< ၁ ပေတရု 4 >

1 ခ​ရစ်​တော်​သည်​ကာ​ယ​ဝေ​ဒ​နာ​ခံ​တော်​မူ​ခဲ့ ရာ​သင်​တို့​သည်​လည်း​ကိုယ်​တော်​၏​ခံ​ယူ​ချက် မျိုး​ရှိ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကာ​ယ ဝေ​ဒ​နာ​ခံ​ပြီး​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့် ပြတ်​စဲ​ပြီ​ဖြစ်​သော​ကြောင့်​ဖြစ်​၏။-
Since, then, Christ suffered in body, arm yourselves with the same resolve as he; for he who has suffered in body has ceased to sin,
2 သို့​ဖြစ်​၍​ဤ​လော​က​တွင်​သင်​တို့​အ​သက် ရှင်​ရန်​ကြွင်း​ကျန်​သေး​သည့်​အ​ချိန်​ကာ​လ​၌ လူ​တို့​တပ်​မက်​ခြင်း​စိတ်​ဆွဲ​ဆောင်​ရာ​သို့ မ​လိုက်​ဘဲ​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍​အ​သက်​ရှင်​ရ​ကြ​မည်။-
and so will live the rest of his earthly life guided, not by human passions, but by the will of God.
3 လွန်​ခဲ့​သည့်​ကာ​လ​က​သင်​တို့​သည်​မ​ယုံ ကြည်​သူ​များ​ပြု​ကျင့်​သ​ကဲ့​သို့​အ​တန်​ကြာ စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​ကြ​၏။ မ​ပြု​သင့်​မ​ပြု ထိုက်​သည်​ကို​ပြု​မူ​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား ခြင်း၊ သေ​သောက်​ကြူး​ခြင်း၊ ပျော်​ရွှင်​မြူး​တူး​ခြင်း၊ သေ​သောက်​ပွဲ​များ​ကျင်း​ပ​ခြင်း​နှင့်​လွန်​စွာ မ​နှစ်​မြို့​အပ်​သည့်​ရုပ်​တု​ကိုး​ကွယ်​ခြင်း တို့​တွင်​ပါ​ဝင်​ခဲ့​ကြ​၏။-
Surely in the past you have spent time enough living as the Gentiles delight to live. For your path has lain among scenes of debauchery, licentiousness, drunkenness, revelry, hard-drinking, and profane idolatry.
4 ယ​ခု​မှာ​မူ​သင်​တို့​သည်​မ​ယုံ​ကြည်​သူ​တို့ နှင့်​အ​တူ​ယင်း​သို့​အ​ပျော်​ကြူး​၍ စည်း​မဲ့ ကမ်း​မဲ့​သက်​ရှင်​လှုပ်​ရှား​မှု​များ​တွင်​မ​ပါ​ဝင် ကြ​တော့​ပေ။ သို့​ဖြစ်​၍​သူ​တို့​သည်​အံ့​သြ လျက်​သင်​တို့​ကို​စော်​ကား​ပြော​ဆို​ကြ​၏။-
And, because you do not run to the same extremes of profligacy as others, they are astonished, and malign you.
5 ဤ​သို့​ပြု​ကြ​သည့်​အ​တွက်​သူ​တို့​သည်​အ​သက် ရှင်​သူ​နှင့်​သေ​သူ​များ​အား တ​ရား​စီ​ရင်​ရန် အ​သင့်​ရှိ​နေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ ထံ​တော်​၌​စစ်​ဆေး​စီ​ရင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။-
But they will have to answer for their conduct to him who is ready to judge both the living and the dead.
6 ဤ​အ​ကြောင်း​ကြောင့်​သေ​လွန်​သူ​တို့​သည်​ဘု​ရား သ​ခင်​ဝိ​ညာဉ်​အား​ဖြင့်​အ​သက်​ရှင်​နိုင်​ကြ​စေ ရန် သူ​တို့​အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ ခြင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ကာ​ယ​အား​ဖြင့် အ​သက်​ရှင်​စဉ်​အ​ခါ​က​လူ​တိုင်း​နည်း​တူ အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ခဲ့​ရ​သူ​များ​ဖြစ် သည်။
For that was why the good news was told to the dead also – that, after they have been judged in the body, as people are judged, they might live in the spirit, as God lives.
7 အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​အ​တွက်​နောက်​ဆုံး သော​အ​ချိန်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ သင်​တို့​သည် ဆု​တောင်း​နိုင်​ကြ​ရန် မိ​မိ​တို့​၏​စိတ်​ကို​ထိန်း ချုပ်​လျက်​နိုး​နိုး​ကြား​ကြား​ရှိ​ရ​ကြ​မည်။-
But the end of all things is near. Therefore exercise self-restraint and be calm, so that you may be able to pray.
8 အ​ထူး​သ​ဖြင့်​အ​ချင်း​ချင်း​အား​အ​မှန်​တ​ကယ် ချစ်​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မေတ္တာ သည်​များ​စွာ​သော​အ​ပြစ်​တို့​ကို​ဖုံး​အုပ်​စေ နိုင်​သော​ကြောင့်​ဖြစ်​၏။-
Above all things, let your love for one another be earnest, for “Love throws a veil over countless sins.”
9 သင်​တို့​သည်​မ​ညည်း​မ​ညူ​ဘဲ​အ​ချင်း​ချင်း အား​ကျေ​ပွန်​စွာ​ဧည့်​ဝတ်​ပြု​ကြ​လော့။-
Never grudge hospitality to one another.
10 ၁၀ သင်​တို့​အား​လုံး​ပင်​လျှင်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး တစ်​ပါး​ပါး​ကို​ခံ​ယူ​ရ​ရှိ​ကြ​၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​တော်​အ​မျိုး​မျိုး ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရ​သူ​များ​အ​နေ​ဖြင့် မိ​မိ​တို့​ခံ​ယူ​ရ​ရှိ​သည့်​ဆု​ကျေး​ဇူး​တော်​ကို အ​ချင်း​ချင်း​တို့​၏​အ​ကျိုး​အ​တွက်​အ​သုံး ပြု​ကြ​လော့။-
Whatever the gift that each has received, use it in the service of others, as good stewards of the varied bounty of God.
11 ၁၁ တ​ရား​ဟော​ပြော​သူ​သည်​ဘု​ရား​သ​ခင်​၏ ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော​စေ။ အ​စေ​ခံ​သော သူ​သည်​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​စွမ်း သတ္တိ​အ​တိုင်း​လုပ်​ဆောင်​စေ။ သို့​မှ​သာ​ပြု​လေ သ​မျှ​သော​အ​မှု​တို့​တွင် ယေ​ရှု​ခ​ရစ်​အား ဖြင့်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​ထွန်း​လင်း လိမ့်​မည်။ အ​ရှင်​ယေ​ရှု​ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။ (aiōn g165)
When anyone speaks, they should speak as one who is delivering the oracles of God. When anyone is endeavouring to serve others, they should do so in reliance on the strength which God supplies; so that in everything God may be honoured through Jesus Christ – to whom be ascribed all honour and might for ever and ever. Amen. (aiōn g165)
12 ၁၂ ချစ်​ဆွေ​တို့၊ သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို​စစ် ဆေး​ရန်​အ​တွက် ယ​ခု​သင်​တို့​ပြင်း​ပြ​စွာ​စုံ​စမ်း နှောင့်​ယှက်​ခြင်း​ကို​ခံ​နေ​ရ​ကြ​သည်​ကို​မ​အံ့ သြ​ကြ​နှင့်။ ထို​အ​မှု​အ​ရာ​များ​သည်​သင်​တို့ အ​တွက်​မ​ထူး​ဆန်း​ပေ။-
Dear friends, do not be astonished at the trial of fire that you are passing through, to test you, as though something strange were happening to you.
13 ၁၃ အံ့​သြ​နေ​မည့်​အ​စား​သင်​တို့​သည်​ခ​ရစ်​တော် ၏​ဝေ​ဒ​နာ​တော်​များ​ကို​ကိုယ်​တော်​နှင့်​အ​တူ ပါ​ဝင်​ခံ​စား​ရ​ကြ​သ​ဖြင့်​ဝမ်း​မြောက်​ကြ လော့။ သို့​မှ​သာ​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ပေါ်​လွင်​ထင်​ရှား​သော​အ​ခါ​သင်​တို့​သည် အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လိမ့်​မည်။-
No, the more you share the sufferings of the Christ, the more may you rejoice, that, when the time comes for the manifestation of his glory, you may rejoice and exult.
14 ၁၄ သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် သော​ကြောင့်​စော်​ကား​ခြင်း​ခံ​ရ​သော​အ​ခါ​မင်္ဂ လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သို့ ခံ​ရ​သော​အ​ချိန်​၌ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​တည်း​ဟူ​သော​ဘုန်း​အ​သ​ရေ​တော်​နှင့် ပြည့်​ဝ​သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ် သို့​သက်​ရောက်​လျက်​နေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-
If you are insulted for bearing the name of Christ, count yourselves blessed; because the divine glory and the Spirit of God are resting on you.
15 ၁၅ သင်​တို့​တွင်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​လူ​သတ် မှု၊ ခိုး​မှု၊ ရာ​ဇ​ဝတ်​မှု​သို့​မ​ဟုတ်​သူ​တစ်​ပါး​၏ ကိစ္စ​တွင်​ဝင်​ရောက်​စွက်​ဖက်​မှု​ဖြင့်​ပြစ်​ဒဏ်​မ​ခံ ရ​စေ​နှင့်။-
I need hardly say that no one among you must suffer as a murderer, or a thief, or a criminal, or for interfering in matters which do not concern Christians.
16 ၁၆ သို့​ရာ​တွင်​ခ​ရစ်​ယာန်​ဖြစ်​သော​ကြောင့်​ပြစ် ဒဏ်​ခံ​ရ​ပါ​မူ​ကား​ရှက်​စ​ရာ​အ​ကြောင်း​မ​ရှိ။ ခ​ရစ်​တော်​၏​နာ​မ​ကြောင့်​ခံ​ရ​လျှင်​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၏။
But, if someone suffers as a Christian, they should not be ashamed of it; they should bring honour to God even though they bear that name.
17 ၁၇ တ​ရား​စီ​ရင်​တော်​မူ​ရာ​အ​ချိန်​သည်​ကျ​ရောက် လာ​လေ​ပြီ။ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့ သည်​တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို​ပ​ထ​မ ဦး​စွာ​ခံ​ရ​ကြ​မည်။ ငါ​တို့​သည်​ဦး​စွာ​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ခံ​ရ​ကြ​လျှင်​ဘု​ရား​သ​ခင် ၏​သ​တင်း​ကောင်း​ကို​မ​ယုံ​ကြည်​သူ​တို့​မည် သို့​ဖြစ်​လိမ့်​မည်​နည်း။-
For the time has come for judgment to begin with the house of God; and, if it begins with us, what will be the end of those who reject God’s good news?
18 ၁၈ ကျမ်း​စာ​တော်​က​ဖော်​ပြ​သည်​နှင့်​အ​ညီ ``အ​ကယ်​၍​သူ​တော်​ကောင်း​များ​ပင်​လျှင် ကယ်​တင်​ခြင်း​ခံ​ရ​ရန်​ခက်​ခဲ​ပါ​မူ ဘု​ရား​တ​ရား​မဲ့​သည့်​အ​ပြစ်​ကူး​သူ​တို့​အ​ဖို့ မည်​သို့​ဖြစ်​လိမ့်​မည်​နည်း''
If “a good person is saved only with difficulty, what will become of the godless and the sinful?”
19 ၁၉ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့် အ​ညီ​ဆင်း​ရဲ​ခံ​ရ​ကြ​သူ​တို့​သည်​အ​ကျင့် ကောင်း​ကို​ပြု​လျက် မိ​မိ​တို့​အား​ဖန်​ဆင်း​တော် မူ​၍​သစ္စာ​တည်​တော်​မူ​သော​အ​ရှင်​၏​လက် တော်​သို့​မိ​မိ​တို့​ကိုယ်​ကို​အပ်​နှံ​ကြ​စေ။
Therefore, I say, let those who suffer, because God wills it so, commit their lives into the hands of a faithful Creator, and persevere in doing right.

< ၁ ပေတရု 4 >