< ဟေရှာယ 25 >

1 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ချီး​မြှောက်​၍ နာ​မ​တော်​ကို​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို ပြု​တော်​မူ​ပါ​ပြီ။ ရှေး​မ​ဆွ​က​ပင်​ပြု​တော်​မူ​ခဲ့​သည့် အ​ကြံ​အ​စည်​တော်​တို့​ကို၊ တိ​ကျ​စွာ​အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပါ​ပြီ။
Eternel, tu es mon Dieu! Je veux t’exalter et louer ton nom, car tu as accompli des merveilles, parfaitement fidèle aux résolutions prises dès longtemps.
2 ကိုယ်​တော်​ရှင်​သည်​မြို့​များ​ကို​ယို​ယွင်း​ပျက်​စီး​လျက် နေ​စေ​တော်​မူ​၍၊ မြို့​တံ​တိုင်း​တို့​ကို​လည်း​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​ရန်​သူ​များ​တည်​ဆောက်​ခဲ့​သည့် နန်း​တော်​များ​သည် ထာ​ဝ​စဉ်​ကွယ်​ပျောက်​၍​သွား​လေ​ပြီ။
Tu as fait de la ville un monceau de pierres, de la cité fortifiée un amas de ruines; la citadelle des barbares est rayée du nombre des villes, plus jamais elle ne sera rebâtie.
3 တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး​တို့​သည်​ကိုယ်​တော် ရှင်​ကို ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​နေ​ထိုင်​ရာ မြို့​များ​တွင်​လည်း ကိုယ်​တော်​အား​ကြောက်​လန့်​၍​နေ​ကြ​ပါ​လိမ့်​မည်။
C’Est pourquoi des peuples forts te révèrent, les cités de nations puissantes te craignent.
4 ဆင်း​ရဲ​သူ​နှင့် ခို​ကိုး​ရာ​မဲ့​သူ​တို့​သည် ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ခို​လှုံ​ကြ​သ​ဖြင့် ဒုက္ခ​ရောက်​ချိန်​၌​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​မိုး​သက်​မုန်​တိုင်း​မှ အ​ကာ​အ​ကွယ်​ကို​လည်း​ကောင်း၊ ပြင်း​ထန်​သည့်​အ​ပူ​ရှိန်​မှ​ခို​လှုံ​ရန်​အ​ရိပ် အာ​ဝါ​သ ကို​လည်း​ကောင်း​ပေး​တော်​မူ​ပါ​၏။ ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​၏​တိုက်​ခိုက်​မှု​သည်၊ ဆောင်း​လေ​ပြင်း​နှင့်​လည်း​ကောင်း၊
Car tu as été un refuge pour l’humble, un refuge pour le pauvre en sa détresse, un abri contre l’averse, un ombrage contre la chaleur: le souffle des tyrans est comme l’averse battant les murs.
5 ခြောက်​သွေ့​ရာ​ဒေ​သ​တွင်​မိုး​ခေါင်​မှု​နှင့် လည်း​ကောင်း၊ တူ​ပါ​၏။ သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​ရန်​သူ​များ​၏​အ​သံ​ကို တိတ်​စေ​တော်​မူ​ပါ​ပြီ။ မိုး​တိမ်​သည်​ပူ​အိုက်​သည့်​နေ​ကို​အေး​မြ​လာ​စေ သ​ကဲ့​သို့၊ ကိုယ်​တော်​ရှင်​သည်​ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​၏ အော်​ဟစ်​သံ​ကို​တိတ်​စေ​တော်​မူ​ပါ​၏။
Ainsi que fait la chaleur dans les régions arides, tu domptes l’arrogance des barbares; pareil à la chaleur qui passe par d’épais nuages, le chant triomphal des tyrans s’éteint.
6 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန် တောင်​တော်​ပေါ်​တွင်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ တို့​အ​တွက် အ​မွန်​မြတ်​ဆုံး​စား​ဖွယ်​ခဲ​ဖွယ်​များ နှင့်​အ​ကောင်း​ဆုံး​စ​ပျစ်​ရည်​များ​ဖြင့် ည​စာ စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​တော်​မူ​လိမ့်​မည်။-
Et l’Eternel-Cebaot donnera à toutes les nations, sur cette montagne, un festin de mets succulents, un festin de vins de choix, de mets pleins de moëlle, de vins vieux clarifiés.
7 ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​အုံ့​မှိုင်း​လျက်​ရှိ နေ​သည့်​ဝမ်း​နည်း​ဖွယ်​မိုး​တိမ်​လွှာ​ကို လူ​မျိုး တ​ကာ​တို့​အ​ပေါ်​မှ​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။-
Sur cette même montagne, il déchirera le voile qui enveloppe toutes les nations, la couverture qui s’étend sur tous les peuples.
8 ထာ​ဝ​ရ​ဘု​ရား​သည်​သေ​ခြင်း​တ​ရား​ကို​ထာ​ဝ စဉ်​ချေ​မှုန်း​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ လူ​ခပ်​သိမ်း တို့​၏​မျက်​နှာ​မှ​မျက်​ရည်​များ​ကို​သုတ်​တော်​မူ ၍​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင် မိ​မိ​၏​လူ​မျိုး​တော်​ကြုံ တွေ့​ရ​သည့်​အ​ရှက်​ကွဲ​အ​ကျိုး​နည်း​မှု​များ​ကို လည်း​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​မိန့်​တော်​မူ​သော​စ​ကား ပင်​ဖြစ်​၏။
À jamais il anéantira la mort, et ainsi le Dieu éternel fera sécher les larmes sur tout visage et disparaître de toute la terre l’opprobre de son peuple: c’est l’Eternel qui a parlé.
9 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​အ​ပေါင်း​တို့​က``ကိုယ်​တော်​သည်​ငါ​တို့​၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား သည်​ဖြစ်​၍ ကိုယ်​တော်​က​လည်း​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​ကား ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ ငါ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တင်​တော် မူ​ပြီ​ဖြစ်​၍​ယ​ခု​အ​ခါ ငါ​တို့​သည်​ဝမ်း မြောက်​ကြည်​နူး​ရွှင်​မြူး​အား​ရ​ကြ​ပေ သည်'' ဟု​ဆို​ကြ​လိမ့်​မည်။
On dira en ce jour: "Voici notre Dieu en qui nous avons mis notre confiance pour être secourus, voici l’Eternel en qui nous espérions: soyons à la joie et à l’allégresse à cause de son appui."
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ကို​ကွယ် ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် မော​ဘ​ပြည်​သူ​တို့​မူ​ကား​နွား​ချေး​နှင့်​ရော နှော​နေ​သော​ကောက်​ရိုး​ကဲ့​သို့​နင်း​ချေ​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။-
Car la main de l’Eternel se posera sur cette montagne, et Moab en sera écrasé dans son pays, comme la paille est écrasée dans la fosse à fumier.
11 ၁၁ သူ​တို့​သည်​ရေ​ကူး​သူ​ကဲ့​သို့​လက်​များ​ကို ဆန့်​၍​ကူး​ယက်​ရန်​ကြိုး​စား​ပါ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​မာန်​မာ​န ကို​နှိမ့်​ချ​သ​ဖြင့်​လက်​များ​ကို​လေး​လံ ၍​နေ​စေ​လိမ့်​မည်။-
Dans cette fosse, Moab étendra les bras ainsi que fait le nageur pour nager, mais Dieu abattra son orgueil de même que les pièges dressés par ses mains.
12 ၁၂ ဘု​ရား​သ​ခင်​သည်​မြင့်​မား​သည့်​မော​ဘ​မြို့ ရိုး၊ ခံ​တပ်​များ​ကို​ဖျက်​ဆီး​ကာ​ဖုတ်​ထဲ​သို့ ပြို​ကျ​စေ​တော်​မူ​လိမ့်​မည်။
Tes remparts puissants et altiers, il les inclinera, les fera tomber et rouler à terre, en pleine poussière.

< ဟေရှာယ 25 >