< Josué 22 >
1 Alors Josué appela les Rubénites, les Gadites, et la demi-tribu de Manassé,
၁တဖန် ယောရှု သည် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တို့ကို ခေါ် ၍၊
2 Et il leur dit: Vous avez observé tout ce que vous avait commandé Moïse, serviteur de l'Éternel, et vous m'avez obéi en tout ce que je vous ai commandé.
၂ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသမျှ အတိုင်း ၊ သင် တို့သည် ပြု ၍ ၊ ငါမှာ ထားသမျှ သော စကား ကို လည်း နားထောင် ကြပြီ။
3 Vous n'avez pas abandonné vos frères, pendant ce longtemps, jusqu'à ce jour; et vous avez observé le commandement de l'Éternel votre Dieu.
၃ယနေ့ တိုင်အောင် ကြာမြင့် စွာသောကာလ ပတ်လုံးသင် တို့သည် ညီအစ်ကို များကို မ စွန့် ဘဲနေ၍၊ သင် တို့ဘုရား သခင်ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက် ကြပြီ။
4 Et maintenant l'Éternel votre Dieu a donné du repos à vos frères, comme il le leur avait dit. Retournez donc maintenant, et allez-vous-en à vos tentes, au pays qui est votre propriété, que Moïse, serviteur de l'Éternel, vous a donné au delà du Jourdain.
၄ယခု မှာ သင် တို့၏ဘုရား သခင်ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ ညီအစ်ကို တို့အား ငြိမ်သက် ခြင်းအခွင့်ကိုပေးတော်မူသောကြောင့်၊ သင် တို့ပြန် ၍ ကိုယ် နေရာအိမ် သို့ ၎င်း၊ ယော်ဒန် မြစ်တဘက် ၌ ထာဝရဘုရား ၏ကျွန် မောရှေ ပေး သည်အတိုင်း၊ ကိုယ် ပိုင် သော မြေ သို့ ၎င်း သွား ကြလော့။
5 Seulement prenez bien garde de pratiquer le commandement et la loi que Moïse, serviteur de l'Éternel, vous a prescrits: d'aimer l'Éternel votre Dieu, de marcher dans toutes ses voies, de garder ses commandements, et de s'attacher à lui, et de le servir de tout votre cœur et de toute votre âme.
၅သို့ရာတွင် ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသော ပညတ် တရား အတိုင်း ကျင့် ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို စိတ်နှလုံးအကြွင်းမဲ့ချစ် ခြင်း၊ လမ်း တော်အလုံးစုံ တို့၌ လိုက်သွား ခြင်း၊ ပညတ် တော်တို့ကို စောင့်ရှောက် ခြင်း၊ ကိုယ်တော် ၌ ဆည်းကပ် ခြင်း၊ အမှုတော်ကို ဆောင်ရွက် ခြင်းငှါ ကြိုးစား၍ သတိပြု ကြလော့ဟု မှာထားလျက်၊
6 Et Josué les bénit et les renvoya; et ils s'en allèrent à leurs tentes.
၆ကောင်းကြီး ပေး၍ လွှတ် လိုက်လေ၏။ သူတို့သည် ကိုယ် နေရာအိမ် သို့ သွား ကြ၏။
7 Or, Moïse avait donné à une moitié de la tribu de Manassé un héritage en Bassan, et Josué donna à l'autre moitié un héritage avec leurs frères, de ce côté-ci du Jourdain, vers l'Occident. Au reste, quand Josué les renvoya vers leurs tentes, il les bénit et leur dit:
၇မနာရှေ အမျိုး တဝက် အား မောရှေ သည် ဗာရှန် ပြည်၌ မြေကိုပေး နှင့်ပြီ။ အမျိုးတဝက် အား ယောရှု သည် ယော်ဒန် မြစ်အနောက် ဘက် ၌ သူ တို့ညီအစ်ကို များနှင့်အတူ မြေကိုပေး ၏။
8 Vous retournez à vos tentes avec de grandes richesses et avec un bétail fort nombreux; avec de l'or, de l'argent, de l'airain, du fer, des vêtements en grande abondance: partagez avec vos frères le butin de vos ennemis.
၈ယောရှု ကလည်း ၊ သင်တို့သည် အလွန်ဥစ္စာ ရ တတ်၍ များ စွာသော တိရစ္ဆာန် ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ အဝတ် တန်ဆာများတို့ကို ယူဆောင်လျက် သင် တို့နေရာ အိမ် သို့ ပြန် သွားကြလော့။ ရန်သူ တို့၌ လုယူ၍ရသောဥစ္စာ ကို သင် တို့ညီအစ်ကို များ၌ ဝေဖန် ကြလော့ဟု မှာ ထားလျက် ၊ ကောင်းကြီး ပေး၍ သူ တို့နေရာအိမ် သို့ လွှတ် လိုက်လေ၏။
9 Les enfants de Ruben, les enfants de Gad, et la demi-tribu de Manassé retournèrent donc et s'en allèrent de Silo, qui est dans le pays de Canaan, d'avec les enfants d'Israël, pour aller au pays de Galaad, dans le pays de leur propriété, dont ils avaient été mis en possession selon le commandement de l'Éternel par l'organe de Moïse.
၉ထာဝရဘုရား သည် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ပိုင် ထိုက်သောမြေ ၊ ဂိလဒ် ပြည် သို့ သွား ခြင်းငှါ ၊ ဣသရေလ အမျိုးသားရှိရာ ခါနာန် ပြည် ၊ ရှိလော မြို့မှ ထွက်သွား ကြ၏။
10 Or ils vinrent aux districts du Jourdain qui sont dans le pays de Canaan; et les enfants de Ruben, les enfants de Gad et la demi-tribu de Manassé bâtirent là un autel, près du Jourdain, autel de grande apparence.
၁၀ခါနာန် ပြည် ၊ ယော်ဒန် မြစ်နား သို့ ရောက် သောအခါ ၊ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ယော်ဒန် မြစ်နားမှာ ထင်ရှား စွာသော ယဇ် ပလ္လင်ကြီး ကို တည် ကြ၏။
11 Et les enfants d'Israël apprirent qu'on disait: Voici, les enfants de Ruben, les enfants de Gad et la demi-tribu de Manassé ont bâti un autel, en face du pays de Canaan, dans les districts du Jourdain, du côté des enfants d'Israël.
၁၁ထိုသို့ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ခါနာန် ပြည် တဘက် ၊ ယော်ဒန် မြစ်နား ၊ ဣသရေလ အမျိုးသားကူးရာအရပ် ၌ ယဇ် ပလ္လင်ကို တည် ကြပြီဟု ဣသရေလ အမျိုးသားတို့သည် သိတင်းကြား ကြ၏။
12 Les enfants d'Israël entendirent donc cela; et toute l'assemblée des enfants d'Israël s'assembla à Silo pour monter et leur faire la guerre.
၁၂ထိုသိတင်းကို ကြား သောအခါ ၊ ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် စစ်ချီ ခြင်းငှါ ၊ ရှိလော မြို့၌ စည်းဝေး ကြ၏။
13 Et les enfants d'Israël envoyèrent vers les enfants de Ruben, vers les enfants de Gad et vers la demi-tribu de Manassé, au pays de Galaad, Phinées, fils d'Éléazar, le sacrificateur;
၁၃ဣသရေလ အမျိုးသား တို့သည်၊ ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် နှင့်တကွ၊ ဣသရေလ အမျိုး အသီးအသီး တို့အထဲကရွေးကောက်၍၊
14 Et avec lui dix chefs, un chef par maison de pères pour chacune des tribus d'Israël; chacun d'eux était chef de maison de pères parmi les milliers d'Israël.
၁၄လူတထောင် ကိုအုပ် သောအဆွေအမျိုး သူကြီး ဆယ် ပါးတို့ကို ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် ရှိရာ ဂိလဒ် ပြည် သို့ စေလွှတ် ကြ၏။
15 Ils vinrent donc vers les enfants de Ruben, vers les enfants de Gad et vers la demi-tribu de Manassé, au pays de Galaad; et il leur parlèrent, en disant:
၁၅ထိုမင်းတို့သည် ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် ရှိရာ ဂိလဒ် ပြည် သို့ ရောက် ၍၊
16 Ainsi a dit toute l'assemblée de l'Éternel: Quel est ce forfait que vous avez commis contre le Dieu d'Israël? Pourquoi vous détourner aujourd'hui de l'Éternel, en vous bâtissant un autel, pour vous révolter aujourd'hui contre l'Éternel?
၁၆ထာဝရဘုရား ၏ ပရိသတ် အပေါင်း တို့မှာလိုက်သည်ကား၊ သင် တို့သည် ထာဝရဘုရား ကို ယနေ့ ပုန်ကန် ၍ ယဇ် ပလ္လင်ကို တည် သဖြင့် ၊ ထာဝရဘုရား နောက် တော်သို့မလိုက်၊ ယနေ့လွှဲသွား ခြင်းငှါ ဣသရေလ အမျိုး၏ ဘုရား သခင်ကို ပြစ်မှား သော အပြစ် ကား အဘယ်သို့ နည်း။
17 L'iniquité de Péor, dont nous ne sommes pas purifiés jusqu'à ce jour et qui attira la plaie sur l'assemblée de l'Éternel, est-elle peu de chose pour nous,
၁၇သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရ အပြစ် သည် ငါ တို့အဘို့ မ လောက်သလော။ ထာဝရဘုရား ၏ ပရိသတ် တော်၌ ဘေး ကြီးရောက် သော်လည်း ၊ ယနေ့ တိုင်အောင် ထိုအပြစ် မ ရှင်းလင်း သေး။
18 Que vous vous détourniez aujourd'hui de l'Éternel? Vous vous révoltez aujourd'hui contre l'Éternel, et demain il se courroucera contre toute l'assemblée d'Israël.
၁၈သင် တို့သည် ထာဝရဘုရား ကို ယနေ့ ပုန်ကန် ၍ နက်ဖြန် နေ့ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို အမျက် ထွက်တော်မူမည်။
19 Toutefois, si la terre que vous possédez est souillée, passez dans la terre que l'Éternel possède, où est établie la Demeure de l'Éternel, et prenez possession parmi nous; mais ne vous révoltez point contre l'Éternel, et ne vous séparez point de nous, en vous bâtissant un autel outre l'autel de l'Éternel notre Dieu.
၁၉သို့သော်လည်း သင် တို့အပိုင် ရသောမြေ သည် မ စင်ကြယ်လျှင် ၊ ထာဝရဘုရား အပိုင် ယူတော်မူ၍၊ တဲ တော်ရှိရာမြေ သို့ ကူး သဖြင့် ငါ တို့နှင့်အတူ အပိုင်ယူ ကြ လော့။ ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ ယဇ်ပလ္လင် တော်မှတပါး ၊ အခြားသော ယဇ် ပလ္လင်ကို ကိုယ် အဘို့ တည် ၍ ထာဝရဘုရား ကို မ ပုန်ကန် ကြနှင့်။ ငါ တို့ကိုလည်း မ ပုန်ကန် ကြနှင့်။
20 Acan, fils de Zérach, ne commit-il pas un forfait au sujet de l'interdit, et le courroux de l'Éternel ne s'alluma-t-il pas contre toute l'assemblée d'Israël? Et cet homme n'expira pas seul pour son iniquité.
၂၀ဇေရ သား အာခန် သည် ကျိန် အပ်သောအရာ၌ ပြစ်မှား ၍ အမျက် တော်သည် ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့အပေါ် မှာ ရောက် သည် မ ဟုတ်လော။ ထိုသူ သည် ပြစ်မှားသောအပြစ် ကြောင့် တ ယောက်တည်းသာ သေ ရသည် မ ဟုတ်ဟု ဆိုကြ၏။
21 Mais les enfants de Ruben, les enfants de Gad, et la demi-tribu de Manassé répondirent et dirent aux chefs des milliers d'Israël:
၂၁ထိုအခါ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ဣသရေလ အမျိုးတွင် လူတထောင် စီအုပ်သော အကဲ အမှူးတို့အား ပြန်ပြော လေသည်မှာ၊
22 Dieu, Dieu, l'Éternel, Dieu, Dieu, l'Éternel, le sait, et Israël le saura! Si c'est par rébellion, si c'est par un forfait contre l'Éternel, ne nous viens point en aide en ce jour!
၂၂မြတ် စွာဘုရား သခင် ထာဝရဘုရား ၊ မြတ် စွာဘုရား သခင် ထာဝရဘုရား သည် ကိုယ်တော်တိုင် သိ တော်မူ၏။ ဣသရေလ အမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရား ကို ပြစ်မှား မည်အကြံရှိ၍၊ ထာဝရဘုရား နောက် တော်သို့ မလိုက်ဘဲ လွှဲသွား ခြင်းငှါ ငါ တို့သည် ယဇ် ပလ္လင်ကို တည် သည်မှန်လျှင်၊ ယနေ့ ဘေးမ လွတ် ပါစေနှင့်။
23 Si nous nous sommes bâti un autel pour nous détourner de l'Éternel, si c'est pour y offrir des holocaustes et des oblations, et si c'est pour y faire des sacrifices de prospérité, que l'Éternel lui-même en redemande compte,
၂၃ထိုပလ္လင် ပေါ် မှာ မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ပူဇော် သက္ကာကို ပူဇော် မည်အကြံ ရှိလျှင် လည်း ထာဝရဘုရား သည် ကိုယ်တော် တိုင် စစ်ကြော တော်မူပါစေ။
24 Si nous ne l'avons fait, au contraire, parce que nous avons craint ceci, que vos enfants ne disent demain à nos enfants: Qu'avez-vous de commun avec l'Éternel, le Dieu d'Israël?
၂၄နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အိုရုဗင် အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား နှင့် အဘယ်သို့ဆိုင် ကြသနည်း။
25 L'Éternel a mis le Jourdain pour limite entre nous et vous, enfants de Ruben et enfants de Gad; vous n'avez point de part à l'Éternel! Et ainsi vos enfants feraient que nos enfants cesseraient de craindre l'Éternel.
၂၅ထာဝရဘုရား သည် ငါ တို့နှင့် သင် တို့စပ်ကြား ၌ ပိုင်းခြား လျက် ယော်ဒန် မြစ်ကို ထား တော်မူပြီ။ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သား မြေးတို့အား ပြောဆိုသဖြင့်၊ ငါ တို့သား မြေးတို့သည် ထာဝရဘုရား ကို မ ကြောက်ရွံ့ ဘဲ နေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟု စိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။
26 C'est pourquoi, nous avons dit: Bâtissons-nous un autel, non pour des holocaustes ni pour des sacrifices,
၂၆သို့ဖြစ်၍ ငါ တို့သည် ယဇ် ပလ္လင်ကို တည် ခြင်းငှါ ပြင် ကြကုန်အံ့ဟု ဆို ကြသောအခါ၊ မီးရှို့ ရာယဇ်အစရှိသော ယဇ်မျိုးကို ပူဇော် မည်အကြံရှိသည်မ ဟုတ်။
27 Mais comme un témoin entre nous et vous, et entre nos descendants après nous, que nous pratiquons le culte de l'Éternel devant sa face, par nos holocaustes, nos sacrifices d'expiation et nos sacrifices de prospérité, afin que vos enfants ne disent pas dans l'avenir à nos enfants: Vous n'avez point de part à l'Éternel!
၂၇ငါ တို့သည် မီးရှို့ ရာယဇ် အစရှိသော ယဇ် မျိုး၊ မိဿဟာယ ပူဇော်သက္ကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရဘုရား အမှု ကို ရှေ့ တော်၌ ဆောင်ရွက် ခြင်းငှါ ၎င်း၊ နောင် ကာလ၌ သင် တို့သား မြေးတို့က၊ သင် တို့သည် ထာဝရဘုရား နှင့် အလျှင်းမ ဆိုင်ကြဟု ငါ တို့သားမြေး တို့အား မ ပြော စေခြင်းငှါ၎င်း၊ ဤယဇ်ပလ္လင်သည် ငါ တို့နှင့် သင် တို့စပ်ကြား ၊ ငါ တို့သား မြေးနှင့် သင်တို့သားမြေးစပ်ကြားမှာ သက်သေ ဖြစ်စေခြင်းငှါ တည်ကြပါပြီ။
28 Et nous avons dit: Lorsqu'ils nous tiendront ce discours, ou à nos descendants dans l'avenir, nous dirons: Voyez la forme de l'autel de l'Éternel, que nos pères ont fait non pour des holocaustes ni pour des sacrifices, mais afin qu'il soit témoin entre nous et vous.
၂၈နောင်ကာလ ၌ သူတို့သည် ငါ တို့နှင့် ငါ တို့သား မြေးတို့အား ထိုသို့ပြောဆို လျှင် ၊ ငါတို့က၊ ငါ တို့အဘ တို့သည် မီးရှို့ ရာယဇ်အစရှိသောယဇ် မျိုးကို ပူဇော်ခြင်းငှါမ ဟုတ်၊ ငါ တို့နှင့် သင် တို့စပ်ကြား မှာ သက်သေ ဖြစ်စေခြင်းငှါတည် သော ထာဝရ ဘုရား၏ ယဇ်ပလ္လင် ပုံ ကို ကြည့် ကြလော့ဟု ပြန်ပြော စရာအကြောင်းရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ။
29 Loin de nous la pensée de nous révolter contre l'Éternel, et de nous détourner aujourd'hui de l'Éternel, en bâtissant un autel pour des holocaustes, pour des oblations et pour des sacrifices, outre l'autel de l'Éternel notre Dieu, qui est devant sa Demeure!
၂၉တဲ တော်ရှေ့ ၌ရှိသော ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ယဇ်ပလ္လင် တော်မှတပါး အခြားသောယဇ် ပလ္လင်ကို တည် ၍ မီးရှို့ ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ်ပူဇော် သက္ကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရား ကို ပုန်ကန် ၍ နောက် တော်သို့မလိုက် လွှဲ သွားခြင်းအမှုသည် ငါ တို့နှင့် ဝေး ပါစေသောဟု ပြန်ပြောကြ၏။
30 Or, quand Phinées, le sacrificateur, les principaux de l'assemblée, les chefs des milliers d'Israël, qui étaient avec lui, eurent entendu les paroles que prononcèrent les enfants de Ruben, les enfants de Gad et les enfants de Manassé, ils furent satisfaits.
၃၀ယဇ်ပုရောဟိတ် ဖိနဟတ် နှင့် ပရိသတ်မင်း များ၊ ဣသရေလ အမျိုး၌ လူတထောင် စီအုပ်သော အကဲ အမှူးများတို့သည် ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုးသား တို့ ပြော သော စကား ကို ကြား ရသောအခါ အားရ ကြ၏။
31 Et Phinées, fils d'Éléazar, le sacrificateur, dit aux enfants de Ruben, aux enfants de Gad, et aux enfants de Manassé: Nous connaissons aujourd'hui que l'Éternel est au milieu de nous, puisque vous n'avez point commis ce forfait contre l'Éternel; maintenant vous avez délivré les enfants d'Israël de la main de l'Éternel.
၃၁ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် ကလည်း ၊ သင်တို့သည် ထာဝရဘုရား ကို မ ပြစ်မှား သောကြောင့် ၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူကြောင်း ကို ယနေ့ ငါတို့ သိ မြင်ကြ၏။ သင်တို့သည် ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရား လက် တော်မှ ယခု ကယ်လွှတ် ကြပြီဟု ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုးသား တို့အား ပြောဆို ကြ၏။
32 Ainsi Phinées, fils d'Éléazar le sacrificateur, et les chefs s'en retournèrent d'avec les enfants de Ruben, et d'avec les enfants de Gad, du pays de Galaad au pays de Canaan, vers les enfants d'Israël, et leur rendirent compte.
၃၂ထိုအခါ ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် နှင့် မင်း များတို့သည် ရုဗင် အမျိုး ၊ ဂဒ် အမျိုးသား တို့နေရာ ဂိလဒ် ပြည် မှ ဣသရေလ အမျိုးသားနေရာ ခါနာန် ပြည် သို့ ပြန် လာ၍ သိတင်း ကြားပြောသဖြင့်၊
33 Et la chose plut aux enfants d'Israël, et les enfants d'Israël bénirent Dieu, et ne parlèrent plus de monter en armes contre eux, pour ravager le pays où habitaient les enfants de Ruben et les enfants de Gad.
၃၃ဣသရေလ အမျိုးသားတို့သည် ဝမ်းမြောက်ခြင်းရှိ၍ ဘုရား သခင်၏ ကျေးဇူးတော်ကို ချီးမွမ်း ကြ၏။ နောက်တဖန် ရုဗင် အမျိုး ၊ ဂဒ် အမျိုးသား တို့နေ သောပြည် ကို လုပ်ကြံ အံ့သောငှါ စစ်ချီ မည်ဟု အကြံ မ ရှိကြ။
34 Et les enfants de Ruben et les enfants de Gad nommèrent l'autel Ed (témoin); car, dirent-ils, il est témoin entre nous que l'Éternel est Dieu.
၃၄ရုဗင် အမျိုး ၊ ဂဒ် အမျိုးသား တို့ကလည်း ၊ ထာဝရဘုရား သည် ဘုရား သခင်ဖြစ်တော်မူကြောင်း ကို ဤယဇ် ပလ္လင်သည် ငါ တို့စပ်ကြား မှာ သက်သေခံ ပါစေသောဟု ဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့် ကြ၏။