< ဇာခရိ 11 >

1 အို လေ​ဗ​နုန်​တောင်၊ သင်​၏​သစ်​က​တိုး​ပင်​များ​သည် မီး​သင့်​လောင်​၍​သွား​နိုင်​ရန်​သင်​၏​တံ​ခါး​တို့​ကို ဖွင့်​ပါ​လော့။
အို လေဗနုန်တောင်၊ သင်၏ အာရဇ်ပင်တို့ကို မီးလောင်စေခြင်းငှါ သင်၏တံခါးတို့ကို ဖွင့်လော့။
2 အို ထင်း​ရှူး​ပင်​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သစ်​က​တိုး​ပင်​များ​သည်​ပြို​လဲ​ကြ​လေ​ပြီ။ ကြက်​သ​ရေ​ဆောင်​သည့်​ထို​အ​ပင်​တို့​သည် ပျက်​ပြုန်း​၍​သွား​လေ​ပြီ။ အို ဗာ​ရှန်​ဝက်​သစ်​ချ​ပင်​တို့​ငို​ကြွေး မြည်​တမ်း​ကြ​လော့။ ထူ​ထပ်​သည့်​သစ်​တော​ကို​ခုတ်​လှဲ​လိုက်​ကြ လေ​ပြီ။
အိုထင်းရူးပင်၊ အာရဇ်ပင်လဲသောကြောင့် မြည် တမ်းလော့။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ။ အို ဗာရှန်သပိတ်ပင်တို့၊ ခိုင်ခံ့သောတောကို ခုတ်လှဲသော ကြောင့် မြည်တမ်းကြလော့။
3 ဘု​ရင်​မင်း​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​၏။ သူ​တို့​၏​ဘုန်း​အ​သ​ရေ​ကား​ကွယ်​ပျောက် သွား​လေ​ပြီ။ ခြင်္သေ့​များ​၏​ဟောက်​သံ​ကို​နား​ထောင် ကြ​လော့။ သူ​တို့​ခို​အောင်း​ရာ​ယော်​ဒန်​မြစ်​ဝှမ်း​ရှိ သစ်​တော​သည်​ကား​ပျက်​ပြုန်း​၍​သွား​လေ​ပြီ။
သိုးထိန်းတို့သည် မိမိတို့ အသရေပျက်သော ကြောင့်၊ မြည်တမ်းသောအသံကို ပြုကြ၏။ ယော်ဒန်မြစ် ၏ဂုဏ်အသရေပျက်သောကြောင့်၊ ခြင်္သေ့ပျိုဟောက် သောအသံကို ကြားရ၏။
4 ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့ အား``သင်​သည်​သတ်​ရန်​လျာ​ထား​သည့်​သိုး စု​မှ​သိုး​ထိန်း​ကဲ့​သို့​ပြု​မူ​လော့။-
ငါ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ သည်ကား၊ သတ်ဘို့ရာ ထားသော ဤသိုးစုကို ကျွေးမွေး လော့။
5 သိုး​ရှင်​များ​သည်​ထို​သိုး​တို့​ကို​သတ်​ဖြတ် ကြ​သော်​လည်း အ​ဘယ်​သို့​မျှ​အ​ပြစ်​မ​သင့် ကြ။ သူ​တို့​သည်​သိုး​သား​ကို​ရောင်း​ပြီး လျှင်`ငါ​တို့​ကား​ချမ်း​သာ​ကြွယ်​ဝ​လာ​လေ ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ​လာ​ရှိ​တော်​မူ စေ​သ​တည်း။' သိုး​ထိန်း​များ​ပင်​လျှင်​မိ​မိ တို့​၏​သိုး​များ​ကို​သ​နား​ဖော်​မ​ရ​ကြ​ဟု ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
ပိုင်သောသူတို့သည် သတ်၍ ကိုယ်အပြစ်ရှိသည် ကို မသိကြ။ ရောင်းစားသောသူတို့ကလည်း၊ ငါရတတ် သည်ဖြစ်၍ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်းဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ။
6 (ထာ​ဝ​ရ​ဘု​ရား​က၊``ငါ​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​တွင်​အ​ဘယ်​သူ့​ကို​မျှ​သ​နား​တော့​မည် မ​ဟုတ်​ပါ။ ငါ​ကိုယ်​တိုင်​ပင်​လူ​အ​ပေါင်း​တို့ ကို သူ​တို့​၏​ဘု​ရင်​များ​၏​လက်​သို့​ပေး​အပ် မည်။ ထို​ဘု​ရင်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ကို ပျက်​ပြုန်း​စေ​ကြ​မည်​ဖြစ်​သော်​လည်း ငါ သည်​ကယ်​တင်​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။)
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့၎င်း၊ ရှင်ဘုရင် လက်သို့၎င်း အပ်သဖြင့်၊ သူတို့သည် တပြည်လုံးကို နှိပ် စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲ နေမည် ဟု မိန့်တော်မူ၏။
7 သိုး​ရောင်း​ဝယ်​သူ​တို့​က​ငါ့​ကို​ငှား​ရမ်း​သ ဖြင့်​ငါ​သည်​နှိပ်​စက်​ခြင်း​ခံ​ရ​သော​သိုး​တို့ ကို ထိန်း​ကျောင်း​ရ​သူ​ဖြစ်​လာ​လေ​သည်။ ``ကျေး ဇူး​ပြု​ခြင်း'' ဟု​နာ​မည်​တွင်​သော​သိုး​ထိန်း တောင်​ဝှေး​တစ်​ချောင်း​နှင့်``စည်း​လုံး​ခြင်း'' ဟု နာ​မည်​တွင်​သော​သိုး​ထိန်း​တောင်​ဝှေး​တစ် ချောင်း​ကို​ယူ​ပြီး​လျှင်​သိုး​အုပ်​ကို​ငါ ထိန်း​ကျောင်း​ရ​၏။-
ထိုသို့ သတ်ဘို့ရာထားသော သိုးစုတည်းဟူ သော၊ ဆင်းရဲသောသိုးတို့ကို ငါကျွေးမွေးရ၏။ သိုးထိန်း တောင်ဝေးနှစ်စင်းကိုယူ၍၊ တစင်းကို ကျေးဇူးဟူ၍၎င်း၊ တစင်းကို အနှောင်အဖွဲ့ဟူ၍၎င်း ခေါ်ဝေါ်လျက်၊ သိုးစုကို ကျွေးမွေး၏။
8 ငါ​သည်​မိ​မိ​အား​မုန်း​သည့်​သိုး​ထိန်း​သုံး ယောက်​ကို​သည်း​မ​ခံ​နိုင်​သ​ဖြင့် သူ​တို့ အား​တစ်​လ​တည်း​တွင်​ဖယ်​ရှား​ပစ်​လိုက်​၏။-
သိုးထိန်းသုံးယောက်ကိုလည်း တလတွင် ငါပယ် ဖြတ်၏။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့၏။ သူတို့သည်လည်း ငါ့ကို ရွံရှာကြ၏။
9 ထို​နောက်​ငါ​၏​သိုး​အုပ်​အား``ငါ​သည်​သင် တို့​၏​သိုး​ထိန်း​မ​လုပ်​လို​တော့​ပါ၊ သေ​ရ မည့်​သိုး​တို့​သည်​သေ​ကြ​ပါ​လေ​စေ။ အ​သတ် ခံ​ရ​မည့်​သိုး​များ​သည်​လည်း​အ​သတ်​ခံ​ရ ကြ​ပါ​လေ​စေ။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ သည့်​သိုး​များ​သည်​လည်း မိ​မိ​တို့​အ​ချင်း ချင်း​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်'' ဟု​ပြော ဆို​၏။-
နောက်တဖန် သင်တို့ကို ငါမကျွေး။ သေသော အကောင်သည် သေပါလေစေ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ။ ကျန်ကြွင်းသောအကောင် တို့သည် တကောင်ကိုတကောင် စားပါလေစေဟု ငါဆို လျက်၊
10 ၁၀ ထို​နောက်​ငါ​သည်​လူ​မျိုး​တ​ကာ​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခဲ့​သည့်​ပ​ဋိ ညာဉ်​တော်​ကို​ဖျက်​သိမ်း​သည့်​အ​နေ​ဖြင့်``ကျေး ဇူး​ပြု​ခြင်း'' နာ​မည်​တွင်​သော​တောင်​ဝှေး ကို​ယူ​၍​ချိုး​ပစ်​လိုက်​လေ​သည်။-
၁၀ခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို၍၊ ကျေးဇူးအမည်ရှိသော ငါ၏ တောင်ဝေးကို ယူ၍ ချိုး၏။
11 ၁၁ ဤ​သို့​လျှင်​ပ​ဋိ​ညာဉ်​တော်​သည်​ထို​နေ့​၌ ပျက်​ပြား​၍​သွား​လေ​တော့​၏။ သိုး​များ ကို​ဝယ်​ယူ​ရောင်း​ချ​သူ​တို့​သည်​ငါ့​အား စောင့်​၍​ကြည့်​နေ​ကြ​၏။ သူ​တို့​သည်​ငါ​၏ အ​ပြု​အ​မူ​အား​ဖြင့်​ထာ​ဝ​ရ​ဘုရား​ဗျာ ဒိတ်​ပေး​တော်​မူ​လျက်​ရှိ​ကြောင်း​ကို​သိ ကြ​၏။-
၁၁ထိုပဋိညာဉ်သည် ထိုနေ့၌ပျက်သောကြောင့်၊ ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားလည်ကြ၏။
12 ၁၂ ငါ​က​သူ​တို့​အား``သင်​တို့​ပေး​လို​လျှင်​ငါ​၏ လုပ်​အား​ခ​ကို​ပေး​ကြ​လော့။ မ​ပေး​လို​လျှင် လည်း​နေ​ကြ​တော့'' ဟု​ပြော​၏။ သို့​ဖြစ်​၍​သူ တို့​သည်​ငါ့​လုပ်​အား​ခ​အ​ဖြစ်​ငွေ​စ​သုံး ဆယ်​ကို​ပေး​ကြ​၏။
၁၂တဖန် ငါက၊ ငါရထိုက်သော အခကို ပေးအံ့ သောငှါ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့။ အလို မရှိလျှင် မပေးကြနှင့်ဟုဆိုသော်၊ သူတို့သည် ငါ့အား အခပေးအံ့သောငှါ ငွေသုံးဆယ်ကို ချိန်ကြ၏။
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ထို​ငွေ​များ ကို​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့​ထည့်​လိုက် လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ငါ​သည် မိ​မိ​၏​တန်​ဖိုး​အ​ဖြစ်​သူ​တို့​အ​ကဲ​ဖြတ် သည့်​မြောက်​မြား​လှ​သော​ငွေ​စ​သုံး​ဆယ် ကို​ယူ​၍​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့​ထည့် လိုက်​လေ​သည်။-
၁၃ထာဝရဘုရားကလည်း၊ ထိုငွေကို အိုးထိန်း သမားရှေ့မှာ ပစ်ချလော့။ ငါ့ကို အဘိုပြတ်၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေသုံးဆယ် ကို ငါယူ၍ ထာဝရဘုရား၏ဗိမာန်တော်၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ၏။
14 ၁၄ ထို​နောက်​ငါ​သည်``စည်း​လုံး​ခြင်း'' နာ​မည်​တွင် သော​တောင်​ဝှေး​ကို​ချိုး​ပစ်​လိုက်​၏။ ထို​အ​ခါ ယု​ဒ​ပြည်​နှင့်​ဣ​သ​ရေ​လ​ပြည်​စည်း​လုံး​မှု သည်​ပျက်​ပြား​၍​သွား​လေ​တော့​၏။
၁၄ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့ သော မိဿဟာယကို ဖျက်လို၍၊ အနှောင်အဖွဲ့အမည်ရှိ သော အခြားတောင်ဝေးကို ငါချိုး၏။
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သည်​နောက် တစ်​ကြိမ်​သိုး​ထိန်း​ကဲ့​သို့​ပြု​မူ​ပြန်​ဦး​လော့။ ယ​ခု​အ​ကြိမ်​၌​သိုး​ထိန်း​မိုက်​ကဲ့​သို့​ဖြစ်​၏။-
၁၅တဖန် ထာဝရဘုရားက၊ မိုက်သော သိုးထိန်း၏ တန်ဆာတို့ကို သိမ်းယူလော့။
16 ၁၆ ငါ​သည်​မိ​မိ​၏​သိုး​စု​အ​တွက်​သိုး​ထိန်း​တစ် ဦး​ကို​ခန့်​ထား​ခဲ့​သော်​လည်း သူ​သည်​သေ​ဘေး တွေ့​သည့်​သိုး​များ​ကို​မ​ကူ​ညီ။ ပျောက်​သည့် သိုး​များ​ကို​မ​ရှာ​ဖွေ။ အ​နာ​ရ​သည့်​သိုး​များ ကို​မ​ကု​သ။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သိုး များ​ကို​လည်း​မ​ကျွေး​မွေး။ ယင်း​သို့​ပြု​မည့် အ​စား​သူ​သည်​အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​တို့ ၏​အ​သား​ကို​စား​၏။ သူ​တို့​၏​ခွာ​များ​ကို လည်း​ချွတ်​ပစ်​၏။-
၁၆အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသောအကောင် ကို မကြည့်မရှု၊ လမ်းလွဲသောအကောင်ကို မရှာ၊ နာသော အကောင်ကို အနာပျောက်စေခြင်းငှါမပြု၊ ရပ်နေသော အကောင်ကို မမစ၊ ဆူသောအကောင်တို့ကို စားလိမ့် မည်။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည်။
17 ၁၇ တန်​ဖိုး​မ​ရှိ​သော​သိုး​ထိန်း​မိုက်​သည်​အ​မင်္ဂ လာ​ရှိ​၏။ သူ​သည်​မိ​မိ​၏​သိုး​စု​ကို​စွန့်​ပစ် ထား​လေ​ပြီ။ စစ်​မက်​ဘေး​ဒဏ်​ကြောင့်​သူ​၏ လက်​ရုံး​နှင့်​ညာ​မျက်​စိ​သည်​ပျက်​ပြုန်း​၍ သွား​လိမ့်​မည်။ သူ့​၏​ညာ​လက်​ရုံး​သည်​ရှုံ့​တွ တွန့်​လိမ်​လျက်၊ ညာ​မျက်​စိ​သည်​လည်း​အလင်း ကွယ်​၍​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
၁၇သိုးစုကို စွန့်ပစ်သော အချည်းနှီးသိုးထိန်းသည် အမင်္ဂလာရှိစေသတည်း။ သူ၏လက်ရုံးနှင့်လက်ျာမျက်စိ၌ ထားဘေးရောက်လိမ့်မည်။ လက်ရုံးသည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ျာမျက်စိသည် အကုန်အစင် မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။

< ဇာခရိ 11 >