< ဇာခရိ 5 >
1 ၁ ငါသည်နောက်တစ်ဖန်ကြည့်လိုက်ပြန်သောအခါ လေထဲတွင်ပျံဝဲနေသောစာလိပ်တစ်ခုကိုမြင် ရ၏။-
၁တဖန် ငါမျှော် ကြည့်၍ ၊ ပျံဝဲ လျက်ရှိသောစာစောင် ကို မြင် ၏။
2 ၂ ကောင်းကင်တမန်က``သင်အဘယ်အရာကို မြင်သနည်း'' ဟုမေးလျှင်ငါသည်လည်း``လေ ထဲတွင်ပျံနေသောစာလိပ်တစ်ခုကိုမြင် ပါ၏။ ထိုစာလိပ်သည်အလျားပေသုံးဆယ် အနံတစ်ဆယ့်ငါးပေရှိပါသည်'' ဟုပြန် လည်ဖြေကြား၏။
၂ကောင်းကင်တမန်ကလည်း၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး လျှင် ၊ ပျံဝဲ လျက်ရှိသောစာစောင် ကို မြင် ပါ၏။ အလျား အတောင် နှစ်ဆယ် ၊ အနံ အတောင် တဆယ် ရှိပါသည်ဟု လျှောက် ၏။
3 ၃ ထိုအခါကောင်းကင်တမန်က``တစ်နိုင်ငံလုံး အပေါ်သို့သက်ရောက်မည့်ကျိန်စာကိုထိုစာ လိပ်တွင်ရေးသားထားပါသည်။ စာလိပ်တစ် မျက်နှာ၌သူခိုးမှန်သမျှတို့သည် ဤနိုင်ငံ မှဖယ်ရှားခြင်းကိုခံရကြလိမ့်မည်ဟူ၍ လည်းကောင်း၊ အခြားတစ်မျက်နှာ၌မူမမှန် မကန်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူအပေါင်း တို့သည်သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြ လိမ့်မည်ဟူ၍လည်းကောင်းဖော်ပြထား ပါသည်။-
၃ကောင်းကင်တမန်ကလည်း၊ ထို စာစောင်သည် တပြည်လုံး ကို နှံ့ပြား သော ကျိန် ခြင်းဖြစ်၏။ ခိုး တတ်သောသူ ရှိသမျှ တို့သည်၊ ထို စာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ် ခြင်းကိုခံရကြမည်။ အကျိန် ရဲသောသူ ရှိသမျှ တို့ သည်၊ ထို စာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ် ခြင်းကိုခံရကြမည်။
4 ၄ အနန္တတန်ခိုးရှင်ထာဝရဘုရားကငါသည် ဤကျိန်စာကိုစေလွှတ်လိုက်မည်ဖြစ်၍ယင်း သည်ငါ၏နာမတော်ကိုတိုင်တည်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူမှန်သမျှနှင့်သူခိုးမှန် သမျှတို့၏အိမ်များတွင်ဝင်၍နေလိမ့်မည်။ ထိုအိမ်တို့သည်လည်းကျိန်စာထွက်ခွာသွား သောအခါ ယိုယွင်းပျက်စီးလျက်ကျန်ရစ် ကြလိမ့်မည်'' ဟုဆို၏။
၄ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို စာစောင်ကို ငါထုတ်ဘော် မည်။ ခိုး တတ်သောသူ ၏အိမ် ထဲ သို့၎င်း ၊ ငါ့ နာမ ကို တိုင်တည် ၍ မ မှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ် ထဲသို့ ၎င်း ဝင် ၍ နေရာ ကျသဖြင့် ၊ သစ်သား များ၊ ကျောက် များနှင့်တကွ ထို အိမ် ကိုစား လိမ့်မည်ဟု မိန့်တော်မူ၏။
5 ၅ ကောင်းကင်တမန်သည်တစ်ဖန်ပေါ်လာပြန် ၍``ကြည့်လော့။ အရာဝတ္ထုတစ်ခုသည်ရွေ့ လျား၍လာနေ၏'' ဆို၏။
၅တဖန် ငါ နှင့် ပြောဆို သော ကောင်းကင် တမန် သည် ထွက် ၍ ၊ ယခု ထွက် လာသောအရာ ကို မျှော်ကြည့် လော့ဟု ငါ့ အား ဆို လျှင် ၊
6 ၆ ငါက``ထိုအရာကားအဘယ်နည်း'' ဟု မေးလျှင်၊ ကောင်းကင်တမန်က``ထိုအရာသည်ခြင်း တောင်းတစ်ခုဖြစ်၍တစ်နိုင်ငံလုံး၏အပြစ် ကိုသရုပ်ဆောင်၏'' ဟုပြန်လည်ဖြေကြား လေသည်။-
၆ထို အရာကား အဘယ် အရာနည်းဟု ငါမေး သော် ၊ ထို အရာသည် ထွက်သွား သော ဧဖာ ဖြစ်သည်ဟူ၍၎င်း ၊ ထိုအရာသည် တပြည်လုံး ၌ သူ တို့၏အကြံ အစည်ဖြစ် သည်ဟူ၍၎င်း ဆို ၏။
7 ၇ ထိုခြင်းတောင်းတွင်ခဲဖြင့်ပြီးသောအဖုံး တစ်ခုရှိ၏။ ထိုအဖုံးသည်ငါကြည့်လျက် နေစဉ်၌ပင်ပွင့်၍လာလေသည်။ ခြင်းတောင်း ထဲတွင်အမျိုးသမီးတစ်ယောက်ထိုင်လျက် နေပါသည်တကား။
၇ခဲ အခွက် တဆယ်ကိုလည်း အထက်သို့ ချီမြှောက် ၍ မိန်းမ တယောက် သည် ဧဖာ ထဲ ၌ ထိုင် သည်ကို ငါမြင် ၏။
8 ၈ ကောင်းကင်တမန်က၊``ဤအမျိုးသမီးသည် ယုတ်မာမှုကိုသရုပ်ဆောင်၏'' ဟုဆိုကာ သူ့အားခြင်းတောင်းထဲသို့နှိပ်ချလိုက်ပြီး လျှင်အဖုံးပြန်ဖုံး၍ထားလိုက်လေသည်။-
၈ကောင်းကင်တမန်ကလည်း၊ ထို မိန်းမသည် ဒုစရိုက် အပြစ်ဖြစ်၏ဟုဆို လျက် ၊ သူ့ ကို ဧဖာ ထဲ ကို ချ ထား ၍ ဧဖာ အဝ ပေါ် မှာ ခဲပြား ကို တင် လေ၏။
9 ၉ ငါသည်မော်၍ကြည့်လိုက်သောအခါငှက် ကျား၏အတောင်ကဲ့သို့ကြီးမားသည့် အတောင်များနှင့် ငါ့ထံသို့ပျံလာနေသော အမျိုးသမီးနှစ်ဦးကိုမြင်ရ၏။ သူတို့သည် ခြင်းတောင်းကိုချီယူကာအဝေးသို့ပျံ သွားကြ၏။
၉တဖန် ငါ မျှော်ကြည့် ၍ ၊ တောငန်း ၏အတောင် ကဲ့သို့ ၊ အတောင်ရှိသောမိန်းမ နှစ် ယောက်တို့သည်၊ အတောင် တို့၌ ဝိညာဉ် ပါ လျက် ထွက် လာ၍ ၊ ထိုဧဖာ ကို မြေကြီး နှင့် မိုဃ်း ကောင်းကင်စပ်ကြား သို့ ချီသွား ကြ၏။
10 ၁၀ ငါသည်ကောင်းကင်တမန်အား``ထိုသူတို့ သည်ခြင်းတောင်းကိုအဘယ်အရပ်သို့ ယူဆောင်သွားကြပါသနည်း'' ဟုမေး လျှင်၊
၁၀ထိုဧဖာ ကို အဘယ် သို့ချီသွား ကြသနည်းဟု ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ငါမေး သော် ၊
11 ၁၁ ကောင်းကင်တမန်က``ဗာဗုလုန်ပြည်သို့ဖြစ် ပါ၏။ သူတို့သည်ထိုပြည်တွင်ဗိမာန်တစ်ခု ကိုတည်ဆောက်ကြပါလိမ့်မည်။ ထိုနောက်ဝတ် ပြုကိုးကွယ်ရန်ထိုဗိမာန်တော်ထဲတွင်ခြင်း တောင်းကိုတည်ထားကြပါလိမ့်မည်'' ဟု ဆို၏။
၁၁ရှိနာ ပြည် ၌ ဧဖာ အဘို့ အိမ် ဆောက် ခြင်းငှါ ချီသွားကြ၏။ ထို ပြည် ၌ သူ၏ခုံပေါ်မှာ တင် ထား၍ နေရာ ချကြလိမ့်မည်ဟု ဆို ၏။