< 列王記Ⅱ 23 >
1 是において王人をつかはしてユダとヱルサレムの長老をことごとく集め
၁ယောရှိမင်းသည်ယုဒပြည်နှင့်ယေရုရှလင် မြို့ရှိခေါင်းဆောင်များကိုဆင့်ခေါ်ပြီးလျှင်၊-
2 而して王ヱホバの家にのぼれりユダの諸の人々ヱルサレムの一切の民および祭司預言者ならびに大小の民みな之にしたがふ王すなはちヱホバの家に見あたりし契約の書の言をことごとくかれらの耳に讀きかせ
၂ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ဆင်းရဲ ချမ်းသာမရွေးယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်အတူ ဗိမာန်တော်သို့ကြွ တော်မူ၏။ မင်းကြီးသည်ထိုသူအပေါင်းတို့ အား ဗိမာန်တော်ထဲတွင်တွေ့ရှိရသောပဋိ ညာဉ်ကျမ်းစောင်ကို အစအဆုံးအသံကျယ် စွာဖတ်ပြတော်မူ၏။-
3 而して王高座の上に立てヱホバの前に契約をなしヱホバにしたがひて歩み心をつくし精神をつくしてその誡命と律法と法度を守り此書にしるされたる此契約の言をおこなはんと言り民みなその契約に加はりぬ
၃သူသည်ဘုရင့်ကျောက်တိုင်အနီးတွင်ရပ် လျက်``အကျွန်ုပ်သည်ကိုယ်တော်၏စကားတော် ကိုနားထောင်ပါမည်။ ကိုယ်တော်၏တရားတော် နှင့်ပညတ်တော်တို့ကို ကိုယ်စွမ်းစိတ်စွမ်းရှိ သမျှနှင့်စောင့်ထိန်းပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။
4 かくして王祭司の長ヒルキヤとその下にたつところの祭司等および門守等に命じてヱホバの家よりしてバアルとアシラと天の衆群との爲に作りたる諸の器と執いださしめヱルサレムの外にてキデロンの野にこれを燒きその灰をベテルに持ゆかしめ
၄ထိုနောက်ယောရှိသည် ယဇ်ပုရောဟိတ်မင်း ဟိလခိ၊ သူ၏လက်ထောက်ယဇ်ပုရောဟိတ် များနှင့် ဗိမာန်တော်အဝင်ဝတွင်တာဝန်ကျ သည့်အစောင့်တပ်သားများအားဗာလဘုရား၊ အာရှရဘုရားမနှင့်ကြယ်နက္ခတ်တို့ကို ကိုးကွယ်ရာ၌အသုံးပြုသည့်ပစ္စည်းအသုံး အဆောင်တို့ကို ဗိမာန်တော်ထဲမှထုတ်ဆောင် လာရန်အမိန့်ပေးတော်မူ၏။ မင်းကြီးသည် ဤပစ္စည်းအသုံးအဆောင်ရှိသမျှကို မြို့ ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းအနီးတွင်မီးရှို့ပြီး လျှင် ပြာကိုဗေသလမြို့သို့ယူဆောင်သွား စေ၏။-
5 又ユダの王等が立てダの邑々とヱルサレムの四圍なる崇邱に香をたかしめたる祭司等を廢しまたバアルと日月星宿と天の衆群とに香を焚く者等をも廢せり
၅သူသည်ယုဒမြို့များနှင့်ယေရုရှလင်မြို့ နီးနားဝန်းကျင်တွင် ရုပ်တုများကိုယဇ်ပူ ဇော်ရန်ယုဒဘုရင်များခန့်အပ်ထားသည့် ယဇ်ပုရောဟိတ်တို့ကိုလည်းကောင်း၊ ဗာလ ဘုရား၊ နေ၊ လ၊ ကြယ်၊ နက္ခတ်တို့ကိုယဇ်ပူဇော် ကြသည့် ယဇ်ပုရောဟိတ်များကိုလည်း ကောင်းရာထူးမှထုတ်ပယ်တော်မူ၏။
6 彼またヱホバの家よりアシラ像をとりいだしヱルサレムの外に持ゆきてキデロン川にいたりキデロン川においてこれを燒きこれを打碎きて粉となしその粉を民の墓に散し
၆သူသည်အာရှရဘုရားမအားဆက်ကပ်ထား သည့်တံခွန်တိုင်ကိုလည်း ဗိမာန်တော်ထဲမှဖယ် ရှားကာ မြို့ပြင်ရှိကိဒြုန်ချိုင့်ဝှမ်းသို့ထုတ်ပြီး လျှင်မီးရှို့လေသည်။ ထိုနောက်ပြာကိုညက်အောင် ထောင်း၍ အများပြည်သူတို့၏သင်္ချိုင်းမြေပေါ် တွင်ကြဲဖြန့်လေသည်။-
7 またヱホバの家の旁にある男娼の家を毀てり其處はまた婦人がアシラのために天幕を織ところなりき
၇ဘာသာရေးဆိုင်ရာပြည့်တန်ဆာ တို့၏နေအိမ်များကိုလည်းဖျက်ဆီးတော်မူ၏။ (အာရှာရဘုရားမအားဝတ်ပြုကိုးကွယ်ရာ ၌ အသုံးပြုသည့်ဝတ်လုံများကိုထိုနေအိမ် များတွင်အမျိုးသမီးတို့ရက်လုပ်ကြသည်။-)
8 彼またユダの邑々より祭司をことごとく召よせまた祭司が香をたきたる崇邱をばゲバよりベエルシバまでこれを汚しまた門にある崇邱を毀てり是等の崇邱は一は邑の宰ヨシユアの門の入口にあり一は邑の門にありて之に入る人の左にあたる
၈မင်းကြီးသည်ယုဒမြို့များမှယဇ်ပုရော ဟိတ်တို့ကို ယေရုရှလင်မြို့သို့ခေါ်ဆောင် ပြီးလျှင် တစ်ပြည်လုံးရှိထိုသူတို့ယဇ်ပူ ဇော်ခဲ့သောပလ္လင်များကိုညစ်ညမ်းစေတော် မူ၏။ မြို့ထဲသို့ဝင်သောအခါမြို့တံခါးမ ကြီး၏လက်ဝဲဘက်တွင်မြို့ဝန်ယောရှုတည် ဆောက်ထားသည့်တံခါးအနီး ဆိတ်နတ်မိစ္ဆာ တို့အားဆက်ကပ်ထားသောယဇ်ပလ္လင်များ ကိုလည်းဖြိုဖျက်တော်မူ၏။-
9 崇邱の祭司等はエルサレムにおいてヱホバの壇にのぼることをせざりき但し彼等はその兄弟の中にありて無酵パンを食へり
၉အဆိုပါယဇ်ပုရောဟိတ်တို့သည်ဗိမာန် တော်တွင် အမှုတော်ဆောင်ခွင့်မရကြသော် လည်း မိမိတို့အဖော်ယဇ်ပုရောဟိတ်တို့ရ ရှိကြသည့်တဆေးမဲ့မုန့်ကိုမူစားခွင့်ရ ကြ၏။
10 王また人がその子息息女に火の中を通らしめて之をモロクにささぐることなからんためにベンヒンノムの谷にあるトペテを汚し
၁၀နောက်တစ်ဖန်မည်သူမျှမောလုတ်ဘုရား အား သားသမီးကိုမီးဖြင့်မပူဇော်နိုင်စေရန် ယောရှိမင်းသည်ဟိန္နုံချိုင့်ဝှမ်းရှိရုပ်တုကိုး ကွယ်ရာတောဖက်ဟုခေါ်သောအရပ်ကို လည်းညစ်ညမ်းစေတော်မူ၏။-
11 またユダの王等が日のためにささげてヱホバの家の門における馬をうつせりこの馬はパルリムにある侍從ナタンメレクの室にをりしなり彼また日の車を皆火に焚り
၁၁သူသည်နေကိုဆက်ကပ်ပူဇော်ရန်ယုဒဘုရင် တို့ပေးလှူထားသည့်မြင်းတို့ကိုဖယ်ရှား၍ ဝတ် ပြုကိုးကွယ်ရာ၌အသုံးပြုသည့်ရထားများ ကိုလည်းမီးရှို့တော်မူ၏။ (ဤအရာများကို အထက်တန်းအရာရှိတစ်ဦးဖြစ်သူနာသမ္မေ လက်၏အိမ်အနီးဗိမာန်တော်ဝင်းအဝင်ဝ တွင်ထားရှိသည်။-)
12 またユダの王等がアハズの桜の屋背につくりたる祭壇とマナセがヱホバの家の兩の庭につくりたる祭壇とは王これを毀ちこれを其處より取くづしてその碎片をキデロン川になげ捨たり
၁၂အာခတ်မင်းစံခဲ့သည့်အဆောင်တော်အထက် ရှိနန်းတော်အမိုးပေါ်တွင်ယုဒဘုရင်တို့ တည်ဆောက်ထားသည့်ယဇ်ပလ္လင်များကိုလည်း ကောင်း၊ ဗိမာန်တော်ဝင်းနှစ်ခုအတွင်းမနာရှေ မင်းဆောက်လုပ်ခဲ့သော ယဇ်ပလ္လင်များကိုလည်း ကောင်းယောရှိမင်းသည်ဖြိုဖျက်၍ကြေမွ အောင်ဖျက်ဆီးပြီးလျှင် ကေဒြုန်ချိုင့်ဝှမ်း ထဲသို့ပစ်ချလိုက်လေသည်။-
13 またイスラエルの王ソロモンが昔シドン人の憎むべき者なるアシタロテとモアブ人の憎むべき者なるケモシとアンモンの子孫の憎むべき者なるモロクのためにヱルサレムの前において殲滅山の右に築きたる崇邱も王これを汚し
၁၃ယောရှိသည်ယေရုရှလင်မြို့၏အရှေ့၊ သံ လွင်တောင်၏တောင်ဘက်၌ဇိဒုန်ဘုရားအာရှ တရက်၊ မောဘဘုရားခေမုရှနှင့်အမ္မုန်ဘုရား မောလုတ်တို့ကိုကိုးကွယ်ရန် ရှောလမုန်မင်းကြီး တည်ဆောက်ခဲ့သောယဇ်ပလ္လင်များကိုလည်း ညစ်ညမ်းစေတော်မူ၏။-
14 また諸の像をうち碎きアシラ像をきりたふし人の骨をもてその處々に充せり
၁၄ယောရှိမင်းသည်ကျောက်တိုင်များကိုဖြိုဖျက် ၍ အာရှရဘုရားမ၏တံခွန်တိုင်များကို ခုတ်လှဲကာ ယင်းတို့တည်ရာဌာနများတို့ကို လူသေအရိုးတို့နှင့်ပြည့်စေလေ၏။-
15 またベテルにある壇かのイスラエルに罪を犯させたるネバテの子ヤラベアムが造りし崇邱すなはちその壇もその崇邱も彼これを毀ちその崇邱を焚てこれを粉にうち碎きかつアシラ像を焚り
၁၅သူသည်ဣသရေလအမျိုးသားတို့အားအပြစ် ကူးလွန်ရန် ရှေ့ဆောင်လမ်းပြသူ၊ နေဗတ်၏သား ယေရောဗောင်မင်းတည်ဆောက်ခဲ့သည့်ဗေသလ ဝတ်ပြုကိုးကွယ်ရာဌာနကိုလည်းဖြိုဖျက်လေ သည်။ ယောရှိသည်ယဇ်ပလ္လင်ကိုဖြိုချပြီးလျှင် အာရှရဘုရားမအားဆက်ကပ်ထားသော တံခွန်တိုင်ကိုမီးရှို့၏။-
16 茲にヨシア身をめぐらして山に墓のあるを見人をやりてその墓より骨をとりきたらしめ之をその壇の上に焚てそれを汚せり即ち神の人が宣たるヱホバの言のごとし昔神の人この言語を宣しことありしなり
၁၆ထိုနောက်သူသည်လှည့်လည်၍ကြည့်သောအခါ တောင်ပေါ်တွင်သင်္ချိုင်းအချို့ကိုတွေ့မြင်သဖြင့် ထိုသင်္ချိုင်းများမှလူရိုးတို့ကိုထုတ်ယူကာ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့စေ၏။ ဤနည်းအားဖြင့် မင်းကြီးသည် ထိုယဇ်ပလ္လင်ကိုညစ်ညမ်းစေတော် မူသတည်း။ ဤသို့ဖြစ်ပျက်ရခြင်းမှာလွန် လေပြီးသောအခါက ယေရောဗောင်မင်းသည် မိမိကျင်းပသည့်ဘာသာရေးပွဲတော်အခါ ၌ယဇ်ပလ္လင်အနီးတွင်ရပ်လျက်နေစဉ် ပရော ဖက်တစ်ပါးဟောကြားခဲ့သည့်ဗျာဒိတ်တော် အတိုင်းပင်ဖြစ်ပေသည်။ ယောရှိမင်းသည် လှည့်လည်၍ ကြည့်ပြန်ရာယင်းသို့ဟောကြား ခဲ့သည့်ပရောဖက်၏သင်္ချိုင်းကိုတွေ့မြင် လျှင်၊-
17 ヨシアまた其處に見ゆる碑は何なるやと言しに邑の人々これに告て其は汝がベテルの壇にむかひて爲るこの事等をユダより來りて宣たる神の人の墓なりと言ければ
၁၇ဤသင်္ချိုင်းကားမည်သူ၏သင်္ချိုင်းဖြစ် သနည်း'' ဟုမေးတော်မူ၏။ ဗေသလမြို့သားတို့က``ဤသင်္ချိုင်းသည် ယုဒ ပြည်မှလာသောပရောဖက်၏သင်္ချိုင်းဖြစ်ပါ သည်။ ထိုပရောဖက်ကားဤအရပ်ရှိယဇ်ပလ္လင် တွင် အရှင်ပြုတော်မူသောအမှုအရာတို့ကို ကြိုတင်ဟောကြားခဲ့သူဖြစ်ပါ၏'' ဟုပြန်၍ လျှောက်ထားကြ၏။
18 すなはち其には手をつくるなかれ誰もその骨を移すなかれと言り是をもてその骨とサマリヤより來りし預言者の骨には手をつけざりき
၁၈ယောရှိက``ထိုသင်္ချိုင်းကိုရှိမြဲရှိစေလော့။ သူ၏အရိုးတို့ကိုမရွှေ့မပြောင်းကြနှင့်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍သူ၏အရိုးတို့ကိုလည်းကောင်း၊ ရှမာရိ မြို့မှလာသောပရောဖက်၏အရိုးတို့ကိုလည်း ကောင်းမရွှေ့မပြောင်းဘဲထားကြ၏။
19 またイスラエルの王等がサマリヤの邑々に造りてヱホバを怒せし崇邱の家も皆ヨシアこれを取のぞき凡てそのベテルになせしごとくに之に事をなせり
၁၉ယောရှိမင်းသည်ဣသရေလပြည်အမြို့မြို့ အရွာရွာရှိ ရုပ်တုကိုးကွယ်ရာဌာနများကို ဖြိုဖျက်တော်မူ၏။ ထိုဌာနများကိုတည်ဆောက် ခြင်းအားဖြင့် ဣသရေလဘုရင်တို့သည်ထာဝရ ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြ သတည်း။ ယောရှိသည်ဗေသလမြို့တွင်ပြု တော်မူသကဲ့သို့ ထိုယဇ်ပလ္လင်အပေါင်းတို့ ကိုလည်းပြုတော်မူ၏။-
20 彼また其處にある崇邱の祭司等を壇の上にころし人の骨を壇の上に焚てヱルサレムに歸りぬ
၂၀သူသည်ရုပ်တုကိုးကွယ်ရာဌာနများတွင် အမှုထမ်းသောယဇ်ပုရောဟိတ်အပေါင်းတို့ ကို မိမိတို့ယဇ်ပူဇော်သည့်ပလ္လင်များပေါ်တွင် တင်၍သတ်ပြီးလျှင် လူသေအရိုးတို့ကိုထို ပလ္လင်များအပေါ်တွင်မီးရှို့လေသည်။ ထိုနောက် မင်းကြီးသည်ယေရုရှလင်မြို့သို့ပြန်သွား တော်မူ၏။
21 而して王一切の民に命じて言ふ汝らこの契約の書に記されたるごとくに汝らの神ヱホバに逾越の節を執行ふべしと
၂၁ယောရှိမင်းသည်ပဋိညာဉ်ကျမ်းစောင်တော်တွင် ပါရှိသည့်အတိုင်း လူတို့အားမိမိတို့ဘုရား သခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သည့်ပသခါပွဲကျင်းပကြရန်အမိန့်ပေး တော်မူ၏။-
22 士師のイスラエルを治めし日より已來もまたユダの王等とイスラエルの王等の代にも斯のごとき逾越の節を守りしことはなかりしが
၂၂ဣသရေလပြည်ကိုအုပ်စိုးခဲ့သောတရားသူ ကြီးများ၏လက်ထက်မှစ၍ အဘယ်ဣသရေလ ဘုရင်သို့မဟုတ်ယုဒဘုရင်မျှ ဤပသခါပွဲ မျိုးကိုကျင်းပခဲ့ဖူးသည်မရှိ။-
23 ヨシア王の十八年にいたりてヱルサレムにて斯逾越節をヱホバに守りしなり
၂၃ယခုယောရှိ၏နန်းစံတစ်ဆယ့်ရှစ်နှစ်မြောက် ၌ ယေရုရှလင်မြို့တွင်ပသခါပွဲကိုကျင်းပ ခြင်းဖြစ်သတည်း။
24 ヨシアまた祭司ヒルキヤがヱホバの家にて見いだせし書に記されたる律法の言を世におこなはんために口寄者と卜筮師とテラピムと偶像およびユダの地とヱルサレムに見ゆる諸の憎むべき者を取のぞけり
၂၄ယောရှိမင်းသည်ဗိမာန်တော်တွင် ယဇ်ပုရောဟိတ် မင်းတွေ့ရှိခဲ့သည့်ကျမ်းစာတော်၌ဖော်ပြထား သောပညတ်များကိုလိုက်နာကျင့်သုံးကြစေရန် ယေရုရှလင်မြို့နှင့်ယုဒတစ်ပြည်လုံး၌တွေ့ ရှိသမျှနတ်ဝင်သည်များ၊ ဗေဒင်ဆရာများ၊ အိမ်စောင့်နတ်အရုပ်များ၊ ရုပ်တုများနှင့် အခြားဝတ်ပြုကိုးကွယ်ရာဝတ္ထုပစ္စည်းများ ကိုဖယ်ရှားတော်မူ၏။-
25 ヨシアの如くに心を盡し精神を盡し力を盡してモーセの法に全くしたがひてヱホに歸向せし王はヨシアの先にはあらざりきまた彼の後にも彼のごとき者はなし
၂၅ယခင်အခါများကယောရှိကဲ့သို့မောရှေ ၏ပညတ်ရှိသမျှကိုစောင့်ထိန်း၍ စိတ်စွမ်း၊ ဉာဏ်စွမ်း၊ အစွမ်းသတ္တိရှိသမျှနှင့်ထာဝရ ဘုရားအား ကိုးကွယ်သည့်ဘုရင်တစ်ပါးမျှ မပေါ်စဖူး။ သူ၏နောက်၌လည်းမပေါ်ခဲ့ ချေ။-
26 斯有しかどもヱホバはユダにむかひて怒を發したるその大いなる燃たつ震怒を息ることをしたまはざりき是はマナセ諸の憤らしき事をもてヱホバを怒らせしによるなり
၂၆သို့သော်မနာရှေမင်းပြုခဲ့သည့်အပြစ်များ ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို ပြင်းစွာအမျက်ထွက်လျက်ရှိရာယခုတိုင် အောင်ပင်အမျက်တော်မပြေချေ။-
27 ヱホバすなはち言たまはく我イスラエルを移せし如くにユダをもわが目の前より拂ひ移し我が選みし此ヱルサレムの邑と吾名をそこに置んといひしこの殿とを棄べしと
၂၇ထာဝရဘုရားက``ငါသည်ဣသရေလပြည်ကို ပြုသကဲ့သို့ ယုဒပြည်ကိုလည်းပြုမည်။ ယုဒ ပြည်သူတို့ကို ငါ၏မျက်မှောက်တော်မှနှင်ထုတ် မည်။ ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့နှင့် ငါ့အားဝတ်ပြုကိုးကွယ်ရမည့်ဌာနအဖြစ် ငါသတ်မှတ်ပေးသောဗိမာန်တော်ကိုပင်ငါ စွန့်ခွာမည်'' ဟုမိန့်တော်မူ၏။
28 ヨシアのその餘の行爲とその凡て爲たる事はユダの王の歴代志の書にしるさるるにあらずや
၂၈ယောရှိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာများအကြောင်းကို ယုဒရာဇဝင်တွင် ရေးထားသတည်း။-
29 ヨシアの代にエジプトの王パロネコ、アッスリヤの王と戰はんとてユフラテ河をさして上り來しがヨシア王これを防がんとて進みゆきければ彼これに出あひてメギドンにこれを殺せり
၂၉ယောရှိနန်းစံချိန်၌အီဂျစ်ဘုရင်နေခေါသည် အာရှုရိဘုရင်ကိုစစ်ကူပေးရန်တပ်မတော် နှင့်ဥဖရတ်မြစ်သို့ချီတက်လာ၏။ ယောရှိမင်း သည်အီဂျစ်တပ်မတော်ကိုမေဂိဒ္ဒေါမြို့တွင် ဆီး တားရန်ကြိုးစားရာစစ်ပွဲတွင်ကျဆုံးတော် မူ၏။-
30 その僕等すなはちこれが死骸を車にのせてメギドンよりヱルサレムに持ゆきこれをその墓に葬れり國の民ここに於てヨシアの子ヱホアハズを取りこれに膏をそそぎて王となしてその父にかはらしめたり
၃၀သူ၏အရာရှိများသည်မင်းကြီး၏အလောင်းကို စစ်ရထားပေါ်တွင်တင်၍ ယေရုရှလင်မြို့သို့ ယူဆောင်ပြီးလျှင်ဘုရင်တို့၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ယုဒပြည်သူတို့သည်ယောရှိ၏ သားတော်ယောခတ်ကိုရွေးချယ်ကာဘိသိက် ပေး၍မင်းမြှောက်ကြလေသည်။
31 ヱホアハズは王となれる時二十三歳にしてヱルサレムにて三月世を治めたりその母はリブナのエレミヤの女にして名をハムタルと云ふ
၃၁ယောခတ်သည်အသက်နှစ်ဆယ့်သုံးနှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်သုံးလမျှနန်းစံရလေသည်။ သူ ၏မယ်တော်မှာ လိဗနမြို့သားယေရမိ၏ သမီးဟာမုတာလဖြစ်၏။-
32 ヱホアハズはその先祖等が凡てなしたるごとくにヱホバの目の前に惡をなせしが
၃၂ထိုမင်းသည်မိမိဘိုးဘေးတော်တို့၏လမ်းစဉ် ကိုလိုက်၍ ထာဝရဘုရားကိုပြစ်မှား၏။-
33 パロネコ彼をハマテの地のリブラに繋ぎおきてヱルサレムにおいて王となりをることを得ざらしめ且銀百タラント金一タラントの罰金を國に課したり
၃၃အီဂျစ်ဘုရင်နေခေါသည်သူ့အားဟာမတ် ပြည်ရိဗလမြို့၌အကျဉ်းချထားပြီးလျှင် ယုဒပြည်မှငွေအလေးချိန်ပေါင်ခုနစ်ထောင့် ငါးရာနှင့်ရွှေအလေးချိန်ခုနစ်ဆယ့်ငါးပေါင် ကို အခွန်ဘဏ္ဍာအဖြစ်တောင်းလေ၏။ ထိုအခါ မှစ၍ယောခတ်၏နန်းသက်မှာကုန်ဆုံးသွား တော့၏။-
34 而してパロネコはヨシアの子エリアキムをしてその父ヨシアにかはりて王とならしめ彼の名をヱホヤキムと改めヱホアハズを曳て去ぬヱホアハズはエジプトにいたりて其處に死り
၃၄နေခေါမင်းသည်ယောရှ၏သားတော်ဧလျာကိမ် အား ယောယကိမ်ဟူသောနာမည်သစ်ကိုပေး၍ ခမည်းတော်၏အရိုက်အရာ၌နန်းတင်လေ သည်။ ယောခတ်ကိုမူအီဂျစ်ပြည်သို့ခေါ်ဆောင် သွား၏။ ယောခတ်သည်ထိုပြည်၌ပင်ကွယ်လွန် လေသည်။
35 ヱホヤキムは金銀をパロにおくれり即ち彼國に課してパロの命のままに金を出さしめ國の民各人に割つけて金銀を征取りてこれをパロネコにおくれり
၃၅ယောယကိမ်မင်းသည်အီဂျစ်ဘုရင်တောင်းခံ သည့်အခွန်ဘဏ္ဍာကိုဆက်သနိုင်ရန် ပြည်သူ တို့ထံမှဋ္ဌနအင်အားအလိုက်အချိုးကျ အခွန်တော်ကိုကောက်ခံလေသည်။
36 ヱホヤキムは二十五歳にして王となりヱルサレムにおいて十一年世を治めたりその母はルマのペダヤの女にして名をゼブタと云ふ
၃၆ယောယကိမ်သည်အသက်နှစ်ဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင် တစ်ဆယ့်တစ်နှစ်နန်းစံ ရလေသည်။ သူ၏မယ်တော်မှာရုမမြို့သား ပေဒဲယ၏သမီးဇေဗုဒဖြစ်၏။-
37 ヱホヤキムはその先祖等が凡てなしたるごとくにヱホバの目の前に惡をなせり
၃၇ယောယကိမ်သည်ဘေးတော်ဘိုးတော်တို့၏ လမ်းစဉ်ကိုလိုက်၍ ထာဝရဘုရားအားပြစ် မှား၏။