< အာမုတ် 2 >
1 ၁ ထာဝရဘုရားက``မောဘပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ဧဒုံမင်း၏ အရိုးစုကိုပြာချလိုက်ခြင်းဖြင့် ဧဒုံ မင်းကိုမလေးမစားပြုခဲ့ကြပြီ။-
Näin sanoo Herra: kolmen ja neljän Moabin vian tähden en tahdo minä heitä säästää, että he ovat Edomin kuninkaan luut tuhaksi polttaneet.
2 ၂ ငါသည်မောဘပြည်အပေါ်သို့မီးမိုးရွာ စေပြီးကေရုတ်မြို့၏ရဲတိုက်များကိုပြာ ချလိုက်မည်။ စစ်သည်တို့၏အော်သံဟစ် သံ၊ ခရာသံနှင့်တိုက်ပွဲသံများဆူဆူ ညံညံပြင်းထန်နေသောအချိန်မှာပင် မောဘပြည်သားများသေဆုံးလိမ့်မည်။-
Vaan minä tahdon tulen Moabiin lähettää; sen pitää Kerijotissa huoneet kuluttaman; ja Moab on metelissä kuoleva, huudossa ja vaskitorven helinässä.
3 ၃ ငါသည်မောဘမင်းကိုသတ်မည်။ မောဘ နိုင်ငံရှိခေါင်းဆောင်အားလုံးကိုကွပ်မျက် မည်'' ဟုမိန့်တော်မူ၏။
Ja minä tahdon tuomarin temmata pois häneltä, ja tappaa kaikki hänen päämiehensä ynnä hänen kanssansa, sanoo Herra.
4 ၄ ထာဝရဘုရားက``ယုဒပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ငါ၏သြဝါဒ ကိုရွံမုန်း၍ငါပေးသောပညတ်တို့ကို မစောင့်ရှောက်ဘဲနေကြလေပြီ။ သူတို့ ဘိုးဘေးများဆည်းကပ်ကိုးကွယ်ခဲ့သော မိစ္ဆာဘုရားများနောက်သို့ကိုယ်တိုင်လိုက် ပါကာလမ်းလွဲကြလေပြီ။-
Näin sanoo Herra: kolmen ja neljän Juudan vian tähden en tahdo minä säästää, että he katsovat Herran lain ylön, ja ei pitäneet hänen säätyjänsä, ja antavat itseänsä valheella vietellä, jota heidän isänsä ovat seuranneet.
5 ၅ ထို့ကြောင့်ငါသည်ယုဒပြည်ပေါ်သို့မီးမိုး ရွာစေပြီးယေရုရှလင်မြို့၏ရဲတိုက်များ ကိုပြာချလိုက်မည်ဟုမိန့်တော်မူ၏။
Vaan minä tahdon tulen Juudaan lähettää; sen pitää Jerusalemin huoneet kuluttaman.
6 ၆ ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ကြွေးမဆပ် နိုင်သောရိုးဖြောင့်သူများနှင့် ခြေနင်းတစ် ရံအတွက်ကိုမျှကြွေးမဆပ်နိုင်သော ဆင်းရဲသားတို့ကိုကျွန်အဖြစ်ရောင်းချ ကြသည်။-
Näin sanoo Herra: kolmen ja neljän Israelin vian tähden en minä tahdo säästää, että he vanhurskaat rahaan ja köyhät kenkäpariin myyneet ovat.
7 ၇ သူတို့သည်အားနွဲ့သူနှင့်ခိုကိုးရာမဲ့ သူများကိုနင်းချေပြီးဆင်းရဲသားတို့ ကိုတွန်းထုတ်ဖယ်ရှားကြပြီ။ အဘနှင့် သားသည်ကျွန်မိန်းကလေးတစ်ယောက် တည်းနှင့်ဆက်ဆံလျက်ငါ၏သန့်ရှင်း ရာနာမတော်ကိုအသရေပျက်စေပြီ။-
He tallaavat vaivaisen maan tomuun, ja estävät raadollisia joka paikassa; poika ja isä makaa yhden vaimon kanssa, jolla he minun pyhän nimeni häpäisevät.
8 ၈ ဝတ်ပြုရာနေရာတိုင်း၌ဆင်းရဲသူများ ထံမှအပေါင်ခံပစ္စည်းအဖြစ်နှင့်ရယူ ထားသောအဝတ်အထည်များကိုခင်း ကာအိပ်စက်ကြလေပြီ။ သူတို့ကိုးကွယ် သောဘုရားသခင်၏ဗိမာန်တော်တွင် ကြွေးတင်နေသူများထံမှလျော်ကြေး အဖြစ်ရယူလာသောစပျစ်ရည်ကို သောက်ကြလေပြီ။
Ja jokaisen alttarin tykönä he pitoa pitävät panttivaatteista, ja juovat viinaa sakkorahoista epäjumalainsa huoneessa.
9 ၉ ``ထိုသို့နှင့်ပင်ငါ၏လူမျိုးအပေါင်းတို့၊ ငါသည်သင်တို့အတွက်အာရဇ်ပင်တမျှ မြင့်မား၍သပိတ်ပင်အလား သန်မာလှ သည့်အာမောရိလူမျိုးကိုအပြီးအပိုင် တိုက်ဖျက်ခဲ့ပြီ။-
Ja minä olen kuitenkin Amorilaisen heidän edestänsä kadottanut, jonka korkeus oli niinkuin sedripuiden korkeus, ja joka oli niin vahva kuin tammet; ja minä turmelin ylhäältä hänen hedelmänsä, ja hänen juurensa alhaalta.
10 ၁၀ ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ် ဆောင်လာခဲ့၏။ တောကန္တာရအတွင်း၌ အနှစ်လေးဆယ်ပတ်လုံးပို့ဆောင်ခဲ့ပြီး အာမောရိလူမျိုးတို့၏မြေယာများ ကိုသင်တို့ပိုင်ဆိုင်ရန်ပေးအပ်ခဲ့ပြီ။-
Minä olen se, joka teitä Egyptin maalta toin, ja johdattain teitä korvessa neljäkymmentä ajastaikaa, että te Amorilaisten maan omistitte.
11 ၁၁ ငါသည်သင်တို့၏သားအချို့ကိုပရော ဖက်အဖြစ်နှင့်လည်းကောင်း၊ သင်တို့၏ လူငယ်အချို့ကိုနာဇရိလူအဖြစ်နှင့် လည်းကောင်းရွေးကောက်ခဲ့ပြီ။ အို ဣသရေလ အမျိုးသားတို့၊ ဤအချက်သည်အမှန် ပင်ဖြစ်သည်မဟုတ်လော။ ဤသည်ကား ငါထာဝရဘုရားမိန့်တော်မူ၏။-
Ja olen teidän lapsistanne prophetat herättänyt, ja teidän nuorukaisistanne nasiirit; eikö se niin ole, te Israelin lapset? sanoo Herra.
12 ၁၂ သို့ရာတွင်သင်သည်နာဇရိလူတို့အား စပျစ်ရည်ကိုသောက်စေ၍ပရောဖက်တို့ အားငါ၏သတင်းစကားကိုကြားပြော ခြင်းမပြုရန်တားမြစ်ခဲ့ကြလေပြီ။-
Mutta te annoitte nasiirein viinaa juoda, ja prophetaita te haastoitte, sanoen: ei teidän pidä ennustaman.
13 ၁၃ ထို့ကြောင့်ငါသည်သင့်အားမြေကြီးပေါ် နင်းချေ၍သင်သည်ဂျုံစပါးအပြည့်တင် ထားသည့်လှည်းကဲ့သို့ ငြီးတွားရလိမ့်မည်။-
Katso, minä tahdon teitä niin ahdistaa kuin kuorma on kiinnitetty, eloja täynnä;
14 ၁၄ လျင်မြန်စွာပြေးနိုင်သူများပင်လျှင်လွတ် မြောက်လိမ့်မည်မဟုတ်။ သန်စွမ်းသောသူများ သည်လည်းအားအင်ကုန်ခန်း၍စစ်သူရဲတို့ သည်လည်းမိမိတို့၏အသက်ကိုကယ်နိုင် လိမ့်မည်မဟုတ်။-
Että se, joka nopia on, ei pidä pääsemän pakenemaan, eikä väkevä mitään voiman; ja ei urhoollisen pidä voiman henkeänsä vapahtaa.
15 ၁၅ လေးကိုကိုင်စွဲထားသောသူများသည်လည်း ရပ်တည်ခြင်းငှာမတတ်နိုင်ကြ။ လျင်မြန်စွာ ပြေးနိုင်သူများသည်လည်းလွတ်လိမ့်မည် မဟုတ်၊ မြင်းပေါ်မှလူများသည်လည်းမိမိ တို့အသက်ဘေးမှလွတ်မြောက်ကြလိမ့်မည် မဟုတ်။-
Ja ei joutsimiesten pidä seisoman, ja joka nopia on juoksemaan, ei pidä pääsemän; ja joka hevosella ajaa, ei pidä henkeänsä vapahtaman.
16 ၁၆ ထိုနေ့တွင်ရဲစွမ်းသတ္တိအရှိဆုံးစစ်သူရဲ များပင်လျှင် မိမိ၏လက်နက်များကိုစွန့် လျက်ထွက်ပြေးကြလိမ့်မည်'' ဟုထာဝရ ဘုရားမိန့်တော်မူ၏။
Ja joka väkeväin seassa kaikkein miehuullisin on, sen pitää alasti pakeneman sillä ajalla, sanoo Herra.