာ 11 >

1 သို့ဖြစ်၍ သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် ရမည်။ စီရင် ထုံးဖွဲ့တော်မူချက်၊ မှာထား တော်မူသောပညတ် တော်တို့ကို အစဉ် စောင့်ရှောက် ရမည်။
သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်ရမည်။ စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထား တော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက် ရမည်။
2 သင် ၏ဘုရားသခင် ထာဝရဘုရား ဆုံးမ တော်မူခြင်း ကို၎င်း၊ ဘုန်း အာနုဘော်တော်ကို၎င်း၊ အားကြီး သော လက်ရုံး ဆန့် တော်မူခြင်းကို၎င်း၊
သင်၏ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူ ခြင်းကို၎င်း၊ ဘုန်းအာနုဘော်တော်ကို၎င်း၊ အားကြီးသော လက်ရုံးဆန့်တော်မူခြင်းကို၎င်း၊
3 ထူးဆန်း သော တန်ခိုးတော်ကို၎င်း ၊ အဲဂုတ္တု ပြည် ၌ ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းနှင့် ပြည်သူ ပြည်သားများတို့အား ပြု တော်မူသော အမှု ကို၎င်း၊
ထူးဆန်းသော တန်ခိုးတော်ကို၎င်း၊ အဲဂုတ္တုပြည် ၌၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းနှင့် ပြည်သူပြည်သား များတို့အား ပြုတော်မူသော အမှုကို၎င်း၊
4 အဲဂုတ္တု စစ်သူရဲ အလုံးအရင်းတည်းဟူသောမြင်း စီးသူရဲ၊ ရထား စီးသူရဲတို့အား ပြု တော်မူသောအမှု ကို ၎င်း ၊ သင် တို့ကိုလိုက် သောသူ တို့ ကို ဧဒုံ ပင်လယ် ရေ လွှမ်းမိုး စေ၍ ၊ ယနေ့ တိုင်အောင် ဖျက်ဆီး တော်မူကြောင်း ကို၎င်း၊
အဲဂုတ္တုစစ်သူရဲ အလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသော အမှုကို ၎င်း၊ သင်တို့ကိုလိုက်သော သူတို့ကို ဧဒုံပင်လယ်ရေ လွှမ်းမိုးစေ၍၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်း ကို၎င်း၊
5 ဤ အရပ် သို့ မ ရောက် မှီ၊ တော ၌ လှည့်လည်စဉ်တွင် သင် တို့အား ပြု တော်မူသောအမှု ကို၎င်း၊
ဤအရပ်သို့ မရောက်မှီ၊ တော၌ လှည့်လည်စဉ် တွင် သင်တို့အား ပြုတော်မူသော အမှုကို၎င်း၊
6 ရုဗင် အမျိုး ၊ ဧလျာဘ သား ဒါသန် နှင့် အဘိရံ တို့ အား ပြု တော်မူသောအမှု ကို၎င်း ၊ မြေကြီး သည် မိမိ ခံတွင်း ကို ဖွင့် ၍ သူ တို့နှင့် အိမ်သူ အိမ်သားများ၊ တဲ များ၊ သူ တို့၌ ရတတ်သမျှ သော ဥစ္စာ ပစ္စည်းများကို၊ ဣသရေလ အမျိုးသားတို့ အလယ် ၌ ၊ မျို ကြောင်းကို၎င်း မ သိ မမြင် သော သင် တို့၏ သားသမီး တို့အား ငါမပြော၊ သင်တို့ကိုယ်တိုင် သိမှတ် ကြလော့။
ရုဗင်အမျိုး၊ ဧလျာဘသားဒါသန်နှင့် အဘိရံတို့ အား ပြုတော်မူသောအမှုကို၎င်း၊ မြေကြီးသည် မိမိ ခံတွင်းကို ဖွင့်၍ သူတို့နှင့် အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့၌ ရတတ်သမျှသော ဥစ္စာပစ္စည်းများကို၊ ဣသရေလ အမျိုးသားတို့ အလယ်၌၊ မျိုကြောင်းကို၎င်း မသိမမြင် သော သင်တို့၏ သားသမီးတို့အား ငါမပြော၊ သင်တို့ကိုယ် တိုင် သိမှတ်ကြလော့။
7 ထာဝရဘုရား ပြု တော်မူသော အမှု ကြီး အလုံးစုံ တို့ကို သင် တို့သည် ကိုယ်တိုင် မြင် ကြပြီ။
ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံ တို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။
8 ထို့ကြောင့် ၊ သင်တို့သည်သွား ၍ ဝင်စား လတံ့ သောပြည် ကို ကြီးစွာသောခွန်အား နှင့် ဝင်စား မည် အကြောင်း၊
ထို့ကြောင့်၊ သင်တို့သည်သွား၍ ဝင်စားလတံ့ သောပြည်ကို ကြီးစွာသောခွန်အားနှင့် ဝင်စားမည် အကြောင်း၊
9 ထာဝရဘုရား သည် သင် တို့၏ ဘိုးဘေး တို့နှင့် သူ တို့အမျိုးအနွယ် အား ပေး ခြင်းငှာ ကျိန်ဆို တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် ၌ သင်တို့အသက်တာ ရှည် မည်အကြောင်း ၊ ယနေ့ ငါ မှာ ထားသမျှ သောပညတ် တို့ကို စောင့်ရှောက် ရကြမည်။
ထာဝရဘုရားသည် သင်တို့၏ ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသော ပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့အသက် တာရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည်။
10 ၁၀ သင် တို့သွား ၍ ဝင်စားလတံ့သော ပြည် သည် ကား ၊ ယာ လုပ်သကဲ့သို့ မျိုးစေ့ ကြဲ ၍ ခြေ ဖြင့် ရေ လောင်း ရသောပြည်တည်းဟူသောသင်တို့ထွက် လာသော အဲဂုတ္တု ပြည် နှင့် တူသည်မ ဟုတ်။
၁၀သင်တို့သွား၍ ဝင်စားလတံ့သော ပြည်သည် ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်း ရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။
11 ၁၁ သင် တို့သွား ၍ ဝင်စား လတံ့သော ပြည် သည် တောင် များ၊ ချိုင့် များနှင့် ပြည့်စုံ၍ မိုဃ်း ရေကို သောက် သောပြည်၊
၁၁သင်တို့သွား၍ ဝင်စားလတံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့် ပြည့်စုံ၍ မိုဃ်းရေကို သောက် သောပြည်၊
12 ၁၂ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပြုစု ၍ တနှစ် ပတ်လုံးကြည့်ရှု တော်မူသော ပြည် ဖြစ်၏။
၁၂သင်တို့၏ဘုရားသခင် ထာဝရဘုရားပြုစု၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။
13 ၁၃ သင် တို့ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် ၍ အမှုတော် ကို ဆောင်ရွက်မည် အကြောင်း ၊ ယနေ့ ငါ မှာ ထားသမျှသော ပညတ် တို့ကို စေ့စေ့နားထောင် လျှင်၊
၁၃သင်တို့ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်မည် အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊
14 ၁၄ သင် တို့သည် စပါး ၊ စပျစ် ရည်၊ ဆီ တို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း ၊ နောက် မိုဃ်း တည်းဟူသောသင် တို့ပြည် နှင့်ဆိုင်သော မိုဃ်း ရေကို ငါပေး မည်။
၁၄သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း၊ နောက်မိုဃ်း တည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သော မိုဃ်းရေကို ငါပေးမည်။
15 ၁၅ သင်တို့သည် ဝ စွာစား ရမည်အကြောင်း ၊ သင် တို့တိရစ္ဆာန် များအဘို့ လွင်ပြင် ၌ မြက်ပင် ကို ငါပေါက် စေမည်။
၁၅သင်တို့သည် ဝစွာစားရမည်အကြောင်း၊ သင်တို့ တိရစ္ဆာန်များအဘို့ လွင်ပြင်၌ မြက်ပင်ကို ငါပေါက်စေ မည်။
16 ၁၆ သင် တို့သည် မိစ္ဆာဒိဌိ အယူကိုစွဲ၍ လမ်းမလွဲ ၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ၊ ကိုးကွယ် ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း ၊ ကိုယ် ကိုကိုယ်သတိ ပြုကြ လော့။
၁၆သင်တို့သည် မိစ္ဆာဒိဌိအယူကိုစွဲ၍ လမ်းမလွဲ၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြု၊ ကိုးကွယ်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြ လော့။
17 ၁၇ သို့မဟုတ်ထာဝရဘုရား သည် အမျက် တော် ထွက် ၍ မိုဃ်း မ ရွာ ၊ မြေ ၏အသီးအနှံ ကို မ ဖြစ် စေခြင်းငှာ။ မိုဃ်းကောင်းကင် ကို ပိတ် တော်မူမည်။ ထာဝရဘုရား ပေး တော်မူသော ကောင်းမွန် သောပြည် ၌ သင်တို့သည် အလျှင် အမြန် ပျောက် ပျက်ကြလိမ့်မည်။
၁၇သို့မဟုတ် ထာဝရဘုရားသည် အမျက်တော် ထွက်၍ မိုဃ်းမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ။ မိုဃ်းကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရား ပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျှင်အမြန် ပျောက်ပျက်ကြလိမ့်မည်။
18 ၁၈ သို့ဖြစ်၍ ငါ ဟောပြောသော ဤ စကား ကို စိတ် နှလုံး၌ သွင်း ထား၍ ၊ လက် ၌ လက္ခဏာ သက်သေဘို့ ရာ၎င်း၊ မျက်စိ ကြား မှာ သင်းကျစ် ကဲ့သို့ ၎င်း ချည် ထားရကြမည်။
၁၈သို့ဖြစ်၍ ငါဟောပြောသော ဤစကားကို စိတ်နှလုံး၌ သွင်းထား၍၊ လက်၌ လက္ခဏာသက်သေ ဘို့ရာ၎င်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း ချည်ထားရ ကြမည်။
19 ၁၉ ထို စကားကို သင် တို့သည် အိမ် ၌ ထိုင် လျက် နေသည်ဖြစ်စေ၊ ခရီး သွား သည်ဖြစ်စေ ၊ အိပ် လျက် ထ လျက် ရှိသည်ဖြစ်စေဟောပြော ၍ ၊ သားသမီး တို့အား သွန်သင် ရကြမည်။
၁၉ထိုစကားကို သင်တို့သည် အိမ်၌ ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထ လျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်။
20 ၂၀ အိမ် တံခါး မြို့တံခါး ၌ လည်း ရေး ထားရကြမည်။
၂၀အိမ်တံခါးမြို့တံခါး၌လည်း ရေးထားရကြမည်။
21 ၂၁ သို့ပြုလျှင် ထာဝရဘုရား သည် ဘိုးဘေး တို့အား ပေး ခြင်းငှာ ကျိန်ဆို တော်မူသော ပြည် ၌ သင် တို့အသက် ၊ သားသမီး များ အသက်တာ သည်၊ ကောင်းကင် ၌ အသက်တာ ရှည် သကဲ့သို့ ၊ မြေကြီး ပေါ် မှာ တာရှည် ရလိမ့်မည်။
၂၁သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများ အသက်တာသည်၊ ကောင်းကင်၌ အသက် တာ ရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။
22 ၂၂ သင် တို့သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ကို ချစ် သောစိတ်နှင့် လမ်း တော်သို့ လိုက် ၍၊ ကိုယ်တော် ၌ ဆည်းကပ်မှီဝဲ မည် အကြောင်း၊ ငါ မှာ ထားသမျှသော ဤ ပညတ် တို့ကို ကျင့် အံ့သောငှာ သတိနှင့် စောင့်ရှောက် လျှင်၊
၂၂သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်သောစိတ်နှင့် လမ်းတော်သို့လိုက်၍၊ ကိုယ် တော်၌ ဆည်းကပ်မှီဝဲမည်အကြောင်း၊ ငါမှာထားသမျှ သော ဤပညတ်တို့ကို ကျင့်အံ့သောငှာ သတိနှင့် စောင့် ရှောက်လျှင်၊
23 ၂၃ ထာဝရဘုရား သည် ဤ လူမျိုး ခပ်သိမ်း တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မူသဖြင့် ၊ သင် တို့သည် ကိုယ်ထက် အားကြီး ၍ များပြား သော လူမျိုး တို့ကို အစိုးရ ကြ လိမ့်မည်။
၂၃ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ သင်တို့သည် ကိုယ်ထက်အားကြီး၍ များပြားသော လူမျိုးတို့ကို အစိုးရ ကြလိမ့်မည်။
24 ၂၄ သင် တို့သည် ခြေ နှင့်နင်း သမျှ သောအရပ် ကို ပိုင်သဖြင့်၊ တော မှစ၍ လေဗနုန် တောင်တိုင်အောင်၎င်း၊ ဥဖရတ် မြစ် ကြီးမှစ၍ ပင်လယ် ကမ်းနားတိုင်အောင် ၎င်း၊ မြေတရှောက်လုံးသည် သင် တို့၏ နိုင်ငံ အဝင် ဖြစ် လိမ့်မည်။
၂၄သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနား တိုင်အောင်၎င်း၊ မြေတရှောက်လုံးသည် သင်တို့၏ နိုင်ငံအဝင် ဖြစ်လိမ့် မည်။
25 ၂၅ သင် တို့ရှေ့ မှာ အဘယ်သူ မျှမ ရပ် မနေနိုင် အောင်၊ သင်တို့နင်း သော မြေ အရပ်၌ ရှိသောသူအပေါင်း တို့သည် သင် တို့ကို ကြောက်ရွံ့ ထိတ်လန့် မည် အကြောင်း၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိ တော်ရှိသည်အတိုင်း ပြု တော်မူမည်။
၂၅သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင် အောင်၊ သင်တို့နင်းသော မြေအရပ်၌ ရှိသောသူ အပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ ထိတ်လန့်မည် အကြောင်း၊ သင်တို့ ၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။
26 ၂၆ ယနေ့ ကောင်းကြီး ပေးခြင်းနှင့် ကျိန် ခြင်းတည်းဟူသောဤနှစ်ပါးကို သင် တို့ရှေ့ မှာ ငါ ထား ၏။
၂၆ယနေ့ ကောင်းကြီးပေးခြင်းနှင့် ကျိန်ခြင်းတည်း ဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာ ငါထား၏။
27 ၂၇ ယနေ့ ငါ ဆင့်ဆို သော သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို နားထောင် လျှင် မူကား၊ ကောင်းကြီး ပေးခြင်း၊
၂၇ယနေ့ ငါဆင့်ဆိုသော သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို နားထောင်လျှင်မူ ကား၊ ကောင်းကြီးပေးခြင်း၊
28 ၂၈ သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို နား မ ထောင်၊ ယနေ့ ငါ မှာ ထားသော လမ်း မှ လွှဲ ရှောင်၍ ၊ မ သိ ဘူးသော အခြား တပါးသောဘုရား ကို မှီဝဲဆည်းကပ်လျှင်မူကား ကျိန် ခြင်းကို ငါထား၏။
၂၈သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ် တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင်၍၊ မသိဘူးသော အခြားတပါးသောဘုရားကို မှီဝဲဆည်း ကပ်လျှင်မူကား ကျိန်ခြင်းကို ငါထား၏။
29 ၂၉ သင် တို့သည်သွား ၍ ဝင်စား လတံ့သောပြည် သို့ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် ဆောင် သွင်း တော်မူပြီးမှ ၊ ကောင်းကြီး မင်္ဂလာကို ဂေရဇိမ် တောင် ပေါ် ၌၎င်း၊ ကျိန် ခြင်းကို ဧဗလ တောင် ပေါ် ၌၎င်း တင် ထားရကြမည်။
၂၉သင်တို့သည်သွား၍ ဝင်စားလတံ့သောပြည်သို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်း တော်မူပြီးမှ၊ ကောင်းကြီးမင်္ဂလာကို ဂေရဇိမ် တောင်ပေါ် ၌၎င်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌၎င်း တင်ထားရ ကြမည်။
30 ၃၀ ထိုတောင်တို့သည် ယော်ဒန် မြစ်အနောက် ၊ နေ ဝင် ရာဘက် မှာ ခါနနိ လူတို့နေရာ အရပ်တည်းဟူသော၊ မောရေ သပိတ် တောအနား ၊ ဂိလဂါလ မြို့နှင့် ဆိုင်သော လွင်ပြင် ၌ ရှိသည်မ ဟုတ်လော။
၃၀ထိုတောင်တို့သည် ယော်ဒန်မြစ်အနောက်၊ နေဝင်ရာဘက်မှာ ခါနနိလူတို့နေရာ အရပ်တည်းဟူ သော၊ မောရေသပိတ်တောအနား၊ ဂိလဂါလမြို့နှင့် ဆိုင်သော လွင်ပြင်၌ ရှိသည်မဟုတ်လော။
31 ၃၁ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူ သော ပြည် ကို ဝင်စား ခြင်းငှာ ၊ ယော်ဒန် မြစ်တဘက်သို့ ကူး သွား၍၊ ထိုပြည်ကို ဝင်စား လျက် နေ ရကြမည်။
၃၁သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော် မူသော ပြည်ကို ဝင်စားခြင်းငှာ၊ ယော်ဒန်မြစ်တဘက်သို့ ကူးသွား၍၊ ထိုပြည်ကို ဝင်စားလျက် နေရကြမည်။
32 ၃၂ ယနေ့ ငါ ထား သမျှ သော စီရင် ထုံးဖွဲ့ချက်တို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် ရကြမည်။
၃၂ယနေ့ ငါထားသမျှသော စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည်။

< တရားဟောရာ 11 >