< ဧဇရ 4 >
1 ၁ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောသူတို့သည် ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်လျက်ရှိကြောင်း ယုဒအနွယ်နှင့်ဗင်္ယာမိန်အနွယ်တို့၏ရန်သူများကြားသိကြသောအခါ၊-
၁သိမ်း သွားခြင်းကိုခံရသောအမျိုးသား တို့သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အဘို့ ဗိမာန် တော်ကို တည် ကြသည်ဟု ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုး၏ ရန်သူ တို့သည် ကြား လျှင်၊
2 ၂ သူတို့သည်ဇေရုဗဗေလနှင့်သားချင်းစုခေါင်းဆောင်များထံသို့သွား၍``ဗိမာန်တော်တည်ဆောက်မှုတွင် ငါတို့ကိုလည်းသင်တို့နှင့်အတူပါဝင်ခွင့်ပြုပါ။ ငါတို့သည်သင်တို့ကိုးကွယ်သည့်ဘုရားကိုပင်ကိုးကွယ်ပါ၏။ ငါတို့အားဤအရပ်တွင်နေထိုင်ရန်အာရှုရိဘုရင်ဧသရဟဒ္ဒုန်စေလွှတ်လိုက်ချိန်မှအစပြု၍ ထိုဘုရားကိုယဇ်ပူဇော်ခဲ့ကြပါသည်'' ဟုပြောကြားကြ၏။
၂ဇေရုဗဗေလ နှင့် အဆွေအမျိုးသူကြီး တို့ထံ သို့လာ ၍ ၊ ငါတို့သည် သင် တို့ထံ၌ တည်းခိုပါရစေ။ သင် တို့၏ ဘုရား သခင်ကို သင် တို့ရှာသကဲ့သို့ ငါတို့လည်း ရှာ ကြ၏။ ငါ တို့ကို ဤ ပြည်သို့ဆောင် ခဲ့သော အာရှုရိ ရှင်ဘုရင် ဧသရဟဒ္ဒုန် လက်ထက် မှစ၍ ထိုဘုရား သခင်အား ယဇ် ပူဇော်ကြသည်ဟု ဆို ကြသော်၊
3 ၃ ဇေရုဗဗေလ၊ ယောရှုနှင့်သားချင်းစုဦးစီးများက သူတို့အား``ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားအတွက်ဗိမာန်တော်တည်ဆောက်ရာတွင် သင်တို့၏အကူအညီကိုမလိုပါ။ ပေရသိဘုရင်ကုရု၏အမိန့်တော်အရ ထိုဗိမာန်တော်ကိုငါတို့ကိုယ်တိုင်တည်ဆောက်ကြပါမည်'' ဟုပြန်ပြောကြ၏။
၃ဇေရုဗဗေလ နှင့် ယောရှု အစရှိသော ဣသရေလ အဆွေအမျိုးသူကြီး တို့က၊ ငါ တို့၏ဘုရား သခင်အဘို့ ဗိမာန် တော်တည် ခြင်းအမှုကို၊ သင် တို့သည် ငါ တို့နှင့် ဝိုင်း၍ မ လုပ်ရ။ ပေရသိ ရှင်ဘုရင် ကုရု မင်းကြီး အမိန့် တော်အတိုင်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အဘို့ ငါ တို့သည် ကိုယ်တိုင်တည် ရမည်ဟု ပြန်ပြော ကြ ၏။
4 ၄ ထိုအခါထိုပြည်တွင်နေထိုင်လာခဲ့ကြသူများသည် တည်ဆောက်သောယုဒအမျိုးသားတို့ကို စိတ်ပျက်အားလျော့၍အထမမြောက်စေရန် အစိုးရအရာရှိတို့အားတံစိုးလက်ဆောင်ပေးကြ၏။-
၄ထိုအခါ ပြည်သား တို့သည် ယုဒ အမျိုး တို့ကို လက် အားလျော့ စေ၍ ၊ တည် ဆောက်ခြင်းအမှုကို နှောင့်ရှက် ကြ၏။
5 ၅ ဧကရာဇ်မင်းကုရုလက်ထက်မှဧကရာဇ်မင်းဒါရိလက်ထက်တိုင်အောင် သူတို့သည်ဤအတိုင်းနှောင့်ယှက်ကြလေသည်။
၅ယုဒ အမျိုးသား တို့၏ အကြံ ကိုဖျက်ဆီး ခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု လက်ထက် ကာလပတ်လုံး မှသည်၊ ပေရသိ ရှင်ဘုရင် ဒါရိ လက်ထက် တိုင်အောင် ၊ ရှေ့နေ တို့ကို ငှါး၍ထားကြ၏။
6 ၆ ပေရသိဧကရာဇ်ဘုရင်ဇေရဇ်နန်းတက်စ၌ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်ကြသူတို့၏ရန်သူများသည် သူတို့အပေါ်၌စွပ်စွဲချက်တင်သွင်းကြ၏။
၆အာရွှေရု နန်း ထိုင်စ က ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သားတို့၌ အပြစ် တင်သောလွှာစာကို ပေးလိုက်ကြ၏။
7 ၇ တစ်ဖန်ပေရသိဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့်သူတို့၏အပေါင်းအဖော်တို့သည် မင်းကြီးထံသို့လျှောက်လွှာတင်သွင်းကြ၏။ ထိုလျှောက်လွှာကိုအာရမိဘာသာစကားဖြင့် ရေးသားပြန်ဆိုကာဖတ်ပြရန်ပင်ဖြစ်သည်။
၇အာတဇေရဇ် လက်ထက် ၌ ဗိရှလံ ၊ မိသရေဒတ် ၊ တဗေလ နှင့် အခြား သောအပေါင်း အဘော်တို့သည်၊ ရှုရိ ဘာသာစကားနှင့် ရေး သော လွှာစာ ကို၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ် ထံ သို့ပေးလိုက်ကြ၏။
8 ၈ ထို့ပြင်ယေရုရှလင်မြို့အကြောင်းနှင့်ပတ်သက်၍ ဘုရင်ခံရေဟုံနှင့်အတွင်းဝန်ရှိမရှဲတို့က အာတဇေရဇ်မင်းထံသို့အောက်ဖော်ပြပါစာကိုရေးသားပေးပို့ကြလေသည်။
၈စာတိုက် စိုးရေဟုံ နှင့် မြို့စာရေး ရှိမရှဲ တို့သည်၊ ယေရုရှလင် မြို့ကို ရန်ဘက် ပြုလျက်၊ အာတဇေရဇ် မင်းကြီး ထံသို့စာ ပေးလိုက်၍၊
9 ၉ ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်များ၊ တရားသူကြီးများ၊ ဘေရက်မြို့၊ ဗာဗုလုန်မြို့၊ ဧလံပြည်ရှိရှုရှန်မြို့တို့မှ လာရောက်အမှုထမ်းကြသောအရာရှိများ၊-
၉စာတိုက် စိုးရေဟုံ ၊ မြို့စာရေး ရှိမရှဲ နှင့် အခြား သော အပေါင်း အဘော်၊ ဒိနဲ ပြည်သား၊ အဖာသသက် ပြည်သား၊ တာပေလ ပြည်သား၊ အဖာရသ ပြည်သား၊ အာခေဝ ပြည်သား၊ ဗာဗုလုန် ပြည်သား၊ ရှုရှနက် ပြည်သား၊ ဒေဟဝ ပြည်သား၊ ဧလံ ပြည်သားအစရှိသော၊
10 ၁၀ ရှမာရိမြို့နှင့်ဥဖရတ်မြစ်ကြီးအနောက်ဘက်ရှိပြည်နယ် သို့ပြောင်းရွှေ့နေထိုင်စေရန်တန်ခိုးကြီးမားသည့်အာသနပ္ပါမင်းစေလွှတ်လိုက်သည့်အခြားပြည်သူများထံမှ''
၁၀ကြီး မြတ်သောမင်း အာသနပ္ပါ ဆောင် ခဲ့၍ ၊ ရှမာရိ မြို့ ရွာတို့၌ နေရာ ချသောသူများနှင့်၊ မြစ် အနောက် ဘက်၌နေသောအခြား သူများတို့သည်၊ ဤမည်သောနေ့ရက်ကာလတွင်၊
11 ၁၁ (စာတွင်ပါရှိသည့်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။) ``အာတဇေရဇ်မင်းထံသို့ဘုရင်အစေခံများဖြစ်ကြသော ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့ကအစီရင်ခံအပ်ပါသည်။''
၁၁အာတဇေရဇ် မင်းကြီး ထံ သို့ပေး လိုက်သော စာ ဟူမူကား ၊ မြစ် အနောက် ဘက်၌နေသောကိုယ်တော်ကျွန် တို့သည်၊ ဤ မည်သောနေ့ရက် ကာလတွင် လျှောက် ပါ၏။
12 ၁၂ ``အရှင်၏အခြားနယ်မြေများမှ ဤအရပ်သို့လာရောက်ကြသောယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့တွင်အခြေစိုက်နေထိုင်ကာ ထိုဆိုးညစ်ပုန်ကန်တတ်သောမြို့ကိုပြန်လည်တည်ဆောက်လျက်ရှိကြောင်း အရှင့်အားအကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်။ သူတို့သည်မြို့ရိုးများကို ပြန်လည်စတင်ဆောက်လုပ်လျက်နေကြပြီဖြစ်၍မကြာမီပြီးစီးပါမည်။-
၁၂အထံတော် မှ ကျွန်တော် တို့ရှိရာ သို့ ရောက် လာသော ယုဒ လူတို့သည် ဆိုးညစ် ၍ ၊ ပုန်ကန် တတ်သော ယေရုရှလင် မြို့ ကို တည်လျက်၊ မြို့ရိုး အမြစ်ကိုချ ၍ လက်စသတ် လုသည်ကို သိ မှတ်တော်မူပါ။
13 ၁၃ အရှင်မင်းကြီး၊ ဤမြို့ကိုပြန်လည်တည်ထောင်ကာမြို့ရိုးများကိုလည်းဆောက်လုပ်ပြီးစီးသွားပါက မြို့သူမြို့သားတို့သည်အကောက်အခွန်များကိုပေးဆောင်ကြတော့မည်မဟုတ်ပါ။ သို့ဖြစ်၍အရှင်၏အခွန်တော်လျော့နည်းသွားပါလိမ့်မည်။''
၁၃ထိုမြို့ ကိုတည် ပြန်၍ မြို့ရိုး ကိုလက်စသတ် လျှင် ၊ ငွေတော် ခွဲခြင်း ကိုမခံ၊ အခွန် တော်အကောက် တော်ကို မ ပေး ဘဲနေ၍၊ နိုင်ငံတော်အကျိုး နည်းပါလိမ့်မည်ကို သိ မှတ်တော်မူပါ။
14 ၁၄ ``အကျွန်ုပ်တို့သည်အရှင်၏ကျေးဇူးတော်နှင့်မကင်းသူများဖြစ်သည့်အလျောက် ယင်းသို့အခွန်တော်ယုတ်လျော့မှုကိုမတွေ့မမြင်လိုကြပါ။-
၁၄ကျွန်တော်တို့ သည် ကျေးဇူးတော် အားဖြင့် အသက်မွေး ရ သောသူဖြစ် သည်နှင့် အညီ၊ ကိုယ်တော်၌ ဘုန်းတော် လျော့ကြောင်း ကို ကြည့် ၍ မ နေ သင့် သောကြောင့်၊ ဘိုး တော်ဘေးတော်တို့၏မှတ် စာကို စစ်ကြော တော်မူမည်အကြောင်း ဤလျှောက် စာကို ပေး လိုက်ပါ၏။
15 ၁၅ ထို့ကြောင့်အရှင်၏ဘိုးတော်ဘေးတော်များထားရှိခဲ့သည့် မှတ်တမ်းများကိုအမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုစေတော်မူပါက ဤမြို့သည်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ရှေးကာလမှအစပြု၍ပြည်နယ်များကိုအုပ်စိုးသောဘုရင်များ၊ ဘုရင်ခံများအားဒုက္ခပေးခဲ့ဖူးကြောင်းကိုလည်းကောင်းတွေ့ရှိရပါလိမ့်မည်။ ဤမြို့သားတို့သည်အစဉ်ပင်အုပ်ချုပ်ရခက်သူများဖြစ်ကြပါ၏။ ဤအကြောင်းကြောင့်ဤမြို့သည်ဖျက်ဆီးခြင်းခံခဲ့ရပါသည်။-
၁၅ယေရုရှလင်မြို့ သည် ပုန်ကန် တတ်သောမြို့ ၊ ရှင် ဘုရင်အကျိုးနှင့် နိုင်ငံ တော်အကျိုး စီးပွားကို ဖျက်ဆီးတတ်သောမြို့ဖြစ်ဘူး၍၊ ရှေး ကာလ ၌ မြို့ထဲ မှာ ပုန်ကန် သောအကြံကို အစဉ်ပြုစု သောကြောင့်၊ အတိုက် အဖျက်ခံရပါသည် အကြောင်းအရာများကို ထို မှတ် စာ၌ တွေ့ ၍ သိ တော်မူပါလိမ့်မည်။
16 ၁၆ သို့ဖြစ်၍ဤမြို့နှင့်မြို့ရိုးကိုပြီးစီးအောင်ပြန်လည်တည်ဆောက်ခဲ့လျှင် အရှင်မင်းကြီးသည်ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ကိုထိန်းသိမ်းအုပ်ချုပ်နိုင်တော့မည်မဟုတ်ကြောင်းလျှောက်ထားအပ်ပါသည်'' ဟူ၍တည်း။
၁၆ထို မြို့ ကိုတည် ပြန်၍ မြို့ရိုး ကို လက်စသတ် လျှင် ၊ ကိုယ်တော်သည် မြစ် အနောက် ဘက်၌ အစိုးရတော်မမူ ကြောင်းကို ကျွန်တော် တို့ လျှောက် ထားပါသည်ဟု စာ၌ ပါသတည်း။
17 ၁၇ မင်းကြီး၏ပြန်ကြားလွှာမှာ၊ ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်တကွ အပေါင်းအဖော်များဖြစ်ကြသောရှမာရိမြို့သားများနှင့် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့အား နှုတ်ခွန်းဆက်သလိုက်ပါသည်။''
၁၇ရှင် ဘုရင်သည် စာတိုက် စိုးရေဟုံ နှင့် မြို့စာရေး ရှိမရှဲ မှစ၍၊ ရှမာရိ မြို့၌ နေ သော ထိုသူ တို့၏ အပေါင်း အဘော်များ၊ မြစ် အနောက် ဘက်၌နေသောအခြား သူများတို့ ရှိရာ သို့ ပြန်ပေး လိုက်သော စာ ဟူမူကား၊
18 ၁၈ ``သင်တို့ပေးပို့လိုက်သောစာကိုဘာသာပြန်၍ ငါ့အားဖတ်ပြကြသည်။-
၁၈ဤ မည်သော နေ့ရက် ကာလတွင်၊ ငါရေး၍ သင်တို့ ချမ်းသာ ပါစေ။ ငါ့ ထံ သို့သင်တို့ပေး လိုက်သော စာ ကို ငါ့ ရှေ့ မှာ အနက် ပြန်၍ဘတ် ပြီ။
19 ၁၉ ငါသည်အမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုရာယေရုရှလင်မြို့သည်ရှေးကာလမှအစပြု၍ ဧကရာဇ်မင်းတို့ကိုတော်လှန်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ပုန်ကန်သူများ၊ အနှောင့်အယှက်ပေးတတ်သူများနှင့်ပြည့်နှက်နေကြောင်းကိုလည်းကောင်းတွေ့ရှိရသည်။-
၁၉ငါ မှာ ထားသည် အတိုင်း စစ်ကြော ကြသောအခါ၊ ထို မြို့ သည် ရှေး ကာလ ၌ ရှင် ဘုရင်တို့ကို ပုန်ကန် ကြောင်း၊ မ ကောင်းသောအကြံကို ကြံတတ်သောမြို့၊ ပုန်ကန်တတ် သော မြို့ဖြစ်ကြောင်း၊
20 ၂၀ တန်ခိုးကြီးသောဘုရင်များသည်ထိုမြို့တွင်စိုးစံကာ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်တစ်ခုလုံးမှအခွန်ဘဏ္ဍာတော်များကိုကောက်ခံခဲ့ကြ၏။-
၂၀ငွေ တော်ကို ခွဲလျက်၊ အခွန် တော်အကောက် တော်ကိုခံလျက်၊ မြစ် အနောက် ဘက် တရှောက်လုံး ကို အစိုးရ ၍ တန်ခိုး ကြီးသော ရှင် ဘုရင်တို့သည် ယေရုရှလင် မြို့၌ နေဘူးကြောင်းများကို သိရ၏။
21 ၂၁ သို့ဖြစ်၍ငါ၏ထံမှနောက်ထပ်အမိန့်တစ်စုံတစ်ရာမရမချင်း၊ ထိုမြို့ပြန်လည်တည်ဆောက်မှုကိုရပ်ဆိုင်းထားကြရန်သင်တို့အမိန့်ထုတ်ဆင့်ကြရမည်။-
၂၁သို့ဖြစ်၍ ငါသည်အခွင့် မပေးမှီတိုင်အောင် ၊ ထိုသူတို့သည် မြို့ ကို မ တည် ဘဲ နေစေမည် အကြောင်း အမိန့် တော်ကိုဆင့်ဆို ကြလော့။
22 ၂၂ ငါ၏အကျိုးကိုထပ်မံ၍မထိမခိုက်စေရန်ယင်းအမိန့်ကိုချက်ချင်းထုတ်ပြန်ကြရမည်'' ဟူ၍တည်း။
၂၂နိုင်ငံတော် အကျိုး မ ပျက်စီးစေ ခြင်းငှါ သတိ ပြု၍ ဤ အမှုကို စေ့စေ့ကြည့်ရှု ကြလော့ဟု မိန့်တော်မူ၏။
23 ၂၃ ဧကရဇ်ဘုရင်အာတဇေရဇ်ထံမှဤစာကို ရေဟုံ၊ ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်တို့အားဖတ်ပြသောအခါ သူတို့သည်ချက်ချင်းပင်ယေရုရှလင်မြို့သို့အလျင်အမြန်သွား၍ ယုဒအမျိုးသားတို့အားဗိမာန်တော်တည်ဆောက်မှုကိုအနိုင်အထက်ရပ်ဆိုင်းစေကြ၏။
၂၃အာတဇေရဇ် မင်းကြီး စာ ကို ရေဟုံ နှင့် မြို့စာရေး ရှိမရှဲ အစရှိသောသူ တို့ အပေါင်း အဘော်ရှေ့မှာ ဘတ် ပြီးလျှင်၊ သူတို့သည် ယေရုရှလင် မြို့၊ ယုဒ လူတို့ရှိရာ သို့ အလျင် အမြန်သွား ၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင် အထက်ဆီးတား ကြ၏။
24 ၂၄ ဗိမာန်တော်တည်ဆောက်မှုသည်ပေရသိဧကရာဇ်ဒါရိ နန်းစံဒုတိယနှစ်တိုင်အောင်ရပ်စဲခဲ့လေသည်။
၂၄ထိုသို့ ယေရုရှလင် မြို့၏ ဗိမာန် တော် တည်ခြင်း အမှုပြတ်၍၊ ပေရသိ ရှင် ဘုရင် ဒါရိ နန်းစံ နှစ် နှစ် တိုင်အောင် လက်စမသတ်ဘဲနေလေ၏။