< ၂ တိမောသေ 4 >

1 ကိုယ်တော် တိုင်ပေါ်ထွန်း ၍ နိုင်ငံ တော်ထင်ရှားသောကာလ၊ အသက် ရှင်သောသူ၊ သေ သော သူတို့ကိုစစ်ကြော စီရင်တော်မူသော သခင် ယေရှု ခရစ် ရှေ့ မှာ၎င်း၊ ဘုရားသခင် ရှေ့မှာ၎င်း ၊ ငါသည် သင့်ကို သစ္စာ ပေးသည်ကား
I do fully testify, then, before God, and the Lord Jesus Christ, who is about to judge living and dead at his manifestation and his reign —
2 နှုတ်ကပတ် တရားတော်ကို ပြော လော့။ အချိန် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဖော်ပြ လော့။ ဆုံးမ ခြင်းကိုပြုလော့။ အလွန် ရှည်သောစိတ်နှင့် ဩဝါဒ မျိုးကိုပေး၍ တိုက်တွန်း သွေးဆောင်လော့။
preach the word; be earnest in season, out of season, convict, rebuke, exhort, in all long-suffering and teaching,
3 အကြောင်းမူကား ၊ နောင် ကာလ ၌လူ တို့သည် စင်ကြယ် သော ဩဝါဒ ကိုနား မ ခံနိုင်ဘဲ၊ ယား တတ်သော နား ရှိလျှင်၊ မိမိ တပ်မက် ခြင်းအတိုင်း များပြား သော ဆရာ တို့နောက်သို့ လိုက်ကြလိမ့်မည်။
for there shall be a season when the sound teaching they will not suffer, but according to their own desires to themselves they shall heap up teachers — itching in the hearing,
4 သမ္မာတရား ကို နား မထောင်ဘဲ၊ ဒဏ္ဍာရီ စကားကို နားထောင်၍ လွဲ သွားကြလိမ့်မည်။
and indeed, from the truth the hearing they shall turn away, and to the fables they shall be turned aside.
5 သင် မူကား ၊ အရာရာ ၌ သမ္မာ သတိရှိစေလော့။ ဆင်းရဲ ဒုက္ခကိုသည်းခံလော့။ သာသနာပြု ဆရာ ဆောင်ရွက်ရသောအမှု ကို ဆောင်ရွက် လော့။ ဓမ္မဆရာ အရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။
And thou — watch in all things; suffer evil; do the work of one proclaiming good news; of thy ministration make full assurance,
6 အကြောင်းမူကား ၊ ငါ့ ကိုယဇ်ပေါ်မှာလောင်း ရသော အချိန်ရှိပြီ။ စုတေ့ ရသောအချိန် ရောက် လေပြီ။
for I am already being poured out, and the time of my release hath arrived;
7 ကောင်း စွာသော တိုက်လှန် ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်း ကို အဆုံး တိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက် ပြီ။
the good strife I have striven, the course I have finished, the faith I have kept,
8 ယခု မှစ၍ဓမ္မ သရဖူ သည် ငါ့ အဘို့သိုထား လျက်ရှိ၏။ ထို နေ့ရက် ၌ တရား သဖြင့် စီရင် သောသူ တည်းဟူသောသခင် ဘုရားသည် ထို သရဖူကို ငါ ၌အပ်ပေး တော်မူမည်။ ထိုမျှမက ၊ ပေါ်ထွန်း တော်မူခြင်းကို တောင့်တ သောသူ အပေါင်း တို့၌ လည်း အပ်ပေးတော်မူမည်။
henceforth there is laid up for me the crown of the righteousness that the Lord — the Righteous Judge — shall give to me in that day, and not only to me, but also to all those loving his manifestation.
9 ငါ့ ထံသို့ မြန်မြန် လာ ခြင်းငှာကြိုးစား လော့။
Be diligent to come unto me quickly,
10 ၁၀ အကြောင်းမူကား၊ ဒေမ သည် ယခု ဘဝ ကို နှစ်သက် သော စိတ်ရှိသည်နှင့် ငါ့ ကိုစွန့်ပစ် ၍၊ သက်သာလောနိတ် မြို့သို့ သွား ပြီ။ ကရက္ကေ သည်ဂလာတိ ပြည်သို့ ၎င်း ၊ တိတု သည် ဒါလမာတိ ပြည်သို့ ၎င်း သွားပြီ။ (aiōn g165)
for Demas forsook me, having loved the present age, and went on to Thessalonica, Crescens to Galatia, Titus to Dalmatia, (aiōn g165)
11 ၁၁ လုကာ တယောက်တည်း သာ ငါ့ ထံမှာရှိ ၏။ မာကု ကိုသင် နှင့်အတူ ခေါ် ခဲ့လော့။ သူသည်ဆရာ အမှုကို ပြုရာမှာ ငါ အကျိုး ရှိ ၏။
Lukas only is with me; Markus having taken, bring with thyself, for he is profitable to me for ministration;
12 ၁၂ တုခိတ် ကိုလည်း ဧဖက် မြို့သို့ ငါစေလွှတ် ပြီ။
and Tychicus I sent to Ephesus;
13 ၁၃ တရော မြို့တွင် ကာပုလက် ၌ ငါထား ခဲ့သော ဝတ်လုံ ကို၎င်း ၊ စာစောင်ကို၎င်း၊ အထူးသဖြင့် သားရေ စာ ကို၎င်း၊ သင်သည်လာ သောအခါယူခဲ့ လော့။
the cloak that I left in Troas with Carpus, coming, bring thou and the books — especially the parchments.
14 ၁၄ ပန်းတိမ် သမားအာလေဇန္ဒြု သည် ငါ ၌မကောင်း သောအမှုအများ ကို ပြု လေပြီ။ ထိုသူ ကျင့်သော အကျင့် တို့၏ အကျိုး အပြစ်ကို သခင် ဘုရား ဆပ်ပေး တော်မူပါစေသော။
Alexander the coppersmith did me much evil; may the Lord repay to him according to his works,
15 ၁၅ သူ တို့သတိပြု လော့။ ငါ တို့စကား ကို အလွန် ငြင်းပယ် လေပြီ။
of whom also do thou beware, for greatly hath he stood against our words;
16 ၁၆ ပဌမ အချိန်၌ အပြစ်တင် ခွင့်ကိုဖြေ၍ ငါ သည် အစီရင်ခံရသောအခါ၊ ငါ့ ဘက် ၌ အဘယ်သူ မျှမနေ။ လူအပေါင်း တို့သည် ငါ့ ကို စွန့်ပစ် ကြ၏။
in my first defence no one stood with me, but all forsook me, (may it not be reckoned to them!)
17 ၁၇ သူ တို့၌ အပြစ်တင်တော်မ မူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော ၍၊ ခပ်သိမ်း သောလူမျိုး တို့သည် ကြားသိ စေခြင်းငှာ ၊ သခင် ဘုရားသည် ငါ့ ဘက်၌ နေ ၍ ငါ့ ကို ခွန်အား နှင့် ပြည့်စုံ စေတော်မူသောကြောင့် ၊ ခြင်္သေ့ ခံတွင်း မှ ကယ်နှုတ် ခြင်းချမ်းသာကို ငါ ရ၏။
and the Lord stood by me, and did strengthen me, that through me the preaching might be fully assured, and all the nations might hear, and I was freed out of the mouth of a lion,
18 ၁၈ ထိုမျှမက၊ သခင် ဘုရားသည် မကောင်း သော အမှု ရှိသမျှ ကို ငါ့ ကိုကယ်နှုတ် ၍၊ မိမိ ကောင်းကင် နိုင်ငံ တော်သို့ တိုင်အောင်မစ ပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင် သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေ သတည်း။ အာမင် ။ (aiōn g165)
and the Lord shall free me from every evil work, and shall save [me] — to his heavenly kingdom; to whom [is] the glory to the ages of the ages! Amen. (aiōn g165)
19 ၁၉ ပြစ်ကိလ နှင့် အာကုလ မှစ၍ ဩနေသိဖော် ၏ အိမ်သူ အိမ်သားများကို နှုတ်ဆက် လော့။
Salute Prisca and Aquilas, and Onesiphorus' household;
20 ၂၀ ဧရတ္တု သည် ကောရိန္သု မြို့၌ နေ ၏။ တရောဖိမ် သည် နာ ၍ မိလက် မြို့၌ ငါထား ခဲ့၏။
Erastus did remain in Corinth, and Trophimus I left in Miletus infirm;
21 ၂၁ ဆောင်း ကာလမ ရောက်မှီကြိုးစား ၍ လာ ခဲ့ လော့။ ဥဗုလု ၊ ပုဒေ ၊ လိနု ၊ ကလောဒိ မှစ၍ ညီအစ်ကို အပေါင်း တို့သည် သင့် ကို နှုတ်ဆက် ကြ၏။
be diligent to come before winter. Salute thee doth Eubulus, and Pudens, and Linus, and Claudia, and all the brethren.
22 ၂၂ သခင် ယေရှုခရစ်သည် သင် ၏စိတ် ဝိညာဉ်နှင့်အတူ ရှိတော်မူပါစေသော။ သင် ၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။
The Lord Jesus Christ [is] with thy spirit; the grace [is] with you! Amen.

< ၂ တိမောသေ 4 >