Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Myanmar Burmese Judson Text, 1-Timothy Chapter 4 https://www.AionianBible.org/Bibles/Myanmar---Burmese-Judson/1-Timothy/4 1 ၁) ဝိညာဉ် တော်သည် အတည့်အလင်း ဗျာဒိတ် ထားတော်မူသည်ကား ၊ နောင် ကာလ ၌ ဩတ္တပ္ပ စိတ်တွင် သံ ပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာ စကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက် ခြင်းအားဖြင့် ၊ လူအချို့ တို့သည် ယုံကြည် ခြင်းကို စွန့်ပယ် ၍ 2 ၂) လှည့်ဖြား တတ်သော စိတ် ဝိညာဉ်တို့၌၎င်း၊ နတ် ဘုရားတို့နှင့် စပ်ဆိုင်သော ဩဝါဒ တို့၌၎င်း မှီဝဲ ဆည်းကပ်ကြလိမ့်မည်။ 3 ၃) မင်္ဂလာဆောင် ခြင်းအမှုကို မ ပြုရဟူ၍၎င်း၊ ယုံကြည် ၍ သမ္မာတရား ကို သိ သောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော အစာ မျိုးကိုရှောင် ရမည် ဟူ၍၎င်း ပညတ်ထားကြလိမ့်မည်။ 4 ၄) ဘုရားသခင် ဖန်ဆင်း တော်မူသမျှ သည် သုံးစရာကောင်း ၏။ 5 ၅) ကျေးဇူး တော်ကို သိသောစိတ်နှင့် ခံယူ လျှင် ၊ အဘယ် အရာကိုမျှ မပယ် မရှောင်ရ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်အားဖြင့် ၎င်း၊ ဆုတောင်း ခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ် လျက်ရှိကြ၏။ 6 ၆) ဤ စကားများကို သင်သည် ညီအစ်ကို တို့အား ကြားပြောလျှင်၊ ယုံကြည်ချက် စကား ၊ ကိုယ်တိုင်ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒ စကားနှင့် မွေးပြုခြင်းကို ခံသောယေရှု ခရစ် ၏ ဓမ္မဆရာ ကောင်း ဖြစ် လိမ့်မည်။ 7 ၇) မိန်းမ အိုပြော တတ်သော တရားမဲ့ ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရား ဝတ်၌ မွေ့လျော်ခြင်း အားဖြင့်ကိုယ်ကိုကိုယ် ဆုံးမ လော့။ 8 ၈) ကိုယ် ကာယကိုဆုံးမ ခြင်းသည် များစွာ သော အကျိုး ကို မပေးတတ်။ ဘုရား ဝတ်၌ မွေ့လျော်ခြင်း မူကား ၊ ယခု ဘဝ၊ နောင် ဘဝနှင့် စပ်ဆိုင်သော ဂတိ တော်ကို ရ သည်ဖြစ် ၍ 9 ၉) အရာရာ ၌ အကျိုး ကိုပေးတတ်သည်ဟူသော စကားသည် သစ္စာ စကားဖြစ်၏။ အကြွင်းမဲ့ခံယူ အပ် သော စကား လည်း ဖြစ် ၏။ 10 ၁၀) ထိုကြောင့်၊ အသက် ရှင်တော်မူသော၊ လူ အပေါင်း တို့ကို အထူးသဖြင့် ကယ်မ တော်မူသော ဘုရားသခင် ၌ ငါတို့သည်ကိုးစား သည်နှင့်အညီ၊ ပင်ပန်း စွာ အမှုဆောင်ရွက် ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ၏။ 11 ၁၁) ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ် ထားခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းကို ပြုလော့။ 12 ၁၂) သင် ၏ အသက် အရွယ်နုပျိုသည်ကို အဘယ်သူ မျှမထီမဲ့မြင် မပြုစေနှင့်။ စကား ပြောခြင်း၊ ကျင့်ကြံ ပြုမူ ခြင်း၊ သူတစ်ပါးကိုချစ် ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့် ခြင်း၊ စင်ကြယ် ခြင်းအရာမှာ၊ ယုံကြည် သောသူတို့အား ပုံ သက်သေကို ပြ လော့။ 13 ၁၃) ငါ မ လာမှီတိုင်အောင်၊ ကျမ်းစာကိုဖတ် ခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းကို ကြိုးစား၍ ပြုလော့။ 14 ၁၄) ဗျာဒိတ် တော်ကို ခံ၍၊ သင်းအုပ် များတို့သည် လက် တင် ခြင်းနှင့်တကွ ၊ သင် ၌ အပ်ပေးသော ဆု ကျေးဇူးကို မ ပြုစု ဘဲမနေနှင့်။ 15 ၁၅) သင် ၏တိုးပွား ခြင်းကို လူအပေါင်း တို့အား ထင်ရှား စေခြင်းငှာ ။ ဤအရာ များကို စိတ်စွဲလမ်း၍ ကြိုးစား အားထုတ်လော့။ 16 ၁၆) ကိုယ် ကို၎င်း ၊ ကိုယ် ဆုံးမ ဩဝါဒကို၎င်း သတိပြု ၍ အမြဲတည်နေ လော့။ ထိုသို့ ပြု လျှင်၊ ကိုယ် ကို၎င်း ၊ နားထောင် သောသူ တို့ကို၎င်းကယ်တင် လိမ့်မည်။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!