< Psalmi 104 >
1 Teici To Kungu, mana dvēsele! Kungs, mans Dievs, Tu esi ļoti liels, ar augstību un godību aptērpies.
၁အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အလွန်ကြီးမြတ်တော်မူ ပါ၏။ ကိုယ်တော်ရှင်သည်တန်ခိုးတော်နှင့် ဘုန်းအသရေတော်တို့ဖြင့်တန်ဆာဆင်လျက် ရှိတော်မူပါ၏။
2 Tu ģērbies gaišumā kā apģērbā; tu izklāj debesis kā telti.
၂ကိုယ်တော်ရှင်သည်မိမိကိုယ်ကိုအလင်းရောင်ဖြင့် လွှမ်းခြုံတော်မူပါ၏။ မိုးကောင်းကင်ကိုတဲရှင်သဖွယ်ဖြန့်တော်မူ၍
3 Tu ūdeņus augstībā sev lieci par grīdu, tu dari padebešus par saviem ratiem, tu staigā uz vēja spārniem.
၃မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
4 Tu dari vējus par Saviem eņģeļiem un uguns liesmas par Saviem sulaiņiem.
၄ကိုယ်တော်ရှင်သည်လေတို့ကိုစေတမန်များ အဖြစ်ဖြင့်လည်းကောင်း၊ လျှပ်စစ်လျှပ်နွယ်တို့ကိုအစေခံများ အဖြစ်ဖြင့်လည်းကောင်းအသုံးပြုတော် မူပါ၏။
5 Zemi Tu esi dibinājis uz viņas pamatiem, ka tā nešaubās ne mūžam.
၅ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကို အဘယ်အခါ၌မျှမလှုပ်ရှားနိုင်စိမ့် သောငှာ အုတ်မြစ်ချ၍တည်တော်မူပါပြီ။
6 Ar jūras dziļumiem Tu to apsedzis kā ar apģērbu, ūdeņi stāvēja pār kalniem.
၆ထိုနောက်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာဖြင့် ဝတ်လုံသဖွယ်ဖုံးလွှမ်းတော်မူပါ၏။ ရေသည်လည်းတောင်များကိုလွှမ်းမိုးပါ၏။
7 No Taviem draudiem tie bēga, no Tava pērkona tie steidzās projām;
၇ကိုယ်တော်ရှင်ဆုံးမတော်မူလိုက်သောအခါ ရေတို့သည်ပြေးသွားကြပါ၏။ ရေတို့သည်ကိုယ်တော်ရှင်၏မိုးချုန်းသံကို ကြားသောအခါလျင်မြန်စွာစီးဆင်းသွား ကြပါ၏။
8 Kalni cēlās un lejas nogrima tai vietā, ko Tu tām biji licis.
၈ရေတို့သည်တောင်များပေါ်မှ ချိုင့်ဝှမ်းများသို့လည်းကောင်း၊ ကိုယ်တော်ရှင်သူတို့အတွက်ပြင်ဆင်သတ်မှတ် ထားသည့်အရပ်သို့လည်းကောင်းစီးသွား ကြပါ၏။
9 Tu esi licis robežas, tās tie (ūdeņi) nepārkāps un zemi vairs neapklās.
၉ကမ္ဘာမြေကြီးကိုနောက်တစ်ဖန်ရေမလွှမ်းမိုးစေရန် ကိုယ်တော်ရှင်သည်ရေတို့ကူးကျော်၍မရနိုင်သည့် နယ်နိမိတ်ကိုသတ်မှတ်ပေးတော်မူပါ၏။
10 Tu izvadi avotus pa ielejām, ka tie tek starp kalniem.
၁၀ကိုယ်တော်ရှင်သည်ချိုင့်ဝှမ်းများတွင်စမ်းချောင်း တို့ကို ပေါ်ပေါက်စေတော်မူ၍တောများအကြားတွင် မြစ်များစီးဆင်းစေတော်မူပါ၏။
11 Tie dzirdina visus lauka zvērus, tur atdzeras meža ēzeļi.
၁၁ထိုမြစ်များသည်တောတိရစ္ဆာန်တို့အား သောက်ရေကိုပေးပါ၏။ မြည်းရိုင်းတို့ကိုလည်းရေငတ်ပြေစေ ပါ၏။
12 Pie tiem mīt debesputni, zaros tie dzied.
၁၂အနီးအနားရှိသစ်ပင်များပေါ်တွင်ငှက် တို့သည် အသိုက်လုပ်လျက်သာယာစွာအော်မြည် ကြပါ၏။
13 Tu slapini kalnus no augšienes; ar augļiem, ko Tu radi, zeme top piepildīta.
၁၃ကိုယ်တော်ရှင်သည်ကောင်းကင်မှတောင်များ ပေါ်သို့ မိုးရွာကျစေတော်မူသဖြင့် ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာများကိုပြည့်ဝစွာခံစားရပါ၏။
14 Tu liec zālei augt priekš lopiem un sējai cilvēkam par labu, lai nāk maize no zemes
၁၄ကိုယ်တော်သည်တောတိရစ္ဆာန်များစားဖို့ မြက်များကိုလည်းကောင်း၊ လူတို့သုံးဖို့ကောက်ပင်များကိုလည်း ကောင်း ပေါက်စေတော်မူပါ၏။ သို့ဖြစ်၍လူသည်သီးနှံပင်များကိုစိုက်ပျိုး နိုင်လျက်
15 Un vīns, kas iepriecina cilvēka sirdi, ka viņa vaigs top skaistāks nekā no eļļas, un ka maize spēcina cilvēka sirdi.
၁၅မိမိအားစိတ်ကိုပျော်ရွှင်စေရန် စပျစ်ရည်ကိုလည်းကောင်း၊ လန်းဆန်းစေရန်သံလွင်ဆီကိုလည်းကောင်း၊ ခွန်အားဖြစ်စေရန်အစားအစာကိုလည်းကောင်း ရရှိနိုင်ပါ၏။
16 Tā Kunga koki top papilnam slacināti, ciedra koki uz Lībanus, ko Viņš ir dēstījis.
၁၆ထာဝရဘုရားစိုက်တော်မူသောကိုယ်တော်၏ သစ်ပင်များဖြစ်သည့်လေဗနုန်တောမှ အာရဇ်ပင်တို့သည်မိုးရေများစွာရရှိကြပါသည်။
17 Tur putni dara ligzdas un stārķi dzīvo uz priedēm.
၁၇ထိုအရပ်တွင်ငှက်တို့သည်အသိုက်များ ပြုလုပ်ကြပါ၏။ တောငန်းတို့သည်ထင်းရှူးပင်များတွင် အသိုက်များပြုလုပ်ကြပါ၏။
18 Augstie kalni ir priekš mežu kazām, klintis kalna āpšiem par patvērumu.
၁၈တောဆိတ်တို့သည်တောင်မြင့်များပေါ်တွင် နေကြပါ၏။ ခွေးတူဝက်တူတို့သည် ကျောက်တောင်စောင်းများတွင်ခိုအောင်း ကြပါ၏။
19 Tu esi darījis mēnesi laikmetiem, saule zin savu noiešanu.
၁၉ကိုယ်တော်ရှင်သည်အချိန်ကာလကို သတ်မှတ်ရန်အတွက်လကိုဖန်ဆင်းတော်မူပါ၏။ နေသည်မိမိဝင်ရမည့်အချိန်ကိုသိပါ၏။
20 Tu dari tumsu, ka nakts metās; tad kustās visi meža zvēri.
၂၀ကိုယ်တော်ရှင်သည်ညဥ့်ကိုဖန်ဆင်းတော်မူသဖြင့် မှောက်မိုက်ချိန်တွင်တောတိရစ္ဆာန်အပေါင်းတို့ ထွက်လာကြပါ၏။
21 Jaunie lauvas rūc pēc laupījuma, meklēdami savu barību no Dieva.
၂၁ခြင်္သေ့ပျိုတို့သည်အစာရှာနေစဉ်ဟောက်ကြပါ၏။ သူတို့သည်ထာဝရဘုရားချပေးတော်မူသော အစာကိုရှာကြ၍
22 Un kad saule lec, tad tie atkal aizbēg un apguļas savās alās.
၂၂နေထွက်လာသောအခါမိမိတို့၏ သားရဲတွင်းများသို့ပြန်၍ခိုအောင်းကြပါ၏။
23 Tad cilvēks iziet pie sava darba, pie sava lauka darba līdz vakaram.
၂၃ထိုအခါလူတို့သည်မိမိတို့အလုပ်များကို လုပ်ကိုင်ရန်ထွက်လာကာညနေချမ်းတိုင်အောင် အလုပ်လုပ်ကြပါ၏။
24 Cik lieli ir Tavi darbi, ak Kungs! Tos visus Tu esi darījis ar gudrību, - zeme ir Tava padoma pilna.
၂၄အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောအရာတို့သည် များလှပါ၏။ ဉာဏ်ပညာတော်ဖြင့်ထိုအရာအပေါင်းတို့ကို ဖန်ဆင်းတော်မူပါ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင် ဖန်ဆင်းတော်မူသောသတ္တဝါများနှင့် ပြည့်လျက်ရှိပါ၏။
25 Redzi, jūra, liela un plata uz abējām pusēm! Tur mudžēt mudž neskaitāmā pulkā visādi zvēri, lieli, mazi.
၂၅မရေမတွက်နိုင်သောသတ္တဝါကြီးငယ်တို့ နေထိုင်ရာ အပြောကျယ်သည့်သမုဒ္ဒရာကြီးရှိပါ၏။
26 Tur iet lielas laivas un Levijatans, ko Tu esi radījis, tur dzīvoties.
၂၆သမုဒ္ဒရာထဲတွင်သင်္ဘောများရွက်လွှင့်ကြပါ၏။ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသည့်ရေသတ္တဝါ ကြီး လဝိသန်သည်လည်းခုန်ပေါက်မြူးတူး ပါ၏။
27 Tie visi uz Tevi gaida, ka Tu tiem barību dodi savā laikā.
၂၇ထိုတိရစ္ဆာန်များအားလုံးတို့သည်အချိန်တန်လျှင် အစာရရှိရန်ကိုယ်တော်ရှင်ကိုအားကိုးကြပါ၏။
28 Kad Tu tiem dod, tad tie salasa; kad Tu Savu roku atveri, tad tie ar labumu top pieēdināti.
၂၈ကိုယ်တော်ရှင်သည်သူတို့အားကျွေးမွေးတော် မူသဖြင့် သူတို့သည်စားရကြပါ၏။ ကိုယ်တော်ရှင်သည်အစာကိုချပေးတော်မူသဖြင့် သူတို့သည်ကျေနပ်ရောင့်ရဲရကြပါ၏။
29 Tu apslēpi Savu vaigu, tad tie iztrūkstas; Tu atņem viņiem dvašu, tad tie mirst un paliek atkal par pīšļiem.
၂၉ကိုယ်တော်ရှင်သည်သူတို့ထံမှ မျက်နှာတော်ကိုလွှဲတော်မူသောအခါ သူတို့သည်ကြောက်လန့်ကြပါ၏။ ကိုယ်တော်သည်သူတို့၏အသက်ကို ရုပ်သိမ်းတော်မူသောအခါ သူတို့သည်သေ၍မြေမှုန့်အဖြစ်သို့ပြန်လည် ရောက်ရှိသွားရကြပါ၏။
30 Tu sūti Savu Garu, tad tie top radīti, un Tu atjauno zemes ģīmi.
၃၀သို့ရာတွင်ကိုယ်တော်ရှင်သည်သူတို့အထဲသို့ ထွက်သက်ဝင်သက်ကိုသွင်းတော်မူသောအခါ သူတို့သည်ဖန်ဆင်းခြင်းခံရကြပါ၏။ ကိုယ်တော်သည်ကမ္ဘာလောကကြီးကို အသစ်တစ်ဖန်ရှင်သန်စေပါ၏။
31 Tā Kunga godība paliek mūžīgi; Tas Kungs priecājās par Saviem darbiem.
၃၁ထာဝရဘုရား၏ဘုန်းအသရေတော်သည် ထာဝစဉ်ထွန်းတောက်တော်မူပါစေသော။ ထာဝရဘုရားသည်မိမိဖန်ဆင်းတော်မူသော အရာများအတွက် ဝမ်းမြောက်တော်မူပါစေသော။
32 Viņš uzlūko zemi, tad tā dreb; Viņš aizskar kalnus, tad tie kūp.
၃၂ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကိုကြည့် တော်မူ သောအခါကမ္ဘာမြေကြီးသည်တုန်လှုပ်ရ၏။ တောင်တို့ကိုတို့ထိတော်မူသောအခါတောင် များမှ မီးခိုးထွက်ရ၏။
33 Es dziedāšu Tam Kungam, kamēr es dzīvoju; es slavēšu savu Dievu ar dziesmām, kamēr šeit esmu.
၃၃ငါသည်တစ်သက်လုံးသီချင်းဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းပါမည်။ အသက်ရှင်သမျှကာလပတ်လုံးငါ၏ဘုရားအား ထောမနာသီချင်းဆိုပါမည်။
34 Manas domas Viņam lai patīk; es priecāšos iekš Tā Kunga.
၃၄ကိုယ်တော်သည်ငါ့ကိုဝမ်းမြောက်စေတော်မူသည် ဖြစ်၍ ငါဆိုသောသီချင်းကိုကိုယ်တော်နှစ်သက် တော်မူပါစေသော။
35 Grēcinieki no zemes lai izzūd un bezdievīgo lai vairs nav. Teici To Kungu, mana dvēsele, Alleluja.
၃၅အပြစ်ကူးသူတို့သည်ကမ္ဘာမြေပေါ်မှ သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြပါစေသော။ သူယုတ်မာတို့သည်ကွယ်ပျောက်ကြပါစေသော။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားအားထောမနာပြုလော့။ ထာဝရဘုရားအားထောမနာပြုလော့။