< ၃ ဓမ္မရာဇဝင် 8 >

1 ရှော​လ​မုန်​မင်း​သည် ထာ​ဝရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဇိ​အုန်​တည်း​ဟူ​သော​ဒါ​ဝိဒ်​မြို့ မှ ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​ရန်​အ​တွက် ဣ​သ​ရေ​လ ခေါင်း​ဆောင်​များ​ဖြစ်​သည့်​အ​နွယ်​ခေါင်း​ဆောင်​များ နှင့်​သား​ချင်း​စု​ခေါင်း​ဆောင်​များ​အား အ​ထံ​တော် သို့​ဆင့်​ခေါ်​တော်​မူ​၏။-
ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဇိအုန် မည်သော ဒါဝိဒ် မြို့ မှ ဆောင် ခဲ့ လိုသောငှါ ၊ ရှောလမုန် သည် ဣသရေလ အမျိုးအသက်ကြီး သူအပေါင်းတို့နှင့် ဣသရေလ အဆွေအမျိုးအသီးအသီး ကို အုပ်သော ခေါင်း မင်း အပေါင်း တို့ကို ယေရုရှလင် မြို့၊ ရှင်ဘုရင် ထံ သို့ခေါ် တော်မူသည်အတိုင်း၊
2 ထို​သူ​အ​ပေါင်း​တို့​သည်​ဧ​သ​နိမ်​အ​မည်​တွင် သော​သတ္တ​မ​လ​၌ ကျင်း​ပ​သည့်​သစ်​ခက်​တဲ​နေ ပွဲ​တော်​သို့​လာ​ရောက်​စု​ဝေး​ကြ​၏။-
ဣသရေလ လူ အပေါင်း တို့သည် ဧသနိမ် အမည် ရှိသောသတ္တမ လ ၌လုပ်သောပွဲ အတွင်း တွင် ရှောလမုန် မင်းကြီး ထံ သို့စုဝေး ရောက်လာကြ၏။
3 ခေါင်း​ဆောင်​အ​ပေါင်း​တို့​လာ​ရောက်​စု​ဝေး​ကြ သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပဋိညာဉ် သေတ္တာ​တော်​ကို​ထမ်း​၍၊-
ဣသရေလ အမျိုးတွင် အသက်ကြီး သူအပေါင်း တို့သည်လာ ၍ ၊ ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း လျက်၊
4 ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​နှင့်​တဲ​တော် တန်​ဆာ​များ​ကို​လည်း ဗိ​မာန်​တော်​သို့​သယ် ဆောင်​ကြ​၏။-
ပရိသတ်စည်းဝေး ရာ တဲ တော်၊ တဲ တော်နှင့် ဆိုင်၍ သန့်ရှင်း သော တန်ဆာ အလုံးစုံ တို့ကို ယဇ် ပုရောဟိတ်များနှင့် လေဝိ သားများတို့သည် ဆောင် ခဲ့ကြ၏။
5 ရှော​လ​မုန်​မင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​၌​စု​ဝေး​၍ မ​ရေ​တွက်​နိုင်​အောင်​များ​ပြား​သည့်​သိုး​နွား များ​ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။-
ရှောလမုန် မင်းကြီး မှစ၍ စည်းဝေး သော ဣသရေလ ပရိသတ် အပေါင်း တို့သည် မ ရေတွက် နိုင်။ အတိုင်း မ သိများစွာ သော သိုး နွား တို့ကို သေတ္တာ တော်ရှေ့ မှာ ယဇ် ပူဇော်ကြ၏။
6 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ ခေ​ရု​ဗိမ် တို့​၏​အ​တောင်​များ​အောက်​တွင်​ထား​ကြ​၏။-
ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်း ရာဌာနတည်းဟူသောဗျာဒိတ် ဌာနတော် ထဲ မှာ ခေရုဗိမ် အတောင် တို့အောက် ၊ သူ့ နေရာ ၌ ထား ကြ ၏။
7 ခေ​ရု​ဗိမ်​တို့​၏​အ​တောင်​များ​သည်​ပ​ဋိ​ညာဉ် သေတ္တာ​အ​ပေါ်​သို့​ဖြန့်​လျက် သေတ္တာ​တော်​နှင့် ထမ်း​ပိုး​များ​ကို​ပါ​လွှမ်း​မိုး​ထား​လေ​သည်။-
ခေရုဗိမ် တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာ တော်နေရာ အပေါ် မှာဖြန့် ၍ ၊ သေတ္တာ တော်နှင့် ထမ်းဘိုး တို့ကို လွှမ်းမိုး လျက် ရှိကြ၏။
8 ထမ်း​ပိုး​အ​စွန်း​တို့​ကို​ဗိ​မာန်​တော်​အ​လွန်​သန့် ရှင်း​ရာ​ဌာ​န​၏​ရှေ့​တည့်​တည့်​မှ​နေ​၍​တွေ့​မြင် နိုင်​၏။ သို့​ရာ​တွင်​အ​ခြား​အ​ဘယ်​နေ​ရာ​မှ နေ​၍​မ​မြင်​နိုင်။ (ထို​ထမ်း​ပိုး​တို့​သည်​ယ​နေ့ တိုင်​အောင်​ထို​နေ​ရာ​၌​ရှိ​နေ​၏။-)
ထမ်းဘိုး တို့ကို ဆွဲထား သဖြင့် ထမ်းဘိုး ဖျား တို့ သည် ပြင် ခန်း၌ မ ထင်။ သန့်ရှင်း ရာဌာန၊ ဗျာဒိတ် ဌာန တော်၌ သာထင် ၍ ယနေ့ တိုင်အောင် ရှိ ကြ၏။
9 အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​လာ​သော​အ​ခါ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ရာ​သိ​နာ​တောင် ၌​မော​ရှေ​ထည့်​ထား​ခဲ့​သည့်​ကျောက်​ပြား​နှစ် ချပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​အ​ရာ​မျှ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ထဲ​တွင်​မ​ရှိ။
ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် ၍၊ ထာဝရဘုရား သည် သူတို့နှင့် ပဋိညာဉ် ဖွဲ့တော်မူသောအခါ ၊ မောရှေ သည် ဟောရပ် အရပ်၌ ရှိစဉ် သွင်း ထား သော ကျောက်ပြား နှစ် ပြားမှတပါး သေတ္တာ တော်ထဲ ၌ အဘယ် အရာမျှမရှိ။
10 ၁၀ ဗိ​မာန်​တော်​ထဲ​မှ​ယဇ်​ပု​ရော​ဟိတ်​များ​ထွက် ခွာ​သွား​ကြ​စဉ် ဗိ​မာန်​တော်​သည်​မိုး​တိမ် ဖြင့်​ချက်​ချင်း​ပြည့်​၍​လာ​လေ​သည်။-
၁၀ယဇ် ပုရောဟိတ်တို့သည် သန့်ရှင်း ရာ ဌာနထဲက ထွက် ကြသောအခါ ၊ ထာဝရဘုရား ၏ အိမ် တော်သည် မိုဃ်းတိမ် နှင့်ပြည့် ၏။
11 ၁၁ ယင်း​သို့​ဗိ​မာန်​တော်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​လျက်​နေ သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည်​မိ​မိ​တို့ တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ရန် ဗိ​မာန် တော်​ထဲ​သို့​ပြန်​၍​မ​ဝင်​နိုင်​ကြ။-
၁၁ထိုသို့ ထာဝရဘုရား ၏ အိမ် တော်သည် ဘုန်း တော်နှင့်ပြည့် လျက်၊ မိုဃ်းတိမ် တော်ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှု တော်ကို ဆောင်ရွက်လျက် ရပ် ၍ မ နေနိုင် ကြ။
12 ၁၂ ထို​အ​ခါ​ရှော​လ​မုန်​က၊ ``အို ထာ​ဝရ​ဘု​ရား၊ကိုယ်​တော်​သည် မိုး​ကောင်း​ကင်​တွင်​နေ​ကို​ထား​ရှိ​တော်​မူ​သော်​လည်း၊ မိုး​တိမ်​တွင်​လည်း​ကောင်း၊မှောင်​မိုက်​တွင်​လည်း​ကောင်း စံ​ရန်​ရွေး​ချယ်​တော်​မူ​ပါ​၏။
၁၂ရှောလမုန် ကလည်း၊ ထာဝရဘုရား သည် ထူထပ် သော မှောင်မိုက်ထဲမှာ နေ တော်မူသည်ဟု စကား တော်ရှိ၏။
13 ၁၃ ယ​ခု​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​တွက် ဗိ​မာန်​တော်၊ကိုယ်​တော်​ထာ​ဝ​စဉ်​စံ​တော်​မူ​ရန်၊ ဌာ​န​တော်​ကို​တည်​ဆောက်​ပြီး​ပါ​ပြီ'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​၏။
၁၃အကယ်စင်စစ်ကိုယ်တော် ကျိန်းဝပ် တော်မူရာ အိမ် ၊ အစဉ်အမြဲ နေ တော်မူရာ ဌာန တော်ကို အကျွန်ုပ် တည်ဆောက် ပါပြီဟု မြွက်ဆို ၏။
14 ၁၄ လူ​အ​ပေါင်း​တို့​သည် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ စဉ် ရှော​လ​မုန်​မင်း​သည်​သူ​တို့​ဘက်​သို့​မျက်​နှာ​မူ ပြီး​လျှင်​သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​၏။-
၁၄တဖန် ရှင် ဘုရင်သည် လှည့် ကြည့်၍ ဣသရေလ အမျိုး ပရိသတ် အပေါင်း ကို ကောင်းကြီး ပေးတော်မူ၏။ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့သည် မတ်တပ် နေကြ၏။
15 ၁၅ ထို​နောက်​မင်း​ကြီး​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပြု​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို​တည် မြဲ​စေ​တော်​မူ​ပြီ။-
၁၅ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ဗျာဒိတ်တော်စကားဟူမူကား၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် သော နေ့ ကစ၍ ငါ့ နာမ တည်ရာ အိမ် ကိုဆောက် စေခြင်းငှါ ၊ ဣသရေလ ခရိုင် များတို့တွင်မြို့ တစုံတမြို့ ကို ငါမ ရွေး သေးသော်လည်း၊
16 ၁၆ ကိုယ်​တော်​က`ငါ​သည်​ငါ​၏​လူ​မျိုးတော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အ​ဘယ်​မြို့​ကို​မျှ​မ​ရွေး ချယ်​ခဲ့။ သို့​ရာ​တွင်​ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရန် သင့်​ကို​ရွေး​ချယ်​ပြီ' ဟု​ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။
၁၆ငါ ၏လူ ဣသရေလ အမျိုးသားတို့ကိုအုပ်စိုး စေခြင်းငှါ ၊ ဒါဝိဒ် ကို ငါရွေး ပြီဟု ငါ့ ခမည်းတော် ဒါဝိဒ် အား ဗျာဒိတ် တော်ရှိသည်အတိုင်းပြုတော်မူသော ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
17 ၁၇ ထို​နောက်​ဆက်​လက်​၍​ရှော​လ​မုန်​က``ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန် ဗိ​မာန်​တော်​ကို​တည်​ဆောက်​လို​သော် လည်း၊-
၁၇ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် ခြင်းငှါ ၊ ငါ့ ခမည်းတော် ဒါဝိဒ် သည် အကြံ ရှိ သောအခါ၊
18 ၁၈ ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင်​၏​အ​ကြံ အ​စည်​ကို​နှစ်​သက်​တော်​မူ​၏။-
၁၈ထာဝရဘုရား က၊ သင် သည် ငါ့ နာမ အဘို့ အိမ် တော်တည်ဆောက် ခြင်းငှါ အကြံ ရှိ သောကြောင့် ကောင်း သောအမှုကို ပြုပြီ။
19 ၁၉ သို့​ရာ​တွင်​သင်​သည်​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရ​မည်​မ​ဟုတ်။ သင်​၏​သား​တော်​တစ်​ပါး​သာ​လျှင် တည်​ဆောက်​ရ​မည်' ဟု​မိန့်​တော်​မူ​ခဲ့​၏။''
၁၉သို့သော်လည်း သင် သည် အိမ် တော်ကို မ ဆောက် ရ။ သင် ၏သားရင်း သည် ငါ့ နာမ အဘို့ အိမ် တော်ကို ဆောက် ရမည်ဟု ငါ့ ခမည်းတော် ဒါဝိဒ် အား မိန့် တော်မူ၏။
20 ၂၀ ``ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​က​တိ တော်​ကို​အ​ကောင်​အ​ထည်​ပေါ်​လွင်​စေ​တော်​မူ ပြီ။ ငါ​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး​လျှင် ဣ​သ ရေ​လ​အ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော် ကို​တည်​ဆောက်​၍​ပြီး​လေ​ပြီ။-
၂၀ထာဝရဘုရား သည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ ခမည်းတော် ဒါဝိဒ် ၏ အရိပ်အရာကိုခံရ ၍၊ ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ဣသရေလ နိုင်ငံ၏ ရာဇပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် လေပြီ။
21 ၂၁ ငါ​တို့​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​တော်​မူ​စဉ်​အ​ခါ​က သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​တော်​ဆိုင်​ရာ ကျောက်​ပြား​များ​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ထား​ရန်​နေ​ရာ​ကို​ဗိ​မာန်​တော်​တွင်​ပြင်​ဆင်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။
၂၁ငါ တို့ ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ၊ ထာဝရဘုရား နှုတ်ဆောင် သောအခါ ၊ သူ တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ကျောက်စာပါသော သေတ္တာ တော်ထားရာအရပ် ကို ထို အိမ်တော်၌ လုပ် လေပြီဟု မြွက်ဆို၏။
22 ၂၂ ထို့​နောက်​လူ​တို့​၏​ရှေ့​မှောက်​တွင်​ရှော​လ​မုန်​သည် ယဇ်​ပလ္လင်​ရှေ့​သို့​သွား​ရပ်​တော်​မူ​၏။ မင်း​ကြီး သည်​လက်​များ​ကို​မြှောက်​ချီ​လျက်၊-
၂၂တဖန် ရှောလမုန် သည် ထာဝရဘုရား ၏ ယဇ် ပလ္လင် ရှေ့ ၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ အလယ်မှာ နေ ၍ ၊ လက်ဝါး တို့ကို ကောင်းကင် သို့ ဖြန့် လျက်၊
23 ၂၃ ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​သော်​လည်း​ကောင်း​ကိုယ်​တော် နှင့်​တူ​သော​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည် ကိုယ်​တော့်​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ် တော်​ကို​စောင့်​ထိန်း​တော်​မူ​လျက် သူ​တို့​အား မေတ္တာ​က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။-
၂၃အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ အထက် ကောင်းကင် ဘုံနှင့်အောက် အရပ်မြေကြီး ပေါ် မှာ ကိုယ်တော် နှင့် တူသော ဘုရား တဆူမျှမ ရှိပါ။ ရှေ့ တော်၌ စိတ် နှလုံးအကြွင်းမဲ့ ကျင့် သော ကိုယ်တော် ၏ ကျွန် တို့အဘို့ ပဋိညာဉ် တရားနှင့် ကရုဏာ တရားကို စောင့်ရှောက် တော်မူပြီ။
24 ၂၄ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​နှင့်​အ​ညီ ပြု​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မိန့်​တော်​မူ​ခဲ့ သ​မျှ​တို့​ကို ယ​နေ့​အ​ကောင်​အ​ထည်​ပေါ် စေ​တော်​မူ​ပါ​ပြီ။-
၂၄အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထားတော်မူသောဂတိတော် ကိုမဖျက် ၊ မိန့်တော်မူသည်အတိုင်း ယနေ့ ပြု တော်မူပြီ။
25 ၂၅ `အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​သင်​၏​သား​မြေး​တို့​သည် သင့် ကဲ့​သို့​ငါ့​စ​ကား​ကို​ဂ​ရု​ပြု​၍​နား​ထောင်​ကြ လျှင် ဣ​သ​ရေ​လ​ပြည်​တွင်​အ​ဘယ်​အ​ခါ​မျှ သင်​၏​အ​မျိုး​မင်း​ရိုး​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ခဲ့​သည့်​က​တိ​တော်​အ​တိုင်း ယ​ခု​ပြု​တော်​မူ​ပါ။-
၂၅အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်က၊ သင်သည် ငါ့ ရှေ့ မှာကျင့် သကဲ့သို့ သင် ၏သား မြေးတို့သည် ငါ့ ရှေ့ မှာ ကျင့် လိုသောငှါ ၊ မိမိ တို့ သွားရာလမ်း ကို သတိပြု လျှင် ၊ ငါ့ မျက်မှောက် ၌ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထားတော်မူသောဂတိ တော်ကို ယခု စောင့် တော်မူ ပါ။
26 ၂၆ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ကိုယ် တော့်​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် ကတိ​တော်​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော် မူ​ရန်​လျှောက်​ထား​ပါ​၏။''
၂၆အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် အား မိန့် တော်မူသော စကား တော်ကို ယခု ပြည့်စုံ စေတော်မူပါ။
27 ၂၇ ``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ​နေ​တော်​မူ​ပါ မည်​လော။ ကောင်း​ကင်​ဘုံ​တစ်​ခု​လုံး​ပင်​လျှင်​ကိုယ် တော်​စံ​တော်​မူ​နိုင်​လောက်​အောင်​မ​ကျယ်​ဝန်း​ပါ။ သို့​ဖြစ်​၍​ကျွန်ုပ်​တည်​ဆောက်​သည့်​ဤ​ဗိမာန်​တော် သည် စံ​တော်​မူ​ရန်​အ​တွက်​မည်​သို့​ကျယ်​ဝန်း နိုင်​ပါ​မည်​နည်း။-
၂၇သို့ရာတွင် ဘုရားသခင် သည် မြေကြီး ပေါ် မှာ ဧကန် အမှန်ကျိန်းဝပ် တော်မူမည်လော။ ကောင်းကင် နှင့် ကောင်းကင် တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင် သည် ကိုယ်တော် ကို မ ဆံ့ မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် ကို အဘယ် ဆိုဘွယ်ရာရှိပါသနည်း။
28 ၂၈ အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ ယ​နေ့ အ​ကျွန်ုပ်​လျှောက်​ထား​ပန်​ကြား​ချက်​ကို​နား ညောင်း​တော်​မူ​ပါ။-
၂၈သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ ယနေ့ ကြွေးကြော် လျက် ပဌနာ ပြု၍ တောင်းလျှောက် သော စကားကို နားခံ နာယူတော်မူပါ။
29 ၂၉ ကိုယ်​တော်​အား​ဝတ်​ပြုကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ်​ရွေး​ချယ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​နေ့ ည​မ​ပြတ်​စောင့်​ထိန်း​ကြည့်​ရှု​တော်​မူ​ပါ။ ဤ ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​တောင်း လျှောက်​သော​အ​ခါ​နား​ညောင်း​တော်​မူ​ပါ။-
၂၉ဤမည်သောအရပ် ၌ ငါ့ နာမ တည် ရမည်ဟု မိန့် တော်မူသည်အတိုင်း၊ ဤအရပ် ဌာနနှင့် ဤ အိမ် တော်ကို နေ့ ညဉ့် မပြတ် ကြည့်ရှု၍၊ ကိုယ်တော် ကျွန် သည် ဤ အရပ် ဌာန၌ ဆုတောင်း သော စကား ကို နားထောင် တော်မူပါ။
30 ၃၀ ဤ​ဌာ​န​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​နှင့် ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​ဆု​တောင်း​သော အ​ခါ​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော် မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​အ​ကျွန်ုပ်​တို့​၏ လျှောက်​ထား​ချက်​ကို​နား​ညောင်း​လျက် အ​ကျွန်ုပ် တို့​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''
၃၀ကိုယ်တော် ကျွန် မှစ၍ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ဤ အရပ် ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ ၊ ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် ၍ အပြစ် မှလွှတ်တော်မူပါ။
31 ၃၁ ``လူ​တစ်​ယောက်​သည် အ​ခြား​သူ​တစ်​ယောက်​အား ပြစ်​မှား​မှု​နှင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သ​ဖြင့် မိ​မိ​တွင် အ​ပြစ်​မ​ရှိ​ကြောင်း​ဤ​ဗိ​မာန်​တော်​ရှိ​ကိုယ်​တော် ၏​ယဇ်​ပလ္လင်​တော်​ရှေ့​၌​ကျမ်း​ကျိန်​သော​အ​ခါ၊-
၃၁လူ သည် မိမိ အိမ်နီးချင်း ကို ပြစ်မှား သောကြောင့် ၊ အကျိန် ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤ အိမ် တော်၌ ကိုယ်တော် ၏ယဇ် ပလ္လင်ရှေ့ မှာ အကျိန် တိုက်လျှင်၊
32 ၃၂ အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​က​နေ​၍​နား ထောင်​တော်​မူ​ပြီး​လျှင် ကိုယ်​တော်​၏​အ​စေ​ခံ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ပါ။ အ​ပြစ်​ရှိ​သူ​အား ထိုက်​လျောက်​ရာ​အ​ပြစ်​ကို​ပေး​တော်​မူ​၍ အ​ပြစ် မဲ့​သူ​အား​အ​ပြစ်​မှ​လွတ်​စေ​တော်​မူ​ပါ။''
၃၂ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ မ တရားသောသူသည် မိမိ အပြစ်နှင့်အလျောက်ရှုံး စေခြင်းငှါ ၎င်း ၊ ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်း နှင့်အလျောက် အကျိုးကိုခံရ ၍ အပြစ် မှလွတ်စေခြင်းငှါ ၎င်း၊ ကိုယ်တော် ကျွန် တို့ကို တရား စီရင်တော်မူပါ။
33 ၃၃ ``ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သည့်​အ​တွက်​ရန်​သူ့ လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​သော​အ​ခါ ဤ​ဗိ​မာန် တော်​သို့​လာ​၍၊ မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ရန် နှိမ့်​ချ​သော​စိတ်​နှင့်​အ​ထံ​တော်​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​ကြ​လျှင်၊-
၃၃ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ပြစ်မှား သောအပြစ်ကြောင့် ရန်သူ ရှေ့ မှာ ရှုံး ရသောအခါ ၊ ကိုယ်တော် ထံသို့ ပြန် လာ၍ ၊ နာမ တော်ကိုဝန်ခံ လျက် ၊ ဤ အိမ် တော်ကို မှီခို လျက် ဆုတောင်း ပဌနာပြုလျှင်၊
34 ၃၄ ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ​ပါ။ ကိုယ် တော်​၏​လူ​မျိုး​တော်​ကို​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​၍ ဘိုး​ဘေး​တို့​ကို​ပေး​တော်​မူ​သည့်​ပြည်​တော်​သို့ သူ​တို့​အား​ပြန်​၍​ပို့​ဆောင်​တော်​မူ​ပါ။''
၃၄ကောင်းကင် ဘုံ၌ နားထောင် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့ကို အပြစ် မှလွှတ် တော်မူပါ။ ဘိုးဘေး တို့အား ပေး သနားတော်မူသော ပြည် သို့ တဖန် ပို့ဆောင်တော်မူပါ။
35 ၃၅ ``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကိုယ် တော်​ကို​ပြစ်​မှား​သည့်​အ​တွက်​ဆုံး​မ​တော်​မူ ရန်​မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ သူ​တို့​သည် နောင်​တ​ရ​၍​ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် နှိမ့်​ချ​သော​စိတ်​နှင့်​အ​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​လျှင်၊-
၃၅ကိုယ်တော် ကို ပြစ်မှား သော အပြစ်ကြောင့် မိုဃ်း မ ရွာ၊ မိုဃ်းခေါင် သဖြင့် ကိုယ်တော်သည် ဆုံးမ တော်မူ သောအခါ ၊ သူတို့သည် ဤ အရပ် ဌာနတော်ကို မှီခိုလျက် ဆုတောင်း ၍ ၊ နာမ တော်ကိုဝန်ခံ လျက် မိမိ ဒုစရိုက် ကို စွန့်ပယ် လျှင်၊ 36ကောင်းကင် ဘုံ၌နားထောင် ၍ ၊ ကိုယ်တော် ၏ ကျွန် ၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးတို့ကို အပြစ် မှ လွှတ် တော်မူပါ။ သူတို့လိုက် ရသော လမ်း ကောင်း ကို ပြညွှန် ၍ ၊ ကိုယ်တော် ၏လူ တို့အား အမွေ ပေး သော မြေ ပေါ် မှာ မိုဃ်းရွာ စေတော်မူပါ။
36 ၃၆ ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော​လမ်း​မှန်​ကို​ညွှန်​ပြ​တော် မူ​ပါ။ ထို့​နောက်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ၏​လူ​မျိုး​တော်​အား​အ​ပိုင်​ပေး​သ​နား​တော်​မူ သည့်​ပြည်​တော်​တွင်​မိုး​ရွာ​စေ​တော်​မူ​ပါ။''
၃၆ပြည် တော်၌ အစာအာဟာရခေါင်းပါး သော်၎င်း၊ လေ ထိ၍ အပင်သေသော်၎င်း၊ အရည် ယို၍ သေသော်၎င်း၊ အရာဘကျိုင်း ၊ ခါသိလ ကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူ တိုက်လာ၍ မြို့ကို ဝိုင်းထား သော်၎င်း၊ ဘေးဥပဒ် ၊ အနာ ရောဂါတစုံတခု ရောက် သောအခါ၊
37 ၃၇ ``ပြည်​တော်​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​သော အ​ခါ​၌​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး ဆိုက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကောက်​ပဲ သီး​နှံ​တို့​သည်​လေ​ပူ​မိ​ခြင်း၊ ပိုး​ထိ​ခြင်း​သို့ မ​ဟုတ်​ကျိုင်း​ကောင်​အုပ်​ကျ​ခြင်း​တို့​ကြောင့် ပျက်​စီး​၍​သွား​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့​တိုက် ခိုက်​ကြ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ သူ​တို့ တွင်​ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊-
၃၇ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားအချို့ တို့သည် အသီးအသီး ခံရသောဘေးဒဏ် ကိုသိ လျက်၊ ဤ အိမ် တော်သို့ မိမိ တို့လက်ဝါး ကို ဖြန့် ၍ ၊ တစုံတခု သောပဌနာ စကားအားဖြင့်ဆုတောင်း လျှင်၊
38 ၃၈ သူ​တို့​ပြု​သော​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ချို့​တို့​သည်​လှိုက်​လှဲ​စွာ​ဝမ်း​နည်း လျက် ဤ​ဗိ​မာန်​တော်​ဘက်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျှင်၊-
၃၈ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။
39 ၃၉ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ဘိုး​ဘေး​များ အား​ပေး​တော်​မူ​မည့်​ပြည်​တော်​တွင်​နေ​ထိုင်​ရ သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ကြောက်​ရွံ့ ရို​သေ​ကြ​စေ​ရန်​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ လျက် သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​၍​ကူ​မ တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ​အ​ပေါင်း တို့​၏​အ​ကြံ​အ​စည်​များ​ကို​သိ​တော်​မူ​ပါ ၏။ လူ​တိုင်း​ခံ​စား​သင့်​သည့်​အ​ကျိုး​အ​ပြစ် အ​လျောက်​စီ​ရင်​တော်​မူ​ပါ။''
၃၉ဘိုးဘေး တို့အား ပေး သနားတော်မူသော ပြည် ၌ သူ တို့သည် အသက် ရှင်သော ကာလ ပတ်လုံးကိုယ်တော် ကို ကြောက်ရွံ ပါမည်အကြောင်း ၊ ကိုယ်တော် သာလျှင် လူ သတ္တဝါအပေါင်း တို့၏ စိတ် နှလုံးသဘောကို သိ တော်မူ သည်ဖြစ်၍ ၊ ဆုတောင်းသောသူတို့ ၏ စိတ် နှလုံးသဘောကိုသိ လျက်၊ သူတို့အပြစ်ကိုလွှတ် တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင် တော်မူပါ။
40 ၄၀
၄၀ကိုယ်တော် ၏လူ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားတို့သည် ကြီးမြတ် သော နာမ တော်၏ သိတင်းနှင့် တန်ခိုး ကြီး၍ ၊ ဆန့် တော်မူသောလက်ရုံး တော် ၏သိတင်းကိုကြား သောကြောင့်၊
41 ၄၁ ``ရပ်​ဝေး​တွင်​နေ​ထိုင်​သည့်​တိုင်း​တစ်​ပါး​သား တစ်​ဦး​သည် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း​တော်​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပြု​တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​များ အ​ကြောင်း​ကို​လည်း​ကောင်း​ကြား​ရ​သ​ဖြင့် ကိုယ် တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဤ​ဗိ​မာန်​တော် သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ၊-
၄၁နာမ တော်ကိုထောက် သဖြင့် ဝေး သောပြည် မှ ရောက် လာ၍၊ ဤ အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင်၊
42 ၄၂
၄၂ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ကြောက်ရွံ့ သကဲ့သို့ မြေကြီး သား အပေါင်း တို့သည် ကြောက်ရွံ့လျက်၊ နာမ တော် ကို သိ စေခြင်းငှါ ၎င်း၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် တော်ကို နာမ တော်ဖြင့် သမုတ် ကြောင်း ကို သိ စေခြင်းငှါ ၎င်း ၊ ထိုတပါး အမျိုးသားတို့သည် ဆုတောင်း သမျှ အတိုင်း ကျေးဇူးပြု တော်မူပါ။
43 ၄၃ သူ​၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော် စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင် တော်​မူ​ပြီး​လျှင်​သူ​ပန်​ကြား​သည့်​အ​တိုင်း​ပြု တော်​မူ​ပါ။ သို့​မှ​သာ​လျှင်​ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​နည်း​တူ​ကိုယ်​တော် အား​ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​ရှင်​အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​ထား သည့် ဤ​ဗိ​မာန်​တော်​သည်​ကိုယ်​တော်​အား​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ ရှိ​ကြ​ပါ​လိမ့်​မည်။''
၄၃ကိုယ်တော်စေခိုင်း တော်မူသည်အတိုင်း ၊ ကိုယ်တော် ၏ လူ တို့သည် ရန်သူ တို့ရှိရာသို့ စစ်ချီ သောအခါ ၊ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ် တည်ဆောက် သော အိမ် တော်ကို မှီခိုလျက်၊ ထာဝရဘုရား အား ဆုတောင်း ကြလျှင်၊
44 ၄၄ ``ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ရန်​သူ​များ​နှင့်​စစ်​တိုက်​ရန်​အ​မိန့်​ပေး​တော်​မူ သော​အ​ခါ သူ​တို့​သည်​ကိုယ်​တော်​ရွေး​ချယ်​ထား တော်​မူ​သည့်​ဤ​မြို့​တော်​နှင့်​ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​ထား​သည့်​ဤ​ဗိ​မာန်​တော် သို့​မျက်​နှာ​မူ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​သော အ​ခါ၊-
၄၄သူ တို့ ဆုတောင်း ပဌနာပြုသော စကားကို ကောင်းကင် ဘုံ၌ နားထောင် ၍ သူ တို့အမှု ကို စောင့် တော်မူ ပါ။
45 ၄၅ နား​ညောင်း​တော်​မူ​ပါ၊ ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင်​တော်​မူ​လျက် သူ​တို့​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ။''
၄၅မ ပြစ်မှား တတ်သော လူ တယောက်မျှမ ရှိသည် ဖြစ်၍ ၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော် ကို ပြစ်မှား သောကြောင့် ၊ အမျက် တော်ထွက်၍ ရန်သူ လက်သို့ အပ် တော်မူသဖြင့် ၊ ရန်သူ တို့သည် ဝေး သောပြည်၊ နီး သောပြည် ၊ အခြားတပါးသောပြည်သို့ သိမ်း သွားလျှင်၎င်း၊
46 ၄၆ ``အ​ပြစ်​မ​ကူး​လွန်​သူ​လူ​တစ်​ယောက်​မျှ​မ​ရှိ ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​ကို​ပြစ်​မှား​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​၍ သူ​တို့ အား​ရန်​သူ​များ​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​စေ လျက် တိုင်း​တစ်​ပါး​သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း ကို​ခံ​စေ​တော်​မူ​ပါ​လိမ့်​မည်။-
၄၆ထိုပြည် ၌ အချုပ် ခံစဉ်၊ သူတို့သည် သတိရ ၍ ၊ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ မ ဖြောင့်သောအမှု၊ ဆိုးညစ် သောအမှုကို ပြုမိပါပြီဟု စိတ် ပြောင်းလဲ ၍ တောင်းပန် သဖြင့်၊
47 ၄၇ ထို​တိုင်း​ပြည်​သည်​အ​လွန်​ဝေး​ကွာ​လျက်​ပင်​နေ စေ​ကာ​မူ ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ကယ်​၍​သူ တို့​သည်​ထို​ပြည်​တွင်​နောင်​တ​ရ​လျက် မိ​မိ​တို့ အ​ဘယ်​မျှ​အ​ပြစ်​ကူး​ခဲ့​၍​အ​ဘယ်​မျှ​ဆိုး ညစ်​ယုတ်​မာ​ခဲ့​ကြောင်း​ကို​ဖော်​ပြ​ဝန်​ခံ​လျက် အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ လျှင် အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​ဆု​တောင်း ပတ္ထနာ​ကို​နား​ညောင်း​တော်​မူ​ပါ။-
၄၇သိမ်း သွားသော ရန်သူ တို့၏ ပြည် ၌ နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ပြန် လာ၍ ၊ ဘိုးဘေး တို့အား ပေး တော်မူသော ပြည် ၊ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊
48 ၄၈ အ​ကယ်​၍​သူ​တို့​သည်​ထို​ပြည်​တွင်​အ​မှန်​ပင် နောင်​တ​ရ​လျက် မိ​မိ​တို့​၏​ဘိုး​ဘေး​များ​အား ကိုယ်​တော်​ပေး​တော်​မူ​သည့်​ပြည်​တော်​သို့​လည်း ကောင်း၊ ကိုယ်​တော်​ရွေး​ချယ်​ထား​တော်​မူ​သည့်​ဤ မြို့​တော်​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက် ထား​သည့်​ဤ​ဗိ​မာန်​တော်​သို့​လည်း​ကောင်း မျက် နှာ​မူ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ပါ​လျှင်၊-
၄၈သူ တို့ဆုတောင်း ပဌနာ ပြုသော စကားကို ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌နားထောင် ၍ သူ တို့ အမှု ကို စောင့် တော်မူပါ။
49 ၄၉ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က နေ​၍​နား​ထောင်​တော်​မူ​ပြီး​လျှင် သူ​တို့​အား ကရု​ဏာ​ထား​တော်​မူ​ပါ။-
၄၉ကိုယ်တော် ၏လူ တို့သည် ကိုယ်တော် ကို ပြစ်မှား သော်လည်း ၊ ကိုယ်တော် ကို ပြစ်မှား လွန်ကျူးခြင်းအပြစ် အလုံးစုံ တို့ကို ဖြေရှင်း တော်မူပါ။ သိမ်း သွားသောသူတို့ သည် ကိုယ်တော်၏လူတို့ကို သနား စေခြင်းငှါ ၊ ကရုဏာ စိတ်သဘောကို ပေး တော်မူပါ။
50 ၅၀ ကိုယ်​တော်​အား​သူ​တို့​ပြစ်​မှား​ပုန်​ကန်​သည့် အ​ပြစ်​မှန်​သ​မျှ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ ရန်​သူ​များ​သည်​သူ​တို့​အား​သ​နား​ကြင် နာ​ကြ​ပါ​စေ​သော။-
၅၀အကြောင်း မူကား၊ သူ တို့သည် အဲဂုတ္တု ပြည်၏ သံ မီးဖို ထဲက နှုတ်ယူ တော်မူသော ကိုယ်တော် ၏လူ ၊ အမွေ ခံရတော်မူသောအမျိုးဖြစ်ပါ၏။
51 ၅၁ သူ​တို့​သည်​အ​လျှံ​တောက်​လျက်​နေ​သည့်​မီး​ဖို နှင့်​တူ​သော အီ​ဂျစ်​ပြည်​မှ​ကိုယ်​တော်​ထုတ်​ဆောင် တော်​မူ​ခဲ့​သော​လူ​မျိုး​တော် ကိုယ်​တော်​ရှင်​ပိုင် တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​ပါ​၏။''
၅၁ကိုယ်တော် ၏ ကျွန် မှစ၍ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားဆုတောင်း ပဌနာပြုသော စကား အလုံးစုံ တို့ကို နားထောင် ခြင်းငှါ ကြည့်ရှု မှတ်ယူတော်မူပါ။
52 ၅၂ ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​လူ​မျိုး တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​သူ​တို့​၏ ဘု​ရင်​အား အ​စဉ်​အ​မြဲ​က​ရု​ဏာ​ဖြင့်​ကြည့်​ရှု့ တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​အ​ထံ​တော်​သို့​သူ တို့​ပန်​ကြား​လျှောက်​ထား​သည့်​အ​ခါ​တိုင်း သူ​တို့ ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။-
၅၂အကြောင်း မူကား၊ အကျွန်ုပ် တို့ ဘိုးဘေး များကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသောအခါ ၊ ကိုယ်တော် ၏ ကျွန် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးကို ကိုယ်တော် အမွေ ခံရာဖြစ်စေခြင်းငှါ ၊ မြေကြီး သားအမျိုးမျိုး ထဲက ရွေးနှုတ် ခွဲထားတော်မူပြီအရှင် ထာဝရဘုရား ဟု ပဌနာပြုလေ၏။
53 ၅၃ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​တော်​မူ​စဉ် အ​ခါ​က ကိုယ်​တော်​၏​အ​စေ​ခံ​မော​ရှေ​အား​ဖြင့် မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဤ​သူ​တို့​အား​ကိုယ် တော်​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​စေ​ရန် လူ မျိုး​တ​ကာ​တို့​အ​ထဲ​က​ရွေး​ချယ်​တော်​မူ​ခဲ့ ပါ​၏'' ဟု​ဆု​တောင်း​ပတ္ထနာ​ပြု​တော်​မူ​၏။
၅၃ထိုသို့ ရှောလမုန် သည် ထာဝရဘုရား ရှေ့တော်၌ ဆုတောင်း ပဌနာပြု၍ ပြီး သောအခါ ၊ ထာဝရဘုရား ၏ ယဇ် ပလ္လင်ရှေ့ မှာ ဒူး ထောက် လျက်၊ လက်ဝါး တို့ကို ကောင်းကင် သို့ဖြန့် လျက်နေရာမှထ ၍၊
54 ၅၄ ရှော​လ​မုန်​သည်​ယဇ်​ပလ္လင်​တော်​ရှေ့​တွင် လက်​ကို မြှောက်​ချီ​ကာ​ဒူး​ထောက်​လျက် ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​သော​အ​ခါ နေ​ရာ​မှ​ထ​၍​ရပ်​တော်​မူ​ပြီး​လျှင်၊-
၅၄မတ်တတ် နေပြီးလျှင် ၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို ကျယ် သောအသံ နှင့် ကောင်းကြီး ပေးသော စကားဟူမူကား ၊
55 ၅၅ ထို​နေ​ရာ​တွင်​စုဝေး​လျက်​နေ​ကြ​သော​လူ​အ​ပေါင်း တို့​အ​တွက် ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​မင်္ဂ​လာ ကို​အ​သံ​ကျယ်​စွာ​တောင်း​ခံ​တော်​မူ​၏။-
၅၅ဂတိ တော်ရှိသမျှ အတိုင်း မိမိ လူ ဣသရေလ အမျိုးကို ငြိမ်ဝပ် စေခြင်းငှါစီရင် တော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ ကျွန် မောရှေ အားဖြင့် ထားတော်မူသော ဂတိ တော်ကောင်း တခွန်း မျှမ ပျက်၊
56 ၅၆ မင်း​ကြီး​က``က​တိ​တော်​ရှိ​သည့်​အ​တိုင်း​မိ​မိ​၏ လူ​မျိုး​တော်​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မော​ရှေ​အား​ဖြင့် ပေး​တော်​မူ​ခဲ့​သော​ကတိ​တော်​အ​ပေါင်း​ကို တစ်​သ​ဝေ​မ​တိမ်း​တည်​စေ​တော်​မူ​ပြီ။-
၅၆ငါ တို့ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ ဘိုးဘေး များနှင့်အတူ ရှိ တော်မူသည်နည်းတူ ငါ တို့နှင့်အတူ ရှိ တော်မူပါစေသော။ ငါ တို့ကို အလျှင်းစွန့်ပစ် တော် မ မူပါစေနှင့်။
57 ၅၇ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘုရား​သည် ဘိုး​ဘေး​များ​နှင့်​အ​တူ​နေ​တော်​မူ​ခဲ့​သည့်​နည်း တူ အ​ကျွန်ုပ်​အား​အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့် မ​ခွာ​ဘဲ​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော။-
၅၇လမ်း တော်တို့သို့ လိုက် စေခြင်းငှါ ၎င်း၊ ဘိုးဘေး တို့အား မှာ ထားတော်မူသော စီရင် ထုံးဖွဲ့ချက်ပညတ် တရား တို့ကို စောင့်ရှောက် စေခြင်းငှါ ၎င်း၊ ငါ တို့စိတ် နှလုံးကို အထံ တော်သို့ သွေးဆောင် တော်မူပါစေသော။
58 ၅၈ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​လည်း​ကောင်း၊ ဘိုး​ဘေး တို့​အား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​များ​နှင့် အ​မိန့်​တော်​တို့​ကို​လိုက်​နာ​ကြ​စေ​ရန်​လည်း​ကောင်း အ​ကျွန်ုပ်​တို့​အား​အ​မိန့်​တော်​ကို​နာ​ခံ​သူ​များ ဖြစ်​အောင်​ပြု​ပြင်​တော်​မူ​ပါ​စေ​သော။-
၅၈ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ အခြား တပါးသော ဘုရားသခင်မ ရှိ ကြောင်းကို၎င်း၊ မြေကြီး သားအပေါင်း တို့သည် သိ ကြမည်အကြောင်း
59 ၅၉ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​သည် ဤ​ဆု​တောင်း​ပတ္ထနာ​နှင့်​ပန်​ကြား​လျှောက်​ထား ချက်​များ​ကို အ​ခါ​ခပ်​သိမ်း​အောက်​မေ့​သ​တိ​ရ တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ ပြည်​သူ​များ​နှင့်​ဘု​ရင်​အား နေ့​စဉ်​လို​အပ်​ချက် များ​နှင့်​အ​ညီ​က​ရု​ဏာ​ပြ​တော်​မူ​ပါ​စေ သော။-
၅၉ငါ တို့ဘုရားသခင် ထာဝရဘုရား သည် မိမိ ကျွန် နှင့် မိမိ လူ ဣသရေလ အမျိုးသားတို့၏အမှု ကို စောင့် စရာအကြောင်း ရှိသည်အတိုင်း၊
60 ၆၀ သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ လျှင်​ဘု​ရား​ဖြစ်​ကြောင်း၊ အ​ခြား​ဘု​ရား​မ​ရှိ ကြောင်း​ကို​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့ သိ​ရှိ​ကြ​ပါ​လိမ့်​မည်။-
၆၀အစဉ်စောင့်တော်မူ စေခြင်းငှါထာဝရဘုရား ရှေ့ တော်၌ ငါဆုတောင်း သော ဤ ပဌနာစကား သည် နေ့ ညဉ့်မပြတ်အနီး တော်၌ ရှိ ပါစေသော။
61 ၆၁ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သူ​သင်​တို့​သည် လည်း အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘုရား​အား​သစ္စာ​စောင့်​၍ ယ​နေ့​ကျင့်​သ​ကဲ့​သို့ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို အ​စဉ်​အ​မြဲ​လိုက်​နာ​နိုင်​ကြ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။
၆၁သင်တို့သည် ယနေ့ ကျင့်သကဲ့သို့ ၊ ငါ တို့ဘုရားသခင် ထာဝရဘုရား စီရင် တော်မူသောလမ်းသို့ လိုက် ၍ ပညတ် တရားတော်ကို စောင့်ရှောက် ခြင်းငှါ ၊ အထံတော်၌ စိတ်နှလုံးစုံလင် ပါစေသောဟု မြွက်ဆိုလေ၏။
62 ၆၂ ထို့​နောက်​ရှော​လ​မုန်​မင်း​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို ပူ​ဇော်​ကြ​၏။-
၆၂ထိုအခါ ရှောလမုန်မင်းကြီး နှင့်တကွ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပူဇော် ကြ၏။
63 ၆၃ မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့်​သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ကြ လေ​သည်။-
၆၃နွား နှစ်သောင်း နှစ်ထောင်၊ သိုး တသိန်း နှစ်သောင်းတို့ကို ထာဝရဘုရား အား မိဿဟာယ ယဇ် ပူဇော် သဖြင့် ၊ ထာဝရဘုရား ၏အိမ် တော်ကို အနုမောဒနာ ပြုကြ၏။
64 ၆၄ ထို​နေ့​၌​ပင်​မင်း​ကြီး​သည်​ဗိ​မာန်​တော်​ရှေ့​၌ ရှိ​သော အ​လယ်​တံ​တိုင်း​ကို​လည်း​အ​နု​မော​ဒ​နာ ပြု​တော်​မူ​၏။ သူ​သည်​ထို​နေ​ရာ​၌​တစ်​ကောင်​လုံး မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​ဆီ​ဥ​ကို လည်း​ကောင်း​ပူ​ဇော်​လေ​သည်။ ထို​သို့​ပြု​ရ​ခြင်း မှာ​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ ကြေး​ဝါ ယဇ်​ပလ္လင်​သည်​ထို​ပူ​ဇော်​သကာ​အ​ပေါင်း​တို့ အ​တွက်​အ​လွန်​သေး​ငယ်​၍​နေ​သော​ကြောင့် တည်း။
၆၄ထို နေ့ ၌ လည်း၊ ရှင် ဘုရင်သည် ထာဝရဘုရား ၏ အိမ် တော်ရှေ့ မှာရှိသော တန်တိုင်း အတွင်း အရပ်ကို သန့်ရှင်း စေ၍ ၊ ထို အရပ်၌ မီး ရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ယဇ်ကောင်ဆီဥ ကို ပူဇော် ၏။ အကြောင်း မူကား၊ ထာဝရဘုရား ရှေ့ တော်၌ရှိသော ကြေးဝါ ယဇ် ပလ္လင်သည် မီး ရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ယဇ်ကောင်ဆီဥ ကို မ ခံ လောက်။
65 ၆၅ ဗိ​မာန်​တော်​တွင်​ရှော​လ​မုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ကြ​လေ သည်။ လူ​အုပ်​ကြီး​မှာ​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​လမ်း​မှ​သည် တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ် စပ်​တိုင်​အောင်​အ​နှံ့​အ​ပြား​အ​ရပ်​ရပ်​မှ​လာ ရောက်​သူ​များ​ဖြစ်​သတည်း။-
၆၅ထိုအခါ ရှောလမုန် သည် အလွန် များစွာသော ပရိသတ် တည်းဟူသောဟာမတ် မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ် တိုင်အောင် အနှံ့အပြားအရပ်ရပ်ကလာကြသော ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ ၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ခုနစ်ရက် နှစ်လီ၊ တဆယ် လေး ရက် ပတ်လုံးပွဲ ခံ တော်မူ၏။
66 ၆၆ ရှစ်​ရက်​မြောက်​သော​နေ့​၌​မင်း​ကြီး​သည်​လူ​တို့ အား မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​စေ​တော်​မူ​၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​အား ထော​မ​နာ​ပြု​ကြ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ခံ​ယူ​ရ​ရှိ​သည့် ကျေး​ဇူး​တော်​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​သွား​ကြ​၏။
၆၆ရှစ် ရက်မြောက်သောနေ့ ၌ လူ များတို့ကို လွှတ်လိုက် တော်မူ၏။ သူတို့သည် ရှင် ဘုရင်ကို ကောင်းကြီး ပေးလျက် ၊ ထာဝရဘုရား သည် မိမိ ကျွန် ဒါဝိဒ် နှင့် မိမိ လူ ဣသရေလ အမျိုးသားတို့၌ ပြု တော်မူသမျှ သော ကျေးဇူး တော်ကြောင့် ၊ ဝမ်းမြောက် ရွှင်လန်း လျက် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။

< ၃ ဓမ္မရာဇဝင် 8 >