< ရောမ 1 >

1 လူဇာတိ အားဖြင့် ဒါဝိဒ် အမျိုး ဖြစ် တော်မူထသော၊
လူဇာတိအားဖြင်း ဒါဝိဒ်အမျိုးဖြစ်တော်မူ ထသော၊
2 သေ ခြင်းမှထမြောက် တော်မူ၍၊
သေခြင်းမှထမြောက်တော်မူ၍၊
3 သန့်ရှင်း သောဝိညာဉ် အားဖြင့် ၊
သန့်ရှင်းသောဝိညာဉ်အားဖြင့် ၊
4 တန်ခိုး နှင့်တကွ ဘုရားသခင် ၏သား တော် ထင်ရှားဖြစ်တော်မူသော ငါ တို့သခင် ယေရှု ခရစ် တည်းဟူသောမိမိ သား တော်ကို အကြောင်း ပြု၍ ဘုရားသခင် သည် ရှေးကမိမိ ပရောဖက် များအားဖြင့် ၊ သန့်ရှင်း သော ကျမ်းစာ ၌ ဂတိ ထားတော်မူသော ဧဝံဂေလိ တရားကို ဟောစေခြင်းငှာ၊ ရွေးချယ် ခွဲထား၍ တမန်တော် အရာ၌ ခန့်ထား သော ယေရှု ခရစ် ၏ ကျွန် ငါပေါလု သည်၊
တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်း ဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင် သည် ရှေးကမိမိပရောဖက်များအားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော ယေရှုခရစ်၏ ကျွန်ငါပေါလုသည်၊
5 ဘုရားသခင် ချစ် တော်မူ၍ ၊
ဘုရားသခင်ချစ်တော်မူ၍၊
6 သန့်ရှင်း သူအရာ၌ ခန့်ထား သော ရောမ မြို့သူမြို့သားအပေါင်း တို့ကို ကြားလိုက်ပါ၏။
သန့်ရှင်းသူအရာ၌ ခန့်ထားသော ရောမ မြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ၏။
7 သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။ သခင်ယေရှု ခရစ် ၏ နာမတော်ကို အမှီပြု ၍ လူမျိုး အပေါင်း တို့သည် ယုံကြည် နားထောင် စေခြင်းငှာ ။ ထိုသခင်ထံ၌ကျေးဇူး တော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရ ကြပြီ။ ထိုသခင်ခေါ် ထားတော်မူသောသင် တို့သည်လည်း ထိုလူမျိုး တို့၌ အပါအဝင်ဖြစ် ကြ၏။
သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်စေခြင်းငှါ။ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ် ထားတော် မူသောသင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါ အဝင်ဖြစ်ကြ၏။
8 သင် တို့၏ယုံကြည် ခြင်းအရာသည် မြေ တပြင်လုံး၌ အနှံ့အပြား ကျော်စော သည်ဖြစ်၍၊ သင်တို့ အကြောင်း ကြောင့် ယေရှု ခရစ် အားဖြင့် ၊ ငါ ၏ဘုရားသခင် ကျေးဇူး တော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။
သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့ အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရား သခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။
9 ငါသည်သင် တို့ကို မခြားမလပ် အောက်မေ့ ၍ အစဉ်မပြတ် ဆုတောင်း ပဌနာပြု သည်ဟု သား တော်၏ ဧဝံဂေလိ တရားကို ဟောလျက်၊ အမှုတော်ကို စိတ် ဝိညာဉ် နှင့်တကွ ငါဆောင်ရွက် ၍ ငါကိုးကွယ် သော ဘုရားသခင် သည် ငါ ၏သက်သေခံ ဖြစ် တော်မူ၏။
ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ်ဆုတောင်းပဌနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ် ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏အသက်သေခံဖြစ်တော်မူ၏။
10 ၁၀ မ ကြာမမြင့်မှီဘုရားသခင် အလို တော်အားဖြင့် အဆင်သင့်၍၊ သင် တို့ရှိရာ သို့ ငါလာ ရသော အခွင့် တစ်စုံတစ်ခုရှိပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။
၁၀မကြာမမြင့်မှီဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသော အခွင့် တစုံတခုရှိပါမည်အကြောင်း ဆုတောင်းပဌာနပြု၏။
11 ၁၁ သင် တို့သည် မြဲမြံ ခိုင်ခံ့မည့်အကြောင်း ၊ ငါသည် သင် တို့၌ ဝိညာဉ် ဆု ကျေးဇူးတစ်စုံတစ်ခု ကို အပ်ပေး ခြင်းငှာ ၊ သင် တို့ကိုအလွန် တွေ့မြင် ချင်ပါ၏။
၁၁သင်တို့သည် မြဲမြံခိုင်ခံ့မည့်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစုံတခုကို အပ်ပေးခြင်းငှါ၊ သင်တို့ကိုအလွန်တွေ့မြင်ချင်ပါ၏။
12 ၁၂ ထိုသို့ဆိုသော်၊ ငါ နှင့် သင် တို့သည် ယုံကြည် သော အားဖြင့် အချင်းချင်း အားရ သက်သာခြင်းသို့ ရောက် ကြ မည်အကြောင်း ကို ဆိုလိုသတည်း။
၁၂ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သော အားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြ မည်အကြောင်းကို ဆိုလိုသတည်း။
13 ၁၃ ညီအစ်ကို တို့၊ ငါသည်အခြား သောတစ်ပါး အမျိုးသားတို့တွင် အကျိုး ကိုရ သကဲ့သို့ သင် တို့တွင် လည်း အကျိုးတစ်စုံတစ်ခုကိုရခြင်းငှာ ၊ သင် တို့ရှိရာသို့ သွား မည်ဟု အဖန်ဖန် အကြံရှိ ကြောင်း ကို သင် တို့မ သိဘဲနေစေခြင်းငှာငါအလို မ ရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခု တိုင်အောင် မြစ်တား သော အကြောင်းရှိ၏။
၁၃ညီအစ်ကိုတို့၊ ငါသည်အခြားသော တပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစုံတခုကိုရခြင်းငှါ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။
14 ၁၄ ဟေလသ လူဖြစ်စေ၊ လူရိုင်း ဖြစ်စေ၊ ပညာရှိ ဖြစ်စေ၊ ပညာ မဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေး သည် ငါ၌တင် လျက်ရှိ၏။
၁၄ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။
15 ၁၅ သို့ဖြစ်လျှင် ၊ ငါ တတ်နိုင်သမျှ အတိုင်း ရောမ မြို့သားဖြစ်သောသင် တို့အား ဧဝံဂေလိ တရားကို ဟောခြင်းငှာစေတနာ စိတ်ရှိ၏။
၁၅သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်ရှိ၏။
16 ၁၆ ငါသည်ခရစ်တော်၏ ဧဝံဂေလိ တရားကြောင့် ၊ ရှက်ကြောက် ခြင်းမ ရှိ။ အကြောင်းမူကား ၊ ထိုတရားသည် ရှေးဦးစွာ ၌ ယုဒ လူ၊ နောက်၌ ဟေလသ လူ၊ ယုံကြည် သမျှသောသူအပေါင်း တို့ကို ကယ်တင် စေသော ဘုရားသခင် ၏တန်ခိုး တော်ဖြစ် ၏။
၁၆ငါသည်ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင် စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
17 ၁၇ အဘယ်သို့ဖြစ်သနည်းဟူမူကား ၊ ဖြောင့်မတ် သောသူ သည် ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ယုံကြည် ခြင်း၌ တည်သောဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားသည်၊ ယုံကြည် ခြင်းအဘို့ အလိုငှာ ဧဝံဂေလိ တရားအားဖြင့် ထင်ရှား လျက်ရှိ၏။
၁၇အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဘို့အလိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။
18 ၁၈ သမ္မာတရား ကိုအဓမ္မ ဖြင့် ဆီးတား နှိပ်စက်သော သူ တို့ ပြုတတ်သော ဘုရားမဲ့ နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုး တို့ တစ်ဘက် ၌ဘုရားသခင် ၏ အမျက် တော်သည်ကောင်းကင် မှ ထင်ရှား လျက်ရှိ၏။
၁၈သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌ဘုရားသခင်၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။
19 ၁၉ အဘယ်ကြောင့် နည်းဟူမူကား၊ သိ အပ်သောဘုရားသခင် ၏ အကြောင်း အရာတို့သည် သူ တို့တွင် ထင်ရှား လျက်ရှိ ၏။ ဘုရားသခင် သည် သူ တို့အား ပြ တော်မူပြီ။
၁၉အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။
20 ၂၀ အဘယ်သို့ နည်းဟူမူကား၊ ဖန်ဆင်း တော်မူသော အရာများကို ထောက်ရှုသဖြင့် ၊ ထာဝရ တန်ခိုး တော်နှင့် ထာဝရ အဖြစ်တော်တည်းဟူသောမျက်မြင် မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာ တည် သည်ကာလမှစ၍ ထင်ရှား လျက်ရှိကြ၏။ ထိုကြောင့် သူ တို့သည် ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။ (aïdios g126)
၂၀အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည် သည်ကာလမှ စ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ (aïdios g126)
21 ၂၁ အကြောင်းမူကား ၊ ထိုသူတို့သည် ဘုရားသခင် ကို သိ လျက်ပင်၊ ဘုရားသခင် ကိုချီးမွမ်း သင့်သည် အတိုင်း မ ချီးမွမ်းကျေးဇူးတော်ကိုလည်းမ သိမမှတ်၊ အချည်းနှီး တွေးဆ ခြင်း၊ သတိ မရှိသောစိတ် နှလုံးမိုက်မဲ ခြင်းသို့ ရောက်ကြ၏။
၂၁အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ၏။
22 ၂၂ ပညာရှိ ယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည် ကြသည် ဖြစ်၍၊
၂၂ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည် ဖြစ်၍၊
23 ၂၃ မ ဖောက်ပြန်မပျက်စီးနိုင်သော ဘုရားသခင် ၏ ဂုဏ် တော်ကိုပယ် လျက် ၊ ဖောက်ပြန် ပျက်စီးတတ်သောလူ ၏ ရုပ်တု ၊ သား ငှက် အစရှိသော တွား တတ်သောတိရစ္ဆာန်၏ရုပ်တု ကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။
၂၃မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ၏ ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက် ကြ၏။
24 ၂၄ ထိုကြောင့် သူ တို့သည် မိမိ တို့ကိုယ် ကာယ၏ အသရေကို အချင်းချင်း ရှုတ်ချ မည်အကြောင်း၊ ဘုရားသခင် သည် သူ တို့ကိုသူ တို့၏ ကိလေသာ စိတ် ညစ်ညူး ခြင်းလက်သို့ အပ် လိုက်တော်မူ၏။
၂၄ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရား သခင်သည် သူတို့ကိုသူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော်မူ၏။
25 ၂၅ သူတို့သည် မှန် သောဘုရားသခင့် အရာ၌ အမှား ကိုထားလျက်၊ ဖန်ဆင်း တတ်သော သခင် ကိုပယ် ၍ ဖန်ဆင်း အပ်သောအရာကို ဝတ်ပြု ကိုးကွယ် သောသူ ဖြစ်ကြ၏။ ထိုသခင် သည် ထာဝရ မင်္ဂလာ ရှိ တော်မူ၏။ အာမင် (aiōn g165)
၂၅သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာ ရှိတော်မူ၏။ အာမင်။ (aiōn g165)
26 ၂၆ ထိုသို့ ပြုကြသောကြောင့် ဘုရားသခင် သည် သူ တို့ကို ရှက်ကြောက် ဘွယ်သော ကိလေသာ လက်သို့ အပ် လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား ၊ မိန်းမ တို့သည် ပကတိ ထုံးစံကိုစွန့် ၍၊ ပကတိ နှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက် ကြ၏။
၂၆ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ၏။
27 ၂၇ ထိုအတူ ၊ ယောက်ျား တို့သည်လည်း မိန်းမ နှင့် ဆက်ဆံ ခြင်းပကတိ ထုံးစံကိုစွန့် ၍ အချင်းချင်း ကိလေသာ စိတ်ပူလောင် သဖြင့်၊ ရှက်ကြောက် ဘွယ်သောအမှုကို ယောက်ျား ချင်း ပြု လျက် ၊ မိမိ တို့ မှားယွင်း ခြင်းနှင့် အလျောက် မိမိ တို့အပြစ် ဒဏ်ကို ခံရ ကြ၏။
၂၇ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်းကိလေ သာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။
28 ၂၈ ထိုသူတို့သည် ဘုရားသခင် ကို မ သိ မမှတ် လို သည်ဖြစ်၍ ၊ မ လျောက်ပတ် သော အမှု ကို ပြု စေမည် အကြောင်း၊ ဘုရားသခင် သည် သူ တို့ကို မောဟ လက် သို့ အပ် လိုက်တော်မူသည်နှင့်အညီ ၊
၂၈ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေမည် အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊
29 ၂၉ သူတို့သည်အလုံးစုံ သော အဓမ္မ ကျင့်ခြင်း၊ မတရား သော မေထုန်ကိုပြုခြင်း၊ ဆိုးညစ် ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလို ခြင်း၊ ငြူစူ ခြင်း၊ လူ အသက်ကို သတ်ခြင်း၊ ရန်တွေ့ ခြင်း၊ လှည့်ဖြား ခြင်း၊ သူတစ်ပါး ကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစား သောသူ၊
၂၉သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
30 ၃၀ ဆဲရေး သောသူ၊ ဘုရားသခင် ကိုမုန်းသောသူ၊ ကြမ်းတမ်း သောသူ၊ မာန ထောင်လွှားသောသူ၊ ဝါကြွား သောသူ၊ မတတ် ကောင်းသော အတတ်ကိုစီရင် သောသူ၊ မိဘ စကားကို နားမထောင် သောသူ၊ သတိမရှိသောသူ၊ သစ္စာ ပျက်သောသူ၊
၃၀ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွား သောသူ၊ မတတ်ကောင်းသော အတတ်ကိုစီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊
31 ၃၁ မိဘသားမယားစသည်တို့ကို မ ချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနား ခြင်းကရုဏာစိတ်မရှိသောသူဖြစ်ကြ၏။
၃၁မိဘသားမယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ်မရှိသော သူဖြစ်ကြ၏။
32 ၃၂ ထိုသို့ ကျင့် သောသူ တို့သည် သေ ပြစ်ကိုခံထိုက် သည်ဟု ဘုရားသခင် စီရင် တော်မူကြောင်းကို ထိုသူ တို့ သည် သိ လျက်ပင်ကိုယ်တိုင် ကျင့် သည်သာမက ၊ ထိုသို့ ကျင့် သောသူ တို့၌ အားရ ဝမ်းမြောက်ကြ၏။
၃၂ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့ သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။

< ရောမ 1 >