< Psalmi 103 >
1 Dāvida dziesma. Teici To Kungu, mana dvēsele, un viss, kas iekš manis, Viņa svēto vārdu.
၁အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ငါ၏ကိုယ်စိတ်နှလုံးတို့၊ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သောနာမတော်အား ထောမနာပြုကြလော့။
2 Teici To Kungu, mana dvēsele, un neaizmirsti, ko Viņš tev laba darījis.
၂အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နှင့်။
3 Viņš piedod visus tavus grēkus un dziedina visas tavas vainas.
၃ကိုယ်တော်သည်ငါ၏အပြစ်ရှိသမျှတို့ကို ဖြေလွှတ်တော်မူ၍ ငါ၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
4 Viņš izglābj tavu dzīvību no samaitāšanas un pušķo tevi ar žēlastību un apžēlošanām.
၄ကိုယ်တော်သည်ငါ့အားသေဘေးမှကယ်တော်မူ၍ မေတ္တာတော်နှင့်ကရုဏာတော်တို့ဖြင့် ရစ်ပတ်တော်မူ၏။
5 Viņš pieēdina tavu muti ar labumu, ka tu atjaunojies kā ērglis.
၅ကိုယ်တော်သည်ငါ့အားကောင်းချီးပေးတော်မူ သဖြင့် ငါသည်လင်းယုန်ငှက်ကဲ့သို့နုပျိုသန်စွမ်း လျက်ရှိ၏။
6 Tas Kungs izdod taisnību un tiesu visiem, kas top apbēdināti.
၆ထာဝရဘုရားသည် ဖိစီးနှိပ်စက်ခြင်းခံရသူတို့ဘက်မှနေ၍ တရားစီရင်တော်မူသဖြင့် သူတို့၏ရပိုင်ခွင့်များကိုပေးတော်မူ၏။
7 Viņš Mozum darījis zināmus Savus ceļus, Israēla bērniem Savus darbus.
၇ကိုယ်တော်သည်မိမိ၏အကြံအစည်တော် များကို မောရှေအားဖော်ပြတော်မူ၍ အံ့သြဖွယ်သောအမှုတော်တို့ကိုဣသရေလ အမျိုးသားတို့အားမြင်စေတော်မူ၏။
8 Žēlīgs un lēnīgs ir Tas Kungs, pacietīgs un no lielas žēlastības.
၈ထာဝရဘုရားသည်ချစ်ခင်ကြင်နာတော်မူ၍ စိတ်ရှည်သည်းခံတော်မူလျက် ခိုင်မြဲသောမေတ္တာတော်နှင့်ပြည့်ဝတော်မူ၏။
9 Viņš ķildu neturēs mūžam un nedusmosies mūžīgi.
၉ကိုယ်တော်သည်အစဉ်မပြတ်ပြစ်တင်၍နေတော် မမူ။ အစဉ်အမြဲအမျက်ထွက်တော်မမူ။
10 Viņš mums nedara pēc mūsu grēkiem un mums nemaksā pēc mūsu noziegumiem.
၁၀ငါတို့အားခံထိုက်သည့်အပြစ်ဒဏ်ကိုခံစေ တော်မမူ၊ ငါတို့၌အပြစ်များနှင့်အမှားများရှိသည့် အတိုင်း အပြစ်ပေးတော်မမူ။
11 Jo cik augstas debesis ir pār zemi, tik spēcīga Viņa žēlastība pār tiem, kas Viņu bīstas.
၁၁ကမ္ဘာမြေပြင်အထက်ရှိမိုးကောင်းကင်သည် မြင့်မားသည်နှင့်အမျှ ကိုယ်တော်ကိုကြောက်ရွံ့သူတို့အတွက်ထားရှိသော မေတ္တာတော်သည်ကြီးမားတော်မူ၏။
12 Cik tālu rīti no vakariem, tik tālu Viņš liek mūsu pārkāpumus nost no mums.
၁၂အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။
13 Tā kā tēvs apžēlojās par bērniem, tā Tas Kungs žēlo tos, kas Viņu bīstas.
၁၃ဖခင်သည်သားသမီးတို့အားသနား ကြင်နာသကဲ့သို့ ထာဝရဘုရားသည်မိမိအားကြောက်ရွံ့ရိုသေ သူတို့အားသနားကြင်နာတော်မူ၏။
14 Jo Viņš zin, kāds radījums mēs esam, Viņš piemin, ka mēs esam pīšļi.
၁၄ငါတို့ကိုယ်ခန္ဓာကိုမည်ကဲ့သို့ တည်ဆောက်ထားသည်ကိုကိုယ်တော် သိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကိုသတိရ တော်မူ၏။
15 Cilvēks savā dzīvībā ir kā zāle, viņš zied kā puķe laukā.
၁၅ငါတို့၏ဘဝအသက်တာသည်မြက်ပင်နှင့် တူ၏။ ငါတို့သည်တောပန်းကဲ့သို့ကြီးထွား ပွင့်လန်းလျက်နေကြ၏။
16 Kad vējš pār to pāriet, tad viņas vairs nav, un viņas vietu vairs nepazīst.
၁၆လေတိုက်သောအခါပန်းပွင့်သည် ကြွေပျောက်၍သွားသဖြင့် ယင်းကိုနောက်တစ်ဖန်မတွေ့မမြင်ရတော့ပေ။
17 Bet Tā Kunga žēlastība paliek mūžīgi mūžam pār tiem, kas Viņu bīstas, un Viņa taisnība līdz bērnu bērniem
၁၇သို့ရာတွင်ထာဝရဘုရားကိုကြောက်ရွံ့ ရိုသေကြသူတို့အတွက် ကိုယ်တော်ထားရှိတော်မူသောမေတ္တာတော်မူကား ထာဝစဉ်ခိုင်မြဲပေသည်။ ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ပညတ်တော်တို့ကို သစ္စာနှင့်လိုက်နာကျင့်သုံးကြသူတို့အပေါ်သို့ ကိုယ်တော်၏ကျေးဇူးကရုဏာတော်သည် သားစဉ်မြေးဆက်သက်ရောက်သတည်း။
18 Pie tiem, kas Viņa derību tur un Viņa baušļus piemin, ka tie tos dara.
၁၈
19 Tas Kungs ir stiprinājis Savu godības krēslu debesīs, un Viņa valstība valda pār visu.
၁၉ထာဝရဘုရားသည်မိမိ၏ရာဇပလ္လင်တော်ကို ကောင်းကင်ဘုံတွင်ထားရှိတော်မူ၏။ ကိုယ်တော်သည်စကြဝဠာကိုအစိုးရတော်မူ၏။
20 Teiciet To Kungu, Viņa eņģeļi, jūs stiprie karotāji, kas Viņa vārdu izdara, klausīdami Viņa vārda balsi.
၂၀တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
21 Teiciet To Kungu, visi Viņa spēcīgie pulki, jūs Viņa sulaiņi, kas dara pēc Viņa prāta.
၂၁ကိုယ်တော်၏အလိုတော်အတိုင်း လုပ်ဆောင်သူအစေခံများဖြစ်သော ကောင်းကင်အာဏာပိုင်အပေါင်းတို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
22 Teiciet To Kungu, visi Viņa darbi visās vietās, kur Viņš valda. Teici To Kungu, mana dvēsele.
၂၂ထာဝရဘုရားအုပ်စိုးတော်မူရာအရပ်ရှိ ဖန်ဆင်းခြင်းခံရသောသတ္တဝါအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။