Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Myanmar Burmese Judson Text, Acts Chapter 6 https://www.AionianBible.org/Bibles/Myanmar---Burmese-Judson/Acts/6 1 ၁) ထို ကာလ ၌ တပည့် တော်တို့သည် များပြား သည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်းလုပ်ကျွေး သောအခါ ၊ ဟေလေနစ် အမျိုး မုတ်ဆိုးမ တို့ကို မ လုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း ၍ ဟေဗြဲ လူတို့ကို အပြစ်တင် ကြ၏။ 2 ၂) ထိုအခါ တကျိပ် နှစ်ပါးသော တမန်တော်တို့သည် တပည့် တော်အပေါင်း တို့ကို ခေါ် ပြီးလျှင်၊ ငါ တို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုထား ၍ စားပွဲ ၌လုပ်ကျွေးမှု ကိုမ ဆောင် သင့်။ 3 ၃) ထိုကြောင့် ညီအစ်ကို တို့၊ ဝိညာဉ် တော်နှင့် ၎င်း၊ ပညာ နှင့်၎င်းပြည့်စုံ လျက်၊ အသရေ ရှိသော လူ ခုနစ် ယောက်တို့ကို သင် တို့တွင် ရှာ ကြလော့။ ဤ အမှု ကို ဆောင်ရွက်စေခြင်းငှာထိုသူ တို့ကို ငါတို့သည် ခန့်ထား ကြမည်။ 4 ၄) ငါ တို့မူကား ၊ ဆုတောင်း ပဌနာပြုခြင်း၊ နှုတ်ကပတ် တရားတော် ကို ဟောပြော ခြင်းအမှုတို့ကို အမြဲပြု ၍ နေမည်ဟုဆို ကြ၏။ 5 ၅) ထို စကားကိုလူအစုအဝေး အပေါင်း တို့သည် နှစ်သက် ကြသဖြင့်၊ ယုံကြည်ခြင်းနှင့် ၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်း ပြည့်စုံ သော သတေဖန် မှစ၍ ဖိလိပ္ပု ၊ ပြောခေါ် ၊ နိကနော် ၊ တိမုန် ၊ ပါမေန ၊ ယုဒဘာသာဝင် သော အန္တိအုတ် မြို့သားနိကောလ တို့ကို ရွေးကောက် ၍ ၊ 6 ၆) တမန်တော် တို့ရှေ့ ၌ ထား ကြ၏။ တမန်တော်တို့ သည်လည်း ဆုတောင်း ပြီးလျှင်ထိုသူ တို့၏ ခေါင်းပေါ်၌လက် ကို တင် ကြ၏။ 7 ၇) ဘုရားသခင် ၏ သာသနာ တော်သည် တိုးပွား သဖြင့်ယေရုရှလင် မြို့၌ တပည့် တော်တို့သည် အလွန် ပွားများ ၍၊ ယဇ် ပုရောဟိတ်အပေါင်း တို့သည် ယုံကြည် ခြင်း တရားကို နားထောင် ကြ၏။ 8 ၈) သတေဖန် သည် ကျေးဇူး တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့် ၎င်း ပြည့်စုံ သဖြင့်၊ ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို လူ များရှေ့ မှာပြု လေ၏။ 9 ၉) ထိုအခါလိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍ ၊ ကုရေနေ ပြည်သား၊ အာလေဇန်ဒြိ ပြည်သား၊ ကိလိကိ ပြည်သား၊ အာရှိ ပြည်သားအချို့ တို့သည် ထ ၍ သတေဖန် နှင့်ငြင်းခုံ ခြင်းကို ပြုစဉ်တွင်၊ 10 ၁၀) သူဟောပြော ၍သုံးစွဲသောပညာ နှင့် ဝိညာဉ် တော် ကို မ ခံ မဆီးနိုင် ကြ။ 11 ၁၁) ထိုအခါ ဤသူ သည် မောရှေ ကို၎င်း ၊ ဘုရားသခင် ကို၎င်း လွန်ကျူး ၍ ပြော သည်ကို ငါတို့ကြား ရပါပြီဟု သက်သေခံ မည့်သူ တို့ကို တိတ်ဆိတ် စွာခေါ်၍ ထားကြပြီးလျှင်၊ 12 ၁၂) လူ များကို၎င်း၊ အကြီးအကဲ ၊ ကျမ်းပြု ဆရာတို့ကို၎င်း နှိုးဆော် ၍ ၊ သတေဖန်ထံသို့လာ သဖြင့် ဘမ်းဆီး ၍ လွှတ်တော် သို့ ပို့ ကြ၏။ 13 ၁၃) မမှန် သော သက်သေခံ တို့ကိုခေါ် ၍၊ ဤ သူ သည် သန့်ရှင်း သော အရပ် ဌာနတော်နှင့် ပညတ် တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆို လျက်နေပါ၏။ 14 ၁၄) ထိုနာဇရက် မြို့သားယေရှု သည် ဤ အရပ် ဌာန တော်ကို ဖျက်ဆီး ၍၊ ငါ တို့အား မောရှေအပ်ပေး သော ထုံးနည်း ဥပဒေကို ပြောင်းလဲ စေမည်ဟု ဤသူ ဆို သည်ကို အကျွန်ုပ်တို့သည် ကြား ရပါပြီဟုသက်သေခံ ကြ၏။ 15 ၁၅) လွှတ်တော် ၌ ထိုင် လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ ကြည့်ရှုလျှင် ၊ သူ ၏မျက်နှာ သည် ကောင်းကင် တမန်၏မျက်နှာ ကဲ့သို့ ဖြစ်သည်ဟု ထင်မှတ် ကြ၏။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!