Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Myanmar Burmese Judson Text, 1-Kings Chapter 1 https://www.AionianBible.org/Bibles/Myanmar---Burmese-Judson/1-Kings 1 ၁) ဒါဝိဒ် မင်းကြီး သည် အသက် ကြီးရင့်၍ အို သောအခါ အဝတ် ခြုံ ၍ မ နွေး နိုင်။ 2 ၂) သို့ဖြစ်၍ ကျွန် တို့က၊ အသက် ပျိုသော ကညာ ကို အရှင် မင်းကြီး အဘို့ ရှာ ပါရစေ။ သူသည်မင်းကြီး ကို ခစား ၍ ပြုစုပါစေ။ အရှင် မင်းကြီး ကို နွေး စေခြင်းငှါရင်ခွင် တော်၌ အိပ် ပါစေဟုလျှောက် ကြ၏။ 3 ၃) ထိုသို့နှင့်အညီအဆင်း လှသောအပျိုမ ကို ဣသရေလ ပြည် တရှောက်လုံး တွင် ရှာ ၍ ၊ ရှုနင် မြို့သူအဘိရှက် ကို တွေ့ သဖြင့် အထံတော်သို့ ဆောင် ခဲ့ကြ၏။ 4 ၄) ထိုမိန်းမ သည် အလွန် အဆင်းလှ ၏။ ရှင်ဘုရင် ကို လည်း လုပ်ကျွေး ပြုစု လေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်း တော်မ မူ။ 5 ၅) ထိုနောက် ဟဂ္ဂိတ် သား အဒေါနိယ သည် ရှင် ဘုရင် လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက် ၍ ရထား များနှင့် မြင်း များကို၎င်း ၊ မိမိ ရှေ့ ၌ပြေး ရသောလူ ငါး ဆယ်ကို၎င်း၊ ပြင်ဆင် လေ၏။ 6 ၆) ခမည်းတော် က၊ သင်သည် အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု သူ့စိတ်နာ အောင် တခါမျှမ ပြောစဖူး။ ထိုသူ သည် အဆင်း လည်း အလွန် လှ၏။ 7 ၇) အဗရှလုံ ညီ လည်း ဖြစ်၏။ သူသည်ဇေရုယာ သား ယွာဘ ၊ ယဇ်ပုရောဟိတ် အဗျာသာ နှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယ ဘက် မှာ နေကြ၏။ 8 ၈) ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ယောယဒ သား ဗေနာယ ၊ ပရောဖက် နာသန် ၊ ရှိမိ ၊ ရေဣ အစရှိသော ဒါဝိဒ် ၏ မှူးကြီး မတ်ကြီးများမူကား ၊ အဒေါနိယ ဘက်သို့ မ ဝင်ကြ။ 9 ၉) အဒေါနိယ သည် အင်္ရောဂေလ မြို့နယ်အတွင်း ၊ ဇောဟေလက်ကျောက်နား မှာ သိုး ၊ နွား မှစ၍ဆူဖြိုး သော အကောင်တို့ကိုသတ် ပြီးလျှင် ၊ ရှင်ဘုရင် သား မိမိ ညီ များနှင့် ရှင်ဘုရင် ၏ ကျွန် ယုဒ လူ များအပေါင်း တို့ကို ခေါ်ဘိတ် လေ၏။ 10 ၁၀) ပရောဖက် နာသန် ၊ ဗေနာယ ၊ မှူးကြီး မတ်ကြီးမှစသောညီ ရှောလမုန် ကိုကား မ ခေါ် မဘိတ်။ 11 ၁၁) ထိုအခါ နာသန် သည် ရှောလမုန် အမိ ဗာသရှေဘ ထံသို့ သွား၍၊ ဟဂ္ဂိတ် ၏သား အဒေါနိယ သည် ရှင် ဘုရင်လုပ်ကြောင်း ကို ကြား ပြီ လော။ တို့ အရှင် ဒါဝိဒ် သည် မ သိ ပါတကား။ 12 ၁၂) ယခု မှာသင် ၏ အသက် နှင့် ရှောလမုန် ၏ အသက် ကို ချမ်းသာ စေခြင်းငှါကျွန်ုပ်သည် အကြံ ပေးပါရစေ။ 13 ၁၃) ဒါဝိဒ် မင်းကြီး ထံ တော်သို့ဝင် ၍ ၊ အိုအရှင် မင်းကြီး ၊ ကိုယ်တော် က သင် ၏သား ရှောလမုန် သည် ငါ့ အရာ ၌ စိုးစံ ၍ နန်း ထိုင် ရမည်ဟု ကိုယ်တော် ကျွန် မအား ကျိန်ဆို တော်မူပြီမ ဟုတ်လော။ သို့ဖြစ်လျှင် အဒေါနိယ သည် အဘယ်ကြောင့် စိုးစံ ရပါသနည်းဟု လျှောက် လော့။ 14 ၁၄) ထိုသို့အထံတော်၌ လျှောက် စဉ် တွင်၊ ကျွန်ုပ် ဝင် ၍ သင် ၏စကား ကိုထောက်မ မည်ဟု အကြံပေးသည် အတိုင်း၊ 15 ၁၅) ဗာသရှေဘ သည်ရှင်ဘုရင် ရှိ ရာ အခန်း ထဲသို့ ဝင် လေ၏။ ရှင် ဘုရင်သည်အလွန် အို ၍ ရှုနင် မြို့သူအဘိရှက် သည် လုပ်ကျွေး လျက်နေ၏။ 16 ၁၆) ဗာသရှေဘ သည်ဦးချ ၍ ရှင်ဘုရင် အား ရှိခိုး လျှင် ၊ ရှင်ဘုရင် က အဘယ် အလိုရှိသနည်းဟုမေး တော်မူ၏။ 17 ၁၇) ဗာသရှေဘကလည်း၊ ကျွန်မ သခင် ၊ ကိုယ်တော် က သင် ၏သား ရှောလမုန် သည်ငါ့ အရာ ၌ စိုးစံ ၍ နန်း ထိုင် ရမည်ဟု ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို တိုင်တည် ၍ ကိုယ်တော် ကျွန် မအား ကျိန်ဆိုတော်မူပြီ။ 18 ၁၈) ယခု မှာ အဒေါနိယ သည်စိုးစံ ပါ၏။ ကိုယ်တော်အရှင် မင်းကြီး လည်း သိ တော်မ မူ။ 19 ၁၉) အဒေါနိယသည် သိုး နွား မှစ၍ဆူဖြိုး သော အကောင်များ တို့ကို သတ် ပြီးလျှင် ၊ မင်းကြီး ၏ သား တော်အပေါင်း တို့နှင့်တကွ ယဇ်ပုရောဟိတ် အဗျာသာ ၊ ဗိုလ်ချုပ် မင်းယွာဘ တို့ကို ခေါ်ဘိတ် ပါ၏။ ကိုယ်တော် ကျွန် ရှောလမုန် ကို ကား မ ခေါ် မဘိတ်ပါ။ 20 ၂၀) အိုအရှင် မင်းကြီး ၊ ကျွန်မ အရှင် မင်းကြီး ၏ အရာ ၌စိုးစံ၍ အဘယ်သူ သည် နန်း ထိုင် ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလ အမျိုးသားအပေါင်း တို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ၏။ 21 ၂၁) သို့မဟုတ် ကျွန်မ အရှင် မင်းကြီး သည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက် တော်မူသောအခါ ၊ ကျွန်တော်မ နှင့် သား ရှောလမုန် သည် ရာဇဝတ် ခံရသောသူဖြစ် ပါလိမ့်မည်ဟု လျှောက်လေ၏။ 22 ၂၂) ထိုသို့ အထံတော်၌ လျှောက် စဉ် တွင်၊ ပရောဖက် နာသန် သည် ဝင် လျှင် ပရောဖက် နာသန် လာပါသည်ဟု လျှောက် ကြ၏။ 23 ၂၃) နာသန်သည်လည်း ရှေ့ တော်သို့ ရောက် သောအခါ ဦးချ ပြပ်ဝပ်လျက်၊ 24 ၂၄) အိုအရှင် မင်းကြီး ၊ ကိုယ်တော် က ငါ့ အရာ ၌ အဒေါနိယ စိုးစံ ၍ နန်း ထိုင် ရမည်ဟု မိန့် တော်မူသလော။ 25 ၂၅) သူသည် ယနေ့ ဆင်း သွား၍ ၊ ဆူဖြိုး သော သိုး နွား များ တို့ကို သတ် ပြီးလျှင် မင်းကြီး ၏သား တော်အပေါင်း တို့ကို ၎င်း၊ ဗိုလ် များနှင့် ယဇ်ပုရောဟိတ် အဗျာသာ ကို ၎င်း ခေါ်ဘိတ် ပါပြီ။ သူ တို့သည် အဒေါနိယရှေ့ မှာ စား သောက် လျက် ၊ အဒေါနိယ မင်းကြီး သည် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် လျက် ယခုရှိကြပါ၏။ 26 ၂၆) ကိုယ်တော် ကျွန် အကျွန်ုပ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ယောယဒ သား ဗေနာယ ၊ ကိုယ်တော် ကျွန် ရှောလမုန် တို့ကို ကား မ ခေါ် မဘိတ်ပါ။ 27 ၂၇) အရှင် မင်းကြီး ၏အရာ ၌ အဘယ်သူ နန်း ထိုင် ရမည်ကို ကိုယ်တော် ကျွန် အားပြ တော်မ မူဘဲ ဤ အမှု ကို အရှင် မင်းကြီး စီရင် တော်မူပြီလောဟု လျှောက်လေ၏။ 28 ၂၈) ထိုအခါ ဒါဝိဒ် မင်းကြီး က၊ ဗာသရှေဘ ကို ခေါ် ခဲ့ ပါဟု မိန့် တော်မူသည်အတိုင်း ၊ ဗာသရှေဘသည်လာ ၍ ရှေ့ တော်၌ ရပ် နေ၏။ 29 ၂၉) ရှင်ဘုရင် ကလည်း၊ ငါ့ အသက် ဝိညာဉ်ကို ခပ်သိမ်း သော ဒုက္ခ ထဲက ကယ်နှုတ် တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ 30 ၃၀) သင် ၏သား ရှောလမုန် သည် ငါ့ အရာ ၌စိုးစံ ၍ ငါ့ ကိုယ်စား နန်း ထိုင် ရမည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရဘုရား ကို ငါတိုင်တည် ၍ သင့် အား ကျိန်ဆိုသည် နှင့်အညီ ယနေ့ ငါပြု မည်ဟု တဖန်ကျိန်ဆို တော်မူ၏။ 31 ၃၁) ဗာသရှေဘ သည် ဦးချ ပြပ်ဝပ်လျက် ၊ ရှင်ဘုရင် အား ရှိခိုး လျက် ၊ အရှင် ဒါဝိဒ် မင်းကြီး သည် အသက် တော် အစဉ်အမြဲ ရှင်စေသတည်းဟု မြွက်ဆို ၏။ 32 ၃၂) ဒါဝိဒ် မင်းကြီး ကလည်း ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒ သား ဗေနာယ တို့ကို ခေါ် ခဲ့ပါဟု မိန့် တော်မူသည်အတိုင်း ၊ သူတို့သည် ရှေ့ တော်သို့ ဝင် လာကြ၏။ 33 ၃၃) ရှင်ဘုရင် ကလည်း ၊ သင် တို့အရှင် ၏ ကျွန် များကို ခေါ်၍ ငါ သား ရှောလမုန် ကို ငါ ၏မြင်းလား တော်ပေါ် မှာ စီး စေလျက် ၊ ဂိဟုန် မြို့သို့ ဆောင် သွားကြလော့။ 34 ၃၄) ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် ပရောဖက် နာသန် သည် ထို မြို့မှာ ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုး မှုတ် ၍ ရှောလမုန် မင်းကြီး သည် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် ကြလော့။ 35 ၃၅) ထိုနောက် သင်တို့လိုက် လျက် ငါ့သားသည်လာ ၍ နန်း ထိုင် ရမည်။ ငါ့ ကိုယ်စား ရှင် ဘုရင်ဖြစ်ရမည်။ ထိုသူ ကို ဣသရေလ မင်း ၊ ယုဒ မင်းအရာ၌ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။ 36 ၃၆) ယောယဒ သား ဗေနာယ က အာမင်။ အရှင် မင်းကြီး ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား သည် လည်း ထိုသို့မိန့် တော်မူပါစေသော။ 37 ၃၇) ထာဝရဘုရား သည် အရှင် မင်းကြီး ဘက် မှာ ရှိ တော်မူသည်နည်းတူ ရှောလမုန် ဘက် မှာ ရှိ တော်မူပါစေသော။ အရှင် မင်းကြီး ဒါဝိဒ် ၏ ရာဇပလ္လင် ထက် သား တော်၏ ရာဇပလ္လင် သည်သာ၍ဘုန်းကြီး မည် အကြောင်းစီရင်တော်မူပါစေသောဟု ရှင်ဘုရင် ကို ပြန်လျှောက် လေ၏။ 38 ၃၈) ထိုအခါ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒ သား ဗေနာယ ၊ ခေရသိ လူ၊ ပေလသိ လူတို့သည် ထွက် ၍ ရှောလမုန် ကို ဒါဝိဒ် မင်းကြီး ၏ မြင်းလား ပေါ် မှာ စီး စေလျက် ဂိဟုန် မြို့သို့ ဆောင် သွားကြ၏။ 39 ၃၉) ယဇ်ပုရောဟိတ် ဇာဒုတ် သည် တဲ တော်ထဲက ဆီ ဘူး ကိုယူ ၍ ရှောလမုန် ကိုဘိသိက် ပေးပြီးမှ ၊ သူတို့သည် တံပိုး မှုတ် ၍ ၊ ရှောလမုန် မင်းကြီး သည် အသက် တော်ရှင် စေသတည်းဟု လူ အပေါင်း တို့သည် ဟစ်ကြော် ကြ၏။ 40 ၄၀) လူ အပေါင်း တို့သည် တီးမှုတ် လျက် နောက် တော်သို့လိုက် ၍၊ မြေကြီး ကွဲ မတတ်ရှိသည်တိုင်အောင် အလွန် ဝမ်းမြောက် သောအသံ ကို ပြုကြ၏။ 41 ၄၁) အဒေါနိယ နှင့် သူ ၏အပေါင်းအဘော်တို့သည် စားသောက် ပွဲ ပြီး သောအခါ ထိုအသံကို ကြား ကြ၏။ တံပိုး မှုတ်သံ ကိုယွာဘ ကြား လျှင် ၊ တမြို့လုံး အုတ်အုတ်ကျက်ကျက် ပြုသံ ကား၊ အဘယ်သို့ နည်းဟုမေး စဉ် ပင်၊ 42 ၄၂) ယဇ်ပုရောဟိတ် အဗျာသာ ၏သား ယောနသန် သည်လာ လျှင် ၊ အဒေါနိယ ကဝင် ပါ။ သင် သည် လူ ကောင်းဖြစ်၍ ၊ ကောင်း သောသိတင်း ကို ကြားပြောလိမ့်မည်ဟု ဆိုလျှင်၊ 43 ၄၃) ယောနသန် က၊ အကယ်စင်စစ်ငါ တို့အရှင် ဒါဝိဒ် မင်းကြီး သည် ရှောလမုန် ကို ရှင် ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ 44 ၄၄) ရှင် ဘုရင်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒ သား ဗေနာယ ၊ ခေရသိ လူ၊ ပေလသိ လူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ် တော်မူ၍ မြင်းလား တော်ပေါ် မှာ စီး စေကြပါပြီ။ 45 ၄၅) ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် ပရောဖက် နာသန် တို့သည် ရှောလမုန်ကို ဂိဟုန် မြို့၌ ရာဇ ဘိသိက်ပေးပါပြီ။ ထို မြို့မှ ဝမ်းမြောက် စွာ လာ ပြန်၍ ၊ တမြို့လုံး အုတ်အုတ်ကျက်ကျက် သောအသံ ကို ကိုယ်တော်ကြား ရပါ၏။ 46 ၄၆) ရှောလမုန် သည်လည်း ရာဇ ပလ္လင်တော်ပေါ် မှာ ထိုင် ပါ၏။ 47 ၄၇) ရှင်ဘုရင် ၏ ကျွန် တို့သည်လည်း တို့ အရှင် ဒါဝိဒ် မင်းကြီး ကို ကောင်းကြီး ပေးခြင်းငှါ သွား ၍ ဘုရား သခင် သည် ရှောလမုန် ၏နာမ ကိုခမည်းတော်၏နာမ ထက် သာ၍ချီးမြှောက် တော်မူပါစေသော။ သူ ၏ရာဇ ပလ္လင် ကို ခမည်းတော်၏ ရာဇ ပလ္လင်ထက် သာ၍ဘုန်းကြီး မည်အကြောင်းစီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင် ဘုရင်သည် သာလွန် တော်ပေါ် မှာ ဦးချ လျက်၊ 48 ၄၈) ငါသည် ကိုယ် မျက်စိ နှင့်မြင် စေခြင်းငှါ၊ ငါ့ နန်း ပေါ် မှာ ထိုင် ရသောသူကို ယနေ့ ပေး သနားတော်မူသော ဣသရေလ အမျိုး၏ရှင်ဘုရင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယ အား ပြန်လျှောက် လေ၏။ 49 ၄၉) ထိုအခါ အဒေါနိယ နှင့် ပေါင်းဘော် သော သူအပေါင်း တို့သည် ကြောက်ရွံ့ သဖြင့် ထ ၍ တယောက် တခြားစီ သွား ကြ၏။ 50 ၅၀) အဒေါနိယ သည်လည်း ရှောလမုန် ကို ကြောက် သဖြင့် ထ သွား ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်နေ၏။ 51 ၅၁) အဒေါနိယ သည် ရှောလမုန် မင်းကြီး ကို ကြောက် ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်၊ ရှောလမုန် မင်းကြီး သည် ကျွန်တော် ကို မ ကွပ်မျက် မည်အကြောင်းယနေ့ ကျိန်ဆို တော်မူပါစေဟုဆို ကြောင်းကို ရှောလမုန် အား လျှောက် လေသော်၊ 52 ၅၂) ရှောလမုန် က၊ သူသည်လူ ကောင်း ဖြစ် လျှင် ၊ ဆံခြည် တပင်မျှ မြေ သို့ မ ကျ ရ။ အပြစ် ရှိ လျှင် အသေခံ ရမည် ဟု အမိန့် တော်ရှိ၍၊ 53 ၅၃) လူကိုစေလွှတ် သဖြင့် ၊ အဒေါနိယကို ယဇ် ပလ္လင်မှ ခေါ် ခဲ့သည်အတိုင်း ၊ သူသည်လာ ၍ ရှောလမုန် မင်းကြီး ရှေ့ မှာ ဦးချ လေ၏။ ရှောလမုန် ကလည်း ၊ သင့် အိမ် သို့ သွား လော့ဟု မိန့် တော်မူ၏။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!