< ၃ ဓမ္မရာဇဝင် 9 >
1 ၁ ရှောလမုန်မင်းသည်ဗိမာန်တော်၊ နန်းတော်မှ စ၍ဆောက်လုပ်လိုသမျှသော အဆောက်အအုံ များကိုဆောက်လုပ်ပြီးသောအခါ၊-
၁ရှောလမုန် သည် ဗိမာန် တော်နှင့် နန်း တော်ကို လက်စသတ် ၍ ၊ မိမိအလို ဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊
2 ၂ ထာဝရဘုရားသည်ဂိဗောင်မြို့မှာကဲ့သို့ သူ့ အားထင်ရှား၍ဗျာဒိတ်ပေးတော်မူပြန်၏။-
၂ထာဝရဘုရား သည် ဂိဗောင် မြို့၌ ထင်ရှား တော်မူသကဲ့သို့ ၊ ဒုတိယ အကြိမ်၌ ထင်ရှား တော်မူလျက်၊
3 ၃ ထာဝရဘုရားက``ငါသည်သင်၏ဆုတောင်း ပတ္ထနာကိုကြားတော်မူပြီ။ သင်ဆောက်လုပ်သည့် ဤဗိမာန်တော်ကိုငါ့အားထာဝစဉ်ဝတ်ပြု ကိုးကွယ်ရာဌာနတော်အဖြစ်ငါသီးသန့်၍ ထား၏။ ဤဗိမာန်တော်ကိုအခါခပ်သိမ်း ငါကြည့်ရှုစောင့်ရှောက်မည်။-
၃သင်သည် ငါ့ ရှေ့ မှာဆုတောင်း ပဌနာပြုသော စကားကို ငါကြား ပြီ။ သင်တည်ဆောက် သော ဤ အိမ် ကို သန့်ရှင်း စေ၍၊ ငါ့ နာမ ကို အစဉ် တည် စေမည်။ အစဉ် ငါ ကြည့်ရှု လျက် နှလုံး စွဲလမ်းလျက် နေ မည်။
4 ၄ သင်သည်သင်၏ခမည်းတော်ဒါဝိဒ်ကဲ့သို့ရိုးသား ဖြောင့်မတ်စွာ ငါ၏အမှုတော်ကိုထမ်းဆောင်၍ ငါ ၏ပညတ်တော်တို့ကိုစောင့်ထိန်းလျက် ငါ၏ အမိန့်တော်မှန်သမျှကိုလိုက်နာလျှင်၊-
၄သင် သည် ငါမှာ ထားသမျှ ကိုပြု ၍၊ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ၊ သင့် အဘ ဒါဝိဒ် ကဲ့သို့ဖြောင့်မတ် စုံလင်သောစိတ် သဘောနှင့် ငါ့ ရှေ့ မှာ ကျင့် နေလျှင်၊
5 ၅ သင်၏ခမည်းတော်ဒါဝိဒ်အားဣသရေလရာဇ ပလ္လင်ထက်စံရသော သူ၏အမျိုးမင်းရိုးမပြတ် စေရဟုငါပေးခဲ့သည့်ကတိအတိုင်းငါပြု မည်။-
၅ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင်ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု သင့် အဘ ဒါဝိဒ် အား ငါဂတိ ရှိသည်အတိုင်း ၊ သင် ထိုင်ရသောဣသရေလ နိုင်ငံ ၏ရာဇ ပလ္လင်ကို အစဉ် ငါတည် စေမည်။
6 ၆ သို့ရာတွင်အကယ်၍သင်သို့မဟုတ်သင်၏သား မြေးများငါ့နောက်သို့မလိုက်ဘဲ ငါပေးအပ်သည့် ပညတ်တော်များနှင့်အမိန့်တော်များကိုမလိုက် နာဘဲအခြားဘုရားတို့ကိုကိုးကွယ်ဝတ်ပြု ကြမည်ဆိုပါမူ၊-
၆သို့မဟုတ် သင် နှင့် သင် ၏သား မြေးတို့သည် ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲလျက် ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့် ၊ အခြား တပါးသော ဘုရား ထံသို့သွား ၍ ဝတ်ပြု ကိုးကွယ် လျှင်၊
7 ၇ ငါသည်ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အား ငါပေးထားသည့်ပြည်မှဖယ်ရှား မည်။ ငါ့အားဝတ်ပြုကိုးကွယ်ရန်အတွက်သီး သန့်ထားသည့်ဤဗိမာန်တော်ကိုလည်းငါစွန့် မည်။ ထိုအခါအရပ်တကာရှိလူတို့သည် ဣသရေလအမျိုးကိုကဲ့ရဲ့ပြောင်လှောင် ကြလိမ့်မည်။-
၇ဣသရေလ အမျိုးကို ငါပေး သော ပြည် မှ ငါပယ်ဖြတ် မည်။ ငါ့ နာမ ဘို့ ငါသန့်ရှင်း စေသော ဤအိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ ဣသရေလ အမျိုးသည် လည်း တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာ ကဲ့ရဲ့ ရာဖြစ် ရ လိမ့်မည်။
8 ၈ ဤဗိမာန်တော်သည်လည်းယိုယွင်းပျက်စီး သည့်အဆောက်အအုံဖြစ်လာလိမ့်မည်။ ယင်း ၏အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်အံ့အားသင့်လျက်`ထာဝရဘုရားသည် အဘယ်ကြောင့်ဤပြည်နှင့် ဤဗိမာန်တော်ကို ဤသို့ပြုတော်မူပါသနည်း' ဟုမေးမြန်း ကြလိမ့်မည်။-
၈အရပ်မြင့် သော ဤ အိမ် တော်ကိုလည်း လမ်း၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၍ ၊ ထာဝရဘုရား သည် ဤ ပြည် နှင့် ဤ အိမ် ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု ကဲ့ရဲ့ သံကိုပြုလျက် တယောက်မေးမြန်း သော်၊
9 ၉ ထိုအခါလူတို့ကဤသူတို့သည်မိမိတို့ ဘိုးဘေးများအား`အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောဘုရားသခင်ထာဝရဘုရား ကိုစွန့်၍ အခြားဘုရားများထံမှီဝဲဆည်း ကပ်ကြသောကြောင့် ထာဝရဘုရားသည်သူ တို့အပေါ်ဘေးဆိုးကိုသင့်ရောက်စေတော်မူ ခြင်းဖြစ်သည်' ဟုပြန်လည်ဖြေကြားကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
၉တယောက်က၊ သူ တို့၏ ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော သူ တို့ ၏ ဘုရားသခင် ထာဝရဘုရား ကို သူတို့သည်စွန့် ၍ အခြား တပါးသောဘုရား ကို မှီဝဲ လျက် ဝတ်ပြု ကိုးကွယ် ကြသောကြောင့် ၊ ထာဝရဘုရား သည် ဤ အမှု အလုံးစုံ ကို ရောက် စေတော်မူကြောင်း ကို ပြန် ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
10 ၁၀ ရှောလမုန်မင်းသည် ဗိမာန်တော်နှင့်နန်းတော် ကိုတည်ဆောက်ရာတွင် အနှစ်နှစ်ဆယ်တိုင်တိုင် ကြာလေသည်။-
၁၀ရှောလမုန် သည် ဗိမာန် တော်နှင့် နန်း တော်တည်းဟူသောအိမ် တော်နှစ် ဆောင်ကို တည်ဆောက် ၍ အနှစ် နှစ် ဆယ်စေ့သောအခါ၊
11 ၁၁ တုရုဘုရင်ဟိရံသည်ရှောလမုန်၏တည်ဆောက် ရေးအတွက် လိုသမျှသောသစ်ကတိုးသား၊ ထင်း ရှူးသားနှင့်ရွှေကိုပေးပို့လေသည်။ တည်ဆောက် ရေးပြီးဆုံးချိန်၌ရှောလမုန်မင်းသည်ဟိရံ အားဂါလိလဲနယ်မြေရှိမြို့နှစ်ဆယ်ကိုပေး တော်မူ၏။-
၁၁တုရု မင်းကြီး ဟိရံ သည် ရှောလမုန် လိုချင် သမျှ အတိုင်း အာရဇ် သစ်သား ၊ ထင်းရူး သစ်သား နှင့် ရွှေ အခွက် တရာ နှစ် ဆယ်ကိုပေး နှင့်သည် ဖြစ်၍၊ ရှောလမုန် မင်းကြီး သည် ဂါလိလဲ ပြည် ၌ မြို့ နှစ် ဆယ်ကို ဟိရံ မင်းကြီးအား ပေး ၏။
12 ၁၂ ဟိရံသည်ထိုမြို့များသို့သွားရောက်ကြည့်ရှု ပြီးနောက် မနှစ်သက်သဖြင့်ရှောလမုန်မင်း အား``အဆွေတော်ပေးသည့်မြို့များကား အဘယ်သို့သောမြို့များနည်း'' ဟုဆိုသည် ကို၊-
၁၂ရှောလမုန် ပေး သော မြို့ တို့ကို ဟိရံ သည် တုရု မြို့ မှ လာ ၍ ကြည့်ရှု သောအခါ အား မ ရ။
13 ၁၃ အစွဲပြု၍ထိုအရပ်ကိုကာဗုလဟူ၍ ယခုတိုင်အောင်သမုတ်ကြလေသည်။-
၁၃ငါ့ ညီ ၊ ငါ့ အား ပေး သော မြို့ တို့သည် အဘယ်သို့ သောမြို့နည်းဟု ဆို လျက်၊
14 ၁၄ ဟိရံသည်ရှောလမုန်အားရွှေချိန်လေးတန် နီးပါးပေးပို့ခဲ့သတည်း။
၁၄ထိုအရပ်ကို ကာဗုလ ဟူ၍ယနေ့ တိုင်အောင် သမုတ် သတည်း။
15 ၁၅ ရှောလမုန်မင်းသည်ဗိမာန်တော်နှင့်နန်းတော်တည် ဆောက်မှုတွင်လည်းကောင်း၊ မြို့၏အရှေ့ပိုင်း၌မြေ ဖို့လုပ်ရာတွင်လည်းကောင်း၊ မြို့ရိုးတည်ဆောက် ရာတွင်လည်းကောင်း ချွေးတပ်ကိုအသုံးပြုတော် မူ၏။ မင်းကြီးသည်ချွေးတပ်ဖြင့်ပင်လျှင်ဟာဇော် မြို့၊ မေဂိဒ္ဒေါမြို့နှင့်ဂေဇာမြို့တို့ကိုလည်းပြန် လည်တည်ဆောက်တော်မူ၏။-
၁၅ရှောလမုန် မင်းကြီး သည် ငွေခွဲ ရသော အကြောင်း ဟူမူကား ၊ ဗိမာန် တော်၊ နန်း တော်၊ မိလ္လော မြို့၊ ယေရုရှလင် မြို့ရိုး ၊ ဟာဇော် မြို့၊ မေဂိဒ္ဒေါ မြို့ ဂေဇာ မြို့တို့ကို တည်ဆောက် ခြင်းငှါ ငွေခွဲရသတည်း။
16 ၁၆ (အီဂျစ်ဘုရင်သည်ဂေဇာမြို့ကိုတိုက်ခိုက်သိမ်း ယူပြီးလျှင် မြို့သူမြို့သားတို့ကိုသတ်၍မြို့ကို မီးရှို့ပစ်လေသည်။ ထို့နောက်သမီးတော်အား ရှောလမုန်နှင့်ထိမ်းမြားမင်္ဂလာပြုချိန်၌ထို မြို့ကိုလက်ဖွဲ့တော်မူ၏။-
၁၆ဂေဇာ မြို့ကိုကား၊ အဲဂုတ္တု ဖာရော ဘုရင် သည် စစ်ချီ ၍ တိုက်ယူ မီး ရှို့ သဖြင့် ၊ မြို့ သားခါနာနိ လူတို့ကို လုပ်ကြံ ပြီးမှ ၊ မိမိ သမီး ၊ ရှောလမုန် ၏ ခင်ပွန်း အား လက်ဆောင် ပေး နှင့်လေပြီ။
17 ၁၇ သို့ဖြစ်၍ရှောလမုန်သည်ဂေဇာမြို့ကိုပြန် လည်တည်ဆောက်တော်မူခြင်းဖြစ်၏။) ရှော လမုန်သည်အောက်ဗေသောရုန်မြို့၊-
၁၇သို့ဖြစ်၍ ဂေဇာ မြို့ကို ရှောလမုန် တည် လေ၏။ ထိုမှတပါး ၊ အောက် ဗေသောရုန် မြို့၊
18 ၁၈ ဗာလက်မြို့၊ ယုဒပြည်တောကန္တာရရှိတာ ဒမော်မြို့တို့ကိုလည်းကောင်း၊-
၁၈ဗာလက် မြို့၊ တော အရပ်၊ ပြည် ထဲမှာ တာဒမော် မြို့တို့ကိုလည်း တည်လေ၏။
19 ၁၉ ရိက္ခာသိုလှောင်ရာမြို့များ၊ မြင်းများ၊ စစ်ရထား များ၊ စခန်းမြို့များကိုလည်းကောင်း၊ ယေရု ရှလင်မြို့၊ လေဗနုန်တောင်ပေါ်နှင့်နိုင်ငံတော် အတွင်းအခြားဒေသများတွင် မိမိဆောက် လုပ်လိုသမျှသောအဆောက်အအုံများကို လည်းကောင်းချွေးတပ်ဖြင့်ပင်တည်ဆောက်တော် မူ၏။-
၁၉ဘဏ္ဍာ တော် သိုထားသောမြို့ များ၊ ရထား တော်ထိန်းသောမြို့ များ၊ မြင်း တော်ကျွေးသောမြို့ များ၊ ယေရုရှလင် မြို့ပတ်လည်၊ လေဗနုန် တောင်ပေါ် ၊ နိုင်ငံ တော်အရပ်ရပ် ၌ တည်ချင် သော မြို့များတို့ကိုလည်း တည် လေ၏။
20 ၂၀ ရှောလမုန်သည်ခါနာန်ပြည်ကိုဣသရေလ အမျိုးသားတို့သိမ်းယူစဉ်အခါက မသတ် ဘဲထားခဲ့သည့်ခါနာန်အမျိုးသားများမှ ဆင်းသက်လာသူတို့ကိုမိမိ၏ချွေးတပ် အဖြစ်အသုံးပြုလေသည်။ ထိုသူတို့အထဲ တွင်အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိနှင့်ယေ ဗုသိအမျိုးသားတို့ပါဝင်ကြ၏။ ထိုသူ တို့၏သားမြေးများသည်ယနေ့တိုင်အောင် ဆက်လက်၍ကျွန်ခံနေရကြသတည်း။-
၂၀ဣသရေလ အမျိုးသား အကုန်အစင်မ ဖျက်ဆီး နိုင် သောကြောင့်၊
၂၁ပြည် တော်၌ ကျန်ကြွင်း သော တပါးအမျိုးသား ၊ အာမောရိ ၊ ဟိတ္တိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိ အမျိုးအနွယ်သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့ တိုင်အောင် လူခွဲ ၍ ကျွန် ခံစေ၏။
22 ၂၂ ရှောလမုန်သည်ယုဒအမျိုးသားတို့ကိုမူ ကျွန်ခံစေတော်မမူ။ သူတို့သည်စစ်သူရဲ များ၊ မှူးမတ်များ၊ စစ်ရထားမှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့်အမှုထမ်း ရကြလေသည်။
၂၂ဣသရေလ အမျိုးသား တို့ကိုကား၊ ရှောလမုန် သည် ကျွန် မ ခံစေ။ စစ်သူရဲ ၊ အမှု တော်စောင့်၊ မှူးမတ် ၊ စစ်ကဲ ၊ ရထား တော်အုပ် ၊ မြင်း တော်အုပ်အရာ၌ ခန့်ထားတော်မူ၏။
23 ၂၃ ရှောလမုန်၏ဆောက်လုပ်ရေးစီမံကိန်းများတွင် လုပ်ကိုင်နေသောချွေးတပ်သားတို့အပေါ်ကြီး ကြပ်အုပ်ချုပ်ရေးမှူးငါးရာငါးဆယ်ရှိသတည်း။
၂၃တည်ဆောက်ခြင်းအမှု တော်ကို စီရင်သောသူ အမှုတော်အုပ် ငါး ရာ ငါး ဆယ်ရှိ၏။
24 ၂၄ ထို့နောက်ရှောလမုန်သည် အီဂျစ်ဘုရင်၏သမီး တော်ကိုသူ၏အတွက် မိမိဆောက်လုပ်ပေးသည့် စံနန်းသို့ဒါဝိဒ်မြို့မှခေါ်ဆောင်လာပြီး နောက် မြို့၏အရှေ့ပိုင်းတွင်မြေဖို့တော်မူ၏။
၂၄ဖာရော ရှင်ဘုရင်၏ သမီး တော်သည် ဒါဝိဒ် မြို့ မှ ထွက် ၍၊ သူ့ အဘို့ ရှောလမုန်တည်ဆောက် သော နန်း တော် သို့ ပြောင်းပြီးမှ ၊ ရှောလမုန်သည် မိလ္လော မြို့ကို ပြုပြင် လေ၏။
25 ၂၅ ရှောလမုန်သည်ထာဝရဘုရားအတွက် မိမိ တည်ဆောက်ထားသည့်ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုတစ် နှစ်လျှင်သုံးကြိမ်ပူဇော်လေသည်။ ထာဝရ ဘုရားအားနံ့သာပေါင်းကိုလည်းမီးရှို့ပူ ဇော်တော်မူ၏။ သို့ဖြစ်၍သူသည်ဗိမာန် တော်တည်ဆောက်မှုကိုအပြီးသတ်တော်မူ သတည်း။
၂၅ထာဝရဘုရား အဘို့ တည် သော ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် တို့ကို တနှစ်တနှစ် လျှင် သုံး ကြိမ် ပူဇော် ၍၊ ထာဝရဘုရား ရှေ့ တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာနံ့သာပေါင်းကို မီးရှို့ သဖြင့် အိမ် တော်ကို လက်စသတ် လေ၏။
26 ၂၆ ရှောလမုန်မင်းသည်ဧဒုံပြည်၊ ဧလုတ်မြို့အနီး အကွာဗာပင်လယ်ကွေ့ကမ်းခြေပေါ်ရှိဧဇယုန် ဂါဗာမြို့တွင်သင်္ဘောများကိုလည်းတည်ဆောက် လေသည်။-
၂၆တဖန် ရှောလမုန် မင်းကြီး သည် ဧဒုံ ပြည် တွင် ၊ ဧဒုံ ပင်လယ် ကမ်းနား ၌ ၊ ဧလုတ် မြို့နှင့် နီးစပ် သော ဧဇယုန်ဂါဗာ မြို့မှာ သင်္ဘော တို့ကို တည်လုပ် ၏။
27 ၂၇ ဟိရံမင်းသည်လည်းအလုပ်ရည်ဝသည့်သင်္ဘော သားအချို့ကို ရှောလမုန်၏လူတို့နှင့်အတူ အမှုထမ်းရန်ပေးပို့တော်မူ၏။-
၂၇ပင်လယ် ကူးသော အမှုကိုနားလည် သော မိမိ ကျွန် ၊ သင်္ဘော သားတို့ကို ဟိရံ မင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန် ၏ လူ တို့နှင့်အတူ စီးစေ၏။
28 ၂၈ သူတို့သည်သြဖိရမြို့သို့သင်္ဘောလွှင့်ကြ ပြီးနောက် ရွှေအချိန်တစ်ဆယ့်ခြောက်တန် နီးပါးကိုရှောလမုန်ထံသို့ယူဆောင်လာ ကြ၏။
၂၈သူတို့သည် ဩဖိရ မြို့သို့ သွား ၍ ရွှေ အခွက် လေး ရာ နှစ် ဆယ်ကို ရှောလမုန် မင်းကြီး ထံသို့ ဆောင် ခဲ့ ကြ၏။