< Fitowa 8 >

1 Sa’an nan Ubangiji ya ce wa Musa, “Ka je wurin Fir’auna, ka ce masa, ‘Ga abin da Ubangiji yana cewa, ka bar mutanena su tafi domin su yi mini sujada.
ထာဝရဘုရား ကလည်း ၊ သင်သည် ဖါရော ဘုရင်ထံ သို့ဝင် ၍ ငါ ၏လူ တို့သည် ငါ့ အားဝတ်ပြု မည်အကြောင်း ၊ သူတို့ကိုလွှတ် လော့။
2 In ka ƙi barinsu, zan hore ka da annoban kwaɗi a dukan ƙasarka.
မလွှတ် ဘူးဟုငြင်း လျှင် ၊ သင် ၏ပြည် တရှောက်လုံး ကို ဘား တို့ဖြင့် ဒဏ်ခတ် ဦးမည်။
3 Nilu zai cika da kwaɗi. Za su haura zuwa cikin fadanka da kan gadonka, cikin gidajen bayinka da kan mutanenka, cikin kwanonin toye-toyenka da na cin abincinka.
မြစ် သည်လည်း များစွာ သော ဘား တို့ကိုဘွား၍၊ သူတို့သည် သင် ၏အိမ် ၌၎င်း ၊ အိပ် ခန်း ၌ ၎င်း ၊ အိပ်ရာ ပေါ် ၌၎င်း ၊ သင် ၏ကျွန် တို့ အိမ် ၌ ၎င်း ၊ သင် ၏လူ တို့အပေါ် ၌၎င်း ၊ သင် ၏မီးဖို ၌ ၎င်း ၊ မုန့် နယ်သော ခွက်၌ ၎င်း တက် ကြလိမ့်မည်။
4 Kwaɗin nan za su yi ta tsalle a kanka, da kan mutanenka, da kuma kan dukan bayinka.’”
သင် မှစ၍ သင် ၏လူ ၊ သင် ၏ကျွန် ရှိသမျှ တို့ အပေါ် ၌ တက် ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူသည် အကြောင်းကို ကြားပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
5 Sai Ubangiji ya ce wa Musa, “Ka ce wa Haruna, ‘Ka miƙa hannunka da sandanka bisa koguna da rafuffuka da kuma kududdufai, ka sa kwaɗi su fito su mamaye ƙasar Masar.’”
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့်တော်မူပြန်သည်ကား၊ အာရုန် သည် ချောင်း ရေ၊ မြစ် ရေ၊ အိုင် အင်းရေတို့အပေါ်၌ လှံတံ ကို ကိုင်လျက်၊ လက် ကို ဆန့် ၍ အဲဂုတ္တု ပြည် အပေါ်သို့ ဘား များကို တက် စေ ခြင်းငှါ ပြော လော့ဟု မိန့် တော်မူ၏။
6 Sai Haruna ya miƙa hannunsa bisa ruwan Masar, kwaɗi kuwa suka fito, suka mamaye ƙasar Masar.
အာရုန် သည် အဲဂုတ္တု ပြည်၌ရှိသောရေ အပေါ် မှာ လက် ကိုဆန့် သဖြင့် ၊ ဘား တို့သည်တက် ၍ အဲဂုတ္တု ပြည် တရှောက်လုံးကို ဖုံးလွှမ်း ကြ၏။
7 Amma bokaye ma suka yi abubuwan nan ta wurin sihirinsu; suka sa kwaɗi suka fito suka mamaye ƙasar Masar.
ဝိဇ္ဇာဆရာ တို့သည်လည်း ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ၍ ဘား တို့ကို အဲဂုတ္တု ပြည် အပေါ် သို့ ဆောင် ကြ၏။
8 Fir’auna ya kira Musa da Haruna ya ce, “Yi addu’a ga Ubangiji yă ɗauke kwaɗi daga gare ni da mutanena, zan kuwa bar mutanenku su tafi su yi hadaya ga Ubangiji.”
ထိုအခါ ဖါရော မင်းသည်၊ မောရှေ နှင့် အာရုန် ကို ခေါ် ၍ ၊ ထာဝရဘုရား သည် ဘား တို့ကိုငါ နှင့် ငါ့ လူ တို့ ထံမှ ပယ်ရှား တော်မူမည်အကြောင်း တောင်းပန် လော့။ ဣသရေလလူ တို့သည် ထာဝရဘုရား အား ယဇ်ပူဇော် ရသောအခွင့် ကို ငါပေးမည်ဟု ဆို ၏။
9 Musa ya ce wa Fir’auna, “Na ba ka dama ka ba da lokacin da zan yi addu’a dominka da kuma bayinka da mutanenka, gidajenku kuwa za su rabu da kwaɗi, amma ban da waɗanda suke cikin Nilu.”
မောရှေ ကလည်း ၊ ကိုယ်တော် နှင့် ကိုယ်တော် အိမ် များမှ ဘား တို့ကို ပယ်ရှင်း ဖျက်ဆီး၍၊ မြစ် ၌ သာ နေ စေ ခြင်းငှါ၊ ကိုယ်တော် နှင့် ကိုယ်တော် ကျွန် များ၊ လူ များအဘို့ အကျွန်ုပ်တောင်းပန် ရသောအချိန် ကို ချိန်းချက် တော်မူပါဟု လျှောက် သော်၊
10 Fir’auna ya ce, “Gobe.” Musa ya amsa, “Za a yi kamar yadda ka faɗa, domin ka sani babu wani kamar Ubangiji, Allahnmu.
၁၀နက်ဖြန် နေ့ တောင်းပန်လော့ဟု မိန့် တော်မူသည်ဖြစ်၍ ၊ မောရှေက၊ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား နှင့်တူ သော ဘုရားမရှိ ကြောင်းကို ကိုယ်တော်သိ စေခြင်းငှါ အမိန့် တော်အတိုင်း ဖြစ်၍ ၊
11 Kwaɗin za su bar ka da gidajenka, bayinka da mutanenka; za su kasance a Nilu ne kaɗai.”
၁၁ဘား တို့သည်ကိုယ်တော် နှင့် ကိုယ်တော် အိမ် များ၊ ကျွန် များ၊ လူ များထံမှ ထွက် သွား၍ မြစ် ၌ သာ နေ ကြလိမ့်မည်ဟု မောရှေလျှောက် ပြီးလျှင်၊
12 Bayan Musa da Haruna sun bar Fir’auna, Sai Musa ya yi kuka ga Ubangiji saboda kwaɗin da ya kawo a bisa Fir’auna.
၁၂အာရုန် နှင့်အတူ အထံတော်မှ ထွက်သွား ၍ ၊ ဖါရော ဘုရင်အပေါ် သို့ ထာဝရဘုရား ဆောင် တော်မူ သောဘား တို့အကြောင်း ကြောင့် ၊ မောရှေ သည် ဆုတောင်း ပဌနာပြုလေ၏။
13 Sai Ubangiji ya yi abin da Musa ya nema. Kwaɗin suka mutu a gidaje, da filaye, da kuma gonaki.
၁၃ထာဝရဘုရား သည် မောရှေ တောင်း လျှောက်သော စကားအတိုင်း ပြု တော်မူသဖြင့် ၊ ဘား တို့သည် အိမ် များ၊ ရွာ များ၊ လယ်ပြင် များတို့တွင် သေ ကြ၏။
14 Aka jibga su tsibi-tsibi, ƙasar ta yi ɗoyi saboda su.
၁၄အသေကောင် တို့ကို စုပုံ ၍ထားသဖြင့် တပြည် လုံး နံ လေ၏။
15 Amma da Fir’auna ya ga an sami sauƙi, sai ya taurare, ya ƙi yă saurari Musa da Haruna kamar dai yadda Ubangiji ya riga ya faɗa.
၁၅ဖါရော မင်းလည်း၊ သက်သာ ရကြောင်းကို သိမြင် သောအခါ ၊ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ နှလုံး ခိုင်မာ ၍ သူ တို့စကားကို နား မ ထောင်ဘဲ နေပြန် လေ၏။
16 Sa’an nan Ubangiji ya ce wa Musa, “Ka ce wa Haruna, ‘Miƙa hannunka ka bugi ƙurar ƙasa,’ dukan ƙurar ƙasar Masar kuwa za tă zama ƙwari masu cizo.”
၁၆တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ရှိသောမြေမှုန့်သည် ခြင် ကောင်ဖြစ် စေခြင်းငှါ ၊ အာရုန် သည် လှံတံ ကိုကိုင်လျက် လက်ကိုဆန့် ၍၊ မြေမှုန့် ကို ရိုက် စေ ခြင်းငှါ ပြော လော့ဟု မိန့်တော်မူသည်အတိုင်း၊
17 Suka yi haka, da Haruna ya miƙa hannunsa da sandan, ya bugi ƙurar ƙasa, sai ƙwari masu cizo suka fito a kan mutane da dabbobi. Dukan ƙurar, ko’ina a ƙasar Masar ta zama cinnaku.
၁၇အာရုန် သည် လှံတံ ကိုကိုင်လျက် လက် ကိုဆန့် ၍ မြေမှုန့် ကို ရိုက် လေ၏။ မြေမှုန့်သည်လည်း လူ ၌ ၎င်း ၊ တိရစ္ဆာန် ၌ ၎င်း ခြင် ကောင်ဖြစ် လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ မြေမှုန့် ရှိသမျှ သည် ခြင် ကောင်ဖြစ် လေ၏။
18 Sa’ad da bokayen Fir’auna suka yi ƙoƙari yin sihiri iri na rufe ido domin su fito da kwari, sai suka kāsa. Ƙwari masu cizo kuwa suka rufe mutane da dabbobi.
၁၈ဝိဇ္ဇာဆရာ ကိုလည်း ၊ ခြင် ကောင်တို့ကို ဖြစ် စေ ခြင်းငှါ ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ၍ မ တတ် နိုင် ကြ။ သို့ဖြစ်၍ လူ တို့နှင့် တိရစ္ဆာန် တို့၌ ခြင် ကောင်တို့သည် ရှိ ကြ၏။
19 Sai bokaye suka ce wa Fir’auna, “Wannan fa da hannun Allah a ciki.” Amma zuciyar Fir’auna ta taurare, bai kuwa saurara ba, kamar dai yadda Ubangiji ya riga ya faɗa.
၁၉ထိုအခါ ဝိဇ္ဇာဆရာ တို့က၊ ဤ အမှုသည် ဘုရား သခင် ၏ တန်ခိုး ကြောင့်ဖြစ်သည်ဟု ဖါရော ဘုရင်အား လျှောက် ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖာရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့စကားကို နား မ ထောင်ဘဲနေပြန်လေ၏။
20 Sai Ubangiji ya ce wa Musa, “Ka tashi da sassafe ka sadu da Fir’auna a lokacin da za shi kogi, ka ce masa, ‘Ga abin da Ubangiji yana cewa, bari mutanena su tafi, don su yi mini sujada.
၂၀ထာဝရဘုရား ကလည်း ၊ သင်သည် နံနက် စောစော ထလော့။ ရေ ဆိပ်သို့ ထွက်သွား သော ဖါရော ဘုရင်ရှေ့မှာ ရပ် ၍ ထာဝရဘုရား က၊ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သူတို့ကိုလွှတ် လော့။
21 In ba ka bar mutanena suka tafi ba, zan turo da tarin ƙuda a kanka da bayinka, a kan mutanenka da cikin gidajenka. Gidajen Masarawa za su cika da ƙudaje, har ma da ƙasa inda za su taka.
၂၁မ လွှတ် ဘဲနေလျှင် သင် နှင့် သင် ၏ကျွန် များ၊ လူ များ၊ အိမ် များထဲသို့ ယင်ရဲ တို့ကို ငါ စေလွှတ် သဖြင့် အဲဂုတ္တု လူတို့နေသောအိမ် ၊ ရပ်သောမြေ သည် ယင်ရဲ နှင့်အပြည့် ရှိရလိမ့်မည်။
22 “‘Amma zan keɓe yankin Goshen, inda mutanena suke don kada ƙudaje su taɓa wurin, domin ka sani cewa Ni, Ubangiji, ina cikin wannan ƙasa.
၂၂ငါ သည် မြေကြီး အလယ် ၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိ စေခြင်းငှါ ငါ ၏လူ တို့နေရာ ဂေါရှင် ပြည် ကို ထို နေ့ ၌ ငါခြားနား စေ၍၊ ထို ပြည်၌ ယင်ရဲ မ ရှိ ရ။
23 Zan sa iyaka tsakanin jama’ata da jama’arka. Gobe ne wannan mu’ujiza za tă auku.’”
၂၃ထိုသို့ ငါ ၏လူ တို့နှင့် သင် ၏လူ တို့ကို ငါခြားနား စေ မည်။ နက်ဖြန် နေ့၌ ထို နိမိတ် ထင်ရှား လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
24 Ubangiji kuwa ya yi haka. Tarin ƙuda suka zubo a fadar Fir’auna da cikin gidajen bayinsa, da ko’ina a Masar, ƙasar kuwa ta lalace saboda ƙudaje.
၂၄ထိုသို့ ထာဝရဘုရား ပြု တော်မူသဖြင့် ၊ အလွန် ကြမ်းတမ်း သော ယင်ရဲ တို့သည်၊ ဖါရော ဘုရင်အိမ် အစရှိသော သူ ၏ကျွန် တို့အိမ် ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ရောက် လာ၍၊ ထိုယင်ရဲ တို့ကြောင့် အဲဂုတ္တုပြည် ပျက် လေ၏။
25 Sai Fir’auna ya kira Musa da Haruna ya ce, “Ku tafi, ku miƙa hadaya ga Allahnku, a nan a cikin ƙasar.”
၂၅ထိုအခါ ၊ ဖါရော ဘုရင်သည် မောရှေ နှင့် အာရုန် ကို ခေါ် ပြီးလျှင် ၊ သင်တို့သည် ဤပြည် ၌ သင် တို့၏ ဘုရား သခင် အား ယဇ်ပူဇော် သွား ကြလော့ဟု မိန့် တော်မူသော်၊
26 Amma Musa ya ce, “Wannan ba zai yiwu ba. Hadayun da mukan miƙa wa Ubangiji, Allahnmu haram ne ga Masarawa. In kuwa muka miƙa hadayun da suke haram a idanunsu, ba za su jajjefe mu ba?
၂၆မောရှေ က ထိုသို့ မ ပြု သင့်။ ပြုလျှင်အဲဂုတ္တု လူ တို့၏ ရွံရှာ ဘွယ်သောအရာကို အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်ရပါမည်။ အဲဂုတ္တု လူတို့၏ ရွံရှာဘွယ် သောအရာကို သူ တို့မျက်မှောက် ၌ ယဇ်ပူဇော် လျှင် ၊ သူတို့သည် အကျွန်ုပ် တို့ကိုခဲနှင့်ပစ် ကြပါလိမ့်မည်မဟုတ် လော။
27 Dole mu yi tafiya kwana uku cikin hamada domin miƙa hadayu ga Ubangiji Allahnmu, yadda ya umarce mu.”
၂၇သို့ဖြစ်၍တော ၌ သုံး ရက် ခရီး သွား ၍ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ယဇ်ပူဇော် ကြပါမည်ဟု လျှောက်ဆို ၏။
28 Fir’auna ya ce, “Zan bar ku ku tafi, don ku miƙa hadayu ga Ubangiji Allahnku, a cikin hamada, amma ba za ku tafi da nisa ba. Yanzu ku yi mini addu’a.”
၂၈ဖါရော ဘုရင်ကလည်း ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား အား ၊ တော ၌ ယဇ် ပူဇော်မည်အကြောင်း ၊ သွားရသောအခွင့် ကို ငါ ပေးမည်။ သို့ရာတွင် ဝေး ဝေး မ သွား ရကြ။ ငါ့ အဘို့ တောင်းပန် လော့ဟု မိန့် တော်မူ၏။
29 Musa ya amsa, “Da zarar na bar ka, zan yi addu’a ga Ubangiji, gobe kuwa ƙudaje za su bar Fir’auna da fadawansa da kuma mutanensa. Sai dai a tabbata Fir’auna bai sāke yin ruɗi ta wurin ƙin barin mutane su tafi su miƙa hadayu ga Ubangiji ba.”
၂၉မောရှေ ကလည်း ၊ အကျွန်ုပ် သည် ကိုယ်တော် ထံ မှ ထွက်သွား ၍ ယင်ရဲ တို့သည် ဖါရော ဘုရင်နှင့် သူ ၏ ကျွန် များ၊ လူ များထံမှ ၊ နက်ဖြန် နေ့သွား မည်အကြောင်း ထာဝရဘုရား ကို တောင်းပန် ပါမည်။ သို့ရာတွင် ဣသရေလ လူ တို့သည် ထာဝရဘုရား အား ယဇ် မပူဇော်ရမည် အကြောင်း ၊ နောက်တဖန် ဆီးတား ၍ လှည့်စား တော် မ မူပါနှင့်ဟု လျှောက် ပြီးလျှင် ၊
30 Sa’an nan Musa ya rabu da Fir’auna, ya kuma yi addu’a ga Ubangiji,
၃၀ဖါရော ဘုရင်ထံ မှ ထွက် သွား၍ ထာဝရဘုရား ကို တောင်းပန် လေ၏။
31 Ubangiji kuwa ya yi abin da Musa ya roƙa. Ƙudaje suka rabu da Fir’auna da fadawansa da kuma mutanensa; ba ƙudan da ya rage.
၃၁ထာဝရဘုရား သည်လည်း ၊ မောရှေ စကား ကို နားထောင် ၍ ယင်ရဲ တို့ကို ဖါရော ဘုရင်နှင့်သူ ၏ကျွန် များ၊ လူ များထံမှာ တကောင် မျှ မ ကျန် စေခြင်းငှါ ပယ်ရှား တော်မူ၏။
32 Amma a wannan lokaci ma, Fir’auna ya taurare zuciyarsa, bai kuma bar mutanen suka tafi ba.
၃၂ထို အခါ ၌ လည်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ပြန်၍ ၊ ဣသရေလလူ တို့ကို မ လွှတ် ဘဲနေလေ၏။

< Fitowa 8 >