< ယောဟန် 15 >

1 သ​ခင်​ယေ​ရှု​က ``ငါ​သည်​စ​ပျစ်​ပင်​အ​စစ် ဖြစ်​၍​ငါ့​အ​ဖ​သည်​ဥ​ယျာဉ်​မှူး​ဖြစ်​တော် မူ​၏။-
Ik ben de ware Wijnstok, en Mijn Vader is de Landman.
2 ကိုယ်​တော်​ရှင်​သည်​ငါ​၌​အ​သီး​မ​သီး​သော အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို​ခုတ်​ပစ်​တော်​မူ ၏။ အ​သီး​သီး​သည့်​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ ကို​လည်း​ပို​၍​သီး​စေ​ရန်​သုတ်​သင်​ရှင်း​လင်း တော်​မူ​၏။-
Alle rank, die in Mij geen vrucht draagt, die neemt Hij weg; en al wie vrucht draagt, die reinigt Hij, opdat zij meer vrucht drage.
3 ထို​နည်း​တူ​စွာ​ငါ​ဟော​ပြော​သော​တ​ရား အား​ဖြင့် ယ​ခု​သင်​တို့​ရှင်း​လင်း​လျက်​ရှိ​ကြ​၏။-
Gijlieden zijt nu rein om het woord, dat Ik tot u gesproken heb.
4 ငါ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း​သင်​တို့​နှင့်​တစ်​လုံး​တစ်​ဝ​တည်း တည်​နေ​မည်။ စ​ပျစ်​ကိုင်း​သည်​အ​ပင်​၌​တည် မ​နေ​လျှင်​အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့ သင် တို့​သည်​ငါ​၌​တည်​မ​နေ​လျှင်​အ​သီး မ​သီး​နိုင်​ကြ။''
Blijft in Mij, en Ik in u. Gelijkerwijs de rank geen vrucht kan dragen van zichzelve, zo zij niet in den wijnstok blijft; alzo ook gij niet, zo gij in Mij niet blijft.
5 ``ငါ​သည်​စ​ပျစ်​ပင်​ဖြစ်​၏။ သင်​တို့​ကား​အ​ကိုင်း အ​ခက်​များ​ဖြစ်​ကြ​၏။ ငါ​နှင့်​ကင်း​လျှင်​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တတ်​နိုင်​ကြ​သော ကြောင့် မည်​သူ​မ​ဆို​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သူ​၌​တည်​နေ​လျှင်​များ​စွာ​သော​အ​သီး ကို​သီး​လိမ့်​မည်။-
Ik ben de Wijnstok, en gij de ranken; die in Mij blijft, en Ik in hem, die draagt veel vrucht; want zonder Mij kunt gij niets doen.
6 ငါ​၌​မ​တည်​နေ​သော​သူ​သည်​အ​ပြင်​သို့​ပစ် ထုတ်​ခြင်း​ကို​ခံ​ရ​၍ ခြောက်​သွေ့​သွား​သည့် အ​ကိုင်း​အ​ခက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ လူ​တို့ သည်​ထို​သို့​သော​အ​ကိုင်း​အ​ခက်​များ​ကို စု​သိမ်း​၍​မီး​ရှို့​တတ်​ကြ​၏။-
Zo iemand in Mij niet blijft, die is buiten geworpen, gelijkerwijs de rank, en is verdord; en men vergadert dezelve, en men werpt ze in het vuur, en zij worden verbrand.
7 သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​၏​တ​ရား သည်​လည်း​သင်​တို့​၌​တည်​နေ​လျှင် သင်​တို့ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို​ရ​ရှိ ကြ​လိမ့်​မည်။-
Indien gij in Mij blijft, en Mijn woorden in u blijven, zo wat gij wilt, zult gij begeren, en het zal u geschieden.
8 သင်​တို့​သည်​များ​စွာ​သော​အ​သီး​သီး​ခြင်း အား​ဖြင့် ငါ့​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​၏။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ငါ​၏​တ​ပည့်​များ​ဖြစ်​လာ​ကြ ၏။-
Hierin is Mijn Vader verheerlijkt, dat gij veel vrucht draagt; en gij zult Mijn discipelen zijn.
9 ခ​မည်း​တော်​သည်​ငါ့​ကို​ချစ်​သ​ကဲ့​သို့​ငါ သည်​သင်​တို့​ကို​ချစ်​၏။ ငါ​၏​မေတ္တာ​၌​တည် နေ​ကြ​လော့။-
Gelijkerwijs de Vader Mij liefgehad heeft, heb Ik ook u liefgehad; blijft in deze Mijn liefde.
10 ၁၀ ငါ​သည်​ခ​မည်း​တော်​၏​ပ​ညတ်​တို့​ကို​စောင့် ထိန်း​၍​ခ​မည်း​တော်​၏​မေတ္တာ​၌​တည်​နေ​သ​ကဲ့ သို့ သင်​တို့​သည်​ငါ့​ပ​ညတ်​တို့​ကို​စောင့်​ထိန်း လျှင်​ငါ့​မေတ္တာ​၌​တည်​နေ​ကြ​လိမ့်​မည်။''
Indien gij Mijn geboden bewaart, zo zult gij in Mijn liefde blijven; gelijkerwijs Ik de geboden Mijns Vaders bewaard heb, en blijf in Zijn liefde.
11 ၁၁ ``သင်​တို့​သည်​ငါ​၏​ဝမ်း​မြောက်​ခြင်း​ကို​ခံ​စား ရ​လျက် အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​နိုင်​ကြ​စေ ရန်​ဤ​စ​ကား​ကို​ငါ​ပြော​၏။-
Deze dingen heb Ik tot u gesproken, opdat Mijn blijdschap in u blijve, en uw blijdschap vervuld worde.
12 ၁၂ ငါ့​ပ​ညတ်​ကား​ငါ​သည်​သင်​တို့​ကို​ချစ်​သည့် နည်း​တူ သင်​တို့​သည်​အ​ချင်း​ချင်း​ချစ်​ကြ လော့။-
Dit is Mijn gebod, dat gij elkander liefhebt, gelijkerwijs Ik u liefgehad heb.
13 ၁၃ မိ​မိ​၏​မိတ်​ဆွေ​အ​တွက်​အ​သက်​ကို​စွန့်​သော မေတ္တာ​ထက်​ကြီး​မြတ်​သည့်​မေတ္တာ​မ​ရှိ​တော့ ပြီ။-
Niemand heeft meerder liefde dan deze, dat iemand zijn leven zette voor zijn vrienden.
14 ၁၄ သင်​တို့​သည်​ငါ​ပ​ညတ်​သည့်​အ​တိုင်း​ပြု ကျင့်​လျှင် ငါ​၏​အ​ဆွေ​ဖြစ်​ကြ​၏။-
Gij zijt Mijn vrienden, zo gij doet wat Ik u gebiede.
15 ၁၅ ယ​ခု​မှ​စ​၍​သင်​တို့​အား​အ​စေ​ခံ​ဟူ​၍​ငါ မ​ခေါ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စေ​ခံ​သည် သ​ခင်​ပြု​သည့်​အ​မှု​ကို​မ​သိ​သော​ကြောင့် ဖြစ်​၏။ ခ​မည်း​တော်​ထံ​မှ​ငါ​ကြား​ရ​သ​မျှ တို့​ကို​သင်​တို့​အား​ငါ​ပြော​ကြား​ပြီး​ဖြစ် သ​ဖြင့် သင်​တို့​ကို​အ​ဆွေ​ဟူ​၍​ငါ​ခေါ်​၏။-
Ik heet u niet meer dienstknechten; want de dienstknecht weet niet, wat zijn heer doet; maar Ik heb u vrienden genoemd; want al wat Ik van Mijn Vader gehoord heb, dat heb Ik u bekend gemaakt.
16 ၁၆ သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။-
Gij hebt Mij niet uitverkoren, maar Ik heb u uitverkoren, en Ik heb u gesteld, dat gij zoudt heengaan en vrucht dragen, en dat uw vrucht blijve; opdat, zo wat gij van den Vader begeren zult in Mijn Naam, Hij u dat geve.
17 ၁၇ ထို့​ကြောင့်​အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု သင်​တို့​အား​ငါ​ပ​ညတ်​၏။''
Dit gebied Ik u, opdat gij elkander liefhebt.
18 ၁၈ ``လော​က​သား​တို့​သည်​သင်​တို့​ကို​မုန်း​တီး​ကြ လျှင် သင်​တို့​ကို​မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သ​တိ​ရ​ကြ​လော့။-
Indien u de wereld haat, zo weet, dat zij Mij eer dan u gehaat heeft.
19 ၁၉ သင်​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ ဖြစ်​ပါ​မူ​လော​က​သား​တို့​သည် မိ​မိ​တို့​၏​သွေး ချင်း​သား​ချင်း​များ​သ​ဖွယ်​သင်​တို့​အား​ချစ် ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​လော​က ထဲ​က​ရွေး​ကောက်​သည်​ဖြစ်​၍ သင်​တို့​သည်​ဤ လော​က​နှင့်​မ​သက်​ဆိုင်။ ထို့​ကြောင့်​လော​က သား​တို့​သည်​သင်​တို့​ကို​မုန်း​ကြ​၏။-
Indien gij van de wereld waart, zo zou de wereld het hare liefhebben; doch omdat gij van de wereld niet zijt, maar Ik u uit de wereld heb uitverkoren, daarom haat u de wereld.
20 ၂၀ ကျွန်​သည်​သ​ခင်​ထက်​ကြီး​မြတ်​သည်​မ​ဟုတ်​ဟု သင်​တို့​အား​ငါ​ပြော​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့။ လော​က​သား​တို့​သည်​ငါ့​ကို​ညှဉ်း​ပန်း​ခဲ့​ကြ​လျှင် သင်​တို့​ကို​လည်း​ညှဉ်း​ပန်း​ကြ​လိမ့်​မည်။ သူ​တို့ သည်​ငါ့​စ​ကား​ကို​လိုက်​နာ​လျှင် သင်​တို့​၏ စ​ကား​ကို​လည်း​လိုက်​နာ​ကြ​လိမ့်​မည်။-
Gedenk des woords, dat Ik u gezegd heb: Een dienstknecht is niet meerder dan zijn heer. Indien zij Mij vervolgd hebben, zij zullen ook u vervolgen; indien zij Mijn woord bewaard hebben, zij zullen ook het uwe bewaren.
21 ၂၁ သို့​ရာ​တွင်​ထို​သူ​တို့​သည်​ငါ့​ကို​စေ​လွှတ်​တော် မူ​သော​အ​ရှင်​ကို​မ​သိ​ကြ​သ​ဖြင့် ငါ​၏​နာ​မ အ​တွက်​ကြောင့်​သင်​တို့​ကို​ညှဉ်း​ပန်း​ကြ​လိမ့် မည်။-
Maar al deze dingen zullen zij doen om Mijns Naams wil, omdat zij Hem niet kennen, Die Mij gezonden heeft.
22 ၂၂ ငါ​သည်​လာ​၍​သူ​တို့​အား​မ​ဟော​မ​ပြော​ပါ​က သူ​တို့​အ​ပြစ်​ကူး​လွန်​မိ​မည်​မ​ဟုတ်။ ယ​ခု​မှာ​မူ သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​ကူး​လွန်​မှု​အ​တွက် အ​ဘယ်​သို့​မျှ​အ​ကြောင်း​မ​ပြ​နိုင်​တော့​ပြီ။-
Indien Ik niet gekomen ware, en tot hen gesproken had, zij hadden geen zonde; maar nu hebben zij geen voorwendsel voor hun zonde.
23 ၂၃ ငါ့​ကို​မုန်း​သော​သူ​သည်​ငါ့​ခ​မည်း​တော်​ကို လည်း​မုန်း​၏။-
Die Mij haat, die haat ook Mijn Vader.
24 ၂၄ အ​ကယ်​၍​ငါ​သည်​အ​ခြား​မည်​သူ​မျှ​မ​ပြု သည့်​အ​မှု​အ​ရာ​များ​ကို​သူ​တို့​၏​ရှေ့​တွင် မ​ပြု​ခဲ့​လျှင် သူ​တို့​၌​အ​ပြစ်​ရှိ​မည်​မ​ဟုတ်။ ယ​ခု​မူ​ကား​သူ​တို့​သည်​ငါ​ပြု​သည့်​အ​မှု အ​ရာ​များ​ကို​မြင်​ရ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ ငါ့​ကို​လည်း​ကောင်း၊ ငါ့​ခမည်း​တော်​ကို​လည်း ကောင်း​မုန်း​ကြ​၏။-
Indien Ik de werken onder hen niet had gedaan, die niemand anders gedaan heeft, zij hadden geen zonde; maar nu hebben zij ze gezien, en beiden Mij en Mijn Vader gehaat.
25 ၂၅ ဤ​သို့​မုန်း​ကြ​ရ​ခြင်း​မှာ​ပ​ညတ်​ကျမ်း​၌ `သူ တို့​သည်​ငါ့​ကို​အ​ကြောင်း​မဲ့​မုန်း​ကြ​၏' ဟူ​၍ ရေး​သား​ဖော်​ပြ​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ခြင်း​ပင်​တည်း။''
Maar dit geschiedt, opdat het woord vervuld worde, dat in hun wet geschreven is: Zij hebben mij zonder oorzaak gehaat.
26 ၂၆ ``ခ​မည်း​တော်​ထံ​မှ​ကြွ​လာ​၍​ဘု​ရား​သ​ခင် အ​ကြောင်း​ဆိုင်​ရာ​သမ္မာ​တ​ရား​ကို ဖော်​ပြ​သည့် မ​စ​တော်​မူ​သော​အ​ရှင်​တည်း​ဟူ​သော​ဝိ​ညာဉ် တော်​သည်​ရောက်​လာ​တော်​မူ​သော​အ​ခါ ငါ​၏ အ​ကြောင်း​ကို​ပြော​ကြား​တော်​မူ​လိမ့်​မည်။ ထို အ​ရှင်​ကို​ခ​မည်း​တော်​ထံ​မှ​သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည်။-
Maar wanneer de Trooster zal gekomen zijn, Dien Ik u zenden zal van den Vader, namelijk de Geest der waarheid, Die van den Vader uitgaat, Die zal van Mij getuigen.
27 ၂၇ သင်​တို့​သည်​လည်း​အ​စ​က​ပင်​ငါ​နှင့်​အ​တူ ရှိ​နေ​သော​ကြောင့် ငါ​၏​အ​ကြောင်း​ကို​ပြော ကြား​ရ​ကြ​လိမ့်​မည်။''
En gij zult ook getuigen, want gij zijt van den beginne met Mij geweest.

< ယောဟန် 15 >