Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Burmese Common Language Bible, 1-Kings Chapter 11 https://www.AionianBible.org/Bibles/Myanmar---Burmese-Common-Bible/1-Kings/11 1 ၁) ရှောလမုန်ချစ်ခင်မြတ်နိုးသည့် လူမျိုးခြား အမျိုးသမီးအမြောက်အမြားရှိ၏။ သူသည် အီဂျစ်ဘုရင်၏သမီးတော်ကိုသာမကဘဲ ဟိတ္တိအမျိုးသမီးများ၊ မောဘအမျိုးသမီး များ၊ အမ္မုန်အမျိုးသမီးများ၊ ဧဒုံအမျိုး သမီးများနှင့်ဇိဒုန်အမျိုးသမီးများကို လည်းမိဖုရားမြှောက်တော်မူလေသည်။- 2 ၂) ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား``သင်တို့သည်လူမျိုးခြားများနှင့်အိမ် ထောင်မပြုရ။ သူတို့သည်သင်တို့၏စိတ်နှလုံး ကိုသူတို့ဘုရားများဘက်သို့အမှန်ပင်ယိမ်း ယိုင်စေကြလိမ့်မည်'' ဟုမိန့်တော်မူခဲ့၏။ သို့ ပါလျက်ရှောလမုန်သည်ထိုအမျိုးသမီး များနှင့်စုံဖက်တော်မူလေသည်။- 3 ၃) ရှောလမုန်သည်မင်းသမီးခုနစ်ရာကိုထိမ်း မြားသည့်အပြင် သူ၏မောင်းမတော်သုံးရာ ရှိသေး၏။ သူတို့သည်မင်းကြီးအားထာဝရ ဘုရားကိုကျောခိုင်းစေပြီးလျှင်၊- 4 ၄) အိုမင်းလာချိန်၌လူမျိုးခြားတို့၏ဘုရား များကိုဝတ်ပြုကိုးကွယ်စေကြ၏။ မင်းကြီး သည်ခမည်းတော်ဒါဝိဒ်ကဲ့သို့ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသစ္စာမစောင့်ဘဲ၊- 5 ၅) ဇိဒုန်ဘုရားမအာရှတရက်နှင့်စက်ဆုပ်ဖွယ် ကောင်းသည့် အမ္မုန်ဘုရားမိလကုံအားဝတ်ပြု ကိုးကွယ်၍၊- 6 ၆) ထာဝရဘုရားရှေ့တော်တွင်ဒုစရိုက်ကိုပြု လျက် ခမည်းတော်ဒါဝိဒ်ကဲ့သို့ထာဝရဘုရား ထံလုံးဝဆည်းကပ်ကိုးကွယ်ခြင်းမပြုပေ။- 7 ၇) ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။- 8 ၈) လူမျိုးခြားမိဖုရားအပေါင်းတို့သည်မိမိတို့ သက်ဆိုင်ရာဘုရားများအားနံ့သာပေါင်းကို မီးရှို့ပူဇော်နိုင်ရန်နှင့် ယဇ်ပူဇော်နိုင်ရန်ဝတ်ပြု ကိုးကွယ်ရာဌာနများကိုလည်းတည်ဆောက် ပေးတော်မူ၏။ 9 ၉) ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ရှောလမုန်အားနှစ်ကြိမ် တိုင်တိုင်ထင်ရှား၍ လူမျိုးခြားတို့၏ဘုရား များကိုဝတ်ပြုကိုးကွယ်ခြင်းမပြုရန်မိန့် ကြားတော်မူသော်လည်း ရှောလမုန်သည် ထာဝရဘုရား၏စကားတော်ကိုနား မထောင်ဘဲ ကိုယ်တော်အားကျောခိုင်းသော ကြောင့် ထာဝရဘုရားသည်ရှောလမုန်အား အမျက်ထွက်တော်မူသဖြင့်၊- 10 ၁၀) 11 ၁၁) ``သင်သည်ငါနှင့်ပြုထားသည့်ပဋိညာဉ်ကို ချိုးဖောက်လျက် ငါ၏အမိန့်တော်ကိုလွန်ဆန် သည်ဖြစ်၍ ငါသည်နိုင်ငံတော်ကိုသင့်လက်မှ မုချရုပ်သိမ်းပြီးလျှင် သင်၏မှူးမတ်တစ်ဦး အားပေးအပ်မည်။- 12 ၁၂) သို့ရာတွင်ငါသည်သင့်ခမည်းတော်ဒါဝိဒ်၏ မျက်နှာကိုထောက်၍ သင်၏လက်ထက်၌ဤ အမှုကိုမပြုဘဲသင်၏သားလက်ထက် ရောက်မှပြုမည်။- 13 ၁၃) သို့သော်လည်းငါသည်ငါ့အစေခံဒါဝိဒ်၏ မျက်နှာကိုထောက်၍လည်းကောင်း၊ ငါ၏မြို့တော် အဖြစ်ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့ ကိုထောက်ထား၍လည်းကောင်း သူ၏ထံမှတစ် နိုင်ငံလုံးကိုမရုပ်သိမ်း။ သူ၏အတွက်တစ်နွယ် ကိုချန်ထားမည်'' ဟုရှောလမုန်အားဗျာဒိတ် ပေးတော်မူ၏။ 14 ၁၄) သို့ဖြစ်၍ထာဝရဘုရားသည် ဧဒုံမင်းမျိုးနွယ် တစ်ဦးဖြစ်သူဟာဒဒ်အား ရှောလမုန်ကိုပုန်ကန် စေတော်မူ၏။- 15 ၁၅) ဤအရေးအခင်းမပေါ်ပေါက်မီကာလအတော် ကြာက ဧဒုံပြည်ကိုဒါဝိဒ်နှိမ်နင်းအောင်မြင်ပြီး နောက် တပ်မတော်ဗိုလ်ချုပ်ယွာဘသည်စစ်ပွဲတွင် ကျဆုံးသူတို့ကိုသင်္ဂြိုဟ်ရန်ထိုပြည်သို့သွား၍ မိမိ၏တပ်သားများနှင့်အတူခြောက်လမျှ နေထိုင်ကာဧဒုံပြည်သားယောကျာ်းမှန်သမျှ ကိုသတ်လေသည်။- 16 ၁၆) 17 ၁၇) ဟာဒဒ်နှင့်သူ့ဖခင်၏အစေခံအချို့သာလျှင် လွတ်မြောက်၍ အီဂျစ်ပြည်သို့ထွက်ပြေးကြ၏။ (ထိုစဉ်အခါကဟာဒဒ်သည်ကလေးသူငယ် မျှသာရှိသေး၏။-) 18 ၁၈) သူတို့သည်မိဒျန်ပြည်မှထွက်ခွာပြီးလျှင်ဖာရန် မြို့သို့ရောက်ရှိကြသောအခါ လူအချို့တို့သည် သူတို့ဘက်သို့ဝင်ရောက်လာကြ၏။ ထို့နောက်သူ တို့သည်အီဂျစ်ပြည်သို့ထွက်သွား၍အီဂျစ် ဘုရင်ထံသို့ရောက်ရှိကြသောအခါ မင်းကြီး သည်ဟာဒဒ်အား မြေ၊ အိမ်နှင့်၊ စားနပ်ရိက္ခာကို ပေးတော်မူ၏။- 19 ၁၉) ဟာဒဒ်သည်မင်းကြီးနှင့်ချစ်ကျွမ်းဝင်၍လာ ရကား မင်းကြီးကသူ့အားမိဖုရားတာပနက် ၏ညီမ၊ မိမိ၏ခယ်မတော်နှင့်စုံဖက်ပေးတော် မူ၏။- 20 ၂၀) ထိုအမျိုးသမီးသည်သားဂေနုဗတ်ကိုဖွားမြင် ရာ ထိုသားကိုနန်းတော်တွင်း၌မိဖုရားကပင် လျှင်စောင့်ရှောက်ပြုစုထားသဖြင့် သူငယ်သည် ဘုရင်၏သားတော်များနှင့်အတူနေထိုင်ရ လေသည်။ 21 ၂၁) ဒါဝိဒ်မင်းကွယ်လွန်တော်မူ၍ တပ်မတော်ဗိုလ် ချုပ်ယွာဘသည်လည်းသေဆုံးပြီဖြစ်ကြောင်း အီဂျစ်ပြည်သို့သတင်းရောက်ရှိလာသော အခါ ဟာဒဒ်ကအီဂျစ်ဘုရင်ထံ``အကျွန်ုပ် အားမိမိတိုင်းပြည်သို့ပြန်ခွင့်ပြုတော်မူ ပါ'' ဟုလျှောက်လေ၏။ 22 ၂၂) မင်းကြီးက``အဘယ်ကြောင့်နည်း။ အဘယ်အလို ဆန္ဒမပြည့်ဝ၍သင့်ပြည်သို့ပြန်လိုပါသနည်း'' ဟုမေးတော်မူ၏။ ဟာဒဒ်က``ယင်းသို့မဟုတ်ပါ။ သို့ရာတွင်ပြန် ခွင့်ပေးတော်မူပါ'' ဟုလျှောက်ထားပြီးလျှင် မိမိ၏ပြည်သို့ပြန်သွားလေ၏။ ဟာဒဒ်သည်ဧဒုံပြည်တွင်မင်းပြုလျက် ဣသ ရေလလူမျိုးကိုရွံရှာ၍ရန်မူလေသည်။ 23 ၂၃) ဘုရားသခင်သည်ဧလျာဒ၏သားရေဇုန်ကို လည်း ရှောလမုန်အားပုန်ကန်စေတော်မူ၏။ ရေဇုန် သည်မိမိ၏သခင်၊ ဇောဘဘုရင်၊ ဟာဒဒေဇာ ထံမှထွက်ပြေးပြီးလျှင်တောပုန်းအဖွဲ့ခေါင်း ဆောင်လုပ်၍နေလေ၏။- 24 ၂၄) (ဤသို့ဖြစ်ပျက်မှုမှာဒါဝိဒ်သည်ဟာဒဒေဇာ ကိုနှိမ်နင်း၍ ထိုမင်း၏ရှုရိမဟာမိတ်များကို သုတ်သင်ပြီးချိန်၌ဖြစ်သတည်း။) ရေဇုန်သည် မိမိ၏နောက်လိုက်များနှင့်အတူ ဒမာသက်မြို့ သို့သွားရောက်နေထိုင်ရာသူ၏လူတို့သည်သူ့ ကိုရှုရိဘုရင်အဖြစ်မင်းမြှောက်ကြလေသည်။- 25 ၂၅) ရေဇုန်သည်လည်းရှောလမုန်အသက်ရှင်သမျှ ကာလပတ်လုံး ဣသရေလလူမျိုးတို့အား ရန်မူလျက်နေ၏။ 26 ၂၆) ရှောလမုန်အားပုန်ကန်သူအခြားလူတစ်ယောက် မှာ ဧဖရိမ်ပြည်၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင်ဖြစ်သည်။ သူသည်ရှောလမုန်၏ နန်းတွင်းအရာရှိတစ်ဦးဖြစ်၍ သူ၏မိခင်မှာ ဇေရွာနာမည်ရှိသောမုဆိုးမဖြစ်၏။- 27 ၂၇) ပုန်ကန်မှုဖြစ်ပွားပုံကားဤသို့တည်း။ ရှောလမုန်သည်ယေရုရှလင်မြို့အရှေ့ပိုင်းတွင် မြေဖို့လျက် မြို့ရိုးများကိုတိုးချဲ့လျက်နေ၏။- 28 ၂၈) လုပ်ရည်ကိုင်ရည်ကောင်းသူယေရောဗောင်၏လုံ့လ ဝိရိယကိုမြင်တော်မူသောအခါ ရှောလမုန် သည်သူ့အားမနာရှေနှင့်ဧဖရိမ်နယ်မြေများ အတွက် ချွေးတပ်မှူးအဖြစ်ဖြင့်ခန့်အပ်တော် မူ၏။- 29 ၂၉) တစ်နေ့သ၌ယေရောဗောင်သည်ယေရုရှလင်မြို့ မှခရီးပြုရန်ထွက်ခွာလာစဉ် လမ်းပေါ်၌သူ နှင့်ရှိလောမြို့သားပရောဖက်အဟိယတို့ နှစ်ဦးတည်းတွေ့ဆုံမိကြလေသည်။- 30 ၃၀) အဟိယသည်မိမိဝတ်ထားသည့်ဝတ်လုံ သစ်ကိုချွတ်၍ တစ်ဆယ့်နှစ်ပိုင်းဆုတ်ဖြဲ ပြီးလျှင်၊- 31 ၃၁) ယေရောဗောင်အား``သင့်အတွက်ဝတ်လုံစ ဆယ်ခုကိုယူလော့။ ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကသင့် အား`ငါသည်ရှောလမုန်ထံမှနိုင်ငံတော်ကို ရုပ်သိမ်း၍ ဣသရေလတို့၏နယ်မြေဆယ်ခု ကိုပေးမည်။- 32 ၃၂) ငါ၏အစေခံဒါဝိဒ်၏မျက်နှာကိုထောက်၍ လည်းကောင်း၊ ဣသရေလတစ်နိုင်ငံလုံးမှငါ ရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရု ရှလင်မြို့ကိုထောက်ထား၍လည်းကောင်း၊ ငါသည် ရှောလမုန်အတွက်နယ်မြေတစ်ခုကိုချန်ထား ပေးမည်။- 33 ၃၃) ဤသို့ငါပြုရမည့်အကြောင်းမှာရှောလမုန်သည် ငါ့ကိုပစ်ပယ်၍ ဇိဒုန်ဘုရားမအာရှတရက်၊ မောဘဘုရားခေမုရှ၊ အမ္မုန်ဘုရားမိလကုံ တို့ကိုဝတ်ပြုကိုးကွယ်သောကြောင့်ဖြစ်၏။ ရှောလမုန်သည်ငါ၏အမိန့်တော်ကိုလွန်ဆန် လေပြီ။ သူသည်မကောင်းမှုကိုပြု၍ငါ၏ ပညတ်တော်များနှင့်အမိန့်တော်တို့ကိုသူ၏ ခမည်းတော်ဒါဝိဒ်နာခံသကဲသို့မနာခံ။- 34 ၃၄) သို့ရာတွင်ငါသည်သူ၏ထံမှတစ်နိုင်ငံလုံး ကိုရုပ်သိမ်းဦးမည်မဟုတ်။ ငါရွေးချယ်ခန့်ထား ၍ငါ၏ပညတ်တော်များနှင့်အမိန့်တော်တို့ ကိုနာခံသူ၊ ငါ၏အစေခံဒါဝိဒ်၏မျက်နှာ ကိုထောက်၍ ငါသည်ရှောလမုန်အားတစ်သက် လုံးထိုနိုင်ငံကိုအုပ်စိုးစေမည်။- 35 ၃၅) သူ၏သားလက်ထက်ရောက်မှထိုနိုင်ငံကို ရုပ်သိမ်း၍ ဣသရေလဆယ်နွယ်ကိုသင့်အား ငါပေးမည်။- 36 ၃၆) ရှောလမုန်၏သားကိုမူကားဣသရေလတစ် နွယ်ကိုငါပေးမည်။ ဤသို့ပေးရခြင်းအကြောင်း မှာငါ့အားဝတ်ပြုကိုးကွယ်ရာဌာနအဖြစ်ဖြင့် ငါရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရုရှလင်မြို့၌ ငါ၏အစေခံဒါဝိဒ်၏ သားမြေးများအဆက်မပြတ်နန်းစံလျက် ရှိနေစေရန်ဖြစ်၏။- 37 ၃၇) အချင်းယေရောဗောင်၊ ငါသည်သင့်အားဣသရေလ ဘုရင်အဖြစ်ခန့်ထားမည်။ သင်သည်မိမိအလိုရှိ သောနယ်မြေတို့ကိုအုပ်စိုးရလိမ့်မည်။- 38 ၃၈) အကယ်၍သင်သည်ငါ၏စကားကိုအကြွင်းမဲ့ နားထောင်ကာငါ့ပညတ်တော်တို့ကိုကျင့်သုံး ပြီးလျှင် ငါ၏အစေခံဒါဝိဒ်နည်းတူငါ့အမိန့် တို့ကိုနာခံခြင်းအားဖြင့် ငါနှစ်သက်မြတ်နိုး အောင်ပြုလျှင်သင်နှင့်အတူအစဉ်အမြဲငါ ရှိမည်။ သင့်အားဣသရေလဘုရင်အဖြစ်ခန့် ထားပြီးလျှင် ဒါဝိဒ်၏သားမြေးများအတွက် ငါပြုသကဲ့သို့သင်၏သားမြေးတို့ကိုလည်း သင့်နောက်၌ဧကန်အမှန်ဆက်လက်နန်းစံ စေမည်။- 39 ၃၉) ရှောလမုန်၏အပြစ်အတွက်ငါသည်ဒါဝိဒ်၏ သားမြေးတို့အားဒဏ်ခတ်မည်။ သို့သော်အစဉ် အမြဲမဟုတ်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို လေသည်။ 40 ၄၀) ထို့ကြောင့်ရှောလမုန်သည် ယေရောဗောင်ကိုသတ် ရန်ကြိုးစားလေ၏။ ယေရောဗောင်သည်အီဂျစ် ဘုရင်ရှိရှက်ထံသို့ထွက်ပြေး၍ ရှောလမုန် ကွယ်လွန်သည့်တိုင်အောင်အီဂျစ်ပြည်တွင်နေ လေသည်။ 41 ၄၁) ရှောလမုန်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ များ၊ နေထိုင်ပြုမူပုံနှင့်ပညာဉာဏ်ရှိပုံအကြောင်း တို့ကိုရှောလမုန်အတ္ထုပ္ပတ္တိစာစောင်တွင်ရေးသား ဖော်ပြထားလေသည်။- 42 ၄၂) သူသည်လေးဆယ့်တစ်နှစ်တိုင်တိုင်ယေရုရှလင် မြို့တွင်နန်းစံတော်မူလျက် ဣသရေလတစ် နိုင်ငံလုံးကိုအုပ်စိုးတော်မူခဲ့သတည်း။- 43 ၄၃) သူသည်ကွယ်လွန်၍ဒါဝိဒ်၏မြို့၌သင်္ဂြိုဟ်ခြင်း ကိုခံရ၏။ သားတော်ရောဗောင်သည်နန်းတက် လေ၏။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!