Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Myanmar Burmese Judson Text, 1-Peter Chapter 1 https://www.AionianBible.org/Bibles/Myanmar---Burmese-Judson/1-Peter/1 1 ၁) ယေရှု ခရစ် ၏ တမန်တော် ငါပေတရု သည်၊ နားထောင် ခြင်းကျေးဇူး၊ ယေရှု ခရစ် ၏ အသွေး တော်နှင့် ဖြန်း ခြင်းကျေးဇူးကိုခံရမည်အကြောင်း၊ ဝိညာဉ် တော်အားဖြင့် သန့်ရှင်း ခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင် ၏ အနာဂတံသဉာဏ် တော်အတိုင်း ရွေးကောက် တော်မူသောသူတည်းဟူသော၊ 2 ၂) ပုန္တု ပြည်၊ ဂလာတိ ပြည်၊ ကပ္ပဒေါကိ ပြည်၊ အာရှိ ပြည်၊ ဗိသုနိ ပြည်၊ အရပ်ရပ်တို့၌ ကွဲပြား သော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌များပြား ပါစေသော။ 3 ၃) အသက် ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့် ခြင်းအကြောင်း ရှိစေခြင်းငှာ၊ ဖောက်ပြန် ခြင်း၊ ညစ်စွန်း ခြင်း၊ ညှိုးနွမ်း ခြင်းနှင့်ကင်းစင်သောအမွေ တော်ကို ငါတို့သည် ခံရစေမည်အကြောင်း ၊ ယေရှု ခရစ် ကို သေ ခြင်းမှ ထမြောက် စေတော်မူသောအားဖြင့် ၊ ကြီးစွာ သောကရုဏာ တော်နှင့်အညီ ငါ တို့ကို တစ်ဖန်ဖြစ်ဘွား စေတော်မူသော၊ ငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် ဘုရားသခင် သည် မင်္ဂလာ ရှိတော်မူစေသတည်း။ 4 ၄) ထိုအမွေတော်သည်ကား၊ နောက်ဆုံး သောကာလ ၌ ထင်ရှား စေခြင်းငှာပြင်ဆင် သော ကယ်တင် ခြင်းသို့ ရောက်စေမည်အကြောင်း ၊ 5 ၅) ယုံကြည် ခြင်းအားဖြင့် ဘုရားသခင် ၏ တန်ခိုး တော်သည် စောင့်ရှောက် တော်မူသော သင် တို့အဘို့ ကောင်းကင် ဘုံ၌ သိုထား လျက်ရှိသောအမွေတည်း။ 6 ၆) အရည် ကျို၍ စုံစမ်း ခြင်းကိုခံနိုင်သော်လည်း ၊ ပျက်စီး တတ်သော ရွှေ ကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင် တို့ယုံကြည် ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍မြတ် သည်နှင့်၊ ယေရှု ခရစ် ပေါ်ထွန်း တော်မူသောအခါအချီးအမွမ်း ၊ ဂုဏ်သရေ ၊ ဘုန်း အာနုဘော် အလိုငှာ ဖြစ် မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင် ၊ 7 ၇) သင်တို့သည် ယခု ခဏ ခံရ၍ ဝမ်းနည်း သော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်း သောစိတ်ရှိကြ၏။ 8 ၈) ထိုသခင် ကိုသင်တို့သည် မ မြင် ဘူးသော်လည်းချစ် ကြ၏။ ယခု မှာ လည်းမ မြင် ဘဲလျက်၊ ယုံကြည် သော အားဖြင့်ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော ၍မမှီနိုင်သော ရွှင်လန်း ခြင်းစိတ်နှင့် ဝမ်းမြောက် ကြသည်ဖြစ်၍၊ 9 ၉) စိတ် ဝိညာဉ်ကို ကယ်တင် ခြင်းတည်းဟူသောယုံကြည် ခြင်း၏ အကျိုး ကိုခံရ ကြ၏။ 10 ၁၀) ထို ကယ်တင် ခြင်းအကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေ ၍၊ သင် တို့ ခံရသော ကျေးဇူး တော်အကြောင်း ကို ဟောပြော ကြပြီ။ 11 ၁၁) ခရစ်တော် ခံတော်မူရသော ဆင်းရဲကို၎င်း ၊ ဆင်းရဲ ခံပြီးမှ ဝင်စားတော်မူရသော ဘုန်း စည်းစိမ်ကို၎င်း၊ သူ တို့အထဲ ၌ရှိသောခရစ်တော် ၏ဝိညာဉ် သည် သက်သေခံနှင့်သောအခါ၊ အဘယ် မည်သောသူကို၎င်း၊ အဘယ်သို့ သောအချိန်ကာလကို ၎င်း ဆိုလို တော်မူသည်ဟု မေးမြန်း ရှာဖွေကြ၏။ 12 ၁၂) ကိုယ်ဟောပြော ပြုစုသော အရာ များတို့သည်၊ ကိုယ် အဘို့မ ဟုတ်၊ သင် တို့အဘို့ဖြစ်သည်ဟု ထိုသူ တို့ အားဖွင့်ပြ တော်မူ၏။ ကောင်းကင် ဘုံမှ စေလွှတ် တော်မူသောသန့်ရှင်း သော ဝိညာဉ် တော်ပါလျက် ၊ သင် တို့အား ဧဝံဂေလိ တရားကို ဟောပြောသောသူ တို့သည်၊ ထို အရာများကို သင် တို့အား ယခု ကြားပြော ကြပြီ။ ထိုအရာ တို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင် သောစေတနာ စိတ်ရှိကြ၏။ 13 ၁၃) သို့ဖြစ်၍ ၊ သင် တို့စိတ် နှလုံးကို ခါးပန်း စည်း ၍ သမ္မာ သတိရှိကြလော့။ ယေရှု ခရစ် ပေါ်ထွန်း တော်မူသောအခါ ၊ သင် တို့ဆီသို့ရောက် လတံ့သောဆု ကျေးဇူးကို အဆုံး တိုင်အောင်မြော်လင့် ကြလော့။ 14 ၁၄) အထက် က သင် တို့သည် မှောင်မိုက် ထဲမှာကျင့်သော တပ်မက် ခြင်းတရားကို ယခုမ လိုက် မကျင့်ဘဲ၊ နားထောင် တတ်သော သူငယ် ကဲ့သို့ ဖြစ်၍၊ 15 ၁၅) သင် တို့ကိုခေါ် တော်မူသော သူ သည်သန့်ရှင်း တော်မူသည်နည်းတူ ၊ ကျင့်ကြံ ပြုမူသမျှ တို့၌ သန့်ရှင်း ခြင်း ရှိ ကြလော့။ 16 ၁၆) အကြောင်းမူကား ၊ ငါ သည်သန့်ရှင်း တော်မူသောကြောင့် ၊ သင်တို့သည်လည်း သန့်ရှင်း ခြင်းရှိ ကြလော့ ဟု ကျမ်းစာ လာသတည်း။ 17 ၁၇) လူမျက်နှာကိုမ ငဲ့၊ ခပ်သိမ်းသောသူ တို့၏ အကျင့် အတိုင်း စီရင် တော်မူသောခမည်းတော် ကို သင်တို့သည် ဆုတောင်း ကိုးကွယ်လျှင် ၊ ဧည့်သည် ဖြစ် စဉ် ကာလ ပတ်လုံးကြောက်ရွံ့ သောစိတ်နှင့် ကျင့် နေကြ လော့။ 18 ၁၈) မိ စဉ်ဘဆက်ကျင်လည်သော အချည်းနှီး ကျင့်ကြံ ပြုမူခြင်းမှ ၊ ရွှေ ငွေ အစရှိသောဖောက်ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေး တော်မူသည်မ ဟုတ်။ 19 ၁၉) အဘယ်အပြစ် မျှမရှိ၊ အညစ်အကြေး နှင့် ကင်းစင်သော သိုးသငယ် ကဲ့သို့သော ခရစ်တော် ၏ အသွေး တော်မြတ် နှင့်ရွေးတော်မူသည်ကို သိမှတ် ကြလော့။ 20 ၂၀) ထိုခရစ်တော်ကား၊ ဤကမ္ဘာ မ တည် မရှိမှီခန့်ထား တော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော် အားဖြင့် ဘုရားသခင် ကို ယုံကြည် သော သင် တို့အဘို့ ၊ ဤနောက်ဆုံး သော ကာလ ၌ ထင်ရှား တော်မူပြီ။ 21 ၂၁) သင် တို့သည် ဘုရားသခင် ကို ထောက်လျက်ယုံကြည် ခြင်း၊ မြော်လင့် ခြင်းရှိ စေခြင်းငှာ၊ ထိုသခင် ကို ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေ၍ ဘုန်း အသရေကို ပေး သနားတော်မူပြီ။ 22 ၂၂) သင်တို့သည် ဖောက်ပြန် ပျက်စီးတတ်သော မျိုးစေ့ အားဖြင့် ဖြစ်ဘွား သည်မ ဟုတ်၊ 23 ၂၃) မ ဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသောအသက် ရှင်၍ အစဉ်အမြဲတည် တော်မူသော ဘုရားသခင် ၏နှုတ်ကပတ် တော်အားဖြင့် ဖြစ်ဘွားသောကြောင့်၊ ညီအစ်ကို များကိုချစ်ယောင်မဆောင် ၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှသမ္မာတရား ကို နားထောင် လျက်၊ ကိုယ် စိတ် နှလုံးကို စင်ကြယ် စေပြီးသည်နှင့်အညီ၊ စင်ကြယ် သော စိတ် နှင့်အချင်းချင်း အားကြီး သောချစ် ခြင်းမေတ္တာရှိကြလော့။ (aiōn g165) 24 ၂၄) လူမျိုး ရှိသမျှ သည်လည်း မြက် ပွင့်ကဲ့သို့ ဖြစ်၏။ လူမျိုး ၏ ဘုန်း ရှိသမျှ သည်လည်း မြက် ပွင့် ကဲ့သို့ ဖြစ်၏။ မြက်ပင် သည်ညှိုးနွမ်း သွေ့ခြောက်တတ်၏။ အပွင့် လည်း ကြွေ တတ်၏။ 25 ၂၅) ထာဝရ ဘုရား၏ နှုတ်ကပတ် တရားမူကား ၊ ကာလအစဉ်အမြဲ တည် ၏။ ထို နှုတ်ကပတ် တော်သည်၊သင် တို့အား ဟောပြော သော ဧဝံဂေလိတရားဖြစ် သတည်း။ (aiōn g165) Additional comments?
Refresh Captcha
The world's first Holy Bible un-translation!