< ၂ ရာဇဝင်ချုပ် 32 >
1 ၁ ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်၊ ယုဒ ပြည်သို့ စစ်ချီ ၍ ခိုင်ခံ့ သောမြို့ တို့ကို ဝိုင်း ထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ၏။
After these things faithfully described, Saneherib King of Asshur came and entred into Iudah, and besieged the strong cities, and thought to winne them for him selfe.
2 ၂ ထိုသို့ သနာခရိပ် သည်လာ ၍ ၊ ယေရုရှလင် မြို့ကို တိုက် မည့်အကြံရှိကြောင်းကို ၊ ဟေဇကိ သည်သိမြင် လျှင်၊
When Hezekiah sawe that Saneherib was come, and that his purpose was to fight against Ierusalem,
3 ၃ မြို့ ပြင် ၌ ရှိသော စမ်း ရေ ကိုဖြတ် ခြင်းငှါ မှူးမတ် ၊ စစ်သူကြီး တို့နှင့် တိုင်ပင် ၍။သူ တို့သည် ဝိုင်း လုပ်ကြ၏။
Then he tooke counsell with his princes and his nobles, to stoppe the water of the fountaines without the citie: and they did helpe him.
4 ၄ အာရှုရိ ရှင် ဘုရင်တို့သည် လာ ၍ ၊ များစွာ သော ရေ ကို အဘယ်ကြောင့် တွေ့ ရမည်နည်းဟု လူများတို့သည် ဆိုလျက်၊ စုဝေး ၍ စမ်းရေ တွင်းရှိသမျှ ကို ပိတ် ကြ၏။ ပြည် အလယ် ၌ စီး သောချောင်း ရေကိုလည်း ဖြတ်ကြ၏။
So many of the people assembled themselues, and stopt all the fountaines, and the riuer that ranne through the middes of the countrey, saying, Why should the Kings of Asshur come, and finde much water?
5 ၅ ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့ စေ၏။ ပြို သောမြို့ရိုး ရှိသမျှ ကို ပြုပြင် ၍ ၊ ရဲတိုက် တို့နှင့် တညီတည်း တည်၏။ ပြင် မြို့ရိုး ကိုလည်း တည် ၏။ ဒါဝိဒ် မြို့ ၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊ များစွာ သော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။
And he tooke courage, and built all the broken wall, and made vp the towers, and another wall without, and repayred Millo in the citie of Dauid, and made many dartes and shields.
6 ၆ လူ များတို့တွင် တပ်မှူး တို့ကိုခန့်ထား ၍ ၊ မြို့ လမ်းမ ၌ စုဝေး စေသဖြင့် ၊ အားပေးသော စကားကို ပြောလျက်၊
And he set captaines of warre ouer the people, and assembled them to him in the broade place of the gate of the citie, and spake comfortably vnto them, saying,
7 ၇ ခွန်အား ယူ၍ ရဲရင့် ခြင်းရှိကြလော့။ အာရှုရိ ရှင်ဘုရင် နှင့် သူ ၌ ပါသော အလုံး အရင်း အပေါင်း တို့ ကြောင့် မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ ငါ တို့ ဘက် ၌နေသောသူတို့ သည်၊ သူ့ဘက်၌ နေသောသူ တို့ထက် သာ၍များ ကြ၏။
Be strong and couragious: feare not, neither be afraide for the King of Asshur, neither for all the multitude that is with him: for there be more with vs, then is with him.
8 ၈ သူ့ ဘက် ၌ လူ လက်ရုံး ရှိ၏။ ငါ တို့ဘက် ၌ ထောက်မ ၍ ၊ စစ် ကူတော်မူသောငါ တို့၏ဘုရားသခင် ထာဝရဘုရား ရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူ များတို့ သည် ယုဒ ရှင်ဘုရင် ဟေဇကိ ၏ စကား ကို ကိုးစား ကြ၏။
With him is an arme of flesh, but with vs is the Lord our God for to helpe vs, and to fight our battels. Then the people were confirmed by the wordes of Hezekiah King of Iudah.
9 ၉ ထိုနောက် အာရှုရိ ရှင်ဘုရင် သနာခရိပ် သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွ ၊ လာခိရှ မြို့ကို ဝိုင်းထားစဉ်တွင်၊ မိမိ ကျွန် အချို့ကို ယေရုရှလင် မြို့၊ ယုဒ ရှင်ဘုရင် ဟေဇကိ ထံ သို့၎င်း၊ ယေရုရှလင် မြို့၌ ရှိသော ယုဒ လူအပေါင်း တို့ရှိရာသို့ ၎င်း စေလွှတ် ၍၊
After this, did Saneherib King of Asshur send his seruants to Ierusalem (while he was against Lachish, and all his dominion with him) vnto Hezekiah King of Iudah and vnto all Iudah that were at Ierusalem, saying,
10 ၁၀ အာရှုရိ ရှင်ဘုရင် သနာခရိပ် မိန့် တော်မူသည် ကား ၊ သင် တို့သည် ယေရုရှလင် မြို့၌ ဝိုင်း ထားခြင်းကိုခံ ခြင်းငှါ၊ အဘယ်သို့ ခိုလှုံ ကြသနည်း။
Thus saith Saneherib the King of Asshur, Wherein doe ye trust, that ye will remaine in Ierusalem, during the siege?
11 ၁၁ ဟေဇကိ က၊ ငါ တို့၏ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ကို အာရှုရိ ရှင်ဘုရင် လက် မှ ကယ်လွှတ် တော်မူမည်ဟုဆို လျက် ၊ မွတ်သိပ် ခြင်း၊ ရေငတ် ခြင်း အားဖြင့် အသေ ခံရသည်တိုင်အောင် ၊ ကိုယ်ကို စွန့်ပစ် စေ ခြင်းငှါ ၊ သင် တို့ကို ဖြားယောင်း သည်မဟုတ် လော။
Doeth not Hezekiah entice you to giue ouer your selues vnto death by famine and by thirst, saying, The Lord our God shall deliuer vs out of the hande of the King of Asshur?
12 ၁၂ ထို ဟေဇကိ သည် ထာဝရ ဘုရား၏ မြင့် သော အရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် ၍ ၊ သင်တို့သည် တခုတည်းသော ယဇ် ပလ္လင်ရှေ့ မှာကိုးကွယ် ရမည်။ ထို ယဇ် ပလ္လင်ပေါ် မှာ နံ့သာပေါင်း ကို မီးရှို့ရမည်ဟု ယုဒ ပြည်သူ ယေရုရှလင် မြို့သားတို့ကို မိန့် တော်မူပြီမဟုတ် လော။
Hath not the same Hezekiah taken away his hie places and his altars, and commanded Iudah and Ierusalem, saying, Ye shall worshippe before one altar, and burne incense vpon it?
13 ၁၃ ငါ နှင့် ငါ့ ဘိုးဘေး တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့၌ အဘယ်သို့ ပြု သည်ကို သင်တို့မ သိ ကြသလော။အတိုင်းတိုင်းအပြည်ပြည်ဘုရားတို့သည် မိမိ တို့ပြည် များကို ငါ့ လက် မှ ကယ်လွှတ် ခြင်းငှါ တတ်စွမ်း နိုင် သလော ။
Knowe ye not what I and my fathers haue done vnto all the people of other countreyes? were the gods of the nations of other landes able to deliuer their land out of mine hande?
14 ၁၄ ငါ့ ဘိုးဘေး အကုန်အစင် ဖျက်ဆီး သော တိုင်း နိုင်ငံတို့၏ ဘုရား တို့တွင် ၊ အဘယ်မည်သောဘုရားသည် မိမိ ပြည် ကို ငါ့ လက် မှ ကယ်လွှတ် ဘူးသနည်း။ သင် တို့၏ ဘုရား သည် သင် တို့ကိုငါ့ လက် မှ အဘယ်သို့ ကယ်လွှတ် မည်နည်း။
Who is he of al the gods of those natios (that my fathers haue destroied) that could deliuer his people out of mine hande? that your God should be able to deliuer you out of mine hand?
15 ၁၅ သို့ဖြစ်၍ ၊ ဟေဇကိ သည် သင် တို့ကိုမ လှည့်စား စေနှင့်။ ထိုသို့ မ ဖြားယောင်း စေနှင့်။ သူ့ စကားကို မ ယုံ ကြနှင့်။ အခြား သော တိုင်း နိုင်ငံ၌ ကိုးကွယ်သော ဘုရား မည်မျှသည်၊ မိမိ ပြည် ကိုငါ့ လက် မှ ၎င်း၊ ငါ့ ဘိုးဘေး လက် မှ ၎င်း မ ကယ် မလွှတ်နိုင်။။ ထိုမျှမက ၊ သင် တို့၏ဘုရား သည် သင် တို့ကို ငါ့ လက် မှ မ ကယ် မလွှတ်နိုင်ဟု မှာလိုက်လေ၏။
Nowe therefore let not Hezekiah deceiue you, nor seduce you after this sort, neither beleeue ye him: for none of all the gods of any nation or kingdome was able to deliuer his people out of mine hande and out of the hande of my fathers: howe much lesse shall your gods deliuer you out of mine hande?
16 ၁၆ သူ့ ကျွန် တို့သည် ထာဝရ အရှင်ဘုရားသခင် တစ်ဘက် ၊ ဘုရားသခင် ၏ကျွန် ဟေဇကိ တဘက် ၌ သာ၍ ပြော ဆိုကြ၏။
And his seruants spake yet more against the Lord God, and against his seruant Hezekiah.
17 ၁၇ ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရား တို့ သည်၊ မိမိ လူ များကို ငါ့ လက် မှ မ ကယ် မလွှတ်နိုင်သည် နည်းတူ ၊ ဟေဇကိ ကိုးကွယ်သော ဘုရား သည်၊ သူ ၏ လူ များကို ငါ့ လက် မှ မ ကယ် မလွှတ်ရဟုဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား ကို ကဲ့ရဲ့ ပြစ်တင်သောစာ ကို ရေး ၍ ပေးလိုက်သေး၏။
He wrote also letters, blaspheming the Lord God of Israel and speaking against him, saying, As the gods of the nations of other countreies could not deliuer their people out of mine hand, so shall not the God of Hezekiah deliuer his people out of mine hande.
18 ၁၈ တဖန် မြို့ရိုး ပေါ် မှာရှိသော ယေရုရှလင် မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ ကိုတိုက်ယူ နိုင်အောင်၊ ယုဒ ဘာသာစကားအားဖြင့် ကျယ် သော အသံ နှင့် ကြွေးကြော် ကြ၏။
Then they cryed with a loude voyce in the Iewes speach vnto the people of Ierusalem that were on the wall, to feare them and to astonish them, that they might take the citie.
19 ၁၉ လူ တို့လက် ဖြင့် လုပ် သောဘုရား ၊ မြေကြီး သား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင် မြို့ ဘုရားသခင် ကို ရော၍ ကဲ့ရဲ့ ကြ၏။
Thus they spake against the God of Ierusalem, as against the gods of the people of the earth, euen the workes of mans hands,
20 ၂၀ ထို အကြောင်း ကြောင့်၊ ဟေဇကိ မင်းကြီး နှင့် အာမုတ် သား ပရောဖက် ဟေရှာယ သည် ဆုတောင်း ၍ ၊ ကောင်းကင် ဘုံသို့ ဟစ်ခေါ် သဖြင့်၊
But Hezekiah the King, and the Prophet Isaiah the sonne of Amoz prayed against this and cryed to heauen.
21 ၂၁ ထာဝရဘုရား စေလွှတ် တော်မူသောကောင်းကင် တမန်သည်၊ အာရှုရိ ရှင်ဘုရင် တပ် ၌ ခွန်အား ကြီးသော သူရဲ များ၊ တပ်မှူး ၊ စစ်ကဲ များအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာ ပျက် လျက် ၊ မိမိ ပြည် သို့ ပြန် သွား၏။ မိမိ ဘုရား ၏ ဗိမာန် သို့ရောက် သောအခါ ၊ မိမိ သားရင်း တို့သည် ထား နှင့် သတ် ကြ၏။
And the Lord sent an Angel which destroyed all the valiant men, and the princes and captaines of the hoste of the King of Asshur: so he returned with shame to his owne lande. And when he was come into the house of his god, they that came foorth of his owne bowels, slewe him there with the sworde.
22 ၂၂ ထိုသို့ ထာဝရဘုရား သည် ဟေဇကိ နှင့် ယေရုရှလင် မြို့သား တို့ကို၊ အာရှုရိ ရှင်ဘုရင် လက် မှ ၎င်း ၊ အခြားသောရန်သူလက် မှ ၎င်း ကယ်လွှတ် ၍ ၊ အရပ်ရပ် ၌ စောင့်မ တော်မူ၏။
So the Lord saued Hezekiah and the inhabitants of Ierusalem from the hande of Saneherib King of Asshur, and from the hande of all other, and maintained them on euery side.
23 ၂၃ အများသောသူတို့သည် ယေရုရှလင် မြို့သို့ ထာဝရဘုရား အဘို့ ပူဇော် သက္ကာကို၎င်း ၊ ယုဒ ရှင်ဘုရင် ဟေဇကိ ထံ သို့ လက်ဆောင် ပဏ္ဏာကို၎င်း ဆောင် ခဲ့ကြ သဖြင့် ၊ ဟေဇကိသည် ထိုကာလမှစ၍ခပ်သိမ်း သောလူမျိုး ရှေ့ မှာဘုန်းကြီး တော်မူ၏။
And many brought offrings vnto the Lord to Ierusalem, and presents to Hezekiah King of Iudah, so that he was magnified in the sight of all nations from thencefoorth.
24 ၂၄ ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာစွဲ၍ ထာဝရဘုရား အား ဆုတောင်း သဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်း သော တန်ခိုးတော်ကို ခံရ၏။
In those dayes Hezekiah was sicke vnto the death, and prayed vnto the Lord, who spake vnto him, and gaue him a signe.
25 ၂၅ သို့ရာတွင် ဟေဇကိ သည် မိမိ ခံရသောကျေးဇူးတော်နှင့် အထိုက် အလျောက်မ ကျင့်၊ ထောင်လွှား သောစိတ် ရှိ၏။ ထိုကြောင့် သူ ၌ ၎င်း၊ ယုဒ ပြည်နှင့် ယေရုရှလင် မြို့၌ ၎င်း ၊ အမျက် တော်ထွက် လေ၏။
But Hezekiah did not render according to the rewarde bestowed vpon him: for his heart was lift vp, and wrath came vpon him, and vpon Iudah and Ierusalem.
26 ၂၆ သို့ရာတွင် ဟေဇကိ သည် မိမိ စိတ် ထောင်လွှား သော အပြစ်ကြောင့် ၊ ယေရုရှလင် မြို့ သားတို့နှင့်တကွ ကိုယ်တိုင် ကိုယ်ကိုနှိမ့်ချ သောကြောင့် ၊ လက်ထက် တော် ကာလတွင်၊ ထာဝရဘုရား ၏ အမျက် တော်မ သက်ရောက် ။
Notwithstanding Hezekiah humbled him selfe (after that his heart was lifted vp) he and the inhabitants of Ierusalem, and the wrath of the Lord came not vpon them in the dayes of Hezekiah.
27 ၂၇ ဟေဇကိ သည် များစွာ သော စည်းစိမ် ဥစ္စာ ဂုဏ် အသရေရှိ ၏။ ရွှေ ၊ ငွေ ၊ ကျောက် မြတ်၊ နံ့သာမျိုး ၊ ဒိုင်း လွှား၊ နှမြော ဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာတိုက် များကို တည် လေ၏။
Hezekiah also had exceeding much riches and honour, and he gate him treasures of siluer, and of golde, and of precious stones, and of sweete odours, and of shieldes, and of all pleasant vessels:
28 ၂၈ စပါး ကျီများ၊ ဆီ ၊ စပျစ်ရည် သိုထား ရာ တိုက်များ၊ တိရစ္ဆာန် မျိုး တင်းကုပ် များ၊ သိုး ခြံ များကိုလည်း လုပ်လေ ၏။
And of store houses for the increase of wheat and wine and oyle, and stalles for all beasts, and rowes for the stables.
29 ၂၉ ကိုယ် အဘို့ မြို့ တို့ကိုတည် ၍ ၊ များစွာ သော သိုး နွား တို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင် သည် များစွာ သောဥစ္စာ ကို ပေး သနားတော်မူ၏။
And he made him cities, and had possession of sheepe and oxen in abundance: for God had giuen him substance exceeding much.
30 ၃၀ ထိုမှတပါး ၊ ဟေဇကိ သည် ဂိဟုန် အထက် ချောင်း ရေကို ပိတ် ၍ ၊ ဒါဝိဒ် မြို့ အနောက် သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိ သည် ပြု လေရာရာ ၌ အကြံ ထမြောက်၏။
This same Hezekiah also stopped the vpper water springs of Gihon, and led them streight vnderneath towarde the citie of Dauid Westwarde. so Hezekiah prospered in all his workes.
31 ၃၁ သို့ရာတွင် ၊ နိုင်ငံ တော်၌ ဖြစ် သော အံ့ဘွယ် သော အမှုကို မေးမြန်း စေခြင်းငှါ ၊ ဗာဗုလုန် မင်း တို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ၊ ဟေဇကိ မင်း၏ သဘော ကို အကုန်အစင် သိ ခြင်းငှါ ၊ ဘုရားသခင် သည် စုံစမ်း ၍ အလွတ် ထားတော်မူ၏။
But because of the ambassadours of the princes of Babel, which sent vnto him to enquire of the wonder that was done in the lande, God left him to trie him, and to knowe all that was in his heart.
32 ၃၂ ဟေဇကိ ပြုမူသောအမှု အရာကြွင်း လေသမျှ တို့နှင့် ကျေးဇူး ပြုခြင်းအရာသည် အာမုတ် သား ပရောဖက် ဟေရှာယ ၏ ရူပါရုံ ကျမ်း၊ ယုဒ ရာဇဝင်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
Concerning the rest of the actes of Hezekiah, and his goodnesse, beholde, they are written in the vision of Ishiah the Prophet, the sonne of Amoz, in the booke of the Kings of Iudah and Israel.
33 ၃၃ ဟေဇကိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် ၏သား တော်မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံလေ၏။ ယုဒ ပြည်သူ ယေရုရှလင် မြို့ သားအပေါင်း တို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ ၊ ဂုဏ် အသရေတော်ကို ချီးမြှောက် ကြ ၏။ သား တော်မနာရှေ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
So Hezekiah slept with his fathers, and they buryed him in the highest sepulchre of the sonnes of Dauid: and all Iudah and the inhabitants of Ierusalem did him honour at his death: and Manasseh his sonne reigned in his stead.