Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Burmese Common Language Bible, Isaiah Chapter 25 https://www.AionianBible.org/Bibles/Myanmar---Burmese-Common-Bible/Isaiah/25 1 ၁) အို ထာဝရဘုရားကိုယ်တော်ရှင်သည်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုချီးမြှောက်၍ နာမတော်ကိုထောမနာပြုပါမည်။ ကိုယ်တော်ရှင်သည်အံ့သြဖွယ်ရာအမှုတို့ကို ပြုတော်မူပါပြီ။ ရှေးမဆွကပင်ပြုတော်မူခဲ့သည့် အကြံအစည်တော်တို့ကို၊ တိကျစွာအကောင်အထည်ဖော်တော်မူပါပြီ။ 2 ၂) ကိုယ်တော်ရှင်သည်မြို့များကိုယိုယွင်းပျက်စီးလျက် နေစေတော်မူ၍၊ မြို့တံတိုင်းတို့ကိုလည်းဖြိုဖျက်တော်မူပါပြီ။ ကျွန်တော်မျိုးတို့ရန်သူများတည်ဆောက်ခဲ့သည့် နန်းတော်များသည် ထာဝစဉ်ကွယ်ပျောက်၍သွားလေပြီ။ 3 ၃) တန်ခိုးကြီးမားသည့်လူမျိုးတို့သည်ကိုယ်တော် ရှင်ကို ထောမနာပြုကြပါလိမ့်မည်။ ရက်စက်ကြမ်းကြုတ်သူတို့နေထိုင်ရာ မြို့များတွင်လည်း ကိုယ်တော်အားကြောက်လန့်၍နေကြပါလိမ့်မည်။ 4 ၄) ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊ 5 ၅) ခြောက်သွေ့ရာဒေသတွင်မိုးခေါင်မှုနှင့် လည်းကောင်း၊ တူပါ၏။ သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ရန်သူများ၏အသံကို တိတ်စေတော်မူပါပြီ။ မိုးတိမ်သည်ပူအိုက်သည့်နေကိုအေးမြလာစေ သကဲ့သို့၊ ကိုယ်တော်ရှင်သည်ရက်စက်ကြမ်းကြုတ်သူတို့၏ အော်ဟစ်သံကိုတိတ်စေတော်မူပါ၏။ 6 ၆) အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဇိအုန် တောင်တော်ပေါ်တွင်ကမ္ဘာပေါ်ရှိလူမျိုးတကာ တို့အတွက် အမွန်မြတ်ဆုံးစားဖွယ်ခဲဖွယ်များ နှင့်အကောင်းဆုံးစပျစ်ရည်များဖြင့် ညစာ စားပွဲကြီးကိုပြင်ဆင်တော်မူလိမ့်မည်။- 7 ၇) ထိုအရပ်တွင်ကိုယ်တော်သည်အုံ့မှိုင်းလျက်ရှိ နေသည့်ဝမ်းနည်းဖွယ်မိုးတိမ်လွှာကို လူမျိုး တကာတို့အပေါ်မှဖယ်ရှားတော်မူလိမ့်မည်။- 8 ၈) ထာဝရဘုရားသည်သေခြင်းတရားကိုထာဝ စဉ်ချေမှုန်းဖျက်ဆီးတော်မူလိမ့်မည်။ လူခပ်သိမ်း တို့၏မျက်နှာမှမျက်ရည်များကိုသုတ်တော်မူ ၍ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိ၏လူမျိုးတော်ကြုံ တွေ့ရသည့်အရှက်ကွဲအကျိုးနည်းမှုများကို လည်းဖယ်ရှားတော်မူလိမ့်မည်။ ဤကားထာဝရ ဘုရားကိုယ်တော်တိုင်မိန့်တော်မူသောစကား ပင်ဖြစ်၏။ 9 ၉) ဤအမှုအရာများဖြစ်ပျက်လာသောအခါ လူအပေါင်းတို့က``ကိုယ်တော်သည်ငါတို့၏ ဘုရားသခင်ဖြစ်တော်မူပါသည်တကား။ ငါတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား သည်ဖြစ်၍ ကိုယ်တော်ကလည်းငါတို့အား ကယ်ဆယ်တော်မူလေပြီ။ ကိုယ်တော်ကား ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားခဲ့ကြ၏။ ကိုယ်တော်သည်ငါတို့ကိုကယ်တင်တော် မူပြီဖြစ်၍ယခုအခါ ငါတို့သည်ဝမ်း မြောက်ကြည်နူးရွှင်မြူးအားရကြပေ သည်'' ဟုဆိုကြလိမ့်မည်။ 10 ၁၀) ထာဝရဘုရားသည် ဇိအုန်တောင်ကိုကွယ် ကာစောင့်ရှောက်တော်မူလိမ့်မည်။ သို့ရာတွင် မောဘပြည်သူတို့မူကားနွားချေးနှင့်ရော နှောနေသောကောက်ရိုးကဲ့သို့နင်းချေခြင်း ကိုခံရကြလိမ့်မည်။- 11 ၁၁) သူတို့သည်ရေကူးသူကဲ့သို့လက်များကို ဆန့်၍ကူးယက်ရန်ကြိုးစားပါသော်လည်း ထာဝရဘုရားသည်သူတို့၏မာန်မာန ကိုနှိမ့်ချသဖြင့်လက်များကိုလေးလံ ၍နေစေလိမ့်မည်။- 12 ၁၂) ဘုရားသခင်သည်မြင့်မားသည့်မောဘမြို့ ရိုး၊ ခံတပ်များကိုဖျက်ဆီးကာဖုတ်ထဲသို့ ပြိုကျစေတော်မူလိမ့်မည်။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!