< Josué 21 >
1 Or, les chefs de famille des Lévites s'approchèrent d'Éléazar, le sacrificateur, et de Josué, fils de Nun, et des chefs de famille des tribus des enfants d'Israël;
၁လေဝိ သား အဆွေအမျိုးသူကြီး တို့သည်၊ ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု ၊ ဣသရေလ အမျိုးတို့တွင် အဆွေ အမျိုးသူကြီး တို့ထံ သို့ချဉ်းကပ် ၍၊
2 Et ils leur parlèrent à Silo, dans le pays de Canaan, et leur dirent: L'Éternel a commandé par l'organe de Moïse qu'on nous donnât des villes pour y habiter, et leurs banlieues pour notre bétail.
၂အကျွန်ုပ် တို့ နေ စရာဘို့ မြို့ တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ် တို့ကို၎င်း ပေး စေခြင်းငှါ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူပြီဟု ခါနာန် ပြည် ၊ ရှိလော မြို့၌ ပြောဆို ကြလျှင်၊
3 Et les enfants d'Israël donnèrent de leur héritage aux Lévites, selon le commandement de l'Éternel, ces villes-ci avec leurs banlieues.
၃ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မိမိ တို့အမွေ ခံရသောမြေထဲက ၊ မြို့ နှင့် မြို့နယ် တို့ကိုပေး ကြ၏။
4 Le sort échut aux familles des Kéhathites; et les enfants d'Aaron, le sacrificateur, d'entre les Lévites, obtinrent par le sort treize villes, de la tribu de Juda, de la tribu de Siméon et de la tribu de Benjamin.
၄စာရေးတံ ပြု၍ ကောဟတ် အဆွေ အမျိုးတို့သည် အမွေခံရာတွင်၊ လေဝိ သား ယဇ်ပုရောဟိတ် အာရုန် ၏ သား မြေးတို့သည် စာရေးတံ ပြုသောအားဖြင့် ၊ ယုဒ ခရိုင်၊ ရှိမောင် ခရိုင်၊ ဗင်္ယာမိန် ခရိုင်ထဲက ဆယ် သုံး မြို့ ကို ရကြ၏။
5 Et les autres enfants de Kéhath obtinrent par le sort dix villes des familles de la tribu d'Éphraïm, de la tribu de Dan, et de la demi-tribu de Manassé.
၅ကြွင်းသော ကောဟတ် သား တို့သည် ဧဖရိမ် ခရိုင်၊ ဒန် ခရိုင်၊ မနာရှေ ခရိုင် ဝက် ထဲက ဆယ် မြို့ ကို ရကြ၏။
6 Puis les enfants de Guershon obtinrent par le sort treize villes, des familles de la tribu d'Issacar, de la tribu d'Asser, de la tribu de Nephthali, et de la demi-tribu de Manassé, en Bassan.
၆ဂေရရှုံ သား တို့သည် စာရေးတံ ပြုသောအားဖြင့် ၊ ဣသခါ ခရိုင်၊ အာရှာ ခရိုင်၊ နဿလိ ခရိုင်၊ ဗာရှန် ပြည်၌ မနာရှေ ခရိုင်ဝက် ထဲက ၊ ဆယ် သုံး မြို့ ကို ရကြ၏။
7 Les enfants de Mérari, selon leurs familles, eurent douze villes, de la tribu de Ruben, de la tribu de Gad, de la tribu de Zabulon.
၇မေရာရိ သား တို့သည် အဆွေ အမျိုးအလိုက် ရုဗင် ခရိုင်၊ ဂဒ် ခရိုင်၊ ဇာဗုလုန် ခရိုင်ထဲက ၊ ဆယ် နှစ် မြို့ ကို ရကြ၏။
8 Et les enfants d'Israël donnèrent aux Lévites, par le sort, ces villes-ci avec leurs banlieues, comme l'Éternel l'avait commandé par l'organe de Moïse.
၈ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသားတို့သည် စာရေးတံ ပြု၍ ထို မြို့ တို့ကို မြို့နယ် နှင့်တကွ လေဝိ သားတို့အား ပေး ကြ၏။
9 Ils donnèrent donc de la tribu des enfants de Juda, et de la tribu des enfants de Siméon, ces villes, qu'on nommera par leur nom.
၉ယုဒ အမျိုးသား ခရိုင်၊ ရှိမောင် အမျိုးသား ခရိုင်ထဲက ပေး ၍ လေဝိ သား ဖြစ် သော ကောဟတ် အဆွေ အမျိုး၊
10 Elles furent pour les enfants d'Aaron, des familles des Kéhathites, des enfants de Lévi (car le premier sort fut pour eux);
၁၀အာရုန် ၏သားမြေး တို့သည် ပဌမ စာရေးတံ အားဖြင့်ရ သောမြို့ တို့၏အမည် များဟူမူကား၊
11 Et on leur donna la cité d'Arba, père d'Anak (c'est Hébron), dans la montagne de Juda, et sa banlieue tout autour.
၁၁ယုဒ ခရိုင်တောင် ကြား၌ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ နေသောမြို့ကို မြို့နယ် နှင့်တကွ ပေး ကြ၏။
12 Mais quant au territoire de la ville, et à ses villages, on les donna à Caleb, fils de Jephunné, pour sa propriété.
၁၂သို့ရာတွင် မြို့ နှင့်ဆိုင်သော လယ် များ၊ ရွာ များတို့ကို ယေဖုန္နာ ၏သား ကာလက် အား အပိုင် ပေး ကြ၏။
13 On donna donc aux enfants d'Aaron, le sacrificateur, la ville de refuge pour le meurtrier, Hébron avec sa banlieue, Libna et sa banlieue,
၁၃လူအသက်ကိုသတ်မိသောသူ မှီခို ရာမြို့ ဖြစ်စေခြင်းငှါ၊ ဟေဗြုန် မြို့ကို မြို့နယ် နှင့်တကွ ယဇ်ပုရောဟိတ် အာရုန် ၏သား မြေးတို့အား ပေး ကြ၏။
14 Jatthir et sa banlieue, Eshthémoa et sa banlieue,
၁၄ထိုမှတပါး၊ လိဗန မြို့နှင့် မြို့နယ် ၊ ယတ္တိရ မြို့နှင့် မြို့နယ် ၊ ဧရှတေမော မြို့နှင့် မြို့နယ်၊
15 Holon et sa banlieue, Débir et sa banlieue,
၁၅ဟောလုန် မြို့နှင့် မြို့နယ် ၊ ဒေဗိရ မြို့နှင့် မြို့နယ်၊
16 Aïn et sa banlieue, Jutta et sa banlieue, et Beth-Shémèsh et sa banlieue, neuf villes de ces deux tribus.
၁၆အဣန မြို့နှင့် မြို့နယ် ၊ ယုတ္တ မြို့နှင့် မြို့နယ် ၊ ဗက်ရှေမက် မြို့နှင့် မြို့နယ် တည်းဟူသော ထို ခရိုင်နှစ် ခရိုင်ထဲက ကိုး မြို့ တို့ကို၎င်း၊
17 Et de la tribu de Benjamin, Gabaon et sa banlieue, Guéba et sa banlieue,
၁၇ဗင်္ယာမိန် ခရိုင်ထဲက ဂိဗောင် မြို့နှင့် မြို့နယ် ၊ ဂေဗ မြို့နှင့် မြို့နယ်၊
18 Anathoth et sa banlieue, et Almon et sa banlieue, quatre villes.
၁၈အာနသုတ် မြို့နှင့် မြို့နယ် ၊ အာလမုန် မြို့နှင့် မြို့နယ် တည်းဟူသော လေး မြို့ တို့ကို၎င်း ပေးကြ၏။
19 Total des villes des sacrificateurs enfants d'Aaron: treize villes et leurs banlieues.
၁၉အာရုန် ၏သား မြေး ယဇ်ပုရောဟိတ် တို့ရသောမြို့ ပေါင်း ကား၊ မြို့နယ် ပါသောမြို့ ဆယ် သုံး မြို့ရှိသတည်း။
20 Quant aux familles des enfants de Kéhath, aux Lévites formant le reste des enfants de Kéhath, les villes de leur lot furent de la tribu d'Éphraïm.
၂၀ကြွင်း သောကောဟတ် သား အဆွေ အမျိုးဖြစ်သော လေဝိ သားတို့သည် စာရေးတံ ပြု၍ ဧဖရိမ် ခရိုင်ထဲက ရသည်အတိုင်း၊
21 On leur donna la ville de refuge pour le meurtrier, Sichem et sa banlieue, dans la montagne d'Éphraïm, Guézer et sa banlieue,
၂၁လူအသက်ကိုသတ် မိသောသူမှီခို ရာမြို့ ဖြစ်စေခြင်းငှါ၊ ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ကို မြို့နယ် နှင့်တကွ ပေး ကြ၏။
22 Kibtsaïm et sa banlieue, et Beth-Horon et sa banlieue, quatre villes.
၂၂ထိုမှတပါး ဂေဇာ မြို့နှင့် မြို့နယ် ၊ ကိဗဇိမ် မြို့နှင့် မြို့နယ် ၊ ဗေသောရုန် မြို့နှင့် မြို့နယ် တည်းဟူသော လေး မြို့ တို့ကို၎င်း၊
23 De la tribu de Dan, Eltheké et sa banlieue, Guibbéthon et sa banlieue,
၂၃ဒန် ခရိုင်ထဲက ဧလတေက မြို့နှင့် မြို့နယ် ၊ ဂိဗ္ဗိသုန် မြို့နှင့် မြို့နယ်၊
24 Ajalon et sa banlieue, Gath-Rimmon et sa banlieue, quatre villes.
၂၄အာဇလုန် မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
25 Et de la demi-tribu de Manassé, Thaanac et sa banlieue, Gath-Rimmon et sa banlieue, deux villes.
၂၅မနာရှေ ခရိုင်ဝက် ထဲက တာနက် မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တည်းဟူသောနှစ် မြို့ တို့ကို၎င်းပေးကြ၏။
26 Total, dix villes et leurs banlieues, pour les familles des autres enfants de Kéhath.
၂၆ကြွင်း သော ကောဟတ် သား အဆွေ အမျိုးတို့သည် ရသောမြို့နယ် နှင့်တကွ မြို့ ပေါင်း ကား ဆယ် မြို့တည်း။
27 On donna aussi de la demi-tribu de Manassé, aux enfants de Guershon, d'entre les familles des Lévites, la ville de refuge pour le meurtrier, Golan en Bassan et sa banlieue, et Beeshthra et sa banlieue, deux villes;
၂၇လေဝိ အဆွေ အမျိုး၊ ဂေရရှုံ သား တို့အား လည်း ၊ မနာရှေ ခရိုင်ဝက် ထဲက လူအသက်ကိုသတ် မိသောသူ မှီခို ရာမြို့ ၊ ဗာရှန် ပြည်၌ ဂေါလန် မြို့နှင့် မြို့နယ် ၊ ဗေရှတေရ မြို့နှင့် မြို့နယ် တည်းဟူသောနှစ် မြို့ တို့ကို၎င်း၊
28 De la tribu d'Issacar, Kishjon et sa banlieue, Dabrath et sa banlieue,
၂၈ဣသခါ ခရိုင်ထဲက ကိရှုန် မြို့နှင့် မြို့နယ် ၊ ဒါဗရေ မြို့နှင့် မြို့နယ်၊
29 Jarmuth et sa banlieue, En-Gannim et sa banlieue, quatre villes;
၂၉ယာမုတ် မြို့နှင့် မြို့နယ် ၊ အင်္ဂန္နိမ် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
30 De la tribu d'Asser, Misheal et sa banlieue, Abdon et sa banlieue,
၃၀အာရှာ ခရိုင်ထဲက မိရှလ မြို့နှင့် မြို့နယ် ၊ အာဗဒုန် မြို့နှင့် မြို့နယ်၊
31 Helkath et sa banlieue, et Réhob et sa banlieue, quatre villes;
၃၁ဟေလကတ် မြို့နှင့် မြို့နယ် ၊ ရဟောဘ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
32 Et de la tribu de Nephthali, la ville de refuge pour le meurtrier, Kédès en Galilée et sa banlieue, Hammoth-Dor et sa banlieue, et Karthan et sa banlieue, trois villes.
၃၂နဿလိ ခရိုင်ထဲက ၊ လူအသက်ကိုသတ် မိသော သူမှီခို ရာမြို့ ၊ ဂါလိလဲ ပြည်၌ ကေဒေရှ မြို့နှင့် မြို့နယ် ၊ ဟမ္မုဒ္ဒေါ မြို့နှင့် မြို့နယ် ၊ ကာတံ မြို့နှင့် မြို့နယ် တည်းဟူသော သုံး မြို့ တို့ကို၎င်းပေးကြ၏။
33 Total des villes des Guershonites, selon leurs familles: treize villes et leurs banlieues.
၃၃ဂေရရှုံ သားတို့သည်၊ အဆွေ အမျိုးအလိုက် ရသော မြို့နယ် နှင့်တကွ မြို့ ပေါင်း ကား ဆယ် သုံး မြို့ တည်း။
34 On donna de la tribu de Zabulon, aux familles des enfants de Mérari, formant le reste des Lévites, Joknéam et sa banlieue, Kartha et sa banlieue,
၃၄ကြွင်း သော လေဝိ သား၊ မေရာရိ အဆွေ အမျိုးတို့အား ဇာဗုလုန် ခရိုင်ထဲက ယောကနံ မြို့နှင့် မြို့နယ် ၊ ကာတ မြို့နှင့် မြို့နယ်၊
35 Dimna et sa banlieue, et Nahalal et sa banlieue, quatre villes;
၃၅ဒိမန မြို့နှင့် မြို့နယ် ၊ နဟာလာလ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
36 De la tribu de Ruben, Betser et sa banlieue, Jahtsa et sa banlieue,
၃၆ရုဗင် ခရိုင်ထဲက လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာ မြို့နှင့် မြို့နယ် ၊ ယဟာဇ မြို့နှင့် မြို့နယ်၊
37 Kedémoth et sa banlieue, et Méphaath et sa banlieue, quatre villes;
၃၇ကေဒမုတ် မြို့နှင့် မြို့နယ် ၊ မေဖတ် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊
38 Et de la tribu de Gad, la ville de refuge pour le meurtrier, Ramoth en Galaad et sa banlieue, Mahanaïm et sa banlieue,
၃၈ဂဒ် ခရိုင်ထဲက ၊ လူအသက်ကိုသတ် မိသောသူမှီခို ရာမြို့ ၊ ဂိလဒ် ပြည်၌ ရာမုတ် မြို့နှင့် မြို့နယ် ၊ မဟာနိမ် မြို့နှင့် မြို့နယ်၊
39 Hesbon et sa banlieue, et Jaezer et sa banlieue, en tout quatre villes.
၃၉ဟေရှဘုန် မြို့နှင့် မြို့နယ် ၊ ယာဇာ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်းပေးကြ၏။
40 Total des villes données aux enfants de Mérari, selon leurs familles, qui étaient le reste des familles des Lévites: leur lot fut de douze villes.
၄၀ကြွင်း သောလေဝိ အဆွေ အမျိုးမေရာရိ သား တို့သည် စာရေးတံ ပြု၍ အဆွေ အမျိုးအလိုက် ရသောမြို့နယ်နှင့်တကွမြို့ ပေါင်း ကား ဆယ် နှစ် မြို့ တည်း။
41 Total des villes des Lévites au milieu des possessions des enfants d'Israël: quarante-huit villes et leurs banlieues.
၄၁ဣသရေလ အမျိုးသားနေရာ နိုင်ငံအဝင်၊ လေဝိ သားနေသောမြို့ ပေါင်း ကား၊ မြို့နယ် နှင့်တကွ လေး ဆယ်ရှစ် မြို့ တည်း။
42 Chacune de ces villes avait sa banlieue autour d'elle, il en était ainsi de toutes ces villes.
၄၂ထို မြို့ ရှိသမျှ တို့သည် ပတ်ဝန်းကျင် နယ် နှင့် ပြည့်စုံလျက်ရှိ သတည်း။
43 L'Éternel donna donc à Israël tout le pays qu'il avait juré de donner à leurs pères. Ils le possédèrent, et y habitèrent.
၄၃ထာဝရဘုရား ကလည်း ၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် ရှိသမျှ ကို ဣသရေလ အမျိုးသားတို့အား ပေး တော်မူသဖြင့် ၊ သူတို့သည် သိမ်းယူ ၍ နေရာ ကျကြ၏။
44 Et l'Éternel leur donna du repos de tous côtés, selon tout ce qu'il avait juré à leurs pères; et il n'y eut aucun de tous leurs ennemis qui subsistât devant eux; l'Éternel livra tous leurs ennemis entre leurs mains.
၄၄ဘိုးဘေး တို့အား ကျိန်ဆို တော်မူသမျှ အတိုင်း ၊ ပတ်ဝန်းကျင် အရပ်တို့၌ ငြိမ်ဝပ် ရာအခွင့်ကိုပေးတော်မူသဖြင့် ၊ သူ တို့ရှေ့ မှာ အဘယ်ရန်သူ မျှမ ရပ် နိုင်။ ရန်သူ အပေါင်း တို့ကို သူ တို့လက် သို့ အပ် တော်မူ၏။
45 Il ne tomba pas un seul mot de toutes les bonnes paroles que l'Éternel avait dites à la maison d'Israël; toutes s'accomplirent.
၄၅ထာဝရဘုရား သည် ဣသရေလ အမျိုး အဘို့ မိန့် တော်မူသော ကောင်းကျိုး တစုံ တပါးမျှမ လျော့ ၊ ရှိသမျှ တို့သည် ပြည့်စုံ ကြ၏။