< ဂလာတိ 3 >
1 ၁ အချင်းမိုက်မဲသောဂလာတိအသင်းတော် သားတို့၊ အဘယ်သူသည်သင်တို့အားပြု စားသနည်း။ လက်ဝါးကပ်တိုင်ပေါ်တွင်သခင် ယေရှုအသေခံတော်မူပုံကို သင်တို့မျက် မှောက်၌ရှင်းလင်းစွာပြခဲ့၏။-
Wagalatia wajinga, ni jicho gani ovu lililowaharibu? Je Yesu Kristo hakuoneshwa kama msulubiwa mbele ya macho yenu?
2 ၂ ဝိညာဉ်တော်ကိုသင်တို့ခံယူရကြခြင်းမှာ ပညတ်တရားကိုစောင့်ထိန်းခြင်းကြောင့်လော။ သို့တည်းမဟုတ်သတင်းကောင်းကိုကြား၍ ယုံကြည်ကြသောကြောင့်လော။ ဤမေးခွန်း ကိုသာလျှင် ငါ့အားဖြေကြားကြလော့။-
Mimi nataka tu kufahamu hili kutoka kwenu. Je mlimpokea Roho kwa matendo ya sheria au kwa kuamini kile mlichosikia?
3 ၃ သင်တို့သည်အဘယ်ကြောင့်ဤမျှမိုက်မဲ ကြသနည်း။ သင်တို့သည်ဝိညာဉ်တော်အား ဖြင့်အစပြုခဲ့ကြပြီးနောက် ယခုအခါ မိမိတို့ကိုယ်ပိုင်စွမ်းရည်ဖြင့်အဆုံးသတ် လိုကြသလော။-
Je, ninyi ni wajinga kiasi hiki? Je mlianza katika Roho ili mmalize katika mwili?
4 ၄ သင်တို့ကိုယ်တိုင်တွေ့ကြုံခံစားချက်သည် အချည်းနှီးဖြစ်လေပြီလော။ အမှန်ပင် အချည်းနှီးမဖြစ်နိုင်။-
Je mliteseka kwa mambo mengi bure, kama kweli yalikuwa ya bure?
5 ၅ ဘုရားသခင်သည်သင်တို့အားဝိညာဉ်တော် ကိုချပေးတော်မူ၍ အံ့သြဖွယ်သောနိမိတ် လက္ခဏာများကိုပြတော်မူခဲ့သည်မှာ ပညတ် တရားကိုသင်တို့စောင့်ထိန်းကြသည့်အတွက် ကြောင့်လော။ သို့တည်းမဟုတ်သတင်းကောင်း ကိုကြားနာယုံကြည်ကြသည့်အတွက်ကြောင့် လော။-
Je yeye atoaye Roho kwenu na kutenda matendo ya nguvu kati yenu hufanya kwa matendo ya sheria au kwa kusikia pamoja na imani?
6 ၆ အာဗြဟံ၏တွေ့ကြုံခံစားချက်ကိုဆင်ခြင် စဉ်းစားကြစို့။ ကျမ်းစာတော်က ``အာဗြဟံ သည်ဘုရားသခင်ကိုယုံကြည်၏။ သို့ဖြစ်၍ ဘုရားသခင်သည်အာဗြဟံအား သူတော် ကောင်းအဖြစ်လက်ခံတော်မူသည်'' ဟုဆို၏။-
Abraham “Alimwamini Mungu akahesabiwa kuwa mwenye haki”.
7 ၇ သို့ဖြစ်၍ဘုရားသခင်ကိုယုံကြည်သူတို့သည် အာဗြဟံ၏သားမြေးအစစ်အမှန်များဖြစ် ကြောင်းကို သင်တို့သိမှတ်ကြလော့။-
Kwa namna ile ile eleweni kwamba, wale ambao wanaamini ni watoto wa Abrahamu.
8 ၈ ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍ လူမျိုးခြားတို့ကို မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူမည်ဖြစ်ကြောင်း ကျမ်းစာတော်တွင် ကြိုတင်ဟော၏။ ကျမ်းစာတော်က ``လူမျိုး အပေါင်းတို့သည် သင့်အားဖြင့်ကောင်းချီး မင်္ဂလာခံစားရကြလိမ့်မည်'' ဟုအာဗြဟံ အားသတင်းကောင်းကိုကြေညာသည်။-
Andiko lilitabiri kwamba Mungu angewahesabia haki watu wa mataifa kwa njia ya imani. Injili ilihubiriwa kwanza kwa Abrahamu: “katika wewe mataifa yote yatabarikiwa”.
9 ၉ အာဗြဟံသည်ဘုရားသခင်အားယုံကြည် သည့်အတွက် ကောင်းချီးမင်္ဂလာခံစားရသည်။ သို့ဖြစ်၍ယုံကြည်သူလူအပေါင်းတို့သည် အာဗြဟံနည်းတူကောင်းချီးမင်္ဂလာကိုခံစား ရကြ၏။
Ili baadaye wale ambao wana imani wabarikiwe pamoja na Abrahamu, ambaye alikuwa na imani.
10 ၁၀ ပညတ်တရားစောင့်ထိန်းမှုကိုအားကိုးသော သူတို့မူကား ကျိန်စာသင့်လျက်ရှိကြ၏။ ကျမ်း စာတော်က ``ပညတ်တရားတွင်ပါရှိသည့် ပြဋ္ဌာန်းချက်မှန်သမျှကိုမစောင့်ထိန်းသူ သည် ဘုရားသခင်၏ကျိန်စာသင့်စေ'' ဟု ဖော်ပြပေသည်။-
Wale ambao wanategemea matendo ya sheria wako chini ya laana. Kwa kuwa imeandikwa, “Amelaaniwa kila mtu ambaye hashikamani na mambo yote yaliyoandikwa katika kitabu cha sheria, kuyatenda yote.”
11 ၁၁ ယခုတွင်ကျမ်းစာတော်က ``ဘုရားသခင် ကိုယုံကြည်ခြင်းအားဖြင့် ကိုယ်တော်နှင့်မှန် ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့်မည်'' ဟုဖော်ပြထားသဖြင့်ပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုမရနိုင် ကြောင်းထင်ရှား၏။-
Sasa ni wazi kwamba Mungu hamhesabii haki hata mmoja kwa sheria, kwa kuwa “Mwenye haki ataishi kwa imani”.
12 ၁၂ သို့ရာတွင်ကျမ်းစာတော်က ``ပညတ်တရား ၏ပြဋ္ဌာန်းချက်မှန်သမျှကိုလိုက်လျှောက်သူ သည် အသက်ရှင်လိမ့်မည်'' ဟုဆိုသဖြင့် ပညတ်တရားသည်ဘုရားသခင်အား ယုံကြည်မှုနှင့်မည်သို့မျှမသက်ဆိုင်။
Sheria haitokani na imani, lakini badala yake “Ambaye hufanya mambo haya katika sheria, ataishi kwa sheria.”
13 ၁၃ ``သစ်တိုင်ပေါ်မှာဆွဲ၍အသတ်ခံရသူသည် ဘုရားသခင်၏ကျိန်စာသင့်သူဖြစ်၏'' ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကျိန်စာသင့်သူအဖြစ်ကိုခံ ယူတော်မူပြီးနောက် ငါတို့အားပညတ်တရား ကြောင့်ကျိန်စာသင့်သည့်ဘေးမှရွေးနုတ် ကယ်တင်တော်မူ၏။-
Kristo alitukomboa sisi kutoka katika laana ya sheria wakati alipofanyika laana kwa ajili yetu. Kwa kuwa imeandikwa, “Amelaaniwa kila mtu aangikwaye juu ya mti.”
14 ၁၄ ဤသို့ပြုတော်မူခြင်းမှာလူမျိုးခြားတို့ သည်ခရစ်တော်ယေရှုကိုအမှီပြု၍ အာဗြဟံ ခံစားရသည့်ကောင်းချီးမင်္ဂလာကိုခံစား ရစေရန်လည်းကောင်း၊ ငါတို့သည်ဘုရား သခင်ကတိထားတော်မူသောဝိညာဉ်တော် ကိုယုံကြည်ခြင်းအားဖြင့်ခံယူနိုင်ကြစေ ရန်လည်းကောင်းဖြစ်၏။
Lengo lilikuwa kwamba, baraka ambazo zilikuwa kwa Ibrahimu zingekuja kwa watu wa mataifa katika Kristo Yesu, ili kwamba tuweze kupokea ahadi ya Roho kupitia imani.
15 ၁၅ ညီအစ်ကိုတို့၊ သင်တို့နေ့စဉ်တွေ့ကြုံနေ ကြအဖြစ်အပျက်များမှ ဥပမာတစ်ခု ကိုငါပေးအံ့။ လူတစ်ယောက်နှင့်တစ်ယောက် ကတိစာချုပ်ချုပ်ဆိုသောအခါ၌အချင်း ချင်းချုပ်ဆိုသောစာချုပ်မျှသာဖြစ်သော် လည်း ယင်းကိုသဘောတူချုပ်ဆိုပြီးသည် နှင့်တစ်ပြိုင်နက်စာချုပ်ပါကတိဝန်ခံ ချက်များကိုမည်သူမျှမပယ်ဖျက်၊ မဖြည့် စွက်နိုင်တော့ချေ။-
Ndugu, ninazungumza kwa namna ya kibinadamu. Hata wakati ambapo agano la kibinadamu limekwisha kuwekwa imara, hakuna awezaye kupuuza au kuongezea.
16 ၁၆ ကျမ်းစာလာသည့်အတိုင်းဘုရားသခင်၏ ကတိတော်များသည် အာဗြဟံနှင့်သူ၏ သားမြေးအတွက်ဖြစ်၏။ သားမြေးဆိုသော စကားသည်ဧကဝုစ်ကိန်းတည်း။ ဗဟုဝုစ်ကိန်း မဟုတ်။ သင်၏အမျိုးအနွယ်ဟူ၍သာဆို၏။ လူအများကိုရည်စူး၍ဆိုခြင်းမဟုတ်။ လူတစ်ဦးတည်းကိုသာရည်စူး၍ဆိုပေ သည်။ ထိုသို့ရည်စူးခြင်းခံရသူကား ခရစ်တော်ပင်ဖြစ်၏။-
Sasa ahadi zilisemwa kwa Ibrahim na kwa kizazi chake. Haisemi, “kwa vizazi,” kumaanisha wengi, bali badala yake kwa mmoja pekee, “kwa kizazi chako,” ambaye ni Kristo.
17 ၁၇ ငါဆိုလိုသည်ကားဤသို့တည်း။ ဘုရား သခင်သည်အာဗြဟံနှင့်ပဋိညာဉ်ပြုတော် မူပြီးလျှင် ပဋိညာဉ်ကိုစောင့်ထိန်းရန်ကတိ ထားတော်မူ၏။ အနှစ်လေးရာ့သုံးဆယ်ကြာ မှပေါ်ပေါက်လာသည့်ပညတ်တရားသည် ထို ပဋိညာဉ်တော်ကိုမပယ်မဖျက်နိုင်။ ကတိ တော်ကိုလည်းမပယ်မဖျက်နိုင်။-
Sasa nasema hivi, sheria ambayo ilikuja miaka 430 baadaye, haiondoi agano la nyuma lililowekwa na Mungu.
18 ၁၈ အကယ်၍ဘုရားသခင်၏ဆုကျေးဇူးတော် သည် ပညတ်တရားအပေါ်၌မူတည်လျှင် ထို ဆုကျေးဇူးတော်သည်ကတိတော်အပေါ်၌ မူမတည်တော့ပေ။ သို့ရာတွင်ဘုရားသခင် သည်ကတိတော်ကြောင့် အာဗြဟံအားထိုဆု ကျေးဇူးတော်ကိုပေးသနားတော်မူသတည်း။
Kwa kuwa kama urithi ungelikuja kwa njia ya sheria, usingekuwa tena umekuja kwa njia ya ahadi. Lakini Mungu aliutoa bure kwa Ibrahimu kwa njia ya ahadi.
19 ၁၉ ထိုသို့ဖြစ်ပါမူပညတ်တရား၏ရည်ရွယ် ချက်ကားအဘယ်နည်း။ ပညတ်တရားကို ဘုရားသခင်ချပေးတော်မူခဲ့ခြင်းမှာ အပြစ် ဒုစရိုက်၏သဘောကိုထုတ်ဖော်ပြသရန် သာဖြစ်၏။ ထိုပညတ်တရားသည်ကတိ တော်ကိုခံယူရရှိသူ အာဗြဟံ၏သားမြေး မပေါ်သေးမီကာလအတွင်း၌သာလျှင် တည်ရှိရန်ဖြစ်သည်။ ဘုရားသခင်သည်ထို ပညတ်တရားကိုကောင်းကင်တမန်များ အားဖြင့် ကြားဝင်စေ့စပ်သူလူတစ်ဦးမှ တစ်ဆင့်ပေးအပ်တော်မူခဲ့၏။-
Kwa nini sasa sheria ilitolewa? Iliongezwa kwa sababu ya makosa, mpaka mzao wa Ibrahimu aje kwa wale ambao kwao alikuwa ameahidiwa. Sheria iliwekwa katika shinikizo kupitia malaika kwa mkono wa mpatanishi.
20 ၂၀ သို့ရာတွင်တစ်ဦးတည်းသာပါဝင်ဆောင်ရွက် သောအခါ ကြားဝင်စေ့စပ်သူကိုမလိုတော့ ချေ။ ဘုရားသခင်သည်တစ်ပါးတည်းဖြစ် တော်မူသတည်း။
Sasa mpatanishi humaanisha zaidi ya mtu mmoja, bali Mungu ni mmoja peke yake.
21 ၂၁ ဤသို့ဆိုရာ၌ပညတ်တရားနှင့်ဘုရား သခင်၏ကတိတော်တို့သည် ဆန့်ကျင်ဘက် ဖြစ်၍နေပါသလော။ အဘယ်နည်းနှင့်မျှ မဟုတ်။ အကယ်၍အသက်ရှင်စေနိုင်သည့် ပညတ်တရားကိုလူသားတို့ရရှိခဲ့ပါ လျှင် လူတိုင်းပင်ထိုပညတ်တရားကိုစောင့် ထိန်းခြင်းဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိနိုင်ကြမည်သာဖြစ်၏။-
Kwa hiyo je sheria iko kinyume na ahadi za Mungu? La hasha! Kwa kuwa kama sheria iliyokuwa imetolewa ilikuwa na uwezo wa kuleta uzima, haki ingepatikana kwa sheria.
22 ၂၂ သို့ရာတွင်ကမ္ဘာလောကတစ်ခုလုံးပင်အပြစ် ဒုစရိုက်၏လက်အောက်တွင်ရောက်ရှိနေကြောင်း ကျမ်းစာတော်တွင်ဖော်ပြထားပေသည်။ သို့ဖြစ် ၍ယေရှုခရစ်ကိုယုံကြည်မှု၌အခြေခံသည့် ကတိတော်ဆိုင်ရာဆုကျေးဇူးကိုယုံကြည် သူတို့ခံစားခွင့်ရရှိကြ၏။
Lakini badala yake, andiko limefunga mambo yote chini ya dhambi. Mungu alifanya hivi ili kwamba ahadi yake ya kutuokoa sisi kwa imani katika Yesu Kristo iweze kupatikana kwa wale wanao amini.
23 ၂၃ ယုံကြည်ခြင်းတရားမပေါ်မီငါတို့သည်ပေါ် လာမည့်ယုံကြည်ခြင်းတရားလက်ထက်တိုင် အောင် ပညတ်တရား၏အကျဉ်းသားအဖြစ် ချုပ်နှောင်ခြင်းကိုခံရကြ၏။-
Lakini kabla ya imani katika Kristo haijaja, tulikuwa tumefungwa na kuwa chini ya sheria hadi uje ufunuo wa imani.
24 ၂၄ ငါတို့သည်ယုံကြည်ခြင်းအားဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံနိုင်ကြစေရန် ပညတ်တရား သည်ခရစ်တော်ကြွလာချိန်တိုင်အောင်ငါတို့၏ အထိန်းဖြစ်၏။-
Kwa hiyo sheria ilifanyika kiongozi wetu hadi Kristo alipokuja, ili kwamba tuhesabiwe haki kwa imani.
25 ၂၅ သို့ရာတွင်ယခုယုံကြည်ခြင်းတရားရောက် လာပြီဖြစ်၍ ငါတို့သည်အထိန်း၏လက် အောက်၌မရှိကြတော့ပြီ။
Sasa kwa kuwa imani imekuja, hatuko tena chini ya mwangalizi.
26 ၂၆ သင်တို့အပေါင်းသည်ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ဘုရားသခင်၏သားများဖြစ် ကြ၏။-
Kwa kuwa ninyi nyote ni watoto wa Mungu kupitia imani katika Kristo Yesu.
27 ၂၇ သင်တို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်စေရန် ဗတ္တိဇံမင်္ဂလာကိုခံယူကြ သဖြင့် ခရစ်တော်ကိုအဝတ်တန်ဆာသဖွယ် ဝတ်ဆင်ကြရလေပြီ။-
Wote ambao mlibatizwa katika Kristo mmejivika Kristo.
28 ၂၈ သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။-
Hakuna Myahudi wala Myunani, mtumwa wala huru, mwanaume wala mwanamke, kwa kuwa ninyi nyote ni mmoja katika Kristo Yesu.
29 ၂၉ သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် ပါလျှင် အာဗြဟံ၏သားမြေးများလည်း ဖြစ်သဖြင့် ကတိတော်ရှိသည်အတိုင်းဘုရား သခင်၏ဆုကျေးဇူးတော်ကိုခံစားရကြ လိမ့်မည်။
Kama ninyi ni wa Kristo, basi ni uzao wa Ibrahimu, warithi kwa mujibu wa ahadi.