< 창세기 40 >

1 그 후에 애굽 왕의 술 맡은 자와 떡굽는 자가 그 주 애굽 왕에게 범죄한지라
ကာ​လ​အ​တန်​ကြာ​ပြီး​နောက်​အီ​ဂျစ်​ပြည့်​ရှင် ၏​ဖ​လား​တော်​ဝန်​နှင့်​စား​တော်​ဆက်​ဝန်​တို့ သည်​ဘု​ရင့်​အ​မျက်​သင့်​ကြ​၏။-
2 바로가 그 두 관원장 곧 술 맡은 관원장과 떡 굽는 관원장에게 노하여
ဘု​ရင်​သည်​ထို​အ​ရာ​ရှိ​နှစ်​ဦး​တို့​ကို​အ​မျက် ထွက်​၍၊-
3 그들을 시위대장의 집 안에 있는 옥에 가두니 곧 요셉의 갇힌 곳이라
ယော​သပ်​အ​ကျဉ်း​ခံ​ရာ​ကိုယ်​ရံ​တော်​မှူး​အိမ် ၌​အ​ကျဉ်း​ချ​ထား​လေ​၏။-
4 시위대장이 요셉으로 그들에게 수종하게 하매 요셉이 그들을 섬겼더라 그들이 갇힌지 수일이라
သူ​တို့​သည်​ကာ​လ​အ​တန်​ကြာ​မျှ​အ​ကျဉ်း ခံ​နေ​ကြ​၏။ ကိုယ်​ရံ​တော်​မှူး​သည်​ထို​သူ​တို့ အား​ပြု​စု​ရန်​ယော​သပ်​ကို​တာ​ဝန်​ပေး​ထား လေ​၏။
5 옥에 갇힌 애굽 왕의 술 맡은 자와 떡 굽는 자 두 사람이 하룻밤에 꿈을 꾸니 각기 몽조가 다르더라
တစ်​ည​၌​ထောင်​ထဲ​တွင်​ဖ​လား​တော်​ဆက်​ဝန် နှင့်​စား​တော်​ဆက်​ဝန်​တို့​သည် သီး​ခြား​အ​နက် ပါ​ရှိ​သော​အိပ်​မက်​များ​ကို​မြင်​မက်​ကြ​လေ သည်။-
6 아침에 요셉이 들어가 보니 그들에게 근심 빛이 있는지라
နံ​နက်​ချိန်​၌​ယောသပ်​သည်​သူ​တို့​ထံ​သွား သော​အ​ခါ မျက်​နှာ​ညှိုး​ငယ်​လျက်​ရှိ​ကြ သည်​ကို​တွေ့​မြင်​ရ​သ​ဖြင့်၊-
7 요셉이 그 주인의 집에 자기와 함께 갇힌 바로의 관원장에게 묻되 당신들이 오늘 어찌하여 근심 빛이 있나이까?
ယော​သပ်​က``သင်​တို့​သည်​ယ​နေ့​အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​နေ​ကြ​ပါ​သ​နည်း'' ဟု​သူ​တို့ အား​မေး​လေ​၏။
8 그들이 그에게 이르되 `우리가 꿈을 꾸었으나 이를 해석할 자가 없도다' 요셉이 그들에게 이르되 `해석은 하나님께 있지 아니하나이까? 청컨대 내게 고하소서'
သူ​တို့​က``ငါ​တို့​တစ်​ယောက်​စီ​အိပ်​မက်​မြင်​မက် ကြ​ပါ​သည်။ သို့​ရာ​တွင်​အိပ်​မက်​၏​အ​နက်​ကို ဖွင့်​ပြ​နိုင်​သူ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြ​၏။ ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ဖွင့်​ပြ​နိုင်​စွမ်း ကို​ထာ​ဝ​ရ​ဘု​ရား​သာ​ပေး​ပါ​သည်။ သင်​တို့ ၏​အိပ်​မက်​များ​ကို​ကျွန်​တော်​အား​ပြော​ပြ ပါ'' ဟု​ဆို​လေ​၏။
9 술 맡은 관원장이 그 꿈을 요셉에게 말하여 가로되 `내가 꿈에 보니 내 앞에 포도나무가 있는데
ထို​အ​ခါ​ဖ​လား​တော်​ဆက်​ဝန်​က``ငါ​၏ အိပ်​မက်​ထဲ​တွင်​ငါ့​ရှေ့​၌​စပျစ်​နွယ်​ရှိ​ပါ​သည်။-
10 그 나무에 세 가지가 있고 싹이 나서 꽃이 피고 포도송이가 익었고
၁၀ထို​စ​ပျစ်​နွယ်​တွင်​အ​ကိုင်း​သုံး​ကိုင်း​ရှိ​သည်။ အ​ကိုင်း​များ​မှ​အ​ရွက်​များ​ထွက်​လာ​သည်​နှင့် တစ်​ပြိုင်​နက်​အ​ပွင့်​များ​ပွင့်​၍​စပျစ်​သီး​များ မှည့်​လာ​သည်။-
11 내 손에 바로의 잔이 있기로 내가 포도를 따서 그 즙을 바로의 잔에 짜서 그 잔을 바로의 손에 드렸노라'
၁၁ငါ​သည်​ဖာ​ရော​ဘု​ရင်​၏​ဖ​လား​တော်​ကို​ကိုင် လျက်​စ​ပျစ်​သီး​များ​ကို​ယူ​၍ ဖ​လား​တော်​ထဲ သို့​အ​ရည်​ကို​ညှစ်​ထည့်​ပြီး​လျှင်​ဘု​ရင်​၏​လက် တော်​သို့​ဆက်​ရ​ပါ​သည်'' ဟု​ပြော​ပြ​လေ​၏။
12 요셉이 그에게 이르되 `그 해석이 이러하니 세 가지는 사흘이라
၁၂ယော​သပ်​က``သင်​၏​အိပ်မက်​အ​နက်​သည်​ကား ဤ​သို့​တည်း။ အ​ကိုင်း​သုံး​ကိုင်း​သည်​သုံး​ရက် ကို​ဆို​လို​သည်။-
13 지금부터 사흘 안에 바로가 당신의 머리를 들고 당신의 전직을 회복하리니 당신이 이왕에 술 맡은 자가 되었을 때에 하던것 같이 바로의 잔을 그 손에 받들게 되리이다
၁၃သုံး​ရက်​အ​တွင်း​ဘု​ရင်​သည်​သင့်​အား​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​၍ သင်​၏​ရာ​ထူး​ကို​ပြန် ပေး​တော်​မူ​သ​ဖြင့် သင်​သည်​ယခင်​က​ဖလား တော်​ဆက်​ခဲ့​ရ​သည့်​နည်း​တူ​ယ​ခု​တစ်​ဖန် ပြန်​ဆက်​ရ​လိမ့်​မည်။-
14 당신이 득의하거든 나를 생각하고 내게 은혜를 베풀어서 내 사정을 바로에게 고하여 이 집에서 나를 건져내소서
၁၄သင်​ပြန်​၍​ကောင်း​စား​လာ​သော​အ​ခါ​ကျွန်​တော် ကို​မ​မေ့​ပါ​နှင့်။ ဘု​ရင့်​ထံ​ကျွန်​တော်​အ​တွက် သံ​တော်​ဦး​တင်​၍​ဤ​ထောင်​ထဲ​မှ​လွတ်​မြောက် ရန်​ကူ​ညီ​ပေး​ပါ။-
15 나는 히브리 땅에서 끌려온 자요 여기서도 옥에 갇힐 일은 행치 아니하였나이다'
၁၅စင်​စစ်​အား​ဖြင့်​ကျွန်​တော်​သည်​ဟေ​ဗြဲ​အ​မျိုး သား​တို့​၏​နိုင်​ငံ​မှ​ခိုး​ထုတ်​ခြင်း​ကို​ခံ​ခဲ့​ရ​ပါ သည်။ ဤ​ပြည်​၌​လည်း​ကျွန်​တော်​သည်​အ​ကျဉ်း​ခံ ထိုက်​သည့်​အ​ဘယ်​ပြစ်​မှု​ကို​မျှ​မ​ကူး​လွန်​ခဲ့ ရ​ပါ'' ဟု​ဖလား​တော်​ဆက်​ဝန်​အား​ပြော​လေ​၏။
16 떡 굽는 관원장이 그 해석이 길함을 보고 요셉에게 이르되 `나도 꿈에 보니 흰 떡 세 광주리가 내 머리에 있고
၁၆စား​တော်​ဆက်​ဝန်​သည်​ဖလား​တော်​ဆက်​ဝန်​၏ အိပ်​မက်​အ​နက်​ကောင်း​သည်​ကို​သိ​မြင်​လျှင် ယော​သပ်​အား``ငါ​လည်း​အိပ်​မက်​မြင်​မက်​သည်။ အိပ်​မက်​ထဲ​၌​ငါ​သည်​မုန့်​တောင်း​သုံး​လုံး​ကို ဦး​ခေါင်း​ပေါ်​တွင်​ရွက်​လာ​၏။-
17 그 윗광주리에 바로를 위하여 만든 각종 구운 식물이 있는데 새들이 내 머리의 광주리에서 그것을 먹더라'
၁၇အ​ပေါ်​ဆုံး​တောင်း​ထဲ​တွင်​ဘု​ရင်​အား​ဆက်​သ ရ​သော​မုန့်​မျိုး​စုံ​ပါ​ရှိ​၍ ငှက်​များ​သည်​ထို တောင်း​ထဲ​မှ​မုန့်​များ​ကို​စား​ကြ​၏'' ဟု​ပြော ပြ​လေ​သည်။
18 요셉이 대답하여 가로되 `그 해석은 이러하니 세 광주리는 사흘이라
၁၈ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ကား​ဤ​သို့ တည်း။ တောင်း​သုံး​လုံး​သည်​သုံး​ရက်​ကို​ဆို လို​သည်။-
19 지금부터 사흘 안에 바로가 당신의 머리를 끊고 당신을 나무에 달리니 새들이 당신의 고기를 뜯어 먹으리이다' 하더니
၁၉သုံး​ရက်​အ​တွင်း​ဘု​ရင်​သည်​သင့်​အား​ထောင်​ထဲ မှ​လွှတ်​၍​သင်​၏​ဦး​ခေါင်း​ကို​ဖြတ်​ပစ်​စေ​လိမ့် မည်။ ထို​နောက်​သင်​၏​ကိုယ်​ခန္ဓာ​ကို​တိုင်​ပေါ်​မှာ ဆွဲ​ထား​၍​ငှက်​တို့​သည်​သင်​၏​အ​သား​ကို​စား ကြ​လိမ့်​မည်'' ဟု​စား​တော်​ဆက်​ဝန်​အား​ပြော လေ​၏။
20 제 삼일은 바로의 탄일이라 바로가 모든 신하를 위하여 잔치할때에 술 맡은 관원장과 떡 굽는 관원장으로 머리를 그 신하 중에 들게 하니라
၂၀ထို​နောက်​တ​တိ​ယ​နေ့​၌​ဖာ​ရော​ဘု​ရင်​၏​မွေး နေ့​ကျ​ရောက်​သ​ဖြင့် မင်း​မှု​ထမ်း​အား​လုံး​တို့ အား​စား​သောက်​ပွဲ​ဖြင့်​ဧည့်​ခံ​တော်​မူ​၏။ ဘု​ရင် သည်​ဖ​လား​တော်​ဆက်​ဝန်​နှင့်​စား​တော်​ဆက်​ဝန် တို့​ကို​ထောင်​မှ​လွှတ်​၍​မင်း​ပရိသတ်​ရှေ့​သို့​ခေါ် ဆောင်​ခဲ့​စေ​တော်​မူ​၏။-
21 바로의 술 맡은 관원장은 전직을 회복하매 그가 잔을 바로의 손에 받들어 드렸고
၂၁ဘု​ရင်​သည်​ဖ​လား​တော်​ဆက်​ဝန်​ကို​ယ​ခင် ရာ​ထူး​တွင်​ပြန်​ခန့်​ထား​၍၊-
22 떡 굽는 관원장은 매여 달리니 요셉이 그들에게 해석함과 같이 되었으나
၂၂စား​တော်​ဆက်​ဝန်​ကို​မူ​ကား​ကွပ်​မျက်​စေ တော်​မူ​၏။ သို့​ဖြစ်​၍​ယော​သပ်​အ​နက်​ဖွင့်​သည့် အ​တိုင်း​ဖြစ်​ပျက်​လေ​၏။-
23 술 맡은 관원장이 요셉을 기억지 않고 잊었더라
၂၃သို့​သော်​လည်း​ဖ​လား​တော်​ဆက်​ဝန်​သည်​ယော​သပ် ကို​သတိ​မ​ရ​ဘဲ​မေ့​လျော့​လျက်​နေ​လေ​၏။

< 창세기 40 >