< ၁ ကောရိန္သု 16 >
1 ၁ သန့်ရှင်း သူတို့အဘို့ လှူဒါန်း၍ စုထား ခြင်းအမှု မှာ ဂလာတိ ပြည်၌ အသင်းတော် များကို ငါမှာထား သည်အတိုင်း သင် တို့ပြု ကြလော့။
၁သန့်ရှင်းသူတို့အဘို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။
2 ၂ ငါရောက်လာ သောအခါ လှူဒါန်း၍ စုထား စရာ မ ရှိ စေခြင်းငှာ၊ ခုနစ် ရက်တွင် ပဌမ နေ့ရက်၌ အသီးအသီး ကောင်းစား သည်အတိုင်း၊ မိမိ တို့ဥစ္စာ တ ဘို့ကို ထုတ် ၍ စုထား ကြလော့။
၂ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။
3 ၃ ငါရောက်လာ သောအခါ ၊ သင်တို့အလိုရှိ သော သူ တို့ကို ငါသည် လက်မှတ် စာပေး၍၊ သင် တို့လှူသော အလှူ ကို ယေရုရှလင် မြို့သို့ ပို့ စိမ့်သောငှာစေလွှတ် မည်။
၃ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး၍၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည်။
4 ၄ သို့မဟုတ်ငါ့ ကိုယ်တိုင်သွား သင့် လျှင် ၊ သူတို့သည် ငါ နှင့်အတူ လိုက် ရကြမည်။
၄သို့မဟုတ် ငါ့ကိုယ်တိုင်သွားသင့်လျှင်၊ သူတို့သည် ငါနှင့်အတူ လိုက်ရကြမည်။
5 ၅ မာကေဒေါနိ ပြည်လမ်းကိုငါသွား မည်ဖြစ်၍ ၊ ထိုပြည် မှ ထွက် ပြီးလျှင် သင် တို့ရှိရာ သို့လာ မည်။
၅မာကေဒေါနိပြည်လမ်းကိုငါသွားမည်ဖြစ်၍၊ ထိုပြည်မှ ထွက်ပြီးလျှင် သင်တို့ရှိရာသို့လာမည်။
6 ၆ နောက်မှအခြားသို့ ငါသွား သောအခါ ၊ သင် တို့ ပို့ သောကျေးဇူးကို ခံခြင်းငှာ၊ သင် တို့ဆီမှာ ငါတည်းခို ၍ ဆောင်း ကာလပတ်လုံးနေကောင်း နေလိမ့်မည်။
၆နောက်မှအခြားသို့ ငါသွားသောအခါ၊ သင်တို့ ပို့သောကျေးဇူးကို ခံခြင်းငှါ၊ သင်တို့ဆီမှာ ငါတည်းခို၍ ဆောင်းကာလပတ်လုံး နေကောင်းနေလိမ့်မည်။
7 ၇ ယခု သွား စဉ်တွင်သင် တို့ကို တွေ့မြင် ခြင်းငှာသာ အလို မ ရှိ၊ နောက်မှသခင် ဘုရားသည် အခွင့် ပေးတော်မူလျှင် ၊ သင် တို့နှင့်အတူကြာမြင့် စွာနေ မည်ဟု မြော်လင့် ခြင်း ရှိ၏။
၇ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါသာ အလိုမရှိ၊ နောက်မှသခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်ဟု မြော်လင့် ခြင်း ရှိ၏။
8 ၈ ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက် မြို့၌ ငါနေ ရမည်။
၈ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက်မြို့၌ ငါနေရမည်။
9 ၉ အကြောင်းမူကား ၊ အလွန်ကြီးစွာ သော တံခါး သည် အဆင်သင့် ၍ ငါ့ အားဖွင့် လျက်ရှိ၏။ တားဆီး သော သူအများ လည်း ရှိကြ၏။
၉အကြောင်းမူကား၊ အလွန်ကြီးစွာသော တံခါးသည် အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏။ ဆီးတားသော သူအများလည်း ရှိကြ၏။
10 ၁၀ တိမောသေ သည် သင်တို့ဆီသို့ ရောက် လျှင် ၊ သူ သည်စိုးရိမ် ခြင်း အကြောင်း မရှိဘဲ၊ သင် တို့နှင့်အတူ နေစေခြင်းငှာသတိပြု ကြလော့။ သူသည်ငါ ကဲ့သို့ ပင် သခင် ဘုရား၏အမှု တော်ကိုဆောင်ရွက်သော သူ ဖြစ်၏။
၁၀တိမောသေသည် သင်တို့ဆီသို့ ရောက်လျှင်၊ သူသည်စိုးရိမ်ခြင်း အကြောင်းမရှိဘဲ၊ သင်တို့နှင့်အတူ နေစေခြင်းငှါ သတိပြုကြလော့။ သူသည်ငါကဲ့သို့ပင် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သောသူ ဖြစ်၏။
11 ၁၁ ထိုကြောင့် အဘယ်သူ မျှသူ့ ကို မထီမဲ့မြင် မ ပြုစေနှင့်။ သူသည် ငါ့ ထံသို့ ငြိမ်ဝပ် စွာ ပြန်ရ မည် အကြောင်း ပို့ဆောင် ခြင်း ကျေးဇူးကို ပြုကြလော့။ သူ သည် အခြားသော ညီအစ်ကို တို့နှင့်အတူ လာလိမ့်မည်ဟု ငါမြော်လင့် လျက်နေ၏။
၁၁ထိုကြောင့် အဘယ်သူမျှသူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ငါ့ထံသို့ငြိမ်ဝပ်စွာ ပြန်ရမည် အကြောင်းပို့ဆောင်ခြင်း ကျေးဇူးကို ပြုကြလော့။ သူသည် အခြားသော ညီအစ်ကိုတို့နှင့်အတူ လာလိမ့်မည်ဟု ငါမြော်လင့်လျက်နေ၏။
12 ၁၂ ငါ့ညီ အာပေါလု ၏ အကြောင်း မှာ၊ ညီအစ်ကို တို့ နှင့်အတူ သင် တို့ ဆီသို့ သွား မည်အကြောင်း ငါ သည် များစွာ ချော့မော့၍ တောင်းပန်သော်လည်း၊ သူသည် ယခု တွင်သွားခြင်းငှာ အလျှင်း အလို မ ရှိ ၊ နောက်မှ အဆင်သင့် လျှင် သွား လိမ့်မည်။
၁၂ငါ့ညီအာပေါလု၏ အကြောင်းမှာ၊ ညီအစ်ကိုတို့ နှင့်အတူ သင်တို့ ဆီသို့သွားမည်အကြောင်း ငါသည် များစွာ ချော့မော့၍ တောင်းပန်သော်လည်း၊ သူသည် ယခုတွင်သွားခြင်းငှါ အလျှင်းအလိုမရှိ၊ နောက်မှ အဆင်သင့်လျှင်သွားလိမ့်မည်။
13 ၁၃ သင်တို့သည် သတိနှင့်စောင့် နေကြလော့။ ယုံကြည် ခြင်း၌ တည် ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွခွန်အား စုံလင်လျက်နေကြလော့။
၁၃သင်တို့သည် သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွ ခွန်အားစုံလင်လျက်နေကြလော့။
14 ၁၄ သင် တို့သည် ခပ်သိမ်း သော အမှုတို့ကို ချစ် ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက် ကြလော့။
၁၄သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်း မေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။
15 ၁၅ ညီအစ်ကို တို့၊ သတေဖန် ၏အိမ်သူ အိမ်သားတို့သည် အခါယ ပြည်တွင်အဦး သီးသော အသီးဖြစ် ၍၊ သန့်ရှင်း သူတို့၏ အမှု ကို ဆောင်ရွက်ခြင်းငှာ ကိုယ်ကိုကိုယ် အပ် ကြောင်း ကို သင်တို့ သိ ကြသည်နှင့်အညီ၊
၁၅ညီအစ်ကိုတို့၊ သတေဖန်၏အိမ်သူအိမ်သား တို့သည် အခါယပြည်တွင်အဦးသီးသော အသီးဖြစ်၍၊ သန့်ရှင်းသူတို့၏အမှုကို ဆောင်ရွက်ခြင်းငှါ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့ သိကြသည်နှင့်အညီ၊
16 ၁၆ ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကို၎င်း ၊ ငါတို့နှင့်အတူလုပ်ကိုင် ၍ အမှုဆောင် သောသူ ရှိသမျှ တို့၏ အုပ်စိုးခြင်းကို၎င်း၊ သင် တို့ဝန်ခံ ကြမည်အကြောင်း ငါ တောင်းပန် ၏။
၁၆ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကို၎င်း၊ ငါတို့နှင့် အတူလုပ်ကိုင်၍ အမှုဆောင်သောသူရှိသမျှတို့၏ အုပ်စိုးခြင်းကို၎င်း၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါ တောင်းပန်၏။
17 ၁၇ သတေဖန် ၊ ဖော်တုနတ် ၊ အခါယကု တို့သည် ရောက်လာ သောကြောင့် ငါဝမ်းမြောက် ခြင်းရှိ၏။
၁၇သတေဖန်၊ ဖော်တုနတ်၊ အခါယကုတို့သည် ရောက်လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။
18 ၁၈ အကြောင်းမူကား ၊ သင် တို့သည် ပြုစု၍မ ပြည့်စုံသမျှကို သူ တို့သည် ထပ်၍ပြည့်စုံ သဖြင့်၊ ငါ့ စိတ် နှင့် သင် တို့စိတ်ကို သက်သာ စေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံ ကြလော့။
၁၈အကြောင်းမူကား၊ သင်တို့သည် ပြုစု၍မပြည့်စုံသမျှကို သူတို့သည် ထပ်၍ပြည့်စုံသဖြင့်၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံကြလော့။
19 ၁၉ အာရှ ပြည်၌ အသင်းတော် များတို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ အာကုလ နှင့် ပြစ်ကိလ တို့သည် သူ တို့ အိမ် ၌ ရှိသော အသင်းတော် နှင့်တကွ ၊ သခင် ဘုရားကို ထောက်၍ သင် တို့ကို များစွာ နှုတ်ဆက် ကြ၏။
၁၉အာရှိပြည်၌ အသင်းတော်များတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အာကုလနှင့်ပြစ်ကိလတို့သည် သူတို့ အိမ်၌ရှိသော အသင်းတော်နှင့်တကွ၊ သခင်ဘုရားကို ထောက်၍ သင်တို့ကို များစွာနှုတ်ဆက်ကြ၏။
20 ၂၀ ညီအစ်ကို အပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်း သော နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။
၂၀ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်း သော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
21 ၂၁ ငါပေါလု သည်နှုတ်ဆက် ခြင်းအချက်ကို ကိုယ် လက် နှင့် ရေးထား၏။
၂၁ငါပေါလုသည် နှုတ်ဆက်ခြင်းအချက်ကို ကိုယ်လက်နှင့် ရေးထား၏။
22 ၂၂ အကြင်သူ သည် သခင် ယေရှုခရစ်ကို မ ချစ် ၊ ထိုသူသည် အနသေမာ ဖြစ်စေ သတည်း။ သခင် ဘုရား သည် ကြွလာတော်မူ၏။
၂၂အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ်၊ ထိုသူသည် အနသေမာဖြစ်စေသတည်း။ သခင်ဘုရား သည် ကြွလာတော်မူ၏။
23 ၂၃ ငါတို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည် သင် တို့၌ ရှိစေသတည်း။
၂၃ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင်တို့၌ရှိစေသတည်း။ ယေရှုခရစ်၏ တပည့်တော်ဖြစ် သမျှသော သင်တို့၌ ငါ၏ချစ် ခြင်းမေတ္တာရှိ၏။ အာမင်။
24 ၂၄ ယေရှု ခရစ် ၏ တပည့်တော်ဖြစ် သမျှ သော သင် တို့၌ ငါ ၏ချစ် ခြင်းမေတ္တာရှိ၏။ အာမင်။
၂၄