Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Burmese Common Language Bible, 1-Peter Chapter 4 https://www.AionianBible.org/Bibles/Myanmar---Burmese-Common-Bible/1-Peter/4 1 ၁) ခရစ်တော်သည်ကာယဝေဒနာခံတော်မူခဲ့ ရာသင်တို့သည်လည်းကိုယ်တော်၏ခံယူချက် မျိုးရှိရကြမည်။ အဘယ်ကြောင့်ဆိုသော်ကာယ ဝေဒနာခံပြီးသူသည်အပြစ်ဒုစရိုက်နှင့် ပြတ်စဲပြီဖြစ်သောကြောင့်ဖြစ်၏။- 2 ၂) သို့ဖြစ်၍ဤလောကတွင်သင်တို့အသက် ရှင်ရန်ကြွင်းကျန်သေးသည့်အချိန်ကာလ၌ လူတို့တပ်မက်ခြင်းစိတ်ဆွဲဆောင်ရာသို့ မလိုက်ဘဲဘုရားသခင်၏အလိုတော် ကိုလိုက်၍အသက်ရှင်ရကြမည်။- 3 ၃) လွန်ခဲ့သည့်ကာလကသင်တို့သည်မယုံ ကြည်သူများပြုကျင့်သကဲ့သို့အတန်ကြာ စွာပြုမူကျင့်ကြံခဲ့ကြ၏။ မပြုသင့်မပြု ထိုက်သည်ကိုပြုမူခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ သေသောက်ကြူးခြင်း၊ ပျော်ရွှင်မြူးတူးခြင်း၊ သေသောက်ပွဲများကျင်းပခြင်းနှင့်လွန်စွာ မနှစ်မြို့အပ်သည့်ရုပ်တုကိုးကွယ်ခြင်း တို့တွင်ပါဝင်ခဲ့ကြ၏။- 4 ၄) ယခုမှာမူသင်တို့သည်မယုံကြည်သူတို့ နှင့်အတူယင်းသို့အပျော်ကြူး၍ စည်းမဲ့ ကမ်းမဲ့သက်ရှင်လှုပ်ရှားမှုများတွင်မပါဝင် ကြတော့ပေ။ သို့ဖြစ်၍သူတို့သည်အံ့သြ လျက်သင်တို့ကိုစော်ကားပြောဆိုကြ၏။- 5 ၅) ဤသို့ပြုကြသည့်အတွက်သူတို့သည်အသက် ရှင်သူနှင့်သေသူများအား တရားစီရင်ရန် အသင့်ရှိနေတော်မူသောဘုရားသခင်၏ ထံတော်၌စစ်ဆေးစီရင်ခြင်းကိုခံရလတ္တံ့။- 6 ၆) ဤအကြောင်းကြောင့်သေလွန်သူတို့သည်ဘုရား သခင်ဝိညာဉ်အားဖြင့်အသက်ရှင်နိုင်ကြစေ ရန် သူတို့အားသတင်းကောင်းကိုကြေညာရ ခြင်းဖြစ်၏။ ထိုသူတို့သည်ကာယအားဖြင့် အသက်ရှင်စဉ်အခါကလူတိုင်းနည်းတူ အပြစ်စီရင်ခြင်းကိုခံခဲ့ရသူများဖြစ် သည်။ 7 ၇) အမှုအရာခပ်သိမ်းတို့အတွက်နောက်ဆုံး သောအချိန်နီးကပ်လာပြီဖြစ်၍ သင်တို့သည် ဆုတောင်းနိုင်ကြရန် မိမိတို့၏စိတ်ကိုထိန်း ချုပ်လျက်နိုးနိုးကြားကြားရှိရကြမည်။- 8 ၈) အထူးသဖြင့်အချင်းချင်းအားအမှန်တကယ် ချစ်ရကြမည်။ အဘယ်ကြောင့်ဆိုသော်မေတ္တာ သည်များစွာသောအပြစ်တို့ကိုဖုံးအုပ်စေ နိုင်သောကြောင့်ဖြစ်၏။- 9 ၉) သင်တို့သည်မညည်းမညူဘဲအချင်းချင်း အားကျေပွန်စွာဧည့်ဝတ်ပြုကြလော့။- 10 ၁၀) သင်တို့အားလုံးပင်လျှင်ဝိညာဉ်ဆုကျေးဇူး တစ်ပါးပါးကိုခံယူရရှိကြ၏။ သင်တို့သည် ဘုရားသခင်၏ဆုကျေးဇူးတော်အမျိုးမျိုး ကိုထိန်းသိမ်းစောင့်ရှောက်ရသူများအနေဖြင့် မိမိတို့ခံယူရရှိသည့်ဆုကျေးဇူးတော်ကို အချင်းချင်းတို့၏အကျိုးအတွက်အသုံး ပြုကြလော့။- 11 ၁၁) တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။ (aiōn g165) 12 ၁၂) ချစ်ဆွေတို့၊ သင်တို့၏ယုံကြည်ခြင်းကိုစစ် ဆေးရန်အတွက် ယခုသင်တို့ပြင်းပြစွာစုံစမ်း နှောင့်ယှက်ခြင်းကိုခံနေရကြသည်ကိုမအံ့ သြကြနှင့်။ ထိုအမှုအရာများသည်သင်တို့ အတွက်မထူးဆန်းပေ။- 13 ၁၃) အံ့သြနေမည့်အစားသင်တို့သည်ခရစ်တော် ၏ဝေဒနာတော်များကိုကိုယ်တော်နှင့်အတူ ပါဝင်ခံစားရကြသဖြင့်ဝမ်းမြောက်ကြ လော့။ သို့မှသာကိုယ်တော်၏ဘုန်းအသရေ တော်ပေါ်လွင်ထင်ရှားသောအခါသင်တို့သည် အလွန်ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။- 14 ၁၄) သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် သောကြောင့်စော်ကားခြင်းခံရသောအခါမင်္ဂ လာရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ခံရသောအချိန်၌ ဘုရားသခင်၏ဝိညာဉ် တော်တည်းဟူသောဘုန်းအသရေတော်နှင့် ပြည့်ဝသည့်ဝိညာဉ်တော်သည် သင်တို့အပေါ် သို့သက်ရောက်လျက်နေတော်မူသောကြောင့် ဖြစ်၏။- 15 ၁၅) သင်တို့တွင်မည်သူတစ်စုံတစ်ယောက်မျှလူသတ် မှု၊ ခိုးမှု၊ ရာဇဝတ်မှုသို့မဟုတ်သူတစ်ပါး၏ ကိစ္စတွင်ဝင်ရောက်စွက်ဖက်မှုဖြင့်ပြစ်ဒဏ်မခံ ရစေနှင့်။- 16 ၁၆) သို့ရာတွင်ခရစ်ယာန်ဖြစ်သောကြောင့်ပြစ် ဒဏ်ခံရပါမူကားရှက်စရာအကြောင်းမရှိ။ ခရစ်တော်၏နာမကြောင့်ခံရလျှင်ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်း၏။ 17 ၁၇) တရားစီရင်တော်မူရာအချိန်သည်ကျရောက် လာလေပြီ။ ဘုရားသခင်၏လူစုတော်ဝင်တို့ သည်တရားစီရင်တော်မူခြင်းကိုပထမ ဦးစွာခံရကြမည်။ ငါတို့သည်ဦးစွာတရား စီရင်တော်မူခြင်းခံရကြလျှင်ဘုရားသခင် ၏သတင်းကောင်းကိုမယုံကြည်သူတို့မည် သို့ဖြစ်လိမ့်မည်နည်း။- 18 ၁၈) ကျမ်းစာတော်ကဖော်ပြသည်နှင့်အညီ ``အကယ်၍သူတော်ကောင်းများပင်လျှင် ကယ်တင်ခြင်းခံရရန်ခက်ခဲပါမူ ဘုရားတရားမဲ့သည့်အပြစ်ကူးသူတို့အဖို့ မည်သို့ဖြစ်လိမ့်မည်နည်း'' 19 ၁၉) သို့ဖြစ်၍ဘုရားသခင်၏အလိုတော်နှင့် အညီဆင်းရဲခံရကြသူတို့သည်အကျင့် ကောင်းကိုပြုလျက် မိမိတို့အားဖန်ဆင်းတော် မူ၍သစ္စာတည်တော်မူသောအရှင်၏လက် တော်သို့မိမိတို့ကိုယ်ကိုအပ်နှံကြစေ။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!