< ၁ တိမောသေ 4 >

1 ဝိညာဉ် တော်သည် အတည့်အလင်း ဗျာဒိတ် ထားတော်မူသည်ကား ၊ နောင် ကာလ ၌ ဩတ္တပ္ပ စိတ်တွင် သံ ပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာ စကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက် ခြင်းအားဖြင့် ၊ လူအချို့ တို့သည် ယုံကြည် ခြင်းကို စွန့်ပယ် ၍
Now the Spirit expressly says that in latter times some will fall away from the faith and occupy themselves with deceitful spirits and the teachings of demons,
2 လှည့်ဖြား တတ်သော စိတ် ဝိညာဉ်တို့၌၎င်း၊ နတ် ဘုရားတို့နှင့် စပ်ဆိုင်သော ဩဝါဒ တို့၌၎င်း မှီဝဲ ဆည်းကပ်ကြလိမ့်မည်။
being influenced by the hypocrisy of liars who are seared in their own consciences.
3 မင်္ဂလာဆောင် ခြင်းအမှုကို မ ပြုရဟူ၍၎င်း၊ ယုံကြည် ၍ သမ္မာတရား ကို သိ သောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော အစာ မျိုးကိုရှောင် ရမည် ဟူ၍၎င်း ပညတ်ထားကြလိမ့်မည်။
They forbid marriage and demand abstinence from foods that God created to be received with thanksgiving by those who believe and know the truth.
4 ဘုရားသခင် ဖန်ဆင်း တော်မူသမျှ သည် သုံးစရာကောင်း ၏။
For everything created by God is good, and nothing is to be rejected when it is received with thanksgiving,
5 ကျေးဇူး တော်ကို သိသောစိတ်နှင့် ခံယူ လျှင် ၊ အဘယ် အရာကိုမျှ မပယ် မရှောင်ရ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်အားဖြင့် ၎င်း၊ ဆုတောင်း ခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ် လျက်ရှိကြ၏။
since it is sanctified through the word of God and prayer.
6 ဤ စကားများကို သင်သည် ညီအစ်ကို တို့အား ကြားပြောလျှင်၊ ယုံကြည်ချက် စကား ၊ ကိုယ်တိုင်ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒ စကားနှင့် မွေးပြုခြင်းကို ခံသောယေရှု ခရစ် ၏ ဓမ္မဆရာ ကောင်း ဖြစ် လိမ့်မည်။
If yoʋ point these things out to the brothers, yoʋ will be a good servant of Jesus Christ, nourished by the words of the faith and the sound doctrine that yoʋ have closely followed.
7 မိန်းမ အိုပြော တတ်သော တရားမဲ့ ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရား ဝတ်၌ မွေ့လျော်ခြင်း အားဖြင့်ကိုယ်ကိုကိုယ် ဆုံးမ လော့။
Have nothing to do with profane myths and old wives' tales. Rather train yoʋrself for godliness.
8 ကိုယ် ကာယကိုဆုံးမ ခြင်းသည် များစွာ သော အကျိုး ကို မပေးတတ်။ ဘုရား ဝတ်၌ မွေ့လျော်ခြင်း မူကား ၊ ယခု ဘဝ၊ နောင် ဘဝနှင့် စပ်ဆိုင်သော ဂတိ တော်ကို ရ သည်ဖြစ် ၍
For bodily training is beneficial to a certain extent, but godliness is beneficial in every way, since it holds promise for both the present life and the life to come.
9 အရာရာ ၌ အကျိုး ကိုပေးတတ်သည်ဟူသော စကားသည် သစ္စာ စကားဖြစ်၏။ အကြွင်းမဲ့ခံယူ အပ် သော စကား လည်း ဖြစ် ၏။
This saying is trustworthy and deserving of full acceptance.
10 ၁၀ ထိုကြောင့်၊ အသက် ရှင်တော်မူသော၊ လူ အပေါင်း တို့ကို အထူးသဖြင့် ကယ်မ တော်မူသော ဘုရားသခင် ၌ ငါတို့သည်ကိုးစား သည်နှင့်အညီ၊ ပင်ပန်း စွာ အမှုဆောင်ရွက် ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ၏။
For this is why we labor and suffer reproach, because we have put our hope in the living God, who is the Savior of all people, and especially of those who believe.
11 ၁၁ ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ် ထားခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းကို ပြုလော့။
Command and teach these things.
12 ၁၂ သင် ၏ အသက် အရွယ်နုပျိုသည်ကို အဘယ်သူ မျှမထီမဲ့မြင် မပြုစေနှင့်။ စကား ပြောခြင်း၊ ကျင့်ကြံ ပြုမူ ခြင်း၊ သူတစ်ပါးကိုချစ် ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့် ခြင်း၊ စင်ကြယ် ခြင်းအရာမှာ၊ ယုံကြည် သောသူတို့အား ပုံ သက်သေကို ပြ လော့။
Let no one despise yoʋ because yoʋ are young, but set an example for the believers in yoʋr speech, conduct, love, spirit, faith, and purity.
13 ၁၃ ငါ မ လာမှီတိုင်အောင်၊ ကျမ်းစာကိုဖတ် ခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းကို ကြိုးစား၍ ပြုလော့။
Until I come, give attention to the public reading of Scripture, to exhortation, and to teaching.
14 ၁၄ ဗျာဒိတ် တော်ကို ခံ၍၊ သင်းအုပ် များတို့သည် လက် တင် ခြင်းနှင့်တကွ ၊ သင် ၌ အပ်ပေးသော ဆု ကျေးဇူးကို မ ပြုစု ဘဲမနေနှင့်။
Do not neglect the gift that is in yoʋ, which was given to yoʋ through prophecy when the council of elders laid their hands on yoʋ.
15 ၁၅ သင် ၏တိုးပွား ခြင်းကို လူအပေါင်း တို့အား ထင်ရှား စေခြင်းငှာ ။ ဤအရာ များကို စိတ်စွဲလမ်း၍ ကြိုးစား အားထုတ်လော့။
Attend to these things and immerse yourself in them, so that yoʋr progress may be evident to all.
16 ၁၆ ကိုယ် ကို၎င်း ၊ ကိုယ် ဆုံးမ ဩဝါဒကို၎င်း သတိပြု ၍ အမြဲတည်နေ လော့။ ထိုသို့ ပြု လျှင်၊ ကိုယ် ကို၎င်း ၊ နားထောင် သောသူ တို့ကို၎င်းကယ်တင် လိမ့်မည်။
Watch yoʋr life and doctrine closely. Persevere in these things, for as yoʋ do this, yoʋ will save both yoʋrself and those who listen to yoʋ.

< ၁ တိမောသေ 4 >