< ဧဇရ 3 >
1 ၁ သတ္တမလသို့ရောက်သောအခါဣသရေလ အမျိုးသားတို့သည် မိမိတို့၏မြို့ရွာများ တွင်အတည်တကျနေထိုင်လျက်ရှိကြ၏။ ထိုနောက်သူတို့သည် ယေရုရှလင်မြို့တွင် စုဝေးကြလျက်၊-
၁သတ္တမ လ ရောက် မှ မြို့ ရွာအရပ်ရပ်၌ နေသောဣသရေလ အမျိုးသား လူ အပေါင်းတို့သည်၊ ယေရုရှလင် မြို့သို့ တညီ တညွတ်တည်းလာ၍ စုဝေး ကြ၏။
2 ၂ ယောဇဒက်၏သားယောရှုနှင့်အဖော်ယဇ်ပုရော ဟိတ်များ၊ ရှာလသေလ၏သားဇေရုဗဗေလ နှင့်တကွ သူ၏ဆွေမျိုးသားချင်းများသည် ဘုရားသခင်၏အစေခံမောရှေစီရင်သည့် ပညတ်ကျမ်းတွင်ပါရှိသောညွှန်ကြားချက် များအတိုင်း ယဇ်များကိုမီးရှို့ပူဇော်နိုင် ရန်ယဇ်ပလ္လင်ကိုတည်ဆောက်ကြ၏။-
၂ထိုအခါ ယောဇဒက် သား ယောရှု နှင့် သူ ၏ညီအစ်ကို ယဇ် ပုရောဟိတ်များ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် သူ ၏ ညီအစ်ကိုများတို့သည်ထ၍ ဘုရား သခင်၏လူ မောရှေ ရေး ထားသော ပညတ္တိ ကျမ်းစာ၌ ပါသည် အတိုင်း ၊ မီး ရှို့ရာ ယဇ်တို့ကို ပူဇော် လိုသောငှါ ၊ ဣသရေလ အမျိုး၏ ဘုရား သခင့်ယဇ် ပလ္လင်ကိုတည် ကြ၏။
3 ၃ သူတို့သည်ထိုပြည်တွင်နေထိုင်သူအခြား အမျိုးသားတို့ကိုကြောက်သော်လည်း ယဇ် ပလ္လင်ကိုအဟောင်း၌ပင်ပြန်လည်တည်ဆောက် ကြလေသည်။ ထိုနောက်နံနက်နှင့်ညဥ့်ဦးတွင် ပူဇော်နေကျဖြစ်သည့်မီးရှို့ရာယဇ်တို့ကို စတင်ပူဇော်ကြ၏။-
၃ထိုပြည် အရပ်ရပ်၌ နေသောသူ တို့ကို ကြောက် သော်လည်း ၊ ယဇ် ပလ္လင်ကို မိမိ ဘိနပ် ပေါ် မှာ တည် ထား ၍ ၊ နံနက် ညဦး မပြတ်မီး ရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော် ကြ၏။
4 ၄ သူတို့သည်စည်းမျဉ်းသတ်မှတ်ချက်များရှိ သည့်အတိုင်း တဲနေပွဲကိုကျင်းပကြ၏။ နေ့ စဉ်ပူဇော်အပ်သည့်ယဇ်များကိုလည်းပူဇော် ကြ၏။-
၄ကျမ်းစာ လာသည်အတိုင်း ၊ သကေနေ ပွဲ ကိုလည်းခံ၍ တရား နှင့်အညီ နေ့ တိုင်းပြုသင့်သော ဝတ်ကိုပြုလျက်၊ နေ့တိုင်းမီး ရှို့ရာယဇ်တို့ကို အရေ အတွက်နှင့် ပူဇော် ကြ၏။
5 ၅ ထို့အပြင်သူတို့သည်အမြဲပူဇော်ရသည့် တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုလည်းကောင်း၊ လဆန်းနေ့ပွဲတော်ကိုလည်းကောင်း၊ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရာ အခြားပွဲနေ့ များ၌ပူဇော်အပ်သည့်ယဇ်များကိုလည်း ကောင်း၊ ထာဝရဘုရားအားမိမိတို့စေတနာ အလျောက်ပေးလှူသည့်ပူဇော်သကာများ ကိုလည်းကောင်းတင်လှူပူဇော်ကြလေ သည်။-
၅ထို နောက်မှအမြဲ ပူဇော် ရသောယဇ်၊ လဆန်း နေ့၌ ၎င်း ၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေသော ဓမ္မ ပွဲနေ့ ၌ ၎င်း ၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရား အား အလိုလို ပူဇော်သက္ကာကို ဆောင် ခဲ့သောသူ အသီး အသီးအဘို့ ပူဇော်ရသောယဇ်တို့ကို ပူဇော်လျက်နေကြ၏။
6 ၆ ပြည်သူတို့သည်ဗိမာန်တော်ကိုပြန်လည်တည် ဆောက်ရန်အစမပြုရသေးသော်လည်း သတ္တမ လ၊ ပထမနေ့၌မီးရှို့ပူဇော်ရာယဇ်များကို ထာဝရဘုရားအား စတင်ပူဇော်ကြကုန်၏။
၆ဗိမာန် တော် တိုက်မြစ်ကိုမ ချ သေးသော်လည်း ၊ သတ္တမ လ တ ရက်နေ့ မှစ၍ မီး ရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော်ကြ၏။
7 ၇ ပြည်သူတို့သည်ပန်းရန်များနှင့်လက်သမား များကိုပေးချေရန်ငွေပေးလှူကြ၏။ ပေရသိ ဘုရင်ကုရုမင်းခွင့်ပြုချက်အရလေဗနုန် တောမှ သစ်ကတိုးများကို ယုပ္ပေဆိပ်အရောက် စုံမျောစေခြင်းငှာ တုရုနှင့်ဇိဒုန်မြို့သား များထံသို့အစားအစာ၊ စပျစ်ရည်နှင့် သံလွင်ဆီတို့ကိုပေးပို့ကြ၏။-
၇ပန်းရန် သမားနှင့် လက် သမားတို့အား လည်း ငွေ ကိုပေး ကြ၏။ ပေရသိ ရှင်ဘုရင် ကုရု အခွင့် ပေးတော်မူသည် အတိုင်း ၊ အာရဇ် သစ်သား ကို လေဗနုန် တောင်မှ ယုပ္ပေ ဆိပ်သို့ ဆောင် စေခြင်းငှါ ၊ ဇိဒုန် မြို့သားနှင့် တုရှ မြို့သားတို့အား ၊ စား စရိတ်နှင့် ဆီ များကိုပေးကြ၏။
8 ၈ သို့ဖြစ်၍သူတို့သည် ယေရုရှလင်မြို့ရှိဗိမာန် တော်တည်ခဲ့ရာသို့ပြန်လည်ရောက်ရှိလာသည့် နှစ်၊ ဒုတိယလ၌ဗိမာန်တော်တည်ဆောက်မှု လုပ်ငန်းကို စတင်လုပ်ကိုင်ကြလေသည်။ ဇေရုဗ ဗေလ၊ ယောရှုနှင့်ဆွေမျိုးသားချင်းများ၊ ယဇ် ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များမှစ ၍ ယေရုရှလင်မြို့သို့ပြန်လာကြသည့်ပြည် နှင်ဒဏ်သင့်သူအပေါင်းတို့သည် တည်ဆောက် မှုလုပ်ငန်းတွင်ပါဝင်ကြလေသည်။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူလေဝိအနွယ် ဝင်တို့သည် ဗိမာန်တော်တည်ဆောက်မှုကို ကြီးကြပ်ရန်တာဝန်ယူကြရ၏။-
၈ယေရုရှလင် မြို့ ဗိမာန် တော်သို့ ရောက် သော ဒုတိယ နှစ် ၊ ဒုတိယ လ တွင် ရှာလသေလ သား ဇေရုဗဗေလ ၊ ယောဇဒတ် သား ယောရှု ၊ ကျန် ကြွင်းသော ညီအစ်ကို ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများ၊ အချုပ် ခံရသော လူစုထဲက ထွက် ၍၊ ယေရုရှလင် မြို့သို့လာသောလူများအပေါင်း တို့သည် ထ၍ ဗိမာန် တော်တည်ဆောက်ခြင်းအမှု ကို နှိုးဆော် စိမ့်သောငှါ လေဝိ သားတို့ကို ခန့် ထားကြ၏။
9 ၉ လေဝိအနွယ်ဝင်ယောရှုနှင့်သားများ (ဟောဒဝိ သားချင်းစုမှ) ကာဒမေလနှင့်သားများသည် ဗိမာန်တော်တည်ဆောက်မှုကိုကြီးကြပ်ရန် တာဝန်ယူရာတွင် ပါဝင်ဆောင်ရွက်ကြလေ သည်။ (သူတို့အားဟေနဒဒ်သားချင်းစုမှ လေဝိအနွယ်ဝင်များကအကူအညီ ပေးကြ၏။)
၉ထိုအခါ ယုဒ အမျိုး ၊ ယောရှု နှင့်သူ ၏သား ညီ များ၊ ကပ်မျေလ နှင့် သူ ၏သား များ၊ လေဝိ အမျိုးဟေနဒဒ် သား များ၊ သူ တို့သား နှင့် ညီ များတို့သည်၊ ဗိမာန် တော်ကို တည်ဆောက်လုပ်ဆောင် သောသူတို့ ကို နှိုးဆော် ခြင်းငှါ ထ ကြ၏။
10 ၁၀ တည်ဆောက်သူတို့သည်ဗိမာန်တော်ကိုအုတ် မြစ်ချကြသောအခါ ယဇ်ပုရောဟိတ်တို့ သည်မိမိတို့ဝတ်လုံများကိုဝတ်၍ တံပိုး ခရာများကိုကိုင်ဆောင်ကာနေရာယူကြ၏။ အာသပ်သားချင်းစုမှလေဝိအနွယ်ဝင်တို့ ကလင်းကွင်းများကိုကိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းပေးခဲ့သည့်ညွှန်ကြားချက်အတိုင်း ထာဝရဘုရားအားထောမနာပြုကြ၏။-
၁၀လုပ်ဆောင် သောသူတို့သည် ထာဝရဘုရား ၏ ဗိမာန် တော်တိုက်မြစ်ကိုချ သောအခါ ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သည်အတိုင်း ၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စေခြင်းငှါ ၊ တံပိုး ကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်း ကိုင်သောလေဝိ အမျိုး၊ အာသပ် သား များတို့ကို ခန့် ထားကြ၏။
11 ၁၁ သူတို့က၊ ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ ဣသရေလအမျိုးသားတို့အတွက် ထားရှိတော်မူသောမေတ္တာတော်သည် ထာဝစဉ်တည်ပါ၏'' ဟူသောသီချင်းကိုထပ်ကာထပ်ကာသီဆို၍ ထာဝရဘုရားအားထောမနာပြုကြ၏။ ဗိမာန်တော်အုတ်မြစ်ကိုချပြီးဖြစ်သဖြင့် လူ အပေါင်းတို့သည်ထာဝရဘုရား၏ဂုဏ် တော်ကိုဟစ်အော်ချီးမွမ်းကြကုန်၏။-
၁၁ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၏။ ဣသရေလ အမျိုး၌ ပြတော်မူသောကရုဏာ တော် အစဉ် အမြဲတည် ပါသည်ဟူ၍ဂုဏ် တော်ကို ချီးမွမ်းလျက် ၊ ကျေးဇူး တော်ကို ဝန်ခံလျက် ၊ အသံပြိုင်၍ အလှည့်လှည့်သီချင်း ဆို ကြ၏။ ဗိမာန် တော်တိုက်မြစ်ကို ချ ရသောကြောင့် ၊ လူ အပေါင်း တို့သည် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းလျက် ၊ ကြီး သောအသံ နှင့် ကြွေးကြော် ကြ၏။
12 ၁၂ ဗိမာန်တော်ဟောင်းကိုမြင်ဖူးသောအသက်ကြီး သူယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ နှင့်သားချင်းစုဦးစီးအမြောက်အမြားတို့သည် ဤဗိမာန်တော်အုတ်မြစ်ချသည်ကိုမြင်သော် အော် ဟစ်ငိုကြွေးကြကုန်၏။ သို့ရာတွင်အခြားသူတို့ ကမူဝမ်းမြောက်စွာကြွေးကြော်ကြလေသည်။-
၁၂သို့ရာတွင် အသက် ကြီး၍ အရင် ဗိမာန် တော်ကို မြင် ဘူးသော ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ အဆွေအမျိုးသူကြီး အများတို့သည်၊ နောက်ဗိမာန် တော်တိုက်မြစ် ကျ လျက်ရှိသည်ကို မြင် သောအခါ ၊ ကြီး စွာသော အသံ နှင့် ငိုကြွေး ကြ၏။ လူအများ တို့သည်လည်း ဝမ်းမြောက် သောစိတ် နှင့် ကြွေးကြော် ကြ၏။
13 ၁၃ ဝမ်းမြောက်စွာကြွေးကြော်သံနှင့်ငိုကြွေးသံကို အဘယ်သူမျှခွဲခြား၍မရကြ။ လူတို့သည် ကျယ်စွာအော်ဟစ်ကြသောကြောင့် အဝေးကပင် ကြားရလေသည်။
၁၃ထိုသို့ပြုသောကြွေးကြော် သံ နှင့်ငိုကြွေး သံ ကို ကြားသောသူတို့ သည် ပိုင်းခြား၍ မ သိ နိုင်ကြ။ လူ များ တို့သည် ကြီး စွာသောအသံ နှင့် ကြွေးကြော် သောကြောင့် ၊ ဝေး သောအရပ်၌ ကြား ရလေ၏။