< 창세기 40 >
1 그 후에 애굽 왕의 술 맡은 자와 떡굽는 자가 그 주 애굽 왕에게 범죄한지라
၁ကာလအတန်ကြာပြီးနောက်အီဂျစ်ပြည့်ရှင် ၏ဖလားတော်ဝန်နှင့်စားတော်ဆက်ဝန်တို့ သည်ဘုရင့်အမျက်သင့်ကြ၏။-
2 바로가 그 두 관원장 곧 술 맡은 관원장과 떡 굽는 관원장에게 노하여
၂ဘုရင်သည်ထိုအရာရှိနှစ်ဦးတို့ကိုအမျက် ထွက်၍၊-
3 그들을 시위대장의 집 안에 있는 옥에 가두니 곧 요셉의 갇힌 곳이라
၃ယောသပ်အကျဉ်းခံရာကိုယ်ရံတော်မှူးအိမ် ၌အကျဉ်းချထားလေ၏။-
4 시위대장이 요셉으로 그들에게 수종하게 하매 요셉이 그들을 섬겼더라 그들이 갇힌지 수일이라
၄သူတို့သည်ကာလအတန်ကြာမျှအကျဉ်း ခံနေကြ၏။ ကိုယ်ရံတော်မှူးသည်ထိုသူတို့ အားပြုစုရန်ယောသပ်ကိုတာဝန်ပေးထား လေ၏။
5 옥에 갇힌 애굽 왕의 술 맡은 자와 떡 굽는 자 두 사람이 하룻밤에 꿈을 꾸니 각기 몽조가 다르더라
၅တစ်ည၌ထောင်ထဲတွင်ဖလားတော်ဆက်ဝန် နှင့်စားတော်ဆက်ဝန်တို့သည် သီးခြားအနက် ပါရှိသောအိပ်မက်များကိုမြင်မက်ကြလေ သည်။-
6 아침에 요셉이 들어가 보니 그들에게 근심 빛이 있는지라
၆နံနက်ချိန်၌ယောသပ်သည်သူတို့ထံသွား သောအခါ မျက်နှာညှိုးငယ်လျက်ရှိကြ သည်ကိုတွေ့မြင်ရသဖြင့်၊-
7 요셉이 그 주인의 집에 자기와 함께 갇힌 바로의 관원장에게 묻되 당신들이 오늘 어찌하여 근심 빛이 있나이까?
၇ယောသပ်က``သင်တို့သည်ယနေ့အဘယ်ကြောင့် မျက်နှာညှိုးငယ်နေကြပါသနည်း'' ဟုသူတို့ အားမေးလေ၏။
8 그들이 그에게 이르되 `우리가 꿈을 꾸었으나 이를 해석할 자가 없도다' 요셉이 그들에게 이르되 `해석은 하나님께 있지 아니하나이까? 청컨대 내게 고하소서'
၈သူတို့က``ငါတို့တစ်ယောက်စီအိပ်မက်မြင်မက် ကြပါသည်။ သို့ရာတွင်အိပ်မက်၏အနက်ကို ဖွင့်ပြနိုင်သူမရှိပါ'' ဟုဖြေကြ၏။ ယောသပ်က``အိပ်မက်၏အနက်ဖွင့်ပြနိုင်စွမ်း ကိုထာဝရဘုရားသာပေးပါသည်။ သင်တို့ ၏အိပ်မက်များကိုကျွန်တော်အားပြောပြ ပါ'' ဟုဆိုလေ၏။
9 술 맡은 관원장이 그 꿈을 요셉에게 말하여 가로되 `내가 꿈에 보니 내 앞에 포도나무가 있는데
၉ထိုအခါဖလားတော်ဆက်ဝန်က``ငါ၏ အိပ်မက်ထဲတွင်ငါ့ရှေ့၌စပျစ်နွယ်ရှိပါသည်။-
10 그 나무에 세 가지가 있고 싹이 나서 꽃이 피고 포도송이가 익었고
၁၀ထိုစပျစ်နွယ်တွင်အကိုင်းသုံးကိုင်းရှိသည်။ အကိုင်းများမှအရွက်များထွက်လာသည်နှင့် တစ်ပြိုင်နက်အပွင့်များပွင့်၍စပျစ်သီးများ မှည့်လာသည်။-
11 내 손에 바로의 잔이 있기로 내가 포도를 따서 그 즙을 바로의 잔에 짜서 그 잔을 바로의 손에 드렸노라'
၁၁ငါသည်ဖာရောဘုရင်၏ဖလားတော်ကိုကိုင် လျက်စပျစ်သီးများကိုယူ၍ ဖလားတော်ထဲ သို့အရည်ကိုညှစ်ထည့်ပြီးလျှင်ဘုရင်၏လက် တော်သို့ဆက်ရပါသည်'' ဟုပြောပြလေ၏။
12 요셉이 그에게 이르되 `그 해석이 이러하니 세 가지는 사흘이라
၁၂ယောသပ်က``သင်၏အိပ်မက်အနက်သည်ကား ဤသို့တည်း။ အကိုင်းသုံးကိုင်းသည်သုံးရက် ကိုဆိုလိုသည်။-
13 지금부터 사흘 안에 바로가 당신의 머리를 들고 당신의 전직을 회복하리니 당신이 이왕에 술 맡은 자가 되었을 때에 하던것 같이 바로의 잔을 그 손에 받들게 되리이다
၁၃သုံးရက်အတွင်းဘုရင်သည်သင့်အားလွတ် ငြိမ်းချမ်းသာခွင့်ပေး၍ သင်၏ရာထူးကိုပြန် ပေးတော်မူသဖြင့် သင်သည်ယခင်ကဖလား တော်ဆက်ခဲ့ရသည့်နည်းတူယခုတစ်ဖန် ပြန်ဆက်ရလိမ့်မည်။-
14 당신이 득의하거든 나를 생각하고 내게 은혜를 베풀어서 내 사정을 바로에게 고하여 이 집에서 나를 건져내소서
၁၄သင်ပြန်၍ကောင်းစားလာသောအခါကျွန်တော် ကိုမမေ့ပါနှင့်။ ဘုရင့်ထံကျွန်တော်အတွက် သံတော်ဦးတင်၍ဤထောင်ထဲမှလွတ်မြောက် ရန်ကူညီပေးပါ။-
15 나는 히브리 땅에서 끌려온 자요 여기서도 옥에 갇힐 일은 행치 아니하였나이다'
၁၅စင်စစ်အားဖြင့်ကျွန်တော်သည်ဟေဗြဲအမျိုး သားတို့၏နိုင်ငံမှခိုးထုတ်ခြင်းကိုခံခဲ့ရပါ သည်။ ဤပြည်၌လည်းကျွန်တော်သည်အကျဉ်းခံ ထိုက်သည့်အဘယ်ပြစ်မှုကိုမျှမကူးလွန်ခဲ့ ရပါ'' ဟုဖလားတော်ဆက်ဝန်အားပြောလေ၏။
16 떡 굽는 관원장이 그 해석이 길함을 보고 요셉에게 이르되 `나도 꿈에 보니 흰 떡 세 광주리가 내 머리에 있고
၁၆စားတော်ဆက်ဝန်သည်ဖလားတော်ဆက်ဝန်၏ အိပ်မက်အနက်ကောင်းသည်ကိုသိမြင်လျှင် ယောသပ်အား``ငါလည်းအိပ်မက်မြင်မက်သည်။ အိပ်မက်ထဲ၌ငါသည်မုန့်တောင်းသုံးလုံးကို ဦးခေါင်းပေါ်တွင်ရွက်လာ၏။-
17 그 윗광주리에 바로를 위하여 만든 각종 구운 식물이 있는데 새들이 내 머리의 광주리에서 그것을 먹더라'
၁၇အပေါ်ဆုံးတောင်းထဲတွင်ဘုရင်အားဆက်သ ရသောမုန့်မျိုးစုံပါရှိ၍ ငှက်များသည်ထို တောင်းထဲမှမုန့်များကိုစားကြ၏'' ဟုပြော ပြလေသည်။
18 요셉이 대답하여 가로되 `그 해석은 이러하니 세 광주리는 사흘이라
၁၈ယောသပ်က``အိပ်မက်၏အနက်ကားဤသို့ တည်း။ တောင်းသုံးလုံးသည်သုံးရက်ကိုဆို လိုသည်။-
19 지금부터 사흘 안에 바로가 당신의 머리를 끊고 당신을 나무에 달리니 새들이 당신의 고기를 뜯어 먹으리이다' 하더니
၁၉သုံးရက်အတွင်းဘုရင်သည်သင့်အားထောင်ထဲ မှလွှတ်၍သင်၏ဦးခေါင်းကိုဖြတ်ပစ်စေလိမ့် မည်။ ထိုနောက်သင်၏ကိုယ်ခန္ဓာကိုတိုင်ပေါ်မှာ ဆွဲထား၍ငှက်တို့သည်သင်၏အသားကိုစား ကြလိမ့်မည်'' ဟုစားတော်ဆက်ဝန်အားပြော လေ၏။
20 제 삼일은 바로의 탄일이라 바로가 모든 신하를 위하여 잔치할때에 술 맡은 관원장과 떡 굽는 관원장으로 머리를 그 신하 중에 들게 하니라
၂၀ထိုနောက်တတိယနေ့၌ဖာရောဘုရင်၏မွေး နေ့ကျရောက်သဖြင့် မင်းမှုထမ်းအားလုံးတို့ အားစားသောက်ပွဲဖြင့်ဧည့်ခံတော်မူ၏။ ဘုရင် သည်ဖလားတော်ဆက်ဝန်နှင့်စားတော်ဆက်ဝန် တို့ကိုထောင်မှလွှတ်၍မင်းပရိသတ်ရှေ့သို့ခေါ် ဆောင်ခဲ့စေတော်မူ၏။-
21 바로의 술 맡은 관원장은 전직을 회복하매 그가 잔을 바로의 손에 받들어 드렸고
၂၁ဘုရင်သည်ဖလားတော်ဆက်ဝန်ကိုယခင် ရာထူးတွင်ပြန်ခန့်ထား၍၊-
22 떡 굽는 관원장은 매여 달리니 요셉이 그들에게 해석함과 같이 되었으나
၂၂စားတော်ဆက်ဝန်ကိုမူကားကွပ်မျက်စေ တော်မူ၏။ သို့ဖြစ်၍ယောသပ်အနက်ဖွင့်သည့် အတိုင်းဖြစ်ပျက်လေ၏။-
23 술 맡은 관원장이 요셉을 기억지 않고 잊었더라
၂၃သို့သော်လည်းဖလားတော်ဆက်ဝန်သည်ယောသပ် ကိုသတိမရဘဲမေ့လျော့လျက်နေလေ၏။