< 列王記Ⅱ 24 >
1 ヱホヤキムの代にバビロンの王ネブカデネザル上り來りければヱホヤキムこれに臣服して三年をへたりしが遂にひるがへりて之に叛けり
၁ယောယကိမ်နန်းစံချိန်၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် ယုဒပြည်သို့ချင်းနင်း ဝင်ရောက်လာ၏။ ယောယကိမ်သည်လည်းသုံး နှစ်တိုင်တိုင် သူ၏ထံတွင်အညံ့ခံလျက်နေ ပြီးမှပုန်ကန်လေ၏။-
2 ヱホバ、カルデヤの軍兵スリアの軍兵モアブの軍兵アンモンの軍兵をしてヱホヤキムの所に攻きたらしめたまへり即ちユダを滅さんがためにこれをユダに遣はしたまふヱホバがその僕なる預言者等によりて言たまひし言語のごとし
၂ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ယုဒပြည်ကိုဖျက်ဆီးရန် ဗာဗုလုန်၊ ရှုရိ၊ မောဘနှင့်အမ္မုန်တပ်သားများကိုစေလွှတ် တော်မူ၏။-
3 この事は全くヱホバの命によりてユダにのぞみし者にてユダをヱホバの目の前より拂ひ除かんがためなりき是はマナセがその凡てなす所において罪を犯したるにより
၃ထာဝရဘုရားသည်မနာရှေပြုခဲ့သည့် ဒုစရိုက်အပေါင်းတို့ကြောင့် အထူးသဖြင့် အပြစ်မဲ့သူတို့ကိုသတ်ဖြတ်ခဲ့သည့်အပြစ် ကြောင့် ယုဒပြည်သူတို့အားမျက်မှောက်တော် မှနှင်ထုတ်တော်မူလိုသဖြင့် ဤသို့စီရင် တော်မူခြင်းဖြစ်သတည်း။ ထိုပြစ်မှုကြောင့် ထာဝရဘုရားသည်မနာရှေအားအပြစ် ဖြေလွှတ်တော်မမူနိုင်။
4 また無辜人の血をながし無辜人の血をヱルサレムに充したるによりてなりヱホバはその罪を赦すことをなしたまはざりき
၄
5 ヱホヤキムのその餘の行爲とその凡て爲たる事はユダの王の歴代志の書にしるさるるにあらずや
၅ယောယကိမ်လုပ်ဆောင်ခဲ့သည့်အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေးထား သတည်း။-
6 ヱホヤキムその先祖等とともに寝りその子ヱコニアこれに代りて王となれり
၆ယောယကိမ်ကွယ်လွန်သောအခါသူ၏သား တော်ယေခေါနိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
7 却説またエジプトの王は重てその國より出きたらざりき其はバビロンの王エジプトの河よりユフラテ河まで凡てエジプトの王に屬する者を悉く取たればなり
၇အီဂျစ်ဘုရင်နှင့်သူ၏တပ်မတော်သည်နောင် အဘယ်အခါ၌ အီဂျစ်ပြည်မှမထွက်ခွာရ ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော်ဥဖရတ် မြစ်မှအီဂျစ်ပြည်မြောက်ဘက်နယ်စပ်တိုင် အောင် အီဂျစ်ပိုင်နယ်မြေရှိသမျှကိုဗာဗုလုန် ဘုရင်ကထိန်းသိမ်းအုပ်ချုပ်လျက်နေသော ကြောင့်ဖြစ်၏။
8 ヱコニアは王となれる時十八歳にしてヱルサレムにて三月世を治めたりその母はヱルサレムのエルナタンの女にして名をネホシタと云ふ
၈ယေခေါနိသည်အသက်တစ်ဆယ့်ရှစ်နှစ်ရှိ သောအခါ ယုဒဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်သုံးလမျှနန်းစံရ လေသည်။ သူ၏မယ်တော်မှာယေရုရှလင် မြို့သားဧလနာသန်၏သမီးနဟုတ္တဖြစ်၏။-
9 ヱコニアはその父の凡てなしたるごとくにヱホバの目の前に惡をなせり
၉ယေခေါနိသည်မိမိခမည်းတော်၏လမ်း စဉ်ကိုလိုက်၍ ထာဝရဘုရားအားပြစ် မှား၏။-
10 その頃バビロンの王ネブカデネザルの臣ヱルサレムに攻のぼりて邑を圍めり
၁၀နေဗုခဒ်နေဇာ၏တပ်မှူးများကွပ်ကဲသည့် ဗာဗုလုန်တပ်မတော်သည် ယေရုရှလင်မြို့ ကိုဝိုင်းရံထားသည်မှာယေခေါနိမင်း၏ လက်ထက်၌ဖြစ်၏။-
11 即ちバビロンの王ネブカデネザル邑に攻來りてその臣にこれを攻惱さしめたれば
၁၁ယင်းသို့ဝိုင်းရံထားချိန်၌နေဗုခဒ်နေဇာကိုယ် တိုင်ပင် ယေရုရှလင်မြို့သို့ရောက်ရှိလာလေသည်။-
12 ユダの王ヱコニアその母その臣その牧伯等およびその侍從等とともに出てバビロンの王に降れりバビロンの王すなはち彼を執ふ是はその代の八年にあたれり
၁၂ယေခေါနိမင်းသည်မိမိ၏မယ်တော်၊ သားတော် များ၊ တပ်မှူးများ၊ နန်းတော်အရာရှိများနှင့်တကွ ဗာဗုလုန်အမျိုးသားတို့ထံတွင်အညံ့ခံတော် မူရ၏။ နေဗုခဒ်နေဇာသည်မိမိ၏နန်းစံရှစ်နှစ် မြောက်၌ယေခေါနိကိုသုံ့ပန်းအဖြစ်ဖမ်းဆီး ၍၊-
13 而して彼ヱホバの家の諸の寶物および王の家の寶物を其處より携へ去りイスラルの王ソロモンがヱホバの宮に造りたる諸の金の器を切はがせりヱホバの言たまひしごとし
၁၃ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာရှိသမျှကို ဗာဗုလုန်ပြည်သို့သိမ်းယူသွားတော်မူ၏။ ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း နေဗုခဒ်နေဇာသည် ဗိမာန်တော်တွင်သုံးရန် ရှောလမုန်မင်းပြုလုပ်ထားသည့်ရွှေတန်ဆာ ရှိသမျှကိုချွတ်ယူလေသည်။-
14 彼またヱルサレムの一切の民および一切の牧伯等と一切の大なる能力ある者ならびに工匠と鍛冶とを一萬人擄へゆけり遺れる者は國の民の賤き者のみなりき
၁၄နေဗုခဒ်နေဇာသည်ယေရုရှလင်မြို့သူမြို့သား များ၊ မင်းညီမင်းသားရှိသမျှနှင့်အမျိုးသား ခေါင်းဆောင်ရှိသမျှ စုစုပေါင်းလူတစ်သောင်း ကိုသုံ့ပန်းများအဖြစ်ဖမ်းဆီးသွား၏။ သူသည် အလွန့်အလွန်ဆင်းရဲသူများကိုသာလျှင် ယုဒပြည်တွင်ချန်ထားပြီးလျှင်ပန်းပဲဆရာ များမှစ၍ အတတ်ပညာသည်အပေါင်းကို ခေါ်ဆောင်သွားလေသည်။
15 彼すなはちヱコニアをバビロンに擄へゆきまた王の母王の妻等および侍從と國の中の能力ある者をもエルサレムよりバビロンに擄へうつせり
၁၅နေဗုခဒ်နေဇာသည်ယေခေါနိမှစ၍သူ၏ မယ်တော်၊ မိဖုရားများ၊ မှူးမတ်များ၊ ယုဒ အမျိုးသားခေါင်းဆောင်များကို ဗာဗုလုန်မြို့ သို့ဖမ်းဆီးခေါ်ဆောင်သွားလေသည်။-
16 凡て能力ある者七千人工匠と鍛冶一千人ならびに強壯して善戰ふ者是等をバビロンの王擄へてバビロンにうつせり
၁၆သူသည်အရေးပါအရာရောက်သူစုစုပေါင်း လူခုနစ်ထောင်ကို ဗာဗုလုန်ပြည်သို့ဖမ်းဆီး ခေါ်ဆောင်သွား၏။ ထို့ပြင်ပန်းပဲဆရာများ အပါအဝင်အတတ်ပညာသည်တစ်ထောင် ကိုလည်းခေါ်ဆောင်သွား၏။ ထိုသူအားလုံးပင် ကိုယ်လက်သန်စွမ်း၍စစ်မှုထမ်းနိုင်သူများ ဖြစ်ကြသတည်း။
17 而してバビロンの王またヱコニアの父の兄弟マツタニヤを王となしてヱコニアに代へ其が名をゼデキヤと改めたり
၁၇နေဗုခဒ်နေဇာသည်ယေခေါနိ၏ဘထွေး တော်မဿနိအား ယုဒဘုရင်အဖြစ်နန်း တင်ပြီးလျှင်ဇေဒကိဟုနာမည်ပြောင်း ၍ခေါ်တွင်စေ၏။
18 ゼデキヤは二十一歳にして王となりヱルサレムにて十一年世を治めたりその母はリブナのヱレミヤの女にして名をハムタルと曰ふ
၁၈ဇေဒကိသည်အသက်နှစ်ဆယ့်တစ်နှစ်ရှိသော အခါ ယုဒဘုရင်အဖြစ်နန်းတက်၍ယေရုရှလင် မြို့တွင် တစ်ဆယ့်တစ်နှစ်နန်းစံရလေသည်။ သူ၏ မယ်တော်မှာလိဗနမြို့သားယေရမိ၏သမီး၊ ဟာမုတာလဖြစ်၏။-
19 ゼデキヤはエホヤキムが凡てなしたるごとくにヱホバの目の前に惡をなせり
၁၉ဇေဒကိမင်းသည်ယောယကိမ်နည်းတူပင် ထာဝရဘုရားကိုပြစ်မှားလေသည်။-
20 ヱルサレムとユダに斯る事ありしはヱホバの震怒による者にしてヱホバつひにその人々を自己の前よりはらひ棄たまへり偖またゼデキヤはバビロンの王に叛けり
၂၀ထာဝရဘုရားသည်ယေရုရှလင်မြို့သားများ နှင့် ယုဒပြည်သူတို့အားလွန်စွာအမျက်ထွက် တော်မူသဖြင့်ရှေ့တော်မှနှင်ထုတ်တော် မူ၏။