< ၂ ရာဇဝင်ချုပ် 33 >
1 ၁ မနာရှေ သည် အသက် တဆယ် နှစ် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် ငါး နှစ် စိုးစံ လေ၏။
Manasseh was twelue yeere olde, when he beganne to reigne, and he reigned fiue and fiftie yeere in Ierusalem:
2 ၂ ထိုမင်းသည် ဣသရေလ အမျိုးသား ရှေ့ မှာ၊ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား ရွံရှာဘွယ် ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
And he did euill in the sight of the Lord, like the abominations of the heathen, who the Lord had cast out before the children of Israel.
3 ၃ ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဗာလ ဘုရားတို့အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်တို့ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏။
For he went backe and built the hie places, which Hezekiah his father had broken downe: and he set vp altars for Baalim, and made groues, and worshipped all the hoste of the heauen, and serued them.
4 ၄ ယေရုရှလင် မြို့၌ ငါ့ နာမ ကိုအစဉ် ငါတည် စေမည် ဟု ထာဝရဘုရား မိန့် တော်မူသော မြို့၊ ဗိမာန် တော်၌ ယဇ် ပလ္လင်တည်းဟူသော၊
Also he built altars in the house of the Lord, whereof the Lord had saide, In Ierusalem shall my Name be for euer.
5 ၅ ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် ၊ မိုဃ်း ကောင်းကင်တန်ဆာ များ အဘို့ ယဇ် ပလ္လင်တို့ကိုတည် ၏။
And he built altars for all the hoste of the heauen in the two courtes of the house of the Lord.
6 ၆ မိမိ သား တို့ကို ဟိန္နုံ သားချိုင့်၌ မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သောအတတ်၊ နတ် ဝိဇ္ဇာအတတ်ကို သုံးဆောင်၍ ၊ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌များစွာ သော ဒုစရိုက် ကို ပြု ၏။
And he caused his sonnes to passe through the fire in the valley of Ben-hinnom: he gaue him selfe to witchcraft and to charming and to sorcerie, and he vsed them that had familiar spirits, and soothsayers: hee did very much euill in the sight of the Lord to anger him.
7 ၇ ဤ ဗိမာန် ၌ ၎င်း ၊ ဣသရေလ ခရိုင် များတို့တွင် ငါရွေးကောက် သော ယေရုရှလင် မြို့၌ ၎င်း၊ ငါ့ နာမ ကို အစဉ်အမြဲ ငါ တည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ် နှင့် သား တော် ရှောလမုန် အား မိန့် တော်မူရာ၌၊ ရည်ဆောင်သောဗိမာန် တော်ထဲမှာ ၊ မိမိပြုစုသော ရုပ်တုနှင့် တူအောင်လုပ် သော ရုပ်တုတခုကိုတင် ထား၏။
He put also the carued image, which he had made, in the house of God: whereof God had said to Dauid and to Salomon his sonne, In this house and in Ierusalem, which I haue chosen before all the tribes of Israel, will I put my Name for euer,
8 ၈ ငါမှာထား သမျှ အတိုင်း ၊ မောရှ အားဖြင့် စီရင် ထုံးဖွဲ့ သမျှ သောတရား အတိုင်း ၊ ဣသရေလအမျိုးသားတို့ သည် ကျင့်ခြင်းငှါစောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့ အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တဖန် ငါမရွေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
Neither will I make the foote of Israel to remooue any more out of the lande which I haue appointed for your fathers, so that they take heede, and do all that I haue commanded them, according to the Lawe and statutes and iudgements by the hande of Moses.
9 ၉ မနာရှေ သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့ကို လမ်းလွဲ စေ၏။ ဣသရေလ အမျိုးသား တို့ရှေ့ မှ ၊ ထာဝရဘုရား ဖျက်ဆီး တော်မူသော လူမျိုး တို့ပြုသည် ထက် ၊ သာ၍ဆိုး သောအမှုကိုပြု စေ၏။
So Manasseh made Iudah and the inhabitants of Ierusalem to erre, and to doe worse then the heathen, whome the Lord had destroyed before the children of Israel.
10 ၁၀ ထာဝရဘုရား သည် မနာရှေ နှင့် သူ ၏ လူ တို့အား မိန့် တော်မူသော်လည်း ၊ သူတို့သည်နား မ ထောင်ဘဲ နေသောကြောင့်၊
And the Lord spake to Manasseh and to his people, but they would not regarde.
11 ၁၁ အာရှုရိ ရှင်ဘုရင် ၏ ဗိုလ် မင်း များကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေ ကို ဆူးတော ၌ ဘမ်းမိ ၍ ၊ သံကြိုး နှင့် ချည်နှောင် ပြီးမှ ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားကြ၏။
Wherefore the Lord brought vpon them the captaines of the hoste of the King of Asshur, which tooke Manasseh and put him in fetters, and bound him in chaines, and caryed him to Babel.
12 ၁၂ ထိုသို့မနာရှေ သည် ဆင်းရဲ ဒုက္ခကို ခံရသောအခါ၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို တောင်းပန် ၍ ၊ ဘိုးဘေး တို့၏ ဘုရားသခင့် ရှေ့ မှာ ကိုယ်ကိုအလွန် နှိမ့်ချ လျက်၊
And when he was in tribulation, he prayed to the Lord his God, and humbled him selfe greatly before the God of his fathers,
13 ၁၃ ဆုတောင်း ပဌနာပြုသောစကားကို ဘုရားသခင်နားထောင် နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင် မြို့သို့ တဖန်ပို့ဆောင် တော်မူ၏။ ထိုအခါ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို မနာရှေ သိ ရ၏။
And prayed vnto him: and God was entreated of him, and heard his prayer, and brought him againe to Ierusalem into his kingdome: then Manasseh knewe that the Lord was God.
14 ၁၄ ထိုနောက် ၊ ဒါဝိဒ် မြို့ ပြင် ၊ ဂိဟုန် မြို့ အနောက် ဘက်၊ ချိုင့် ထဲမှာ ငါး တံခါးဝ တိုင်အောင် ၎င်း ၊ ဩဖေလ ရဲတိုက်ပတ်လည် ၌ ၎င်း ၊ အလွန် မြင့် သော မြို့ရိုး ကို တည် ၏။ ယုဒ ပြည်တွင် ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ တပ်မှူး တို့ကို ခန့်ထား ၏။
Nowe after this he built a wall without the citie of Dauid, on the Westside of Gihon in the valley, euen at the entrie of the fish gate, and compassed about Ophel, and raised it very hie, and put captaines of warre in all the strong cities of Iudah.
15 ၁၅ တပါး အမျိုးတို့၏ ဘုရား များနှင့် အရင်လုပ် သောရုပ်တု ကို၊ ဗိမာန် တော်ထဲက ထုတ် ၍ ၊ ဗိမာန် တော် တောင် ပေါ် ၊ ယေရုရှလင် မြို့ထဲမှာ အရင်တည် သော ယဇ် ပလ္လင်တို့ကိုလည်း မြို့ ပြင် သို့ ထုတ် ပစ်လေ၏။
And he tooke away the strange gods and the image out of the house of the Lord, and all the altars that he had built in the mount of the house of the Lord, and in Ierusalem, and cast them out of the citie.
16 ၁၆ ထာဝရဘုရား ၏ ယဇ် ပလ္လင်ကိုပြုပြင် ၍ ၊ မိဿဟာယ ယဇ် နှင့် ကျေးဇူး တော်ဝန်ခံရာ ယဇ် တို့ကိုပူဇော်၏။ ယုဒ ပြည်သားတို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု မည်အကြောင်း မှာ ထား၏။
Also he prepared the altar of the Lord, and sacrificed thereon peace offerings, and of thankes, and commanded Iudah to serue the Lord God of Israel.
17 ၁၇ သို့ရာတွင် ပြည်သား တို့သည် မြင့် သောအရပ် ပေါ် မှာ ယဇ် ပူဇော်လျက်ပင်၊ မိမိ တို့ဘုရားသခင် ထာဝရဘုရား ကိုသာ ကိုးကွယ်ကြ၏။
Neuerthelesse the people did sacrifice stil in the hie places, but vnto the Lord their God.
18 ၁၈ မနာရှေ ပြုမူသောအမှုအရာ ကြွင်း လေသမျှတို့ နှင့် မိမိ ဘုရားသခင် ကို ဆုတောင်း ခြင်းအရာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အခွင့် နှင့် သူ့ အား ပရောဖက် တို့ ဟောပြော သောစကား သည်၊ ဣသရေလ ရာဇဝင် ၌ ရေးထားလျက်ရှိ၏။
Concerning the rest of the actes of Manasseh, and his prayer vnto his God, and the words of the Seers, that spake to him in ye Name of the Lord God of Israel, beholde, they are written in the booke of the Kings of Israel.
19 ၁၉ သူ ဆုတောင်း ခြင်း၊ ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မှီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့် သောအရပ် တို့ကို တည် ခြင်း၊ အာရှရ ပင်နှင့် ရုပ်တု ဆင်းတုတို့ကို တည်ထောင် ခြင်းအရာတို့သည်၊ ဟောဇဲ ၏ ကျမ်းစကား တွင် ရေးထား လျက်ရှိ၏။
And his prayer and how God was intreated of him, and all his sinne, and his trespasse, and the places wherein he built hie places, and set groues and images (before he was humbled) behold, they are written in the booke of the Seers.
20 ၂၀ မနာရှေ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ မိမိ အိမ် ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာမုန် သည်ခမည်းတော် အရာ ၌နန်း ထိုင်၏။
So Manasseh slept with his fathers, and they buried him in his owne house: and Amon his sonne reigned in his stead.
21 ၂၁ အာမုန် သည်အသက် နှစ်ဆယ် နှစ် နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ နှစ် နှစ် စိုးစံ လေ၏။
Amon was two and twentie yeere olde, when he began to reigne, and reigned two yeere in Ierusalem.
22 ၂၂ ထိုမင်းသည် ခမည်းတော် မနာရှေ ပြု သကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ ခမည်းတော်လုပ် သော ရုပ်တု ဆင်းတုရှိသမျှ တို့အား ယဇ် ပူဇော်၍ ဝတ်ပြု ၏။
But he did euill in the sight of the Lord, as did Manasseh his father: for Amon sacrificed to all the images, which Manasseh his father had made, and serued them,
23 ၂၃ ခမည်းတော် သည် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ သကဲ့သို့ မ နှိမ့်ချ ဘဲအထူးသဖြင့် ပြစ်မှား ၏။
And he humbled not him selfe before the Lord, as Manasseh his father had humbled himselfe: but this Amon trespassed more and more.
24 ၂၄ မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍ နန်းတော် ၌ လုပ်ကြံ ကြ၏။
And his seruants conspired against him, and slewe him in his owne house.
25 ၂၅ အာမုန် မင်းကြီး တစ်ဘက် ၌သင်းဖွဲ့ သောသူ အပေါင်း တို့ကို၊ ပြည်သူ ပြည်သားတို့သည် ကွပ်မျက် ၍ ၊ သား တော်ယောရှိ ကို ခမည်းတော် အရာ ၌နန်း တင်ကြ၏။
But the people of the land slewe all them that had conspired against King Amon: and the people of the land made Iosiah his sonne King in his steade.