Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Burmese Common Language Bible, Amos Chapter 2 https://www.AionianBible.org/Bibles/Myanmar---Burmese-Common-Bible/Amos/2 1 ၁) ထာဝရဘုရားက``မောဘပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ဧဒုံမင်း၏ အရိုးစုကိုပြာချလိုက်ခြင်းဖြင့် ဧဒုံ မင်းကိုမလေးမစားပြုခဲ့ကြပြီ။- 2 ၂) ငါသည်မောဘပြည်အပေါ်သို့မီးမိုးရွာ စေပြီးကေရုတ်မြို့၏ရဲတိုက်များကိုပြာ ချလိုက်မည်။ စစ်သည်တို့၏အော်သံဟစ် သံ၊ ခရာသံနှင့်တိုက်ပွဲသံများဆူဆူ ညံညံပြင်းထန်နေသောအချိန်မှာပင် မောဘပြည်သားများသေဆုံးလိမ့်မည်။- 3 ၃) ငါသည်မောဘမင်းကိုသတ်မည်။ မောဘ နိုင်ငံရှိခေါင်းဆောင်အားလုံးကိုကွပ်မျက် မည်'' ဟုမိန့်တော်မူ၏။ 4 ၄) ထာဝရဘုရားက``ယုဒပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ငါ၏သြဝါဒ ကိုရွံမုန်း၍ငါပေးသောပညတ်တို့ကို မစောင့်ရှောက်ဘဲနေကြလေပြီ။ သူတို့ ဘိုးဘေးများဆည်းကပ်ကိုးကွယ်ခဲ့သော မိစ္ဆာဘုရားများနောက်သို့ကိုယ်တိုင်လိုက် ပါကာလမ်းလွဲကြလေပြီ။- 5 ၅) ထို့ကြောင့်ငါသည်ယုဒပြည်ပေါ်သို့မီးမိုး ရွာစေပြီးယေရုရှလင်မြို့၏ရဲတိုက်များ ကိုပြာချလိုက်မည်ဟုမိန့်တော်မူ၏။ 6 ၆) ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ကြွေးမဆပ် နိုင်သောရိုးဖြောင့်သူများနှင့် ခြေနင်းတစ် ရံအတွက်ကိုမျှကြွေးမဆပ်နိုင်သော ဆင်းရဲသားတို့ကိုကျွန်အဖြစ်ရောင်းချ ကြသည်။- 7 ၇) သူတို့သည်အားနွဲ့သူနှင့်ခိုကိုးရာမဲ့ သူများကိုနင်းချေပြီးဆင်းရဲသားတို့ ကိုတွန်းထုတ်ဖယ်ရှားကြပြီ။ အဘနှင့် သားသည်ကျွန်မိန်းကလေးတစ်ယောက် တည်းနှင့်ဆက်ဆံလျက်ငါ၏သန့်ရှင်း ရာနာမတော်ကိုအသရေပျက်စေပြီ။- 8 ၈) ဝတ်ပြုရာနေရာတိုင်း၌ဆင်းရဲသူများ ထံမှအပေါင်ခံပစ္စည်းအဖြစ်နှင့်ရယူ ထားသောအဝတ်အထည်များကိုခင်း ကာအိပ်စက်ကြလေပြီ။ သူတို့ကိုးကွယ် သောဘုရားသခင်၏ဗိမာန်တော်တွင် ကြွေးတင်နေသူများထံမှလျော်ကြေး အဖြစ်ရယူလာသောစပျစ်ရည်ကို သောက်ကြလေပြီ။ 9 ၉) ``ထိုသို့နှင့်ပင်ငါ၏လူမျိုးအပေါင်းတို့၊ ငါသည်သင်တို့အတွက်အာရဇ်ပင်တမျှ မြင့်မား၍သပိတ်ပင်အလား သန်မာလှ သည့်အာမောရိလူမျိုးကိုအပြီးအပိုင် တိုက်ဖျက်ခဲ့ပြီ။- 10 ၁၀) ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ် ဆောင်လာခဲ့၏။ တောကန္တာရအတွင်း၌ အနှစ်လေးဆယ်ပတ်လုံးပို့ဆောင်ခဲ့ပြီး အာမောရိလူမျိုးတို့၏မြေယာများ ကိုသင်တို့ပိုင်ဆိုင်ရန်ပေးအပ်ခဲ့ပြီ။- 11 ၁၁) ငါသည်သင်တို့၏သားအချို့ကိုပရော ဖက်အဖြစ်နှင့်လည်းကောင်း၊ သင်တို့၏ လူငယ်အချို့ကိုနာဇရိလူအဖြစ်နှင့် လည်းကောင်းရွေးကောက်ခဲ့ပြီ။ အို ဣသရေလ အမျိုးသားတို့၊ ဤအချက်သည်အမှန် ပင်ဖြစ်သည်မဟုတ်လော။ ဤသည်ကား ငါထာဝရဘုရားမိန့်တော်မူ၏။- 12 ၁၂) သို့ရာတွင်သင်သည်နာဇရိလူတို့အား စပျစ်ရည်ကိုသောက်စေ၍ပရောဖက်တို့ အားငါ၏သတင်းစကားကိုကြားပြော ခြင်းမပြုရန်တားမြစ်ခဲ့ကြလေပြီ။- 13 ၁၃) ထို့ကြောင့်ငါသည်သင့်အားမြေကြီးပေါ် နင်းချေ၍သင်သည်ဂျုံစပါးအပြည့်တင် ထားသည့်လှည်းကဲ့သို့ ငြီးတွားရလိမ့်မည်။- 14 ၁၄) လျင်မြန်စွာပြေးနိုင်သူများပင်လျှင်လွတ် မြောက်လိမ့်မည်မဟုတ်။ သန်စွမ်းသောသူများ သည်လည်းအားအင်ကုန်ခန်း၍စစ်သူရဲတို့ သည်လည်းမိမိတို့၏အသက်ကိုကယ်နိုင် လိမ့်မည်မဟုတ်။- 15 ၁၅) လေးကိုကိုင်စွဲထားသောသူများသည်လည်း ရပ်တည်ခြင်းငှာမတတ်နိုင်ကြ။ လျင်မြန်စွာ ပြေးနိုင်သူများသည်လည်းလွတ်လိမ့်မည် မဟုတ်၊ မြင်းပေါ်မှလူများသည်လည်းမိမိ တို့အသက်ဘေးမှလွတ်မြောက်ကြလိမ့်မည် မဟုတ်။- 16 ၁၆) ထိုနေ့တွင်ရဲစွမ်းသတ္တိအရှိဆုံးစစ်သူရဲ များပင်လျှင် မိမိ၏လက်နက်များကိုစွန့် လျက်ထွက်ပြေးကြလိမ့်မည်'' ဟုထာဝရ ဘုရားမိန့်တော်မူ၏။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!