< ဇာခရိ 6 >

1 အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​ကို​ငါ​မြင်​ရ ပြန်​၏။ ဤ​အ​ကြိမ်​၌​ငါ​သည်​ကြေး​ဝါ​တောင် နှစ်​ခု​ကြား​မှ​ထွက်​လာ​သော​စစ်​မြင်း​ရ​ထား လေး​စီး​ကို​မြင်​ရ​လေ​သည်။-
တဖန် ငါ မျှော်ကြည့် ၍ ၊ ကြေးဝါ ဖြင့် ပြီးသော တောင် နှစ် လုံးကြား မှ ရထား လေး စီးထွက် လာ၏။
2 ပ​ထ​မ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​နီ​များ၊ ဒု​တိ​ယ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​နက်​များ၊-
ပဌမ ရထား ၌ မြင်း နီ ၊ ဒုတိယ ရထား ၌ မြင်း နက် ၊
3 တ​တိ​ယ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​ဖြူ​များ၊ စ​တုတ္ထ​စစ်​မြင်း​ရ​ထား​တွင်​ပြောက်​ကျား မြင်း​များ​က​လျက်​ရှိ​၏။-
တတိယ ရထား ၌ မြင်း ဖြူ ၊ စတုတ္ထ ရထား ၌ ခွန်အား ကြီးသော မြင်း ကျားတို့သည် ကလျက်ရှိကြ၏။
4 ထို​နောက်​ငါ​သည်​ကောင်း​ကင်​တ​မန်​အား``အ​ရှင်၊ ဤ​စစ်​မြင်း​ရ​ထား​များ​ကား​မည်​သည့်​အ​နက် ကို​ဆောင်​ပါ​သ​နည်း'' ဟု​မေး​လျှင်၊
အကျွန်ုပ် သခင် ၊ ထို ရထားတို့ကား အဘယ် သို့နည်းဟု ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ငါမေး သော် ၊
5 ကောင်း​ကင်​တ​မန်​က``ယင်း​တို့​သည်​လေ​လေး​ပါး ဖြစ်​၏။ ထို​လေ​တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး ကို​အ​စိုး​ရ​သော​အ​ရှင်​၏​ရှေ့​တော်​မှောက်​မှ ယ​ခု​ပင်​ထွက်​လာ​ခဲ့​ကြ​၏'' ဟု​ဆို​လေ​သည်။
ကောင်းကင် တမန်က၊ ထို ရထားတို့သည်၊ မြေကြီး တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ၏ရှေ့ တော်၌ ရပ် နေရာမှ ထွက်သွား သော မိုဃ်း ကောင်းကင်လေ လေး ပါးဖြစ်၏။
6 မြင်း​နက်​များ​က​သည့်​စစ်​မြင်း​ရ​ထား​သည် မြောက်​အ​ရပ်​သို့​လည်း​ကောင်း၊ မြင်း​ဖြူ​များ သည်​အ​နောက်​ဘက်​သို့​လည်း​ကောင်း၊ ပြောက် ကျား​မြင်း​များ​သည်​တောင်​ဘက်​အ​ရပ် ဒေ​သ​သို့​လည်း​ကောင်း​သွား​လျက်​နေ​ကြ​၏။-
ကသော မြင်း နက် တို့သည် မြောက် ပြည် သို့ သွား ကြ၏။ မြင်းဖြူ တို့သည် မြင်းနက် နောက် သို့ လိုက် ကြ၏။ မြင်းကျား တို့သည် တောင် ပြည် သို့ သွား ကြ၏ဟု ဆို ၏။
7 ပြောက်​ကျား​မြင်း​များ​သည်​ကမ္ဘာ​မြေ​ပြင် ကို​ကြည့်​ရှု​စစ်​ဆေး​ရန် အ​လျင်​စ​လို​ထွက် လာ​ကြ​လေ​သည်။ ကောင်း​ကင်​တ​မန်​က``သူ တို့​အား​ကမ္ဘာ​မြေ​ပြင်​ကို​သွား​ရောက်​ကြည့် ရှု​စစ်​ဆေး​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ထွက်​သွား​ကြ​၏။-
ခွန်အား ကြီးသော မြင်းတို့သည် ထွက် ၍ ၊ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ခြင်းငှါ အားထုတ် ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား ၍ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြလော့ဟုဆို သည် အတိုင်း ၊ သူတို့သည် မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြ၏။
8 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား၊``မြောက် အ​ရပ်​သို့​သွား​သည့်​မြင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပြေ​စေ​ကြ​လေ ပြီ'' ဟု​ပြော​၏။
ကောင်းကင်တမန်သည်လည်း ငါ့ ကို ခေါ် ၍ ၊ ကြည့် လော့။ မြောက် ပြည် သို့ သွား သော မြင်းတို့သည် ငါ့ အမျက် ကို မြောက် ပြည် ၌ တည် စေကြပြီဟု ဆို ၏။
9 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဤ​သို့​ဗျာ​ဒိတ် ပေး​တော်​မူ​၏။-
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာသည်ကား၊
10 ၁၀ ကိုယ်​တော်​က``ပြည်​နှင်​ဒဏ်​သင့်​သူ​ဟေ​လ​ဒဲ၊ တော​ဘိ​ယ​နှင့်​ယေ​ဒါ​သ​အ​နွယ်​ဝင်​တို့​၏ အ​လှူ​ပစ္စည်း​များ​ကို​ယူ​၍ ဇေ​ဖ​နိ​၏​သား ယော​ရှိ​အိမ်​သို့​ချက်​ချင်း​သွား​လော့။ ဤ​သူ အ​ပေါင်း​တို့​သည် ဗာ​ဗု​လုန်​ပြည်​တွင်​ပြည် နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​များ ဖြစ်​၏။-
၁၀အရင်သိမ်းသွား ခြင်းကို ခံ ရ၍ ယခု ဗာဗုလုန် မြို့မှ ပြန် လာသောဟေလဒဲ အမျိုး၊ တောဘိယ အမျိုး၊ ယေဒါယ အမျိုးအချို့တို့ကို ခေါ် ၍ ၊ တနေ့ ခြင်းတွင် ဇေဖနိ ၏သား ယောရှိ အိမ် သို့ သွား ပြီး သော်၊
11 ၁၁ သူ​တို့​ပေး​လှူ​ထား​သည့်​ရွှေ​ငွေ​များ​ဖြင့် သ​ရ​ဖူ​တစ်​ခု​ကို​ပြု​လုပ်​၍ ယော​ဇ​ဒက် ၏​သား​ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​၏ ဦး​ခေါင်း​ကို​ဆောင်း​ပေး​လော့။-
၁၁ရွှေ ငွေ တို့ကို ယူ ၍ သရဖူ ကို လုပ် ပြီးလျှင် ယောဇဒက် သား ယဇ်ပုရောဟိတ် မင်း ယောရှု ၏ ခေါင်း ပေါ် မှာ တင် လော့။
12 ၁၂ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​က``အ​ညွှန့် အ​တက်'' ဟု​နာ​မည်​တွင်​သူ​သည်​မိ​မိ​ရှိ​ရာ အ​ရပ်​တွင်​ကြီး​ပွား​တိုး​တက်​လျက်​ထာ​ဝ​ရ ဘုရား​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက် ရ​လိမ့်​မည်။-
၁၂ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ အမိန့် တော်ကို ထိုသူ အား ဆင့်ဆို ရမည်မှာ၊ အညွန့် အမည် ရှိသောသူ ကို ကြည့်ရှု လော့။ မိမိ ဒေသ အရပ်၌ ပေါက် ၍ ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် လိမ့်မည်။
13 ၁၃ ထို​သူ​သည်​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရ​မည့် သူ၊ ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့်​ဘုန်း​အ​သ​ရေ ကို​ခံ​ယူ​ရ​ရှိ​မည့်​သူ​ဖြစ်​သ​ဖြင့် မိ​မိ​၏​အ​မျိုး သား​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။ သူ​၏​ရာဇ​ပလ္လင် အ​နီး​တွင်​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ရပ် လျက်​သူ​နှင့်​အ​တူ​ငြိမ်း​ချမ်း​သင့်​မြတ်​စွာ ပူး​ပေါင်း​ဆောင်​ရွက်​ပေး​လိမ့်​မည်။-
၁၃ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် ပြီးလျှင် ၊ ဘုန်း ကြီး၍ မိမိ ရာဇပလ္လင် ပေါ် မှာ ထိုင် လျက် စိုးစံ လိမ့်မည်။ ရာဇပလ္လင် တော် ပေါ် မှာ ယဇ်ပုရောဟိတ် လည်း ဖြစ်၍၊ ထို နှစ် ပါးတို့သည် မိဿဟာယ ပဋိညာဉ် ကို ဖွဲ့ ကြ လိမ့်မည်။
14 ၁၄ ထို​သ​ရ​ဖူ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏ ဗိ​မာန်​တော်​တွင်​ဟေ​လ​ဒဲ၊ တော​ဘိ​ယ၊ ယေ ဒါ​ယ​နှင့်​ယော​ရှိ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့် ရာ​အ​ထိမ်း​အ​မှတ်​လက္ခ​ဏာ​တစ်​ရပ်​ဖြစ် လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
၁၄ထိုသရဖူ သည်ဟေလင် ၊ တောဘိယ ၊ ယေဒါယ ၊ ဇေဖနိ ၏သား ဟင် တို့အဘို့ ၊ ထာဝရဘုရား ၏ ဗိမာန် တော်၌ သက်သေ ဖြစ်ရမည်။
15 ၁၅ ရပ်​ဝေး​ဒေ​သ​တွင်​နေ​ထိုင်​ကြ​ကုန်​သော လူ​တို့​သည်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် ကို​ပြန်​လည်​တည်​ဆောက်​ရာ​တွင်​ကူ​ညီ​ဆောင် ရွက်​ကြ​လိမ့်​မည်။ ထို​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​၍​ပြီး​သော​အ​ခါ သင်​တို့​သည် မိ​မိ​တို့​ထံ​သို့​ငါ့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​ခဲ့​ကြောင်း သိ​ရှိ​ကြ​လိမ့်​မည်။ အ​ကယ်​၍​သင်​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​တိ​ကျ​စွာ​လိုက်​နာ​ကြ ပါ​မူ​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ လိမ့်​မည်။
၁၅ဝေး သောသူတို့ သည်လည်း လာ ၍ ထာဝရဘုရား ၏ ဗိမာန် တော်၌ တည်ဆောက် ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။ သင်တို့သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ၏အမိန့် တော်ကို စေ့စေ့နားထောင် လျှင် ၊ ဤသို့ဖြစ် ရလိမ့်မည်ဟု မိန့်တော်မူ ၏။

< ဇာခရိ 6 >