Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Burmese Common Language Bible, John Chapter 15 https://www.AionianBible.org/Bibles/Myanmar---Burmese-Common-Bible/John/15 1 ၁) သခင်ယေရှုက ``ငါသည်စပျစ်ပင်အစစ် ဖြစ်၍ငါ့အဖသည်ဥယျာဉ်မှူးဖြစ်တော် မူ၏။- 2 ၂) ကိုယ်တော်ရှင်သည်ငါ၌အသီးမသီးသော အကိုင်းအခက်ရှိသမျှကိုခုတ်ပစ်တော်မူ ၏။ အသီးသီးသည့်အကိုင်းအခက်ရှိသမျှ ကိုလည်းပို၍သီးစေရန်သုတ်သင်ရှင်းလင်း တော်မူ၏။- 3 ၃) ထိုနည်းတူစွာငါဟောပြောသောတရား အားဖြင့် ယခုသင်တို့ရှင်းလင်းလျက်ရှိကြ၏။- 4 ၄) ငါနှင့်တစ်လုံးတစ်ဝတည်းတည်နေကြလော့။ ငါသည်လည်းသင်တို့နှင့်တစ်လုံးတစ်ဝတည်း တည်နေမည်။ စပျစ်ကိုင်းသည်အပင်၌တည် မနေလျှင်အသီးမသီးနိုင်သကဲ့သို့ သင် တို့သည်ငါ၌တည်မနေလျှင်အသီး မသီးနိုင်ကြ။'' 5 ၅) ``ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့ကားအကိုင်း အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းလျှင်သင်တို့ သည်အဘယ်အရာကိုမျှမတတ်နိုင်ကြသော ကြောင့် မည်သူမဆိုငါ၌တည်နေ၍ငါသည် လည်းသူ၌တည်နေလျှင်များစွာသောအသီး ကိုသီးလိမ့်မည်။- 6 ၆) ငါ၌မတည်နေသောသူသည်အပြင်သို့ပစ် ထုတ်ခြင်းကိုခံရ၍ ခြောက်သွေ့သွားသည့် အကိုင်းအခက်ကဲ့သို့ဖြစ်လိမ့်မည်။ လူတို့ သည်ထိုသို့သောအကိုင်းအခက်များကို စုသိမ်း၍မီးရှို့တတ်ကြ၏။- 7 ၇) သင်တို့သည်ငါ၌တည်နေ၍ငါ၏တရား သည်လည်းသင်တို့၌တည်နေလျှင် သင်တို့ တောင်းလျှောက်သမျှသောအရာတို့ကိုရရှိ ကြလိမ့်မည်။- 8 ၈) သင်တို့သည်များစွာသောအသီးသီးခြင်း အားဖြင့် ငါ့ခမည်းတော်၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေ၏။ ဤနည်းအားဖြင့် သင်တို့သည်ငါ၏တပည့်များဖြစ်လာကြ ၏။- 9 ၉) ခမည်းတော်သည်ငါ့ကိုချစ်သကဲ့သို့ငါ သည်သင်တို့ကိုချစ်၏။ ငါ၏မေတ္တာ၌တည် နေကြလော့။- 10 ၁၀) ငါသည်ခမည်းတော်၏ပညတ်တို့ကိုစောင့် ထိန်း၍ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့ သို့ သင်တို့သည်ငါ့ပညတ်တို့ကိုစောင့်ထိန်း လျှင်ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။'' 11 ၁၁) ``သင်တို့သည်ငါ၏ဝမ်းမြောက်ခြင်းကိုခံစား ရလျက် အပြည့်အဝဝမ်းမြောက်နိုင်ကြစေ ရန်ဤစကားကိုငါပြော၏။- 12 ၁၂) ငါ့ပညတ်ကားငါသည်သင်တို့ကိုချစ်သည့် နည်းတူ သင်တို့သည်အချင်းချင်းချစ်ကြ လော့။- 13 ၁၃) မိမိ၏မိတ်ဆွေအတွက်အသက်ကိုစွန့်သော မေတ္တာထက်ကြီးမြတ်သည့်မေတ္တာမရှိတော့ ပြီ။- 14 ၁၄) သင်တို့သည်ငါပညတ်သည့်အတိုင်းပြု ကျင့်လျှင် ငါ၏အဆွေဖြစ်ကြ၏။- 15 ၁၅) ယခုမှစ၍သင်တို့အားအစေခံဟူ၍ငါ မခေါ်။ အဘယ်ကြောင့်ဆိုသော်အစေခံသည် သခင်ပြုသည့်အမှုကိုမသိသောကြောင့် ဖြစ်၏။ ခမည်းတော်ထံမှငါကြားရသမျှ တို့ကိုသင်တို့အားငါပြောကြားပြီးဖြစ် သဖြင့် သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။- 16 ၁၆) သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ တည်မြဲသောအသီးကိုသီးနိုင်ကြစေရန်သင် တို့အားငါရွေးကောက်ခန့်ထား၏။ သို့ဖြစ်၍ငါ ၏နာမကိုအမှီပြု၍သင်တို့တောင်းလျှောက် သမျှတို့ကိုခမည်းတော်ပေးတော်မူလိမ့်မည်။- 17 ၁၇) ထို့ကြောင့်အချင်းချင်းချစ်ကြလော့ဟု သင်တို့အားငါပညတ်၏။'' 18 ၁၈) ``လောကသားတို့သည်သင်တို့ကိုမုန်းတီးကြ လျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သတိရကြလော့။- 19 ၁၉) သင်တို့သည်ဤလောကနှင့်သက်ဆိုင်သူများ ဖြစ်ပါမူလောကသားတို့သည် မိမိတို့၏သွေး ချင်းသားချင်းများသဖွယ်သင်တို့အားချစ် ကြလိမ့်မည်။ ငါသည်သင်တို့ကိုဤလောက ထဲကရွေးကောက်သည်ဖြစ်၍ သင်တို့သည်ဤ လောကနှင့်မသက်ဆိုင်။ ထို့ကြောင့်လောက သားတို့သည်သင်တို့ကိုမုန်းကြ၏။- 20 ၂၀) ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်ဟု သင်တို့အားငါပြောခဲ့သည်ကိုသတိရကြလော့။ လောကသားတို့သည်ငါ့ကိုညှဉ်းပန်းခဲ့ကြလျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ သူတို့ သည်ငါ့စကားကိုလိုက်နာလျှင် သင်တို့၏ စကားကိုလည်းလိုက်နာကြလိမ့်မည်။- 21 ၂၁) သို့ရာတွင်ထိုသူတို့သည်ငါ့ကိုစေလွှတ်တော် မူသောအရှင်ကိုမသိကြသဖြင့် ငါ၏နာမ အတွက်ကြောင့်သင်တို့ကိုညှဉ်းပန်းကြလိမ့် မည်။- 22 ၂၂) ငါသည်လာ၍သူတို့အားမဟောမပြောပါက သူတို့အပြစ်ကူးလွန်မိမည်မဟုတ်။ ယခုမှာမူ သူတို့သည်မိမိတို့အပြစ်ကူးလွန်မှုအတွက် အဘယ်သို့မျှအကြောင်းမပြနိုင်တော့ပြီ။- 23 ၂၃) ငါ့ကိုမုန်းသောသူသည်ငါ့ခမည်းတော်ကို လည်းမုန်း၏။- 24 ၂၄) အကယ်၍ငါသည်အခြားမည်သူမျှမပြု သည့်အမှုအရာများကိုသူတို့၏ရှေ့တွင် မပြုခဲ့လျှင် သူတို့၌အပြစ်ရှိမည်မဟုတ်။ ယခုမူကားသူတို့သည်ငါပြုသည့်အမှု အရာများကိုမြင်ရကြလေပြီ။ သို့ဖြစ်၍ ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်း ကောင်းမုန်းကြ၏။- 25 ၂၅) ဤသို့မုန်းကြရခြင်းမှာပညတ်ကျမ်း၌ `သူ တို့သည်ငါ့ကိုအကြောင်းမဲ့မုန်းကြ၏' ဟူ၍ ရေးသားဖော်ပြထားသည့်အတိုင်းဖြစ်ပျက် ခြင်းပင်တည်း။'' 26 ၂၆) ``ခမည်းတော်ထံမှကြွလာ၍ဘုရားသခင် အကြောင်းဆိုင်ရာသမ္မာတရားကို ဖော်ပြသည့် မစတော်မူသောအရှင်တည်းဟူသောဝိညာဉ် တော်သည်ရောက်လာတော်မူသောအခါ ငါ၏ အကြောင်းကိုပြောကြားတော်မူလိမ့်မည်။ ထို အရှင်ကိုခမည်းတော်ထံမှသင်တို့ထံသို့ ငါစေလွှတ်မည်။- 27 ၂၇) သင်တို့သည်လည်းအစကပင်ငါနှင့်အတူ ရှိနေသောကြောင့် ငါ၏အကြောင်းကိုပြော ကြားရကြလိမ့်မည်။'' Additional comments?
Refresh Captcha
The world's first Holy Bible un-translation!