< ဝတ်ပြုရာ 13 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား အောက်​ဖော်​ပြ​ပါ​ပ​ညတ်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။-
Og HERREN talede til Moses og Aron og sagde:
2 တစ်​စုံ​တစ်​ယောက်​တွင်​အ​ရေ​ပြား​၌​အ​နာ​စိမ်း ဖြစ်​စေ၊ ဖူး​ယောင်​နာ​ဖြစ်​စေ၊ အ​နာ​ကွက်​ဖြစ်​စေ၊ ပေါ်​လာ​သ​ဖြင့် ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ စွဲ​မည့်​လက္ခ​ဏာ​ရှိ​လာ​လျှင် ထို​သူ​ကို​အာ​ရုန်​မှ ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။-
Når der på et Menneskes Hud viser sig en Hævelse eller Udslæt eller en lys Plet, som kan blive til Spedalskhed på hans Hud, skal han føres hen til Præsten Aron eller en af hans Sønner, Præsterne.
3 ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး လျှင် အ​နာ​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​၍​အ​နာ တွင်း​နက်​နေ​လျှင် ထို​သူ​၌​ဆိုး​ဝါး​သော​ကိုယ် ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​နေ​ပြီ​ဖြစ်​သော​ကြောင့် မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။-
Præsten skal da syne det syge Sted på Huden, og når Hårene på det syge Sted er blevet hvide og Stedet ser ud til at ligge dybere end Huden udenom, så er det Spedalskhed, og så skal Præsten efter at have synet ham erklære ham for uren.
4 သို့​ရာ​တွင်​အ​နာ​ကွက်​ဖြူ​သော်​လည်း အ​မွေး မ​ဖြူ၊ အ​နာ​ကွက်​လည်း​ချိုင့်​နေ​ဟန်​မ​ရှိ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ခု​နစ်​ရက် ပတ်​လုံး​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
Men hvis det er en hvid Plet på Huden og den ikke ser ud til at ligge dybere end Huden udenom og Hårene ikke er blevet hvide. så skal Præsten lukke den angrebne inde i syv Dage;
5 သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား ထပ်​မံ​စစ်​ဆေး​ပြီး​အ​နာ​သည် ပ​က​တိ​အ​တိုင်း ပြန့်​ပွား​မှု​မ​ရှိ​ဟု​ထင်​မြင်​လျှင် ထို​သူ​အား ခု​နစ်​ရက်​ထပ်​မံ​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
og på den syvende Dag skal Præsten syne ham. Viser det sig da, at Ondet ikke har skiftet Udseende eller bredt sig på Huden, skal Præsten igen lukke ham inde i syv Dage;
6 တစ်​ဖန်​သတ္တ​မ​နေ့​၌​ထို​သူ​အား​ထပ်​မံ​စစ်​ဆေး ၍ အ​နာ​ညိုး​လျက်​မ​ပြန့်​ပွား​ကြောင်း​တွေ့​ရ​လျှင် ရိုး​ရိုး​အ​နာ​ဖြစ်​သ​ဖြင့်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​ရှင်း​သည်​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။ ထို​သူ​သည်​မိ​မိ​အ​ဝတ်​များ​ကို​လျှော်​ဖွပ် ပြီး​နောက် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း စင်​ကြယ်​လာ​လိမ့်​မည်။-
og på den syvende Dag skal Præsten atter syne ham. Hvis det da viser sig, at Ondet er ved at svinde, og at det ikke har bredt sig på Huden, skal Præsten erklære ham for ren; da er det almindeligt Udslæt på Huden; han skal da tvætte sine Klæder og være ren.
7 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏ အ​နာ​ကို​စစ်​ဆေး​၍ သန့်​ရှင်း​သူ​ဟု​အ​ဆုံး အ​ဖြတ်​ပေး​ပြီး​နောက်​မှ​အ​နာ​ပြန့်​ပွား​လာ လျှင် ထို​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​၌​တစ် ဖန်​အ​စစ်​ဆေး​ခံ​ရ​မည်။-
Men hvis Udslættet breder sig på Huden, efter at han har ladet Præsten syne sig for at blive erklæret for ren, og hvis Præsten, når han anden Gang lader sig syne af ham,
8 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​အ​နာ​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး ရ​မည်။
ser, at Udslættet har bredt sig på Huden, så skal Præsten erklære ham for uren; det er Spedalskhed.
9 တစ်​စုံ​တစ်​ယောက်​သော​သူ​၌ ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​စွဲ​လျှင် ထို​သူ​ကို​ယဇ်​ပု​ရော ဟိတ်​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ရ​မည်။-
Når et Menneske angribes af Spedalskhed, skal han føres hen til Præsten,
10 ၁၀ ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​စစ်​ဆေး​၍ အ​ရေ ပြား​ပေါ်​တွင်​အ​ဖြူ​ကွက်​အ​နာ​ရှိ​ပြီး ထို​အ​ဖြူ ကွက်​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​လျက်​အ​နာ​သည် လည်း​ပြည်​တည်​နေ​လျှင်၊-
og Præsten skal syne ham; og når der da viser sig at være en hvid Hævelse på Huden og Hårene derpå er blevet hvide og der vokser vildt Kød i Hævelsen,
11 ၁၁ ထို​အ​နာ​သည်​ဆိုး​ရွား​သော​အ​ရေ​ပြား​ရော​ဂါ ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​မ​သန့် ရှင်း​ဟု​အ​ဆုံး​အ​ဖြတ်​ပေး​ရ​မည်။ ထို​သူ​၌ ရော​ဂါ​ဆိုး​စွဲ​လျက်​ရှိ​ကြောင်း သိ​သာ​ထင်​ရှား သ​ဖြင့်​သူ့​အား​သီး​ခြား​နေ​ထိုင်​စေ​ရန်​မ​လို။-
så er det gammel Spedalskhed på hans Hud, og da skal Præsten erklære ham for uren; han behøver ikke at lukke ham inde, thi han er uren.
12 ၁၂ အ​ကယ်​၍​သူ​၏​အ​ရေ​ပြား​ရော​ဂါ​သည် ဦး ခေါင်း​မှ​ခြေ​ထောက်​သို့​တိုင်​အောင်​ပြန့်​ပွား လာ​လျှင်၊-
Men hvis Spedalskheden bryder ud på Huden og Spedalskheden bedækker hele den angrebnes Hud fra Top til Tå, så vidt Præsten kan se,
13 ၁၃ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​ထပ်​မံ​၍​စစ် ဆေး​ရ​မည်။ သူ​၏​အ​နာ​သည် တစ်​ကိုယ်​လုံး​ပြန့် နှံ့​သွား​ကြောင်း​တွေ့​ရှိ​ရ​လျှင် ယဇ်​ပု​ရော​ဟိတ် သည်​သူ့​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ သူ​သည်​တစ် ကိုယ်​လုံး​ဖြူ​ဆွတ်​သွား​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​ရှင်း​စင်​ကြယ်​၏။-
og Præsten ser, at Spedalskheden bedækker hele hans Legeme, så skal han erklære den angrebne for ren; han er blevet helt hvid, han er ren.
14 ၁၄ သို့​ရာ​တွင်​ထို​သူ​၏​ကိုယ်​ပေါ်​၌ အ​နာ​ပေါက်​လာ သည်​နှင့်​တစ်​ပြိုင်​နက်​သူ​သည်​မ​သန့်​ရှင်း​ချေ။-
Men så snart der viser sig vildt Kød på ham, er han uren;
15 ၁၅ ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အား​တစ်​ဖန် စစ်​ဆေး​၍ ကိုယ်​ပေါ်​၌​အ​နာ​ပေါက်​နေ​သည်​ကို တွေ့​ရှိ​ရ​လျှင် သူ့​ကို​မ​သန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ မည်။ အ​နာ​ပေါက်​လာ​ခြင်း​သည်​ဆိုး​ရွား​သော ကိုယ်​ရေ​ပြား​ရော​ဂါ​စွဲ​ခြင်း​လက္ခ​ဏာ​ဖြစ်​၍ ထို​သူ​သည်​မ​သန့်​ရှင်း​ချေ။-
og når Præsten ser det vilde Kød, skal han erklære ham for uren; det vilde Kød er urent, det er Spedalskhed.
16 ၁၆ အ​နာ​သည်​ပျောက်​ကင်း​၍​တစ်​ဖန်​ဖြူ​လာ လျှင် သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား ရ​မည်။-
Hvis derimod det vilde Kød forsvinder og han bliver hvid, skal han gå til Præsten;
17 ၁၇ ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​တစ်​ဖန်​စစ်​ဆေး ရ​မည်။ အ​နာ​သည်​ပြန်​၍​ဖြူ​လာ​လျှင် သူ​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​စင်​ကြယ်​၏။ ယဇ် ပု​ရော​ဟိတ်​သည်​လည်း​သူ့​အား​စင်​ကြယ် သည်​ဟု​အ​ဆုံး​အ​ဖြတ်​ပေး​ရ​မည်။
og hvis det, når Præsten syner ham, viser sig, at den angrebne er blevet hvid, skal Præsten erklære den angrebne for ren; han er ren.
18 ၁၈ တစ်​စုံ​တစ်​ယောက်​သော​သူ​၏​ကိုယ်​ရေ​ပြား​ပေါ် တွင် ပျောက်​ကင်း​သွား​သော​အ​နာ​စိမ်း​နေ​ရာ​၌၊-
Når nogen på sin Hud har haft en Betændelse, som er lægt,
19 ၁၉ ဖြူ​သော​အ​ဖု​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​အ​ကွက်​ဖြစ် စေ​ပေါ်​လာ​လျှင် သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​သွား​ရ​မည်။-
og der så på det Sted, som var betændt, kommer en hvid Hævelse eller en rødlighvid Plet, skal han lad sig syne af Præsten;
20 ၂၀ ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး​နောက် အ​နာ​တွင်း​နက်​လျက် အ​နာ​ပေါ်​ရှိ​အ​မွေး​များ ဖြူ​လာ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ထို​သူ​အား​မ​သန့် ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။ ထို​အ​နာ​သည်​အ​နာ စိမ်း​နေ​ရာ​မှ​ဖြစ်​ပေါ်​လာ​သော​ဆိုး​ရွား​သည့် ကိုယ်​ရေ​ပြား​ရော​ဂါ​ဖြစ်​သည်။-
og hvis Præsten finder, at Stedet ser ud til at ligge dybere end Huden udenom og Hårene derpå er blevet hvide, skal Præsten erklære ham for uren; det er Spedalskhed, der er brudt frem efter Betændelsen.
21 ၂၁ ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​၍ အ​နာ​နေ​ရာ​တွင်​အ​မွေး​များ​မ​ဖြူ၊ အ​နာ တွင်း​လည်း​မ​နက်၊ အ​နာ​၏​အ​ရောင်​လည်း ဖျော့​နေ​လျှင်​ထို​သူ​အား​ခု​နစ်​ရက်​ပတ်​လုံး သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
Men hvis der, når Præsten syner det, ikke viser sig at være hvide Hår derpå og det ikke ligger dybere end Huden udenom, men er ved at svinde, da skal Præsten lukke ham inde i syv Dage;
22 ၂၂ အ​နာ​ကွက်​ပြန့်​ပွား​လာ​ကြောင်း​ကို​တွေ့​ရှိ​ရ လျှင် ထို​သူ​၌​ရော​ဂါ​စွဲ​ကပ်​ပြီး​ဖြစ်​၍​သူ အား​မသန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။-
og når det da breder sig på Huden, skal Præsten erklære ham for uren; det er Spedalskhed.
23 ၂၃ သို့​ရာ​တွင်​အ​နာ​ကွက်​သည်​မ​ပြန့်​ပွား​ဘဲ န​ဂို​မူ​လ​အ​တိုင်း​ရှိ​နေ​လျှင် အ​နာ​စိမ်း​၏ အ​မာ​ရွတ်​မျှ​သာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​က​ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။
Men hvis den hvide Plet bliver, som den er, uden at brede sig, da er det et Ar efter Betændelsen, og Præsten skal erklære ham for ren.
24 ၂၄ တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မီး​လောင်​ခံ​ရ​၍ မီး​လောင်​သော​နေ​ရာ​တွင်​အ​ရေ​ပြား​ဖြူ​လာ လျှင်​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​ဖြစ်​လာ​လျှင်​ဖြစ်​စေ၊-
Eller når nogen får et Brandsår på Huden, og det Kød, der vokser i Brandsåret, frembyder en rødlighvid eller hvid Plet,
25 ၂၅ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​နာ​ကို​စစ်​ဆေး​ရ မည်။ အ​နာ​ကွက်​တွင်​ရှိ​သော​အ​မွေး​များ​သည် ဖြူ​၍​အ​နာ​တွင်း​နက်​ကြောင်း​တွေ့​ရှိ​ရ​လျှင် မီး လောင်​သော​အ​နာ​မှ​ဖြစ်​ပေါ်​လာ​သော​ဆိုး​ရွား သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​မ​သန့်​ရှင်း ဟု​ဆုံး​ဖြတ်​ရ​မည်။-
så skal Præsten syne ham, og hvis det da viser sig, at Hårene på Pletten er blevet hvide og den ser ud til at ligge dybere end Huden udenom, så er det Spedalskhed, der er brudt frem i Brandsåret; og da skal Præsten erklære ham for uren; det er Spedalskhed.
26 ၂၆ သို့​ရာ​တွင်​အ​နာ​ကွက်​၌​ရှိ​သော​အ​မွေး​သည် မ​ဖြူ၊ အ​နာ​တွင်း​မ​နက်၊ အ​နာ​၏​အ​ရောင်​လည်း ဖျော့​နေ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ထို​သူ​အား​ခု​နစ် ရက်​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
Men hvis det, når Præsten synet ham, viser sig, at der ingen hvide Hår er på den lyse Plet, og at en ikke ligger dybere end Huden udenom, men at den er ved at svinde, så skal Præsten lukke ham inde i syv Dage;
27 ၂၇ သတ္တ​မ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​သည် သူ့​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​သည်​ပြန့်​ပွား​နေ​ကြောင်း​တွေ့​ရ လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​ကို​မ​သန့်​ရှင်း ဟု​ဆုံး​ဖြတ်​ရ​မည်။-
og på den syvende Dag skal Præsten syne ham, og når den da har bredt sig på Huden, skal Præsten erklære ham for uren; det er Spedalskhed.
28 ၂၈ သို့​သော်​အ​နာ​ကွက်​သည်​မူ​လ​အ​ခြေ​အ​နေ​၌ ရှိ​၍ မ​ပြန့်​ပွား​ကြောင်း​ကို​လည်း​ကောင်း၊ အ​ရောင် ဖျော့​နေ​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော ဂါ​မ​ဟုတ်။ ထို​အ​နာ​သည်​မီး​လောင်​သည့်​အ​မာ ရွတ်​မျှ​သာ​ဖြစ်​ခြင်း​ကြောင့် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။
Men hvis den lyse Plet bliver, som den er, uden at brede sig på Huden, og er ved at svinde, så er det en Hævelse efter Brandsåret, og da skal Præsten erklære ham for ren; thi det er et Ar efter Brandsåret.
29 ၂၉ အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး​သ​မီး​တစ် ယောက်​၏​ခေါင်း​ပေါ်​တွင်​ဖြစ်​စေ၊ မေး​ပေါ်​တွင် ဖြစ်​စေ​အ​နာ​ပေါက်​လျှင်၊-
Når en Mand eller Kvinde angribes i Hoved eller Skæg,
30 ၃၀ ယဇ်​ပု​ရော​ဟိတ်​က​ထို​အ​နာ​ကို​စစ်​ဆေး​ရ မည်။ အ​နာ​တွင်း​သည်​နက်​ဟန်​ရှိ​၍​အ​နာ​ပေါ် ရှိ​အ​မွေး​များ​ပါး​လျက် ဝါ​ကြန့်​ကြန့်​အ​ရောင် ရှိ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။-
skal Præsten syne det syge Sted, og hvis det da ser ud til at ligge dybere end Huden udenom og der er guldgule, tynde Hår derpå, så skal Præsten erklære ham for uren; det er Skurv, Spedalskhed i Hoved eller Skæg.
31 ၃၁ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး သည့်​အ​ခါ အ​နာ​တွင်း​သည်​မ​နက်​သော်​လည်း အ​နာ​ပေါ်​ရှိ​အ​မွေး​များ​သည် ပ​က​တိ​အ​သွေး အ​ရောင်​အ​တိုင်း​မ​ရှိ​ခဲ့​လျှင် သူ့​ကို​ခု​နစ်​ရက် သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
Men hvis det skurvede Sted, når Præsten syner det, ikke ser ud til at ligge dybere end Huden udenom, uden at dog Hårene derpå er sorte, da skal Præsten lukke den skurvede inde i syv dage;
32 ၃၂ သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ ကို​တစ်​ဖန်​စစ်​ဆေး​၍ အ​နာ​သည်​မ​ပြန့်​မ​ပွား အ​မွေး​များ​သည်​လည်း​မ​ဝါ၊ အ​နာ​တွင်း သည်​လည်း​မ​နက်​ကြောင်း​တွေ့​ရှိ​ရ​လျှင်၊-
og på den syvende Dag skal Præsten syne ham, og hvis da Skurven ikke har bredt sig og der ikke er kommet guldgule Hår derpå og Skurven ikke ser ud til at ligge dybere end Huden udenom,
33 ၃၃ အ​နာ​ပတ်​လည်​ရှိ​အ​မွေး​များ​ကို​ရိတ်​ရ မည်။ ထို့​နောက်​သူ​အား​ခု​နစ်​ရက်​တိုး​၍​သီး ခြား​နေ​ထိုင်​စေ​ရ​မည်။-
da skal den angrebne lade sig rage uden dog at lade det skurvede Sted rage; så skal Præsten igen lukke den skurvede inde i syv Dage.
34 ၃၄ သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို တစ်​ဖန်​စစ်​ဆေး​၍ အ​နာ​သည်​မ​ပြန့်​မ​ပွား၊ အ​နာ​တွင်း​သည်​လည်း​မ​နက်​ကြောင်း​တွေ့​ရှိ ရ​လျှင် ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ ထို​သူ​သည် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို့ နောက်​သူ​သည်​သန့်​ရှင်း​လိမ့်​မည်။-
På den syvende Dag skal Præsten syne Skurven, og hvis det da viser sig, at Skurven ikke har bredt sig på Huden, og at den ikke ser ud til at ligge dybere end Huden udenom, så skal Præsten erklære ham for ren; da skal han tvætte sine Klæder og være ren.
35 ၃၅ သို့​ရာ​တွင်​သူ့​အား​သန့်​ရှင်း​သည်​ဟု​ဆုံး ဖြတ်​ပြီး​နောက် အ​နာ​သည်​ပြန့်​ပွား​လာ​လျှင်၊-
Men hvis Skurven breder sig på Huden, efter at han er erklæret for ren,
36 ၃၆ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​ထပ်​မံ​စစ်​ဆေး ရ​မည်။ အ​နာ​သည်​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် အ​မွေး​ဝါ​သည်​မ​ဝါ​သည်​ကို​စစ် ဆေး​ကြည့်​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​မ​သန့်​ရှင်း​ကြောင်း​ထင်​ရှား​နေ​ပြီ ဖြစ်​သည်။-
da skal Præsten syne ham; og hvis det så viser sig, at Skurven har bredt sig, behøver Præsten ikke at undersøge, om der er guldgule Hår; han er uren.
37 ၃၇ သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​မ​ပြန့် မ​ပွား၊ အ​နာ​ပေါ်​ရှိ​အ​မွေး​နက်​များ​သည် ပ​က​တိ​အ​သွေး​အ​ရောင်​ရှိ​၍ ပျောက်​ကင်း သွား​ပြီ​ဟု​ထင်​မြင်​ယူ​ဆ​လျှင် ထို​သူ​အား ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သည် ဟူ​၍​ဆုံး​ဖြတ်​ရ​မည်။
Men hvis Skurven ikke har skiftet Udseende og der er vokset sorte Hår frem derpå, da er Skurven lægt; han er ren, og Præsten skal erklære ham for ren.
38 ၃၈ အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး​သ​မီး​တစ် ယောက်​၏​အ​ရေ​ပြား​ပေါ်​တွင်​အ​ဖြူ​ကွက် များ​ပေါ်​လျှင်၊-
Når en Mand eller Kvinde får lyse Pletter, hvide Pletter på Huden,
39 ၃၉ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး ရ​မည်။ အ​ကွက်​များ​သည်​ဖြူ​မွဲ​မွဲ​ဖြစ်​လျှင် အ​ရေ​ပြား​ပေါ်​တွင်​ဖြစ်​ပေါ်​တတ်​သော​ညှင်း ကွက်​များ​ဖြစ်​၍​သူ​သည်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​ရှင်း​သည်။
skal Præsten syne dem; og hvis der da på deres Hud viser sig hvide Pletter, det er ved at svinde, er det Blegner, der er brudt ud på Huden; han er ren.
40 ၄၀ အ​မျိုး​သား​သို့​မ​ဟုတ် အ​မျိုး​သ​မီး​တစ် ယောက်​၏​ဦး​ခေါင်း​အ​နောက်​ပိုင်း​မှ​ဖြစ်​စေ၊ အ​ရှေ့​ပိုင်း​မှ​ဖြစ်​စေ​ဆံ​ပင်​များ​ကျွတ်​လျှင် မ​သန့်​ရှင်း​သူ​ဟူ​၍​မ​သတ်​မှတ်​ရ။-
Når nogen bliver skaldet på Baghovedet, så er han kun isseskaldet; han er ren.
41 ၄၁
Og hvis han bliver skaldet ved Panden og Tindingerne, så er han kun pandeskaldet; han er ren.
42 ၄၂ သို့​ရာ​တွင်​ဆံ​ပင်​ပြောင်​သော​နေ​ရာ​၌​နီ ဖျော့​ဖျော့​အ​နာ​ပေါက်​လျှင် ထို​အ​နာ​သည် ဆိုး​ရွား​သော​အ​ရေ​ပြား​ရော​ဂါ​ဖြစ်​သည်။-
Men kommer der på hans skaldede isse eller Pande et rødlighvidt Sted, er det Spedalskhed. der bryder frem på hans skaldede Isse eller Pande.
43 ၄၃ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး​၍ အ​နာ​သည်​နီ​ဖျော့​ဖျော့​ဖြစ်​လျှင်၊-
Så skal Præsten syne ham, og viser det sig da, at Hævelsen på det syge Sted på hans skaldede Isse eller Pande er rødlighvid, af samme Udseende som Spedalskhed på Huden,
44 ၄၄ သူ​၏​ဦး​ခေါင်း​ပေါ်​၌​ဆိုး​ရွား​သော​အ​ရေ ပြား​ရော​ဂါ​စွဲ​သည်​ဖြစ်​သော​ကြောင့် မ​သန့် ရှင်း​သူ​ဟု​ဆုံး​ဖြတ်​ရ​မည်။-
så er han spedalsk; han er uren, og Præsten skal erklære ham for uren; på sit Hoved er han angrebet.
45 ၄၅ ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ​စွဲ​သော သူ​သည် စုတ်​သော​အ​ဝတ်​ကို​ဝတ်​ရ​မည်။ ဆံ​ပင် ကို​မ​ဖြီး​ရ။ မျက်​နှာ​အောက်​ပိုင်း​ကို​ဖုံး​လျက် မ​သန့်​ရှင်း၊ မ​သန့်​ရှင်း​ဟု​အော်​ရ​မည်။-
Den, der er spedalsk, den, som lider af Sygdommen, skal gå med sønder1evne Klæder, hans Hår skal vokse frit, han skal tilhylle sit Skæg, og: "uren, uren!" skal han råbe.
46 ၄၆ သူ​၏​ကိုယ်​၌​ထို​ရော​ဂါ​စွဲ​နေ​သည့်​ကာ​လ ပတ်​လုံး သူ​သည်​မ​သန့်​ရှင်း​သ​ဖြင့် လူ​သူ​နှင့် ဝေး​ရာ​စ​ခန်း​အ​ပြင်​၌​ထွက်​၍​နေ​ထိုင်​ရ​မည်။
Så længe han er angrebet, skal han være uren; uren er han, for sig selv skal han bo, uden for Lejren skal hans Opholdsted være.
47 ၄၇ သိုး​မွေး​အ​ဝတ်​အ​ထည်​သို့​မ​ဟုတ်​ပိတ်​ချော အ​ဝတ်​အ​ထည်​တွင်​ဖြစ်​စေ၊-
Når der kommer Spedalskhed på en Klædning enten af Uld eller Lærred
48 ၄၈ သိုး​မွေး​အ​ထည်​စ​သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​သို့​မ​ဟုတ် သား​ရေ​ထည်​ပစ္စည်း​တွင်​ဖြစ်​စေ၊-
eller på vævet eller knyttet Stof af Lærred eller Uld eller på Læder eller Læderting af enhver Art
49 ၄၉ စိမ်း​ဖန့်​ဖန့်​သို့​မ​ဟုတ်​နီ​ကြန့်​ကြန့်​ဖား​ဥ ကွက်​များ​ကို​တွေ့​ရ​လျှင် ပြန့်​ပွား​တက်​သော ဖား​ဥ​မျိုး​ဖြစ်​သ​ဖြင့် ထို​ပစ္စည်း​များ​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​ပြ​သ​ရ​မည်။-
og det angrebne Sted på Klædningen, Læderet, det vævede eller knyttede Stof eller Lædertingene viser sig at være grønligt eller rødligt, så er det Spedalskhed og skal synes af Præsten.
50 ၅၀ ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း​ကို​စစ်​ဆေး​ပြီး ခု​နစ်​ရက်​သိမ်း​ထား​ရ​မည်။-
Og når Præsten har synet Skaden, skal han lukke den angrebne Ting inde i syv Dage.
51 ၅၁ သတ္တ​မ​နေ့​၌​ထို​ပစ္စည်း​ကို​ထပ်​မံ​စစ်​ဆေး​၍ ဖား​ဥ​ကွက်​ပြန့်​ပွား​လာ​လျှင် ထို​ပစ္စည်း​သည် မ​သန့်​ရှင်း​ချေ။-
På den syvende Dag skal han syne den angrebne Ting, og dersom Skaden har bredt sig på Klædningen, det vævede eller knyttede Stof eller Læderet, de forskellige Læderting, så er Skaden ondartet Spedalskhed, det er urent.
52 ၅၂ ထို​ဖား​ဥ​ကွက်​သည်​ကူး​စက်​တတ်​သော​ဖား​ဥ မျိုး​ဖြစ်​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။
Da skal han brænde Klædningen eller det af Uld eller Lærred vævede eller knyttede Stof eller alle de Læderting, som er angrebet; thi det er ondartet Spedalskhed, det skal opbrændes.
53 ၅၃ ယဇ်​ပု​ရော​ဟိတ်​သည် ပစ္စည်း​ကို​စစ်​ဆေး​၍​ဖား​ဥ ကွက်​သည်​မ​ကျယ်​ပြန့်​လျှင်၊-
Men hvis Præsten finder, at Skaden ikke har bredt sig på Klædningen eller det vævede eller knyttede Stof eller på de forskellige Slags Læderting,
54 ၅၄ ထို​ပစ္စည်း​ကို​ဖွပ်​လျှော်​စေ​ပြီး​နောက် ခု​နစ်​ရက် ထပ်​မံ​၍​သိမ်း​ထား​ရ​မည်။-
så skal Præsten påbyde, at den angrebne Ting skal tvættes, og derpå igen lukke den inde i syv Dage.
55 ၅၅ ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း​ကို​စစ် ဆေး​ရ​မည်။ ဖား​ဥ​ကွက်​သည်​မ​ပြန့်​ပွား​သော် လည်း​အ​ရောင်​မ​ပြောင်း​လဲ​လျှင် ထို​ပစ္စည်း​သည် မ​သန့်​ရှင်း​ချေ။ ထို​ပစ္စည်း​သည်​အ​တွင်း​အ​ပြင် ဆွေး​မြေ့​နေ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ယင်း​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-
Præsten skal da syne den angrebne Ting, efter at den er tvættet, og viser det sig da, at Skaden ikke har skiftet Udseende, så er den uren, selv om Skaden ikke har bredt sig; du skal opbrænde den; det er ædende Udslæt på Retten eller Vrangen.
56 ၅၆ သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​ထပ်​မံ​စစ် ဆေး​သည့်​အ​ခါ ဖား​ဥ​ကွက်​သည်​အ​ရောင်​ညှိုး သွား​ကြောင်း​ကို​တွေ့​ရှိ​ရ​လျှင် အ​ဝတ်​အ​ထည် သို့​မ​ဟုတ်​သား​ရေ​ထည်​ပစ္စည်း​မှ​ထို​အ​ကွက် ကို​ဆုတ်​ထုတ်​ရ​မည်။-
Men hvis det, når Præsten syner det, viser sig, at Skaden er ved at svinde efter Tvætningen, så skal han rive det angrebne Sted af Klædningen eller Læderet eller det vævede eller knyttede Stof.
57 ၅၇ ထို့​နောက်​ဖား​ဥ​ကွက်​တစ်​ဖန်​ပြန်​ပေါ်​လာ လျှင် ဖား​ဥ​ပြန့်​ပွား​လာ​ခြင်း​ကြောင့် ပိုင်​ရှင် သည်​ပစ္စည်း​ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-
Viser det sig da igen på Klædningen eller det vævede eller knyttede Stof eller de forskellige Læderling, da er det Spedalskhed, der er ved at bryde ud; du skal opbrænde de angrebne Ting.
58 ၅၈ သူ​သည်​ပစ္စည်း​ကို​ဖွပ်​လျှော်​သ​ဖြင့်​ဖား​ဥ ကွက်​ပျောက်​လျှင် နောက်​တစ်​ကြိမ်​ထပ်​မံ​ဖွပ် လျှော်​ရ​မည်။ ထို့​နောက်​ပစ္စည်း​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လိမ့်​မည်။
Men den Klædning eller det vævede eller knyttede Stof eller de forskellige Læderting, hvis Skade svinder efter Tvætningen, skal tvættes på ny; så er det rent.
59 ၅၉ ဤ​ပ​ညတ်​သည်​ကား သိုး​မွေး​အဝတ်​အ​ထည် သို့​မ​ဟုတ်​ပိတ်​ချော​အ​ဝတ်​အ​ထည်​တွင်​ဖြစ် စေ၊ သိုး​မွေး​အ​ထည်​စ၊ သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​ထည်​ပစ္စည်း တွင်​ဖြစ်​စေ၊ ဖား​ဥ​ကွက်​ပေါ်​ခြင်း​နှင့်​ဆိုင်​သော ပ​ညတ်​ဖြစ်​သ​တည်း။
Det er Loven om Spedalskhed på Klæder af Uld eller Lærred eller på vævet eller knyttet Stof eller på alskens Læderting; efter den skal de erklæres for rene eller urene.

< ဝတ်ပြုရာ 13 >