< Fitowa 9 >
1 Sai Ubangiji ya ce wa Musa, “Ka je wurin Fir’auna ka ce masa, ‘Ga abin da Ubangiji Allah na Ibraniyawa ya ce, “Ka bar mutanena su tafi, domin su yi mini sujada.”
၁ထာဝရဘုရား ကလည်း ၊ သင်သည် ဖါရော ဘုရင် ထံသို့ ဝင် ၍ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည် အကြောင်း ၊ သူတို့ကို လွှတ် လော့။
2 In ka ƙi ka bar su su tafi, kana ta riƙonsu,
၂မလွှတ်ဘူးဟုငြင်း ၍ ဆီးတား သေး လျှင် ၊
3 hannun Ubangiji zai kawo muguwar annoba a kan dabbobinka a gona, a kan dawakanka, da jakuna da raƙuma, da kuma a kan shanunka da tumaki da awaki.
၃ထာဝရဘုရား ၏လက် တော်သည် လယ်ပြင် ၌ ရှိသောတိရစ္ဆာန် ၊ မြင်း ၊ မြည်း ၊ ကုလားအုပ် ၊ သိုး ၊ နွား တို့အပေါ် ၌ ရောက် ၍ အလွန် ပြင်းစွာ သော ရောဂါ စွဲလိမ့်မည်။
4 Amma Ubangiji zai raba tsakanin dabbobin Isra’ila da na Masar, saboda kada wata dabbar Isra’ilawa ta mutu.’”
၄ထာဝရဘုရား သည်၊ ဣသရေလ လူတို့၏ တိရစ္ဆာန် နှင့် အဲဂုတ္တု လူတို့၏ တိရစ္ဆာန် ကို ခြားနား စေသဖြင့် ၊ ဣသရေလ အမျိုးသား ပိုင်သော တိရစ္ဆာန် တကောင် မျှမ သေ ရ။
5 Sai Ubangiji ya sa lokaci ya ce, “Gobe Ubangiji zai yi wannan a ƙasar.”
၅နက်ဖြန် နေ့၊ အဲဂုတ္တုပြည် ၌ ထို အမှု ကို ထာဝရဘုရား ပြု တော်မူမည်ဟု မှန်သောအချိန် ကို ချိန်းချက် တော်မူပြီဟု ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် အကြောင်းကိုပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
6 Kashegari Ubangiji ya yi haka. Dukan dabbobin Masarawa suka mutu, amma babu dabba guda ta Isra’ilawan da ta mutu.
၆နက်ဖြန် နေ့၌ ထို အမှု ကိုပြု တော်မူသဖြင့် ၊ အဲဂုတ္တု လူတို့၏ တိရစ္ဆာန် အမျိုးမျိုး သေ ကြ၏။ ဣသရေလ လူ တို့၏ တိရစ္ဆာန် တကောင် မျှမ သေ။
7 Fir’auna ya aiki mutane su bincika, sai suka tarar babu dabba guda ta Isra’ilawan da ta mutu. Duk da haka zuciyar Fir’auna ta taurare, bai kuwa bar mutanen su tafi ba.
၇ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ ဣသရေလ အမျိုးသားတို့၏ တိရစ္ဆာန် တ ကောင်မျှ မ သေ ကြောင်းကို သိ ရ၏။ သို့သော်လည်း နှလုံး ခိုင်မာ ပြန်၍ ၊ ဣသရေလလူ တို့ကို မ လွှတ် ဘဲနေလေ၏။
8 Sa’an nan Ubangiji ya ce wa Musa da Haruna, “Ɗibi tokar matoya cike da tafin hannuwanku, Musa kuwa zai watsa tokar sama a gaban Fir’auna.
၈ထာဝရဘုရား ကလည်း ၊ မီးဖို ထဲကပြာ ကို လက် နှင့်ယူ ၍ မောရှေ သည် ဖါရော ဘုရင်ရှေ့ ၌ မိုဃ်းကောင်းကင် သို့ ပစ် လွှင့်စေ။
9 Za tă zama ƙura bisa dukan ƙasar Masar, sai marurai masu zafi su fiffito bisa mutane da dabbobi a dukan ƙasar.”
၉ထိုပြာသည် အဲဂုတ္တု ပြည် တရှောက်လုံး ၌ နှံ့ပြားသော အမှုန့် ဖြစ် ၍ ၊ ပြည် တရှောက်လုံး တွင် လူ နှင့် တိရစ္ဆာန် တို့၌ အခဲအကျိတ် ပြည့် သော အနာဆိုး ဖြစ် လိမ့်မည် ဟု မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူသည်အတိုင်း၊
10 Sai suka ɗibi tokar matoya, suka tsaya a gaban Fir’auna, Musa ya watsa ta a iska, sai marurai masu zafi suka fiffito bisa mutane da dabbobi.
၁၀သူတို့သည် မီးဖို ထဲကပြာ ကိုယူ ၍ ၊ ဖါရော ဘုရင် ရှေ့ မှာရပ် လျက် ၊ မောရှေ သည် မိုဃ်းကောင်းကင် သို့ ပစ် လွှင့်သဖြင့် ၊ ထိုပြာသည် လူ နှင့် တိရစ္ဆာန် တို့၌ အခဲအကျိတ် ပြည့် သော အနာဆိုး ဖြစ် လေ၏။
11 Bokaye suka kāsa tsayawa a gaban Musa saboda maruran da suke bisansu da a kan dukan Masarawa.
၁၁ဝိဇ္ဇာဆရာ တို့သည် အနာဆိုး ကြောင့် ၊ မောရှေ ရှေ့ ၌မ ရပ် မနေနိုင်။ ထိုအနာဆိုး သည် ဝိဇ္ဇာဆရာ တို့၌ ၎င်း ၊ အဲဂုတ္တု လူအပေါင်း တို့၌ ၎င်း စွဲ သတည်း။
12 Amma Ubangiji ya taurare zuciyar Fir’auna, bai kuwa saurare Musa da Haruna ba kamar yadda Ubangiji ya riga ya ce wa Musa.
၁၂ထာဝရဘုရား သည် ဖါရော ဘုရင်၏နှလုံး ကို ခိုင်မာ စေတော်မူသည်ဖြစ်၍ ၊ မောရှေ အား မိန့် တော်မူသည် အတိုင်း ၊ သူ တို့စကားကို နား မ ထောင်ဘဲ နေလေ၏။
13 Sa’an nan Ubangiji ya ce wa Musa, “Tashi da sassafe, ka sadu da Fir’auna, ka ce masa, ‘Ga abin da Ubangiji, Allah na Ibraniyawa ya ce, Ka bar mutanena su tafi don su yi mini sujada,
၁၃တဖန် ထာဝရဘုရား က၊ နံနက် စောစော ထ၍ ၊ ဖါရော ဘုရင်ရှေ့ မှာရပ် လျက် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင် ထာဝရဘုရား က၊ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေးလော့။
14 ko kuwa a wannan lokaci zan aika da cikakkiyar annoba mai ƙarfi a kanka da a kan fadawanka da mutanenka, domin ka san cewa ba kama da ni a dukan duniya.
၁၄သို့မဟုတ် ယခု ကာလ အခါ သင် ၏နှလုံး ၌ ၎င်း ၊ သင် ၏ကျွန် များ၊ လူ များ၌ ၎င်း ၊ ငါ ၏ဘေးဒဏ် အလုံးစုံ တို့ကို သင့် ရောက်စေမည်။ မြေကြီး တရှောက်လုံး ၌ ငါ ကဲ့သို့ သောသူ မရှိ ကြောင်းကို သင်သည် သိ ရလိမ့်မည်။
15 Gama da ni kaina na miƙa hannuna na buge ka da jama’arka da annoba, ai, da an hallaka ku a duniya ƙaƙaf.
၁၅ငါ့ လက် ကို ငါဆန့် ၍ သင် နှင့် သင် ၏လူ တို့ကို ကာလနာ ဖြင့် ဒဏ်ခတ် မည်။ သင့်ကိုလည်း မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းမည်။
16 Amma na bar ka ka rayu domin in nuna maka ikona, domin kuma sunana yă zama abin darajantawa a dukan duniya.
၁၆အကယ်စင်စစ်ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှါ ၎င်း၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေ ခြင်းငှါ ၎င်း၊ သင့် ကို ငါချီးမြှောက် ခဲ့ပြီ။
17 Har yanzu kana gāba da mutanena, ba ka kuma bar su su tafi ba.
၁၇သင် သည် ငါ ၏လူ တို့ကိုမ လွှတ် ဘဲ၊ သူ တို့ကို စော်ကား သေး သလော။
18 Saboda haka, gobe war haka, zan sa a yi ƙanƙara mai tsananin gaske, irin wadda Masar ba tă taɓa gani ba tun kahuwarta, har yă zuwa yanzu.
၁၈ကြည့်ရှု လော့။ အဲဂုတ္တု ပြည် တည် သည်ကာလ မှ စ၍ယခု တိုင်အောင် မ ရွာ ဘူးသော အလွန် ကြီးစွာ သော မိုဃ်းသီး ရွာခြင်းကို နက်ဖြန် နေ့ ဤအချိန် ၌ ငါ ဖြစ် စေမည်။
19 Yanzu, ka ba da umarni a dawo da shanunku da kuma kome da kuke da shi wanda yake a gona zuwa gida, gama ƙanƙarar za tă kashe kowane mutum ko dabba wadda take a gona wadda ba a kawo cikin gida ba, sa’ad da ta fāɗo.’”
၁၉ထိုကြောင့် ယခု စေလွှတ် ၍ ၊ လယ်ပြင် ၌ ရှိသောတိရစ္ဆာန် များနှင့် ရှိလေသမျှ တို့ကို သိမ်း ယူလော့။ အိမ် သို့ မ ဆောင် လျင်၊ လယ်ပြင် ၌ တွေ့ သမျှ သောလူ နှင့် တိရစ္ဆာန် တို့အပေါ် မှာ မိုဃ်းသီး ကျ ၍ ၊ သူတို့သည် သေ ကြလိမ့်မည်အကြောင်းကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
20 Waɗansu daga cikin dattawan Fir’auna suka cika da tsoro saboda abin da Ubangiji ya faɗa, nan da nan suka shigo da dabbobinsu da bayinsu da sauri daga gona zuwa cikin gida.
၂၀ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ကြောက်ရွံ့ သော ဖာရော ဘုရင်၏ ကျွန် တို့သည်၊ မိမိ ကျွန် နှင့် မိမိ တိရစ္ဆာန် တို့ကို အိမ် သို့ ပြေး စေကြ၏။
21 Amma waɗanda ba su kula da maganar Ubangiji ba, suka bar bayinsu da dabbobi a gona.
၂၁ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပမာဏ မ ပြုသောသူတို့သည်၊ မိမိ ကျွန် ၊ မိမိ တိရစ္ဆာန် တို့ကို လယ်ပြင် ၌ ထား ကြ၏။
22 Sa’an nan Ubangiji ya ce wa Musa, “Miƙa hannunka sama don a yi ƙanƙara a bisa dukan Masar, a bisa mutane da dabbobi, da bisa dukan abubuwan da suke girma a gonakin Masar.”
၂၂ထာဝရဘုရား ကလည်း ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ လူ တို့အပေါ်မှာ ၎င်း ၊ တိရစ္ဆာန် တို့အပေါ် မှာ၎င်း ၊ လယ်ပြင် ၌ ရှိလေသမျှ သော အပင် များအပေါ် မှာ၎င်း၊ မိုဃ်းသီး ရွာ စေခြင်းငှာ ၊ သင် ၏လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် လော့ဟု မောရှေ အား မိန့် တော်မူ၏။
23 Da Musa ya miƙa sandansa sama, sai Ubangiji ya aiko da tsawa da ƙanƙara, da walƙiya har ƙasa. Ta haka Ubangiji ya yi ruwan ƙanƙara a bisa ƙasar Masar;
၂၃မောရှေ သည် မိမိ လှံတံ ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ ထာဝရဘုရား သည် မိုဃ်းကြိုး နှင့် မိုဃ်းသီး ကို လွှတ် တော်မူ၏။ မီး သည်လည်း မြေ ပေါ် မှာပြေး လေ၏။ ထိုသို့ ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည် ၌ မိုဃ်းသီး ရွာ စေတော်မူသဖြင့်၊
24 ƙanƙara ta fāɗo, walƙiya kuma tana ta wulƙawa. Wannan ce ƙanƙara mafi munin da aka taɓa yi, a dukan ƙasar Masar, tun tarihin kahuwarta na zaman al’umma.
၂၄အဲဂုတ္တု ပြည် တည်ထောင် သည်ကာလမှစ၍ တခါမျှ မဖြစ် ဘူးသော မိုဃ်းသီး ၊ မီး နှင့်ရော၍ အလွန် ပြင်းထန် စွာသော မိုဃ်းသီး ဖြစ် လေ၏။
25 Ko’ina a Masar ƙanƙara ta bugi duk abin da yake a gonaki, mutane da dabbobi, ta bugi duk ganyaye da suke a gonaki, ta kuma ragargaza kowane itace.
၂၅အဲဂုတ္တု ပြည် တရှောက်လုံး ၌ ၊ လယ်ပြင် မှာ ရှိသမျှ သော လူ နှင့် တိရစ္ဆာန် များ၊ မြက်ပင် များ၊ သစ်ပင် များ တို့ကို မိုဃ်းသီး ထိ လေ၏။
26 Wuri guda kaɗai da ba a yi ruwan ƙanƙara ba, shi ne yankin Goshen, inda Isra’ilawa suke.
၂၆သို့ရာတွင် ဣသရေလ အမျိုးသား နေရာ ဂေါရှင် ပြည် ၌ မိုဃ်းသီး မ ကျ မရွာ။
27 Sai Fir’auna ya aika a kira Musa da Haruna. Ya ce musu, “A wannan karo na yi zunubi. Ubangiji, shi ne da gaskiya, ni da mutane mu ke da kuskure.
၂၇ထိုအခါ ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ မောရှေ နှင့် အာရုန် ကို ခေါ် ပြီးလျှင် ၊ ဤအမှု၌ ငါပြစ်မှား ပြီ။ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ ငါ နှင့် ငါ ၏လူ တို့သည် အပြစ် များပါ၏။
28 Ku roƙi Ubangiji, yă tsai da tsawar da ƙanƙarar. Ni kuwa na yi alkawari zan bar ku ku tafi, ba za ku ƙara tsayawa a nan ba.”
၂၈တန် ပါပြီ။ အားကြီး သော မိုဃ်းကြိုး နှင့် မိုဃ်းသီး စဲမည်အကြောင်း၊ ထာဝရဘုရား ကို တောင်းပန် ပါ။ သင် တို့ကို ငါမ ဆီးမတား အလျင်အမြန်လွှတ် မည်ဟု ဆို လေ၏။
29 Musa ya amsa, “To, da kyau, da zarar na fita daga birnin, zan yi addu’a ga Ubangiji, tsawar za tă tsaya, ƙanƙarar kuma za tă daina, don ku sani cewa duniya ta Ubangiji ce.
၂၉မောရှေ ကလည်း ၊ မြို့ ထဲက ကျွန်ုပ် ထွက် သွားသောအခါ ၊ ထာဝရဘုရား ရှေ့တော်၌ ကျွန်ုပ် လက်ဝါး တို့ကို ဖြန့် ပါမည်။ ထာဝရဘုရား သည် မြေကြီး ကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိ စေခြင်းငှာ မိုဃ်းကြိုး စဲ လိမ့်မည်။ မိုဃ်းသီး လည်း မ ကျ မရွာရ။
30 Amma na san cewa kai da fadawanka, har wa yau ba ku ji tsoron Ubangiji Allah ba tukuna.”
၃၀သို့သော်လည်း ကိုယ်တော် နှင့် ကိုယ်တော် ၏ကျွန် တို့သည်၊ ထာဝရ အရှင်ဘုရား သခင်ကို မ ကြောက် သေး ကြောင်းကို အကျွန်ုပ်သိ ပါသည်ဟု လျှောက်ဆို ၏။
31 (Rama da sha’ir suka lalace, gama sha’ir ya riga ya nuna, rama kuwa tana fid da kai.
၃၁ပိုက်ဆန် ပင်၊ မုယော ပင်ကို မိုဃ်းသီးထိ ၏။ မုယော ပင်သည် အသီး အနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆန် ပင်လည်း အသီးမှည့် ပြီ။
32 Alkama da gero kam, ba a hallaka su ba, gama lokacin nunansu bai yi ba tukuna.)
၃၂ဂ ျုံ စပါး၊ ကောက် စပါးပင်ကိုကား မ ထိ။ ထို အပင်တို့သည် မ ပေါက်ကြသေး။
33 Sai Musa ya tashi daga gaban Fir’auna, ya fita daga birni. Da ya miƙa hannuwansa ta wajen Ubangiji, sai tsawa da ƙanƙara suka tsaya, kwararowar ruwa kuma ta ɗauke.
၃၃မောရှေ သည် ဖာရော ဘုရင်ထံမှ ထွက် ၍ မြို့ ပြင်သို့သွားပြီးလျှင် ၊ ထာဝရဘုရား ရှေ့တော်၌ လက်ဝါး တို့ကို ဖြန့် သဖြင့် ၊ မိုဃ်းကြိုး နှင့် မိုဃ်းသီး စဲ လေ၏။ မြေ ပေါ်၌ လည်း မိုဃ်း မ ရွာ။
34 Da Fir’auna ya ga cewa ruwa da ƙanƙara da tsawa sun daina, sai ya sāke yin zunubi. Shi da fadawansa, suka taurare zukatansu.
၃၄ထိုသို့ မိုဃ်း မရွာ၍ မိုဃ်းသီး နှင့် မိုဃ်းကြိုး စဲ သည်ကို ဖာရော ဘုရင်မြင် လျှင် ၊ တဖန် ပြစ်မှား ၍ ၊ ကျွန် များနှင့်တကွ နှလုံး ခိုင်မာ လျက်နေ၏။
35 Ta haka zuciyar Fir’auna ta taurare, bai kuwa bar Isra’ilawa suka tafi ba, kamar yadda Ubangiji ya riga ya faɗa ta wurin Musa.
၃၅ထိုသို့ ဖာရောဘုရင်သည် နှလုံး ခိုင်မာ သည်ဖြစ်၍ ၊ မောရှေ ၌ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ကို မ လွှတ် ဘဲနေပြန်သတည်း။