< Zjevení Janovo 12 >
1 I ukázal se div veliký na nebi: Žena oděná sluncem, pod jejímiž nohama byl měsíc a na jejíž hlavě byla koruna dvanácti hvězd.
၁ထိုနောက်မိုးကောင်းကင်တွင်အတိတ်နိမိတ် ကြီးတစ်ရပ်ပေါ်လာသည်ကိုငါမြင်ရ၏။ အမျိုးသမီးတစ်ယောက်သည်နေကိုဝတ်ရုံ ကာ၊ လ၏အပေါ်တွင်ခြေတင်၍ကြယ်တစ် ဆယ့်နှစ်လုံးပါသည့်သရဖူကိုဆောင်း၍ ထား၏။-
2 A jsuci těhotná, křičela, pracujici ku porodu a trápěci se, aby porodila.
၂သူသည်မကြာမီသားဖွားမည်ဖြစ်၍သား ဖွားခြင်းဝေဒနာဖြင့်အော်လျက်နေ၏။
3 I vidín jest jiný div na nebi. Nebo aj, drak veliký ryšavý ukázal se, maje hlav sedm a rohů deset, a na těch hlavách svých sedm korun.
၃မိုးကောင်းကင်တွင်အခြားအတိတ်နိမိတ် တစ်ရပ်ပေါ်လာပြန်၏။ ဦးခေါင်းခုနစ်လုံး၊ ဦး ချိုဆယ်ချောင်းရှိသောနဂါးနီကြီးတစ်ကောင် သည်မိမိ၏ဦးခေါင်းများပေါ်တွင်သရဖူ ခုနစ်လုံးကိုဆောင်း၍ထား၏။-
4 Jehož ocas strhl třetinu hvězd s nebe, a svrhl je na zem. Ten pak drak stál před ženou, kteráž měla poroditi, aby hned, jakž by porodila, syna jejího sežral.
၄သူသည်မိုးကောင်းကင်ကကြယ်တာရာသုံးပုံ တစ်ပုံကို မိမိအမြီးဖြင့်ဆွဲငင်ကာကမ္ဘာမြေ ပေါ်သို့ပစ်ချလိုက်၏။ နဂါးကြီးသည်သားဖွား အံ့ဆဲဆဲဖြစ်သောအမျိုးသမီး၏ရှေ့တွင် ရပ်လျက် ထိုအမျိုးသမီးသားဖွားသည်နှင့် တစ်ပြိုင်နက်သားငယ်ကိုစားမျိုရန်စောင့် ၍နေ၏။-
5 I porodila syna pacholíka, kterýž měl spravovati všecky národy prutem železným. I vytržen jest syn její k Bohu a k trůnu jeho.
၅ထိုနောက်ထိုအမျိုးသမီးသည်လူမျိုးတကာ တို့ကို သံလှံတံဖြင့်အုပ်စိုးမည့်သားယောကျာ်း ကိုဖွားမြင်လေသည်။ သို့ရာတွင်ထိုသားငယ် သည်သူ၏မိခင်ထံမှဘုရားသခင်စံတော် မူရာပလ္လင်တော်သို့ချီယူခြင်းကိုခံရ၏။-
6 A žena utekla na poušť, kdež měla místo od Boha připravené, aby ji tam živili za dnů tisíc dvě stě a šedesát.
၆အမျိုးသမီးသည်တောကန္တာရတွင်ဘုရား သခင်ပြင်ဆင်ထားတော်မူသောအရပ်သို့ ထွက်ပြေးလေ၏။ ထိုအရပ်တွင်သူသည်ရက် ပေါင်း ၁၂၆၀ အထိပြုစုစောင့်ရှောက်ခြင်းကို ခံရ၏။
7 I stal se boj na nebi: Michal a andělé jeho bojovali s drakem, a drak bojoval i andělé jeho.
၇ထိုနောက်ကောင်းကင်၌စစ်ဖြစ်လေသည်။ မိက္ခေလ နှင့်သူ၏ကောင်းကင်တမန်များသည် နဂါး ကိုတိုက်ခိုက်ကြ၏။ နဂါးနှင့်သူ၏ဘက်သား ကောင်းကင်တမန်တို့ကပြန်လှန်တိုက်ခိုက် ကြသော်လည်း၊-
8 Ale nic neobdrželi, aniž jest nalezeno více místo jejich na nebi.
၈အရေးရှုံးနိမ့်သွားကြ၏။ သူတို့သည်ကောင်း ကင်တွင်နေရန်အခွင့်မရကြတော့ချေ။-
9 I svržen jest drak ten veliký, had starý, jenž slove ďábel a satanáš, kterýž svodí všecken okršlek světa; svržen jest, pravím, na zem, i andělé jeho s ním svrženi jsou.
၉ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
10 A uslyšel jsem hlas veliký, řkoucí na nebi: Nyní stalo se spasení, a moc, i království Boha našeho, a moc Krista jeho; nebo svržen jest žalobník bratří našich, kterýž žaloval na ně před obličejem Boha našeho dnem i nocí.
၁၀ထိုနောက်ကောင်းကင်မှကျယ်စွာသောအသံ က``ယခုအခါဘုရားသခင်၏ကယ်တင် ခြင်းသက်ရောက်လာလေပြီ။ ယခုအခါ ဘုရားသခင်သည်ဘုရင်ဖြစ်ကြောင်းပြသ တော်မူပြီ။ ခရစ်တော်သည်လည်းသူ၏အာ ဏာတော်စက်ကိုပြတော်မူပြီ။ အဘယ် ကြောင့်ဆိုသော်ငါတို့၏ညီအစ်ကိုများ အားနေ့ရောညဥ့်ပါ ငါတို့၏ဘုရားသခင် ရှေ့တော်တွင် ပြစ်တင်စွပ်စွဲလျက်နေသူကို ကောင်းကင်ဘုံမှနှင်ထုတ်လိုက်ပြီဖြစ်သော ကြောင့်တည်း။-
11 Ale oni zvítězili nad ním skrze krev Beránka, a skrze slovo svědectví svého, a nemilovali duší svých až do smrti.
၁၁ငါတို့၏ညီအစ်ကိုများသည်သိုးသူငယ် တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိ တို့ဟောပြောကြေညာသည့်နှုတ်ကပတ် တရားတော်အားဖြင့်လည်းကောင်းစာတန် ကိုအောင်မြင်ခဲ့ကြ၏။ သူတို့သည်အသေ ခံသည်တိုင်အောင်မိမိတို့အသက်ကို မနှမြောကြ။-
12 Protož veselte se nebesa, a kteříž přebýváte v nich. Běda těm, jenž přebývají na zemi a na moři; nebo ďábel sstoupil k vám, maje hněv veliký, věda, že krátký čas má.
၁၂သို့ဖြစ်၍အချင်းမိုးကောင်းကင်နှင့်ကောင်းကင် သားတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ ကုန်းမြေ နှင့်ပင်လယ်တို့အတွက်အမင်္ဂလာဖြစ်ပါသည် တကား။ အဘယ်ကြောင့်ဆိုသော်နတ်မိစ္ဆာဘုရင် သည် မိမိ၏နေ့ရက်ကာလအနည်းငယ်သာ ကျန်ရှိသည်ကိုသိသဖြင့်ပြင်းစွာအမျက် ထွက်လျက် သင်တို့ထံသို့ရောက်ရှိလာပြီ ဖြစ်သောကြောင့်တည်း'' ဟုပြောသည်ကို ငါကြားရ၏။
13 A když uzřel drak, že jest svržen na zem, honil ženu tu, kteráž porodila toho pacholíka.
၁၃မိမိသည်ကမ္ဘာမြေပေါ်သို့ပစ်ချခြင်းခံရ သည်ကိုနဂါးသိသောအခါ သားယောကျာ်း လေးဖွားမြင်သူအမျိုးသမီးအားလိုက် ၍ဖမ်းလေ၏။-
14 Ale dána jsou ženě dvě křídla orlice veliké, aby letěla od tváři hada na poušť, na místo své, kdež by ji živili do času a časů, a do půl času.
၁၄အမျိုးသမီးသည်တောကန္တာရရှိမိမိအရပ် သို့ပျံသန်းသွားနိုင်ရန် လင်းယုန်ကြီး၏အတောင် နှစ်ခုကိုရရှိထားသည်။ သူသည်ထိုအရပ်တွင် သုံးနှစ်ခွဲတိုင်တိုင် နဂါး၏ဘေးမှကင်းလွတ် လုံခြုံလျက်ပြုစုစောင့်ရှောက်ခြင်းကိုခံရ မည်ဖြစ်၏။-
15 I vypustil had z úst svých po ženě vodu jako řeku, aby ji řeka zachvátila.
၁၅နဂါးသည်အမျိုးသမီးအားရေအဟုန်တွင် မျောပါသွားစေရန် မိမိ၏ခံတွင်းမှရေကို မြစ်သဖွယ်မှုတ်ထုတ်လိုက်၏။-
16 Ale země pomohla ženě; neb otevřela země ústa svá a požřela řeku, kterouž vypustil drak z úst svých.
၁၆သို့ရာတွင်မြေကြီးသည်မိမိ၏ခံတွင်းကို ဖွင့်၍ နဂါးမှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချကာအမျိုးသမီးအားကယ်ဆယ် လိုက်သည်။-
17 I rozhněval se drak na tu ženu, a šel bojovati s jinými z semene jejího, kteříž ostříhají přikázání Božích a mají svědectví Ježíše Krista.
၁၇ထိုအခါနဂါးသည်အမျက်ထွက်သဖြင့် အမျိုးသမီး၏ကျန်ကြွင်းနေသေးသော သားမြေးများတည်းဟူသော ဘုရားသခင် ၏ပညတ်တော်တို့ကိုစောင့်ရှောက်၍သခင် ယေရှုဖော်ပြတော်မူသော သမ္မာတရားတော် ကိုသစ္စာရှိစွာထိန်းသိမ်းသူများအားတိုက် ခိုက်ရန်ထွက်ခွာသွား၏။-