< ၃ ဓမ္မရာဇဝင် 11 >
1 ၁ ရှောလမုန်ချစ်ခင်မြတ်နိုးသည့် လူမျိုးခြား အမျိုးသမီးအမြောက်အမြားရှိ၏။ သူသည် အီဂျစ်ဘုရင်၏သမီးတော်ကိုသာမကဘဲ ဟိတ္တိအမျိုးသမီးများ၊ မောဘအမျိုးသမီး များ၊ အမ္မုန်အမျိုးသမီးများ၊ ဧဒုံအမျိုး သမီးများနှင့်ဇိဒုန်အမျိုးသမီးများကို လည်းမိဖုရားမြှောက်တော်မူလေသည်။-
၁ရှောလမုန် မင်းကြီး သည် ဖာရော ဘုရင်၏ သမီး မှတပါး ၊ ဣသရေလ အမျိုးသားမဟုတ်သော မောဘ အမျိုး၊ အမ္မုန် အမျိုး၊ ဧဒုံ အမျိုး၊ ဇိဒုန် အမျိုး၊ ဟိတ္တိ အမျိုးသားမိန်းမ အများတို့ကို ချစ် တတ်၏။
2 ၂ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား``သင်တို့သည်လူမျိုးခြားများနှင့်အိမ် ထောင်မပြုရ။ သူတို့သည်သင်တို့၏စိတ်နှလုံး ကိုသူတို့ဘုရားများဘက်သို့အမှန်ပင်ယိမ်း ယိုင်စေကြလိမ့်မည်'' ဟုမိန့်တော်မူခဲ့၏။ သို့ ပါလျက်ရှောလမုန်သည်ထိုအမျိုးသမီး များနှင့်စုံဖက်တော်မူလေသည်။-
၂ထာဝရဘုရား က၊ သင်တို့သည် တပါးအမျိုးသား တို့နှင့်စုံဘက် ခြင်းကိုမ ပြုရ။ အကယ်စင်စစ် သူတို့သည် မိမိ တို့ဘုရား များနောက် သို့ သင် တို့၏ စိတ်နှလုံးကို လွဲ စေကြလိမ့်မည်ဟု ဣသရေလ အမျိုးသား တို့အား မိန့် တော်မူ သော်လည်း၊ ရှောလမုန် သည် တပါးအမျိုးသားမိန်းမတို့ကို တပ်မက် သောစိတ်ရှိ၏။
3 ၃ ရှောလမုန်သည်မင်းသမီးခုနစ်ရာကိုထိမ်း မြားသည့်အပြင် သူ၏မောင်းမတော်သုံးရာ ရှိသေး၏။ သူတို့သည်မင်းကြီးအားထာဝရ ဘုရားကိုကျောခိုင်းစေပြီးလျှင်၊-
၃မင်းသမီး ဖြစ်သော ခင်ပွန်း ခုနစ် ရာ ၊ မောင်းမမိဿံ သုံး ရာ ရှိ ၍ ၊ သူတို့သည် စိတ် နှလုံးတော်ကို လွဲ စေကြ ၏။
4 ၄ အိုမင်းလာချိန်၌လူမျိုးခြားတို့၏ဘုရား များကိုဝတ်ပြုကိုးကွယ်စေကြ၏။ မင်းကြီး သည်ခမည်းတော်ဒါဝိဒ်ကဲ့သို့ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသစ္စာမစောင့်ဘဲ၊-
၄ရှောလမုန် သည် အသက်ကြီး သောအခါ ၊ မိန်းမ များတို့သည် စိတ် နှလုံးတော်ကို အခြား တပါးသော ဘုရား နောက် သို့ လွဲ စေသဖြင့် ၊ စိတ် နှလုံးတော်သည် ခမည်းတော် ဒါဝိဒ် ၏ စိတ် နှလုံးကဲ့သို့ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စုံလင် ခြင်းမ ရှိ။
5 ၅ ဇိဒုန်ဘုရားမအာရှတရက်နှင့်စက်ဆုပ်ဖွယ် ကောင်းသည့် အမ္မုန်ဘုရားမိလကုံအားဝတ်ပြု ကိုးကွယ်၍၊-
၅ဇိဒုန် နတ်သမီး အာရှတရက် ၊ ရွံရှာ ဘွယ်သော အမ္မုန် ဘုရား မိလကုံ နောက် သို့ လိုက် ၍၊
6 ၆ ထာဝရဘုရားရှေ့တော်တွင်ဒုစရိုက်ကိုပြု လျက် ခမည်းတော်ဒါဝိဒ်ကဲ့သို့ထာဝရဘုရား ထံလုံးဝဆည်းကပ်ကိုးကွယ်ခြင်းမပြုပေ။-
၆ခမည်းတော် ဒါဝိဒ် ကဲ့သို့ ထာဝရဘုရား ၌ လုံးလုံး မ ဆည်းကပ်၊ ရှေ့ တော်၌ဒုစရိုက် ကိုပြု လေ၏။
7 ၇ ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
၇ထိုအခါ ရှောလမုန် သည် ရွံရှာ ဘွယ်သောမောဘ ဘုရားခေမုရှ နှင့် ရွံရှာ ဘွယ်သော အမ္မုန် ဘုရားမောလုတ် အဘို့ ၊ ယေရုရှလင် မြို့ ရှေ့ တော်၌ရှိသော တောင် ပေါ် တွင် ကုန်း တို့ကို တည် လေ၏။
8 ၈ လူမျိုးခြားမိဖုရားအပေါင်းတို့သည်မိမိတို့ သက်ဆိုင်ရာဘုရားများအားနံ့သာပေါင်းကို မီးရှို့ပူဇော်နိုင်ရန်နှင့် ယဇ်ပူဇော်နိုင်ရန်ဝတ်ပြု ကိုးကွယ်ရာဌာနများကိုလည်းတည်ဆောက် ပေးတော်မူ၏။
၈မိမိ တို့ဘုရား အား နံ့သာပေါင်းကိုမီးရှို့ ၍ ၊ ယဇ် ပူဇော်သော တပါး အမျိုးသားခင်ပွန်း အပေါင်း တို့အဘို့ ထိုသို့ ပြု ၏။
9 ၉ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ရှောလမုန်အားနှစ်ကြိမ် တိုင်တိုင်ထင်ရှား၍ လူမျိုးခြားတို့၏ဘုရား များကိုဝတ်ပြုကိုးကွယ်ခြင်းမပြုရန်မိန့် ကြားတော်မူသော်လည်း ရှောလမုန်သည် ထာဝရဘုရား၏စကားတော်ကိုနား မထောင်ဘဲ ကိုယ်တော်အားကျောခိုင်းသော ကြောင့် ထာဝရဘုရားသည်ရှောလမုန်အား အမျက်ထွက်တော်မူသဖြင့်၊-
၉
၁၀အခြား တပါးသော ဘုရား နောက် သို့ မ လိုက် ရမည် အကြောင်းပညတ် တော်မူသောဘုရား၊ နှစ်ကြိမ် ထင်ရှား တော်မူသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်မှ၊ ရှောလမုန် သည်စိတ်နှလုံး လွှဲသွား ၍၊ မှာထား တော်မူသောစကား ကို နား မ ထောင်သောကြောင့်၊ ထာဝရဘုရား အမျက်ထွက် တော်မူလျက်၊
11 ၁၁ ``သင်သည်ငါနှင့်ပြုထားသည့်ပဋိညာဉ်ကို ချိုးဖောက်လျက် ငါ၏အမိန့်တော်ကိုလွန်ဆန် သည်ဖြစ်၍ ငါသည်နိုင်ငံတော်ကိုသင့်လက်မှ မုချရုပ်သိမ်းပြီးလျှင် သင်၏မှူးမတ်တစ်ဦး အားပေးအပ်မည်။-
၁၁သင် သည်ဤသို့ ပြု၍ ငါ ဖွဲ့သော ပဋိညာဉ် နှင့် ငါမှာထား သော တရား ကိုမ စောင့် ဘဲနေသောကြောင့် ၊ နိုင်ငံ တော်ကို သင့် လက်မှ ငါဆက်ဆက်နှုတ် ၍ သင့် ကျွန် အား ပေး မည်။
12 ၁၂ သို့ရာတွင်ငါသည်သင့်ခမည်းတော်ဒါဝိဒ်၏ မျက်နှာကိုထောက်၍ သင်၏လက်ထက်၌ဤ အမှုကိုမပြုဘဲသင်၏သားလက်ထက် ရောက်မှပြုမည်။-
၁၂သို့ရာတွင် သင့် အဘ ဒါဝိဒ် ၏မျက်နှာကို ထောက်၍ ၊ သင့် လက်ထက် ၌ ငါသည်းခံ ဦးမည်။ သင် ၏ သား လက် မှ နိုင်ငံ တော်ကို နှုတ် မည်။
13 ၁၃ သို့သော်လည်းငါသည်ငါ့အစေခံဒါဝိဒ်၏ မျက်နှာကိုထောက်၍လည်းကောင်း၊ ငါ၏မြို့တော် အဖြစ်ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့ ကိုထောက်ထား၍လည်းကောင်း သူ၏ထံမှတစ် နိုင်ငံလုံးကိုမရုပ်သိမ်း။ သူ၏အတွက်တစ်နွယ် ကိုချန်ထားမည်'' ဟုရှောလမုန်အားဗျာဒိတ် ပေးတော်မူ၏။
၁၃သို့သော်လည်း တနိုင်ငံလုံး ကိုမ နှုတ်။ ငါ့ ကျွန် ဒါဝိဒ် နှင့် ငါ ရွေးကောက် သော ယေရုရှလင် မြို့ကိုထောက်၍ ၊ သင့် သား အား ခရိုင် တ ခရိုင်ကို ငါပေး မည်ဟု ရှောလမုန် အား မိန့် တော်မူ၏။
14 ၁၄ သို့ဖြစ်၍ထာဝရဘုရားသည် ဧဒုံမင်းမျိုးနွယ် တစ်ဦးဖြစ်သူဟာဒဒ်အား ရှောလမုန်ကိုပုန်ကန် စေတော်မူ၏။-
၁၄ထိုနောက် ထာဝရဘုရား သည် ရှောလမုန် ၌ ရန်ဘက် ပြုသောသူ ဧဒုံ အမျိုးသားဟာဒဒ် ကို နှိုးဆော် တော်မူ၏။ ထိုသူ သည် ဧဒုံ ရှင်ဘုရင် အမျိုး ဖြစ်၏။
15 ၁၅ ဤအရေးအခင်းမပေါ်ပေါက်မီကာလအတော် ကြာက ဧဒုံပြည်ကိုဒါဝိဒ်နှိမ်နင်းအောင်မြင်ပြီး နောက် တပ်မတော်ဗိုလ်ချုပ်ယွာဘသည်စစ်ပွဲတွင် ကျဆုံးသူတို့ကိုသင်္ဂြိုဟ်ရန်ထိုပြည်သို့သွား၍ မိမိ၏တပ်သားများနှင့်အတူခြောက်လမျှ နေထိုင်ကာဧဒုံပြည်သားယောကျာ်းမှန်သမျှ ကိုသတ်လေသည်။-
၁၅
၁၆အထက်က ဒါဝိဒ် သည် ဧဒုံ ပြည်၌ ရှိ ၍၊ ဗိုလ်ချုပ် ယွာဘ သည် ဧဒုံ အမျိုးသားယောက်ျား အပေါင်း တို့ကို ပယ်ဖြတ် မည်ဟု ဣသရေလ လူအပေါင်း တို့နှင့် ဧဒုံ ပြည်၌ ခြောက် လ နေ ပြီးမှ ၊ အသေ ကောင်များကို မြေ၌မြှုပ် စေခြင်းငှါ သွား စဉ်အခါ၊
17 ၁၇ ဟာဒဒ်နှင့်သူ့ဖခင်၏အစေခံအချို့သာလျှင် လွတ်မြောက်၍ အီဂျစ်ပြည်သို့ထွက်ပြေးကြ၏။ (ထိုစဉ်အခါကဟာဒဒ်သည်ကလေးသူငယ် မျှသာရှိသေး၏။-)
၁၇ဟာဒဒ် သည် အသက်ငယ် လျက်ပင်အဘ ၏ကျွန် ဧဒုံ အမျိုးသားအချို့တို့နှင့်အတူအဲဂုတ္တု ပြည်သို့ ရောက်အောင်ပြေး ၏။
18 ၁၈ သူတို့သည်မိဒျန်ပြည်မှထွက်ခွာပြီးလျှင်ဖာရန် မြို့သို့ရောက်ရှိကြသောအခါ လူအချို့တို့သည် သူတို့ဘက်သို့ဝင်ရောက်လာကြ၏။ ထို့နောက်သူ တို့သည်အီဂျစ်ပြည်သို့ထွက်သွား၍အီဂျစ် ဘုရင်ထံသို့ရောက်ရှိကြသောအခါ မင်းကြီး သည်ဟာဒဒ်အား မြေ၊ အိမ်နှင့်၊ စားနပ်ရိက္ခာကို ပေးတော်မူ၏။-
၁၈မိဒျန် ပြည်မှ ထွက် ၍ မါရန် ပြည်သို့ ရောက် လေ၏။ တဖန် ပါရန် ပြည်သား အချို့တို့ကို ခေါ် ၍ အဲဂုတ္တု ပြည်၊ အဲဂုတ္တု ဖာရော ဘုရင် ထံသို့ ရောက် လေသော်၊ ထိုမင်း သည် အိမ် နှင့် မြေ ကိုပေး ၍ ကျွေးမွေးလေ၏။
19 ၁၉ ဟာဒဒ်သည်မင်းကြီးနှင့်ချစ်ကျွမ်းဝင်၍လာ ရကား မင်းကြီးကသူ့အားမိဖုရားတာပနက် ၏ညီမ၊ မိမိ၏ခယ်မတော်နှင့်စုံဖက်ပေးတော် မူ၏။-
၁၉ဖာရော ဘုရင်သည် ဟာဒဒ် ကို အလွန် ချစ် ၍ မိမိ ခင်ပွန်း မိဖုရား တာပနက် ၏ညီမ ကို ပေးစား ၏။
20 ၂၀ ထိုအမျိုးသမီးသည်သားဂေနုဗတ်ကိုဖွားမြင် ရာ ထိုသားကိုနန်းတော်တွင်း၌မိဖုရားကပင် လျှင်စောင့်ရှောက်ပြုစုထားသဖြင့် သူငယ်သည် ဘုရင်၏သားတော်များနှင့်အတူနေထိုင်ရ လေသည်။
၂၀တာပနက် ၏ ညီမ သည်သား ဂေနုဗက် ကို ဘွားမြင် ၍ ၊ တာပနက် သည်နန်း တော်၌ နို့ခွါသဖြင့် ၊ ဂေနုဗတ် သည် နန်း တော်၌ ဖာရော ဘုရင်၏ သား များနှင့်အတူ နေ ၏။
21 ၂၁ ဒါဝိဒ်မင်းကွယ်လွန်တော်မူ၍ တပ်မတော်ဗိုလ် ချုပ်ယွာဘသည်လည်းသေဆုံးပြီဖြစ်ကြောင်း အီဂျစ်ပြည်သို့သတင်းရောက်ရှိလာသော အခါ ဟာဒဒ်ကအီဂျစ်ဘုရင်ထံ``အကျွန်ုပ် အားမိမိတိုင်းပြည်သို့ပြန်ခွင့်ပြုတော်မူ ပါ'' ဟုလျှောက်လေ၏။
၂၁ဒါဝိဒ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ကြောင်း နှင့် ဗိုလ်ချုပ် မင်းယွာဘ သေ ကြောင်း ကို ဟာဒဒ် သည် အဲဂုတ္တု ပြည်၌ ကြား သောအခါ ၊ အကျွန်ုပ်သည် ကိုယ် ပြည် သို့ ပြန် သွားရသောအခွင့်ကိုပေး တော်မူပါဟု ဖာရော ဘုရင်အား တောင်းပန် လေ၏။
22 ၂၂ မင်းကြီးက``အဘယ်ကြောင့်နည်း။ အဘယ်အလို ဆန္ဒမပြည့်ဝ၍သင့်ပြည်သို့ပြန်လိုပါသနည်း'' ဟုမေးတော်မူ၏။ ဟာဒဒ်က``ယင်းသို့မဟုတ်ပါ။ သို့ရာတွင်ပြန် ခွင့်ပေးတော်မူပါ'' ဟုလျှောက်ထားပြီးလျှင် မိမိ၏ပြည်သို့ပြန်သွားလေ၏။ ဟာဒဒ်သည်ဧဒုံပြည်တွင်မင်းပြုလျက် ဣသ ရေလလူမျိုးကိုရွံရှာ၍ရန်မူလေသည်။
၂၂ဖာရော ဘုရင်က၊ သင်သည်ကိုယ် ပြည် သို့ ပြန် ချင် သောစိတ်ရှိမည်အကြောင်းငါ့ ထံ မှာအဘယ် အရာ လို သေးသနည်းဟုမေး သော် ၊ အဘယ် အရာမျှမလိုပါ။ သို့သော်လည်း သွား ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ပြန်လေ၏။
23 ၂၃ ဘုရားသခင်သည်ဧလျာဒ၏သားရေဇုန်ကို လည်း ရှောလမုန်အားပုန်ကန်စေတော်မူ၏။ ရေဇုန် သည်မိမိ၏သခင်၊ ဇောဘဘုရင်၊ ဟာဒဒေဇာ ထံမှထွက်ပြေးပြီးလျှင်တောပုန်းအဖွဲ့ခေါင်း ဆောင်လုပ်၍နေလေ၏။-
၂၃ရှောလမုန် ၌ ရန်ဘက် ပြုသောသူတခြား၊ ဧလျာဒ သား ရေဇုန် ကို ဘုရားသခင် နှိုးဆော် တော်မူ၏။ ထိုသူသည် မိမိ သခင် ဇောဘ မင်းကြီး ဟာဒဒေဇာ ထံမှ ပြေး ၍၊
24 ၂၄ (ဤသို့ဖြစ်ပျက်မှုမှာဒါဝိဒ်သည်ဟာဒဒေဇာ ကိုနှိမ်နင်း၍ ထိုမင်း၏ရှုရိမဟာမိတ်များကို သုတ်သင်ပြီးချိန်၌ဖြစ်သတည်း။) ရေဇုန်သည် မိမိ၏နောက်လိုက်များနှင့်အတူ ဒမာသက်မြို့ သို့သွားရောက်နေထိုင်ရာသူ၏လူတို့သည်သူ့ ကိုရှုရိဘုရင်အဖြစ်မင်းမြှောက်ကြလေသည်။-
၂၄လူ များကိုစုဝေး စေသဖြင့် ၊ ဒါဝိဒ် မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ် လေ၏။တဖန် ဒမာသက် မြို့သို့သွား ၍ မင်း ပြုလျက် နေ ၏။
25 ၂၅ ရေဇုန်သည်လည်းရှောလမုန်အသက်ရှင်သမျှ ကာလပတ်လုံး ဣသရေလလူမျိုးတို့အား ရန်မူလျက်နေ၏။
၂၅ဟာဒဒ် နှောင့်ရှက် သောအမှုမှတပါး ထိုသူသည် ရှောလမုန် လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးကို ရန်ဘက် ပြု ၏။ ရှုရိ ပြည်ကို အစိုးရ ၍ ဣသရေလ အမျိုးကို စက်ဆုပ် ရွံရှာ၏။
26 ၂၆ ရှောလမုန်အားပုန်ကန်သူအခြားလူတစ်ယောက် မှာ ဧဖရိမ်ပြည်၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင်ဖြစ်သည်။ သူသည်ရှောလမုန်၏ နန်းတွင်းအရာရှိတစ်ဦးဖြစ်၍ သူ၏မိခင်မှာ ဇေရွာနာမည်ရှိသောမုဆိုးမဖြစ်၏။-
၂၆ထိုမှတပါး ရှောလမုန် ၏ ကျွန် တယောက်၊ ဧဖရိမ် အမျိုး၊ ဇေရဒ ရွာသား၊ နေဗတ် ၏သား ယေရောဗောင် သည်လည်း ရှင်ဘုရင် ကို ပုန်ကန် ၏။ သူ ၏အမိ ကား၊ ဇေရွာ အမည် ရှိသောမုတ်ဆိုးမ တည်း။
27 ၂၇ ပုန်ကန်မှုဖြစ်ပွားပုံကားဤသို့တည်း။ ရှောလမုန်သည်ယေရုရှလင်မြို့အရှေ့ပိုင်းတွင် မြေဖို့လျက် မြို့ရိုးများကိုတိုးချဲ့လျက်နေ၏။-
၂၇ရှင်ဘုရင် ကို ပုန်ကန် သော အကြောင်း ဟူမူကား ၊ ရှောလမုန် သည် မိလ္လော မြို့ကိုတည် ၍၊ ခမည်းတော် ဒါဝိဒ် ၏မြို့ရိုး ပျက်ကို ပြုပြင် သောအခါ၊
28 ၂၈ လုပ်ရည်ကိုင်ရည်ကောင်းသူယေရောဗောင်၏လုံ့လ ဝိရိယကိုမြင်တော်မူသောအခါ ရှောလမုန် သည်သူ့အားမနာရှေနှင့်ဧဖရိမ်နယ်မြေများ အတွက် ချွေးတပ်မှူးအဖြစ်ဖြင့်ခန့်အပ်တော် မူ၏။-
၂၈ယေရောဗောင် သည် ခွန်အား ကြီးသော သူရဲ ဖြစ်၏။ ကြိုးစား အားထုတ်တတ်သော လုလင် ဖြစ်ကြောင်း ကို ရှောလမုန် သည်မြင် လျှင် ၊ ယောသပ် အမျိုး ဆောင်ရွက် ရသောအမှုရှိသမျှ ကို အုပ်စေခြင်းငှါခန့်ထား တော်မူ၏။
29 ၂၉ တစ်နေ့သ၌ယေရောဗောင်သည်ယေရုရှလင်မြို့ မှခရီးပြုရန်ထွက်ခွာလာစဉ် လမ်းပေါ်၌သူ နှင့်ရှိလောမြို့သားပရောဖက်အဟိယတို့ နှစ်ဦးတည်းတွေ့ဆုံမိကြလေသည်။-
၂၉တရံရောအခါယေရောဗောင် သည် ယေရုရှလင် မြို့ပြင်သို့ ထွက်သွား သည်ရှိသော်၊ ရှိလော မြို့သားအဟိယ သည် ဝတ်လုံ သစ် နှင့် ကိုယ်ကိုခြုံ လျက် ၊ ယေရောဗောင်ကိုကြိုဆို ၍ လယ်ပြင် ၌ ထို သူနှစ် ယောက်တည်း ရှိ စဉ်အခါ၊
30 ၃၀ အဟိယသည်မိမိဝတ်ထားသည့်ဝတ်လုံ သစ်ကိုချွတ်၍ တစ်ဆယ့်နှစ်ပိုင်းဆုတ်ဖြဲ ပြီးလျှင်၊-
၃၀အဟိယ သည် မိမိ ဝတ်သော ဝတ်လုံ သစ် ကို ကိုင် ၍ ဆယ် နှစ် ပိုင်းဆုတ်ဖြတ် ပြီးလျှင်၊
31 ၃၁ ယေရောဗောင်အား``သင့်အတွက်ဝတ်လုံစ ဆယ်ခုကိုယူလော့။ ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကသင့် အား`ငါသည်ရှောလမုန်ထံမှနိုင်ငံတော်ကို ရုပ်သိမ်း၍ ဣသရေလတို့၏နယ်မြေဆယ်ခု ကိုပေးမည်။-
၃၁ယေရောဗောင် အား ၊ ဤဆယ် ပိုင်း ကိုယူ လော့။ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ နိုင်ငံ တော်ကို ရှောလမုန် လက် မှ ငါ နှုတ် ၍ ခရိုင်ဆယ် ခရိုင် ကို သင့် အား ပေး မည်။
32 ၃၂ ငါ၏အစေခံဒါဝိဒ်၏မျက်နှာကိုထောက်၍ လည်းကောင်း၊ ဣသရေလတစ်နိုင်ငံလုံးမှငါ ရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရု ရှလင်မြို့ကိုထောက်ထား၍လည်းကောင်း၊ ငါသည် ရှောလမုန်အတွက်နယ်မြေတစ်ခုကိုချန်ထား ပေးမည်။-
၃၂ငါ့ ကျွန် ဒါဝိဒ် အတွက် ဣသရေလ ခရိုင် များတို့တွင်၊ ငါရွေးကောက် သော ယေရုရှလင် မြို့ အတွက် ရှောလမုန်သည် တ ခရိုင် ကို ယူရ ၏။
33 ၃၃ ဤသို့ငါပြုရမည့်အကြောင်းမှာရှောလမုန်သည် ငါ့ကိုပစ်ပယ်၍ ဇိဒုန်ဘုရားမအာရှတရက်၊ မောဘဘုရားခေမုရှ၊ အမ္မုန်ဘုရားမိလကုံ တို့ကိုဝတ်ပြုကိုးကွယ်သောကြောင့်ဖြစ်၏။ ရှောလမုန်သည်ငါ၏အမိန့်တော်ကိုလွန်ဆန် လေပြီ။ သူသည်မကောင်းမှုကိုပြု၍ငါ၏ ပညတ်တော်များနှင့်အမိန့်တော်တို့ကိုသူ၏ ခမည်းတော်ဒါဝိဒ်နာခံသကဲသို့မနာခံ။-
၃၃ဆယ်ခရိုင်ကို နှုတ်ရသောအကြောင်း ဟူမူကား၊ ငါ့ ကိုစွန့် ၍ ဇိဒုန် နတ်သမီး အာရှတရက် ၊ မောဘ ဘုရား ခေမုရှ ၊ အမ္မုန် ဘုရား မိလကုံ တို့ကို ကိုးကွယ် သဖြင့် ၊ အဘ ဒါဝိဒ် ကဲ့သို့ ငါ့ ရှေ့ ၌ မှန် သောတရား ၊ ငါ စီရင် ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက် ခြင်းငှါ ငါ့ လမ်း တို့သို့ မ လိုက်။
34 ၃၄ သို့ရာတွင်ငါသည်သူ၏ထံမှတစ်နိုင်ငံလုံး ကိုရုပ်သိမ်းဦးမည်မဟုတ်။ ငါရွေးချယ်ခန့်ထား ၍ငါ၏ပညတ်တော်များနှင့်အမိန့်တော်တို့ ကိုနာခံသူ၊ ငါ၏အစေခံဒါဝိဒ်၏မျက်နှာ ကိုထောက်၍ ငါသည်ရှောလမုန်အားတစ်သက် လုံးထိုနိုင်ငံကိုအုပ်စိုးစေမည်။-
၃၄သို့ရာတွင် နိုင်ငံ တော်ကို သူ ၏လက် မှ ငါမ နှုတ် သေး။ ငါရွေးကောက် ၍ ငါ့ ပညတ် တရားတို့ကို စောင့်ရှောက် သော ငါ့ ကျွန် ဒါဝိဒ် အတွက် ၊ သားရှောလမုန်သည် တသက်လုံး စိုးစံ စေခြင်းငှါငါအခွင့် ပေး၏။
35 ၃၅ သူ၏သားလက်ထက်ရောက်မှထိုနိုင်ငံကို ရုပ်သိမ်း၍ ဣသရေလဆယ်နွယ်ကိုသင့်အား ငါပေးမည်။-
၃၅ရှောလမုန် ၏သား လက် မှ နိုင်ငံ တော်ကို နှုတ် ၍ ဆယ် ခရိုင် ကို သင့် အား ငါပေး မည်။
36 ၃၆ ရှောလမုန်၏သားကိုမူကားဣသရေလတစ် နွယ်ကိုငါပေးမည်။ ဤသို့ပေးရခြင်းအကြောင်း မှာငါ့အားဝတ်ပြုကိုးကွယ်ရာဌာနအဖြစ်ဖြင့် ငါရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရုရှလင်မြို့၌ ငါ၏အစေခံဒါဝိဒ်၏ သားမြေးများအဆက်မပြတ်နန်းစံလျက် ရှိနေစေရန်ဖြစ်၏။-
၃၆ငါ့ နာမ တည် ရာဘို့ ငါရွေးကောက် သော ယေရုရှလင် မြို့ တွင် ၊ ငါ့ ရှေ့ မှာ ငါ့ ကျွန် ဒါဝိဒ် ၏ မီးခွက် သည် အစဉ် ထွန်းလင်းလျက်ရှိစေခြင်းငှါ၊ ရှောလမုန် သား အား တ ခရိုင် ကို ငါပေး ၏။
37 ၃၇ အချင်းယေရောဗောင်၊ ငါသည်သင့်အားဣသရေလ ဘုရင်အဖြစ်ခန့်ထားမည်။ သင်သည်မိမိအလိုရှိ သောနယ်မြေတို့ကိုအုပ်စိုးရလိမ့်မည်။-
၃၇သင့် ကိုငါရွေးယူ ၍ ၊ သင်သည် ကိုယ် အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ၊ စိုးစံ လျက်ဣသရေလ အမျိုးတွင် မင်း ပြု ရ၏။
38 ၃၈ အကယ်၍သင်သည်ငါ၏စကားကိုအကြွင်းမဲ့ နားထောင်ကာငါ့ပညတ်တော်တို့ကိုကျင့်သုံး ပြီးလျှင် ငါ၏အစေခံဒါဝိဒ်နည်းတူငါ့အမိန့် တို့ကိုနာခံခြင်းအားဖြင့် ငါနှစ်သက်မြတ်နိုး အောင်ပြုလျှင်သင်နှင့်အတူအစဉ်အမြဲငါ ရှိမည်။ သင့်အားဣသရေလဘုရင်အဖြစ်ခန့် ထားပြီးလျှင် ဒါဝိဒ်၏သားမြေးများအတွက် ငါပြုသကဲ့သို့သင်၏သားမြေးတို့ကိုလည်း သင့်နောက်၌ဧကန်အမှန်ဆက်လက်နန်းစံ စေမည်။-
၃၈သင်သည် ငါမှာထား သမျှ ကို နားထောင် ၍၊ ငါ့ ကျွန် ဒါဝိဒ် ပြု သကဲ့သို့ ငါ ၏လမ်း တို့သို့ လိုက် လျက် ၊ ငါ့ ရှေ့ ၌ မှန် သောတရား၊ ငါ စီရင်ချက် ပညတ် များကို စောင့်ရှောက် လျှင် ၊ သင် နှင့်အတူ ငါရှိ ၍ ဒါဝိဒ် အဘို့ မြဲမြံ သောအိမ် ကို ဆောက် သည်နည်းတူ ၊ သင့် အဘို့ ဆောက် ၍ ဣသရေလ နိုင်ငံကို ငါပေး မည်။
39 ၃၉ ရှောလမုန်၏အပြစ်အတွက်ငါသည်ဒါဝိဒ်၏ သားမြေးတို့အားဒဏ်ခတ်မည်။ သို့သော်အစဉ် အမြဲမဟုတ်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို လေသည်။
၃၉ဤ အကြောင်းကြောင့် ဒါဝိဒ် မင်းမျိုး ကို ငါနှောင့်ရှက် မည်။ သို့ရာတွင် အစဉ် နှောင့်ရှက်မည်မ ဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။
40 ၄၀ ထို့ကြောင့်ရှောလမုန်သည် ယေရောဗောင်ကိုသတ် ရန်ကြိုးစားလေ၏။ ယေရောဗောင်သည်အီဂျစ် ဘုရင်ရှိရှက်ထံသို့ထွက်ပြေး၍ ရှောလမုန် ကွယ်လွန်သည့်တိုင်အောင်အီဂျစ်ပြည်တွင်နေ လေသည်။
၄၀ရှောလမုန် သည် ယေရောဗောင် ကိုသတ် မည်ဟု အားထုတ် သည်ရှိသော်၊ ယေရောဗောင် သည် ထ ၍ အဲဂုတ္တု ပြည်၊ အဲဂုတ္တု ရှင်ဘုရင် ရှိရှက် ထံ သို့ပြေး သဖြင့် ၊ ရှောလမုန် သေ သည်တိုင်အောင် အဲဂုတ္တု ပြည်၌ နေ လေ ၏။
41 ၄၁ ရှောလမုန်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ များ၊ နေထိုင်ပြုမူပုံနှင့်ပညာဉာဏ်ရှိပုံအကြောင်း တို့ကိုရှောလမုန်အတ္ထုပ္ပတ္တိစာစောင်တွင်ရေးသား ဖော်ပြထားလေသည်။-
၄၁ရှောလမုန် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ နှင့် ၊ သူ ၏ပညာ စကားသည် ရှောလမုန် ဝတ္ထု ၌ ရေးထား လျက်ရှိ၏။
42 ၄၂ သူသည်လေးဆယ့်တစ်နှစ်တိုင်တိုင်ယေရုရှလင် မြို့တွင်နန်းစံတော်မူလျက် ဣသရေလတစ် နိုင်ငံလုံးကိုအုပ်စိုးတော်မူခဲ့သတည်း။-
၄၂ရှောလမုန် သည် ယေရုရှလင် မြို့၌ နေ၍ ဣသရေလ နိုင်ငံလုံး ကို အနှစ် လေး ဆယ်စိုးစံ ပြီးမှ၊
43 ၄၃ သူသည်ကွယ်လွန်၍ဒါဝိဒ်၏မြို့၌သင်္ဂြိုဟ်ခြင်း ကိုခံရ၏။ သားတော်ရောဗောင်သည်နန်းတက် လေ၏။
၄၃ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ခမည်းတော် ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ရောဗောင် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။