Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Burmese Common Language Bible, Titus Chapter 1 https://www.AionianBible.org/Bibles/Myanmar---Burmese-Common-Bible/Titus 1 ၁) ဘုရားသခင်၏အစေခံနှင့်သခင်ယေရှု ခရစ်၏တမန်တော်ဖြစ်သူ ငါပေါလုသည် စာရေးလိုက်ပါသည်။ ဘုရားသခင်သည်မိမိရွေးကောက်တော်မူ သောလူစုတော်၏ ယုံကြည်ခြင်းကိုပြုစု ပေးစေရန်လည်းကောင်း၊ ငါတို့၏ဘာသာ တော်ကသွန်သင်သည့်သမ္မာတရားတော် အကြောင်းကို ထိုသူတို့သဘောပေါက်နား လည်ကြစေရန်လည်းကောင်းငါ့ကိုရွေး ချယ်စေလွှတ်တော်မူ၏။- 2 ၂) ထိုဘာသာတော်သည်ထာဝရအသက်ကို မျှော်လင့်မှုတွင်အခြေခံပေသည်။ မုသား နှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ရှေးကပ်ကာလမတည်ရှိမီကပင် ထာဝရ အသက်ကိုငါတို့အားပေးတော်မူရန် ကတိထားတော်မူပေသည်။- (aiōnios g166) 3 ၃) ထိုနောက်အချိန်သင့်သောအခါ၌ထို ထာဝရအသက်ကိုတရားတော်အားဖြင့် ပေါ်လွင်ထင်ရှားစေတော်မူ၏။ ငါတို့၏ ကယ်တင်ရှင်ဘုရားသခင်သည်ထိုတရား တော်ကို ငါ့အားပေးအပ်တော်မူသည်ဖြစ်ရာ ငါသည်ကိုယ်တော်၏အမိန့်တော်အရထို တရားတော်ကိုကြေညာ၏။ 4 ၄) ငါတို့နည်းတူယုံကြည်သူ၊ ယုံကြည်ခြင်းအား ဖြင့် ငါ၏သားစစ်ဖြစ်သူတိတုထံသို့ဤစာ ကိုငါရေးသားပေးပို့လိုက်ပါသည်။ ခမည်းတော်ဘုရားသခင်နှင့်ငါတို့၏ကယ် တင်ရှင်ခရစ်တော်ယေရှုသည် သင့်အားကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူ ပါစေသတည်း။ 5 ၅) ကရေတေကျွန်းတွင်လုပ်ဆောင်စရာရှိသေး သောအမှုကိစ္စအဝဝတို့ကိုစီမံဆောင်ရွက် ရန်နှင့် အမြို့မြို့တွင်သင်းအုပ်များခန့်ထား ရန်သင့်အားငါထားခဲ့၏။ ငါယခုပေးမည့် ညွှန်ကြားချက်များကိုမမေ့နှင့်။- 6 ၆) အသင်းတော်ကိုအုပ်ထိန်းသူသည်အပြစ်ဆို စရာမရှိသူဖြစ်ရမည်။ သူ့မှာဇနီးတစ်ယောက် သာရှိရမည်။ သူ၏သားသမီးများသည်ယုံ ကြည်သူများဖြစ်ရမည်။ အပျော်ကြူးသူများ၊ စကားနားမထောင်သူများမဖြစ်စေရ။- 7 ၇) အသင်းတော်ကိုခေါင်းဆောင်သူသည်ဘုရား သခင်၏အမှုတော်ကိုတာဝန်ယူ၍ ဆောင်ရွက် ရသူဖြစ်သဖြင့်အပြစ်ဆိုစရာမရှိသူ ဖြစ်ရမည်။ သူသည်မောက်မာသူ၊ စိတ်တိုသူ မဖြစ်စေရ။ သေသောက်ကြူးသူ၊ ကြမ်းတမ်း သူ၊ ငွေကိုမက်မောသူမဖြစ်စေရ။- 8 ၈) ဧည့်သည်ဝတ်ကိုပြုတတ်သူ၊ ကောင်းမြတ်သည့် အရာကိုနှစ်သက်တတ်သူဖြစ်ရမည်။ သူသည် မိမိကိုယ်ကိုထိန်းချုပ်နိုင်ရမည်။ ဖြောင့်မတ် ရမည်။ ဘုရားတရားကိုရိုသေကိုင်းရှိုင်းရမည်။ စည်းကမ်းသေဝပ်ရမည်။- 9 ၉) သူသည်မှန်ကန်သည့်အယူဝါဒကိုစွဲမြဲစွာ ခံယူယုံကြည်ရမည်။ ဤနည်းအားဖြင့်သူသည် တရားစစ်တရားမှန်အားဖြင့်အားပေးတိုက် တွန်းနိုင်လိမ့်မည်။ ထိုတရားစစ်တရားမှန်ကို အတိုက်အခံပြုသူတို့၏အမှားကိုလည်း ထောက်ပြနိုင်လိမ့်မည်။ 10 ၁၀) ထိုတရားကိုတော်လှန်ကာအကျိုးမဲ့သည့် စကားများအားဖြင့်လှည့်စားတတ်သူအများ အပြားပင်ရှိ၏။ အထူးသဖြင့်ယုဒဘာသာမှ ခရစ်ယာန်ဘာသာသို့ကူးပြောင်းလာသူတို့ အထဲတွင်ရှိပေသည်။- 11 ၁၁) ထိုသူတို့၏နှုတ်ကိုပိတ်ရန်လိုအပ်လာပေ ပြီ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ငွေ ရရှိရေးရည်ရွယ်ချက်ဖြင့် မသွန်သင်သင့် သောအရာများကိုသွန်သင်ခြင်းအားဖြင့် အိမ်ထောင်စုများကိုကမောက်ကမဖြစ်စေ ကြသောကြောင့်တည်း။- 12 ၁၂) သူတို့၏ပရောဖက်ဖြစ်သူကရေတေကျွန်း သားတစ်ဦးကပင်လျှင်``ကရေတေကျွန်းသား တို့သည်အစဉ်လိမ်လည်သူများ၊ သားရဲဆိုး များ၊ ပျင်းရိစားကြူးသူများဖြစ်၏'' ဟုပြော ဆိုခဲ့၏။ ထိုသူ၏ပြောဆိုချက်သည်မှန်ပေ သည်။ သို့ဖြစ်၍သူတို့သည်အမှန်တကယ် ယုံကြည်လာကြစေရန်လည်းကောင်း၊ ယုဒ ဒဏ္ဍာရီစကားများနှင့်သမ္မာတရားကို ပစ်ပယ် သူတို့၏ပညတ်များကိုစွန့်လွှတ်လိုက်ကြ စေရန်လည်းကောင်းသူတို့အားကြပ်တည်း စွာဆုံးမရမည်။- 13 ၁၃) 14 ၁၄) 15 ၁၅) မိမိတို့ကိုယ်တိုင်စိတ်နှလုံးစင်ကြယ်သန့်ရှင်း သူတို့အဖို့မှာ မည်သည့်အရာမဆိုစင်ကြယ် သန့်ရှင်း၏။ သို့သော်မိမိတို့ကိုယ်တိုင်မစင် ကြယ်မယုံကြည်သူတို့အဖို့မှာမူကား အဘယ်အရာမျှစင်ကြယ်သန့်ရှင်းသည်ဟူ၍ မရှိ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့၏စိတ် နှလုံးနှင့်သြတ္တပ္ပစိတ်သည်ညစ်ညမ်းနေသော ကြောင့်ဖြစ်၏။- 16 ၁၆) သူတို့သည်ဘုရားသခင်ကိုသိသည်ဟုဝန်ခံ သော်လည်းသူတို့အကျင့်ကမထောက်ခံ။ သူ တို့သည်မုန်းဖွယ်ကောင်းသူ၊ နားမထောင်သူ၊ ကောင်းမြတ်သည့်အမှုတစ်စုံတစ်ခုကိုမျှ ပြုရန်မသင့်တော်သူများဖြစ်ကြ၏။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!