< Zjevení Janovo 16 >
1 I slyšel jsem hlas veliký z chrámu, řkoucí sedmi andělům: Jděte, vylijte sedm koflíků hněvu Božího na zemi.
၁ထိုနောက်ဗိမာန်တော်ထဲမှကျယ်သောအသံ ထွက်ပေါ်လာ၏။ ထိုအသံက``ကမ္ဘာမြေပေါ် သို့ဘုရားသခင်၏အမျက်တော်ဖလား ခုနစ်လုံးကိုသွန်းလောင်းလော့'' ဟုကောင်းကင် တမန်ခုနစ်ပါးတို့အားပြောဆိုသည်ကို ငါကြားရ၏။
2 I šel první anděl a vylil koflík svůj na zemi, i vyvrhli se vředové škodliví a zlí na lidech, majících znamení šelmy, a na těch, kteříž se klaněli obrazu jejímu.
၂ပထမကောင်းကင်တမန်သည်သွား၍ မိမိ ဖလားမှအမျက်တော်ကိုကမ္ဘာမြေပေါ်သို့ သွန်းလောင်းလိုက်၏။ ထိုအခါသားရဲ၏အမှတ် တံဆိပ်ခတ်နှိပ်ခြင်းခံရသူများနှင့် သူ၏ ရုပ်ကိုရှိခိုးသောသူတို့တွင်အလွန်ဆိုးရွား သောအနာစိမ်းများပေါက်လေ၏။
3 Za tím druhý anděl vylil koflík svůj na moře, a učiněno jest jako krev umrlého, a všeliká duše živá v moři umřela.
၃ထို့နောက်ဒုတိယကောင်းကင်တမန်သည်မိမိ ဖလားမှ အမျက်တော်ကိုကမ္ဘာမြေပေါ်သို့သွန်း လောင်းလိုက်၏။ ထိုအခါပင်လယ်ရေသည်လူ သေ၏သွေးကဲ့သို့ဖြစ်လေ၏။ ပင်လယ်ထဲရှိ ရေသတ္တဝါမှန်သမျှသည်သေကုန်၏။
4 Potom třetí anděl vylil koflík svůj na řeky a na studnice vod, i obráceny jsou v krev.
၄ထိုနောက်တတိယကောင်းကင်တမန်သည် မိမိ၏ဖလားမှအမျက်တော်ကိုမြစ်များ၊ စမ်း ပေါက်များပေါ်သို့သွန်းလောင်းလိုက်၏။ ထိုအခါ ရေတို့သည်သွေးအတိဖြစ်လေ၏။-
5 I slyšel jsem anděla vod, řkoucího: Spravedlivý jsi, Pane, Kterýž jsi, a Kterýž jsi byl, a Svatý, žes to usoudil.
၅ရေကိုစောင့်သည့်ကောင်းကင်တမန်က``ပစ္စုပ္ပန် အတိတ်ကာလတို့တွင်ရှိတော်မူ၍သန့်ရှင်း မြင့်မြတ်တော်မူသောအရှင်၊ ကိုယ်တော်စီရင် တော်မူချက်သည်ဖြောင့်မှန်ပါ၏။-
6 Neboť jsou krev svatých a proroků vylévali, i dal jsi jim krev píti; hodniť jsou zajisté toho.
၆ထိုသူတို့သည်ဘုရားသခင်၏လူစုတော်နှင့် ပရောဖက်တို့၏သွေးကိုသွန်းခဲ့ကြသဖြင့် ကိုယ်တော်သည်သူတို့သောက်ရန်သွေးကိုပေး တော်မူလေပြီ။ ထိုသူတို့ခံထိုက်သောဒဏ်ကို ခံရကြပါ၏'' ဟုလျှောက်ထား၏။-
7 I slyšel jsem jiného anděla od oltáře, kterýž řekl: Jistě, Pane Bože všemohoucí, praví jsou a spravedliví soudové tvoji.
၇ထိုနောက်ယဇ်ပလ္လင်မှအသံက``အနန္တတန်ခိုးရှင် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင် တော်မူချက်တို့သည်မှန်ကန်၍တရားမျှတ ပါ၏'' ဟုလျှောက်ထားသည်ကိုငါကြားရ၏။
8 Potom čtvrtý anděl vylil koflík svůj na slunce, i dáno jest jemu trápiti lidi ohněm.
၈ထိုနောက်စတုတ္ထကောင်းကင်တမန်သည်မိမိ ၏ဖလားမှ အမျက်တော်ကိုနေပေါ်သို့သွန်း လောင်းလိုက်၏။ ထိုအခါနေသည်လူတို့အား အပူရှိန်ဖြင့် ကျွမ်းလောင်စေနိုင်ခွင့်ကိုရလေ၏။-
9 I pálili se lidé horkem velikým, a rouhali se jménu Boha toho, kterýž má moc nad těmito ranami, avšak nečinili pokání, aby vzdali slávu jemu.
၉လူတို့သည်အားကြီးသောအပူရှိန်ဖြင့်ကျွမ်း လောင်ခြင်းခံရသဖြင့် ဘေးဒဏ်တို့ကိုအစိုးရ သောဘုရားသခင်၏နာမတော်ကိုကျိန်ဆဲ ကြ၏။ သို့ရာတွင်သူတို့သည်နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုမချီးမွမ်း ကြ။
10 Tedy pátý anděl vylil koflík svůj na stolici té šelmy, i učiněno jest království její tmavé, i kousali lidé jazyky své pro bolest.
၁၀ထိုနောက်ပဉ္စမကောင်းကင်တမန်သည်မိမိ၏ ဖလားမှအမျက်တော်ကိုသားရဲ၏ပလ္လင်ပေါ် သို့သွန်းလောင်းလိုက်၏။ ထိုအခါသားရဲ၏နိုင်ငံ သည်မှောင်အတိဖြစ်လေ၏။ ထိုနိုင်ငံသားတို့ သည်ဝေဒနာခံရသည်နှင့်မိမိတို့၏လျှာ ကိုကိုက်ခဲကြ၏။-
11 A rouhali se Bohu nebeskému pro bolesti své a pro vředy své, avšak nečinili pokání z skutků svých.
၁၁မိမိတို့၏ဝေဒနာနှင့်အနာစိမ်းများကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကိုကျိန်ဆဲကြ ၏။ မိမိတို့၏အပြစ်များအတွက်နောင်တမရ ကြ။
12 Šestý pak anděl vylil koflík svůj na tu velikou řeku Eufrates, i vyschla voda její, aby připravena byla cesta králům od východu slunce.
၁၂ထိုနောက်ဆဋ္ဌမကောင်းကင်တမန်သည်မိမိ၏ ဖလားမှ အမျက်တော်ကိုဥဖရတ်မြစ်ကြီးပေါ် သို့သွန်းလောင်းလိုက်၏။ ထိုအခါမြစ်ရေသည် ခန်းခြောက်သွားသဖြင့် အရှေ့ပြည်မှလာသော ရှင်ဘုရင်တို့အတွက်လမ်းပွင့်သွား၏။-
13 A viděl jsem, ano z úst draka a z úst šelmy a z úst falešného proroka vyšli tři duchové nečistí, podobní žabám.
၁၃ထိုနောက်ငါသည်ဖားနှင့်တူသည့်ညစ်ညမ်းသော နတ်သုံးပါးကိုတွေ့မြင်ရ၏။ သူတို့သည်နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်တို့၏ခံတွင်းအသီး သီးမှထွက်လာကြ၏။-
14 Nebo jsouť duchové ďábelští, ješto činí divy a chodí mezi krále zemské a všeho světa, aby je shromáždili k boji, k tomu velikému dni Boha všemohoucího.
၁၄သူတို့သည်နိမိတ်လက္ခဏာများကိုပြနိုင်သော နတ်မိစ္ဆာများ၏ဝိညာဉ်များဖြစ်ကြ၏။ အနန္တ တန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးစစ်ပွဲသို့ ဝင်ရန် ကမ္ဘာတစ်ဝန်းလုံးရှိရှင်ဘုရင်များအား စုရုံးခြင်းငှာသူတို့သည်ထွက်ခွာသွားကြ၏။
15 Aj, přicházímť jako zloděj. Blahoslavený, kdož bdí a ostříhá roucha svého, aby nah nechodil, aby neviděli hanby jeho.
၁၅``ငါသည်သူခိုးလာသကဲ့သို့အမှတ်မထင် လာမည်။ သို့ဖြစ်၍အဝတ်အချည်းစည်းနှင့် သွားလာ၍လူတို့၏ရှေ့၌အရှက်မရစေ ရန်နိုးလျက်နေ၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည်မင်္ဂလာရှိ၏။
16 I shromáždil je na místo, kteréž slove Židovsky Armageddon.
၁၆ထိုနောက်ဝိညာဉ်တို့သည်ရှင်ဘုရင်တို့အား ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်ဟု နာမည်တွင်သောအရပ်သို့ခေါ်ဆောင်စုရုံး စေကြ၏။
17 Tedy sedmý anděl vylil koflík svůj na povětří, i vyšel hlas veliký z chrámu nebeského, od trůnu, řkoucí: Stalo se.
၁၇သတ္တမကောင်းကင်တမန်သည်မိမိဖလားမှ အမျက်တော်ကို လေထဲသို့သွန်းလောင်းလိုက် ၏။ ထိုအခါဗိမာန်တော်အတွင်းရှိပလ္လင်တော် မှ``အမှုပြီးဆုံးလေပြီ'' ဟုကျယ်စွာသော အသံထွက်ပေါ်၍လာ၏။-
18 I stali se zvukové a hromobití a blýskání, i země třesení stalo se veliké, jakéhož nikdy nebylo, jakž jsou lidé na zemi, totiž země třesení tak velikého.
၁၈ထိုနောက်လျှပ်ပန်းလျှပ်နွယ်များ၊ တော်လဲသံများ၊ မိုးကြိုးသံများထွက်ပေါ်လျက်မြေငလျင်ပြင်း စွာလှုပ်လေ၏။ လူ့သမိုင်းတွင်ဤမျှပြင်းထန်စွာ မြေငလျင်လှုပ်ခြင်းမရှိဘူးချေ။-
19 I roztrhlo se to veliké město na tři strany, a města národů padla. A Babylon veliký přišel na pamět před obličejem Božím, aby dal jemu kalich vína prchlivosti hněvu svého.
၁၉မြို့ကြီးသည်သုံးပိုင်းကွဲလေ၏။ ကမ္ဘာပေါ်ရှိမြို့ များသည်လည်းပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဗာဗုလုန်မြို့ကြီးကိုသတိရတော်မူလျက် မိမိ ၏ဖလားမှပြင်းထန်သောအမျက်တော်တည်းဟူ သောစပျစ်ရည်ကိုသောက်စေတော်မူ၏။-
20 A všickni ostrovové pominuli, a hory nejsou nalezeny.
၂၀ကျွန်းအပေါင်းတို့သည်ပျောက်လွင့်သွားကုန်၏။ တောင်များသည်ကွယ်ပျောက်သွားကုန်၏။-
21 A kroupy veliké jako centnéřové pršely s nebe na lidi. I rouhali se Bohu lidé pro ránu těch krup; nebo velmi veliká byla ta rána.
၂၁ကောင်းကင်မှပေါင်တစ်ရာမျှအလေးချိန်ရှိသော မိုးသီးကြီးများသည်လူတို့အပေါ်သို့ကျကုန် ၏။ လူတို့သည်ထိုဆိုးရွားလှသောမိုးသီးဘေး ဒဏ်ကြောင့်ဘုရားသခင်ကိုကျိန်ဆဲကြ၏။