Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Burmese Common Language Bible, Luke Chapter 18 https://www.AionianBible.org/Bibles/Myanmar---Burmese-Common-Bible/Luke/18 1 ၁) ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ အားအဘယ်အခါမျှစိတ်အားမလျော့ဘဲ အခါခပ်သိမ်းဆုတောင်းပတ္ထနာပြုသင့်ကြောင်း ပုံဥပမာဆောင်၍သွန်သင်တော်မူ၏။- 2 ၂) ကိုယ်တော်က ``မြို့ကြီးတစ်မြို့မှာတရားသူ ကြီးတစ်ယောက်ရှိ၏။ သူသည်ဘုရားသခင်ကို မကြောက်။ လူမျက်နှာကိုမထောက်သူဖြစ်၏။- 3 ၃) ထိုမြို့မှာပင်မုဆိုးမတစ်ယောက်ရှိ၏။ သူသည် တရားသူကြီး၏ထံသို့အကြိမ်ကြိမ်လာ ၍ `ကျွန်မ၏တရားတွေ့ဘက်အပေါ်တွင် အနိုင်ရအောင်စီရင်တော်မူပါ' ဟုလျှောက် ထား၏။- 4 ၄) တရားသူကြီးသည်အတန်ကြာမျှမုဆိုးမ ၏လျှောက်ထားချက်ကိုငြင်းဆန်နေခဲ့၏။ ထို နောက် `ငါသည်ဘုရားသခင်ကိုမကြောက်၊ လူ့မျက်နှာကိုမထောက်တတ်။- 5 ၅) သို့သော်လည်းဤမုဆိုးမသည်ငါ့ကိုနှောင့်ယှက် လှသည်ဖြစ်၍သူ့အားတရားမျှတမှုရရှိစေ ရန် ငါသူ့အမှုကိုစီရင်မည်။ သို့မဟုတ်လျှင်သူ သည်ငါ့ကိုဆက်လက်နှောင့်ယှက်သဖြင့်နောက် ဆုံး၌ငါ့အားပင်ပန်းစေမည်' ဟုဆိုလေ၏။'' 6 ၆) ``ဤမသမာသောတရားသူကြီးပြောပုံကို ကြည့်လော့။- 7 ၇) ရွေးကောက်တော်မူသောသူတို့သည်နေ့ညမပြတ် ဟစ်အော်တောင်းလျှောက်နေကြလျှင် ဘုရားသခင် သည်တရားသဖြင့်ဖြစ်စေရန်စီရင်တော်မမူ ဘဲနေမည်လော။ ကိုယ်တော်သည်ထိုသူတို့အား ကူညီမစရန်နှောင့်နှေးတော်မူမည်လော။- 8 ၈) သင်တို့အားငါဆိုသည်ကားကိုယ်တော်သည် ဆောလျင်စွာ ထိုသူတို့အတွက်တရားသဖြင့် ဖြစ်စေရန်စီရင်တော်မူပေအံ့။ သို့ရာတွင် လူသားကြွလာတော်မူသောအခါ၌ ဤ လောကတွင်ယုံကြည်ခြင်းကိုတွေ့ရပါ မည်လော'' ဟုမိန့်တော်မူ၏။ 9 ၉) မိမိတို့ကိုယ်ကိုသူတော်ကောင်းဟုယုံကြည် ကာသူတစ်ပါးတို့ကိုအထင်အမြင်သေး တတ်သူလူအချို့တို့အားသခင်ယေရှု သည်ပုံဥပမာကိုဆောင်၍၊- 10 ၁၀) ``လူနှစ်ယောက်သည်ဆုတောင်းပတ္ထနာပြုရန် ဗိမာန်တော်သို့သွားကြ၏။ တစ်ယောက်က ဖာရိရှဲ၊ အခြားတစ်ယောက်ကအခွန်ခံသူ ဖြစ်၏။- 11 ၁၁) ဖာရိရှဲသည်တစ်ယောက်တည်းရပ်လျက် `အို ဘုရား သခင်၊ အခြားသောသူတို့သည်လောဘကြီးသူ၊ မရိုးဖြောင့်သူ၊ သူ့အိမ်ရာကိုပြစ်မှားသူများ ဖြစ်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ကဲ့သို့ မဟုတ်သဖြင့်လည်းကောင်း၊ ဤအခွန်ခံသူ ကဲ့သို့ပင်မဟုတ်သဖြင့်လည်းကောင်း ကိုယ် တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။- 12 ၁၂) အကျွန်ုပ်သည်ရက်သတ္တတစ်ပတ်လျှင်နှစ်ကြိမ် တိုင်တိုင်အစာရှောင်ပါ၏။ ရရှိသမျှဥစ္စာပစ္စည်း ၏ဆယ်ဖို့တစ်ဖို့ကိုလှူပါ၏' ဟုဆုတောင်း ပတ္ထနာပြု၏။- 13 ၁၃) သို့ရာတွင်အခွန်ခံသူမူကားအဝေးတွင် ရပ်လျက်ကောင်းကင်သို့မော်၍မျှမကြည့်ဝံ့ ဘဲ `အို ဘုရားသခင်၊ အပြစ်ကူးသူအကျွန်ုပ် အားသနားတော်မူပါ' ဟုရင်ပတ်ကိုတီးခတ် လျက်ဆုတောင်းလေ၏။- 14 ၁၄) သင်တို့အားငါဆိုသည်ကားဤသူသည် ဘုရားသခင်၏ရှေ့တော်တွင်သူတော်ကောင်း အဖြစ်ဖြင့်အိမ်သို့ပြန်ရ၏။ ဖာရိရှဲမူကား ထိုသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိမိ ကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်းခံရ ၍ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော် မူ၏။ 15 ၁၅) လက်တော်ဖြင့်တို့ထိတော်မူစေရန်လူအချို့တို့ သည်မိမိတို့၏ကလေးသူငယ်များကိုအထံ တော်သို့ခေါ်ဆောင်ခဲ့ကြသည်ကို တပည့်တော် တို့မြင်လျှင်ထိုသူတို့အားအပြစ်တင်ကြ၏။- 16 ၁၆) သို့ရာတွင်သခင်ယေရှုသည်ကလေးတို့ကို ခေါ်လျက် ``ကလေးသူငယ်တို့ငါ့ထံသို့လာ ကြပါစေ။ မဆီးတားကြနှင့်၊ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏နိုင်ငံတော်သည် ထို သို့သောသူတို့၏နိုင်ငံဖြစ်သောကြောင့်တည်း။- 17 ၁၇) အမှန်အကန်သင်တို့အားငါဆိုသည်ကား ကလေးသူငယ်ကဲ့သို့ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူလျှင် နိုင်ငံတော်သို့ဝင်ရ လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ 18 ၁၈) ယုဒအမျိုးသားအရာရှိတစ်ယောက် က ``ကောင်းမြတ်တော်မူသောဆရာ၊ ထာဝရ အသက်ကိုရအံ့ငှာအကျွန်ုပ်သည်အဘယ် အရာကိုပြုရပါမည်နည်း'' ဟုကိုယ်တော် အားမေးလျှောက်၏။ (aiōnios g166) 19 ၁၉) သခင်ယေရှုက ``သင်သည်အဘယ်ကြောင့်ငါ့ ကိုကောင်းမြတ်သည်ဟုခေါ်သနည်း။ ဘုရား သခင်မှတစ်ပါးကောင်းမြတ်သူတစ်စုံတစ် ယောက်မျှမရှိ။- 20 ၂၀) သင်သည်ပညတ်တော်တို့ကိုသိသည်မဟုတ် လော။ `သူ့အိမ်ရာကိုမပြစ်မှားနှင့်။ လူ့အသက် ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သော သက်သေကိုမခံနှင့်။ မိဘကိုရိုသေသမှုပြု လော့'' ဟုမိန့်တော်မူ၏။ 21 ၂၁) ထိုသူက ``ဤပညတ်များကိုအကျွန်ုပ်သည် ငယ်စဉ်မှစ၍စောင့်ထိန်းခဲ့ပါပြီ'' ဟုလျှောက် ၏။ 22 ၂၂) ထိုစကားကိုကြားတော်မူလျှင်သခင်ယေရှု က ``သင်သည်ပြုလုပ်ရန်တစ်ခုလိုသေး၏။ သင့် ဥစ္စာရှိသမျှကိုရောင်း၍ဆင်းရဲသူတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ပြုလျှင်သင်သည် ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရလိမ့်မည်။ သို့ စွန့်ကြဲပြီးနောက်ငါ့နောက်သို့လိုက်လော့'' ဟု မိန့်တော်မူ၏။- 23 ၂၃) ထိုသူကားဥစ္စာများစွာကြွယ်ဝသူဖြစ်သဖြင့် ကိုယ်တော်၏စကားကိုကြားသောအခါအလွန် ပင်စိတ်ညှိုးငယ်သွားလေ၏။ 24 ၂၄) ထိုအခြင်းအရာကိုသခင်ယေရှုမြင်တော်မူ လျှင် ``ဥစ္စာကြွယ်ဝသူများသည်နိုင်ငံတော်သို့ ဝင်ရန်ခက်လှ၏။- 25 ၂၅) အပ်နဖားကိုကုလားအုတ်လျှိုဝင်ရန်လွယ် ကောင်းလွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံ တော်သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားမလွယ် ကူ'' ဟုမိန့်တော်မူ၏။ 26 ၂၆) ထိုစကားကိုကြားကြသောသူတို့က ``ဤသို့ ဖြစ်ပါမူအဘယ်သူသည်ကယ်တင်ခြင်းကိုရ နိုင်ပါမည်နည်း'' ဟုမေးလျှောက်ကြ၏။ 27 ၂၇) ကိုယ်တော်က ``လူတို့မတတ်နိုင်သောအရာကို ဘုရားသခင်တတ်နိုင်တော်မူ၏'' ဟုမိန့်တော် မူ၏။ 28 ၂၈) ပေတရုက ``အရှင်ဘုရား၊ အကျွန်ုပ်တို့သည် မိမိတို့၏အိုးအိမ်ကိုစွန့်၍ ကိုယ်တော်၏နောက် တော်သို့လိုက်ခဲ့ကြပါပြီ'' ဟုလျှောက်၏။ 29 ၂၉) ကိုယ်တော်က ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကားဘုရားသခင်၏နိုင်ငံတော်အတွက် မိမိ၏အိမ်ကိုဖြစ်စေ၊ ဇနီးကိုဖြစ်စေ၊ ညီအစ် ကိုဖြစ်စေ၊ မိဘဖြစ်စေ၊ သားသမီးဖြစ်စေစွန့် သောသူသည်၊- 30 ၃၀) ဤဘဝ၌အဆပေါင်းများစွာသောအကျိုး ခံစားရသည်သာမက နောင်ဘဝ၌လည်း ထာဝရအသက်ကိုရလိမ့်မည်'' ဟုမိန့်တော် မူ၏။ (aiōn g165, aiōnios g166) 31 ၃၁) သခင်ယေရှုသည်တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူပြီးလျှင် ``နားထောင်ကြလော့။ ငါ တို့သည်ယေရုရှလင်မြို့သို့ခရီးပြုလျက် ရှိကြ၏။ လူသားအကြောင်းနှင့်ပတ်သက်၍ ပရောဖက်များဖော်ပြခဲ့သည့်အမှုအရာ အလုံးစုံတို့သည်ဖြစ်ပျက်ရလိမ့်မည်။- 32 ၃၂) လူသားကိုလူမျိုးခြားတို့၏လက်သို့အပ်နှံ ကြလိမ့်မည်။ သူ့ကိုပြောင်လှောင်စော်ကား၍ တံတွေးနှင့်ထွေးကြလိမ့်မည်။- 33 ၃၃) ကြိမ်ဒဏ်ပေး၍အသေသတ်ကြလိမ့်မည်။ ထို နောက်သုံးရက်မြောက်သောနေ့၌လူသားသည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။ 34 ၃၄) သို့ရာတွင်တပည့်တော်တို့သည်ကိုယ်တော်၏ စကားတစ်ခွန်းကိုမျှနားမလည်ကြ။ ထို စကားများ၏အနက်အဋ္ဌိပ္ပါယ်သည်ကွယ်ဝှက် လျက်နေသဖြင့် ကိုယ်တော်၏မိန့်တော်မူချက် ကိုနားမလည်ကြ။ 35 ၃၅) သခင်ယေရှုသည်ယေရိခေါမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦး သည်လမ်းနားမှာထိုင်၍တောင်းစားလျက်နေ၏။- 36 ၃၆) သူသည်လူပရိသတ်များသွားကြသံကို ကြားလျှင်အကြောင်းကိုစုံစမ်းမေးမြန်း၏။ 37 ၃၇) လူတို့ကနာဇရက်မြို့သားယေရှုကြွလာ တော်မူလျက်ရှိကြောင်းပြောကြ၏။ 38 ၃၈) ထိုသူက ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ် ကိုသနားတော်မူပါ'' ဟုဟစ်အော်၏။ 39 ၃၉) ရှေ့တွင်ရှိသည့်လူများကသူ့အားတိတ်တိတ် နေရန်ငေါက်ငမ်းပြောဆိုကြ၏။ သို့သော်လည်း သူသည် ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို သနားတော်မူပါ'' ဟုပို၍ပင်ဟစ်အော်လေ၏။ 40 ၄၀) သို့ဖြစ်၍သခင်ယေရှုသည်ရပ်တန့်တော်မူ လျက် ``ထိုသူအားခေါ်ခဲ့ပါ'' ဟုမိန့်တော်မူ၏။ ထိုသူသည်အနီးသို့ရောက်လျှင်၊- 41 ၄၁) ကိုယ်တော်က ``သင့်အတွက်အဘယ်အရာကို ပြုစေလိုသနည်း'' ဟုမေးတော်မူ၏။ မျက်မမြင်က ``အရှင်၊ အကျွန်ုပ်အားမျက်စိ မြင်စေတော်မူပါ'' ဟုလျှောက်၏။ 42 ၄၂) သခင်ယေရှုက ``မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည်သင့်မျက်စိကိုမြင်စေပြီ'' ဟုမိန့်တော်မူ၏။ 43 ၄၃) ထိုခဏ၌သူသည်မျက်စိမြင်လာ၏။ ထိုနောက် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူး လျက် ကိုယ်တော်၏နောက်သို့လိုက်လေ၏။ ထိုအခြင်း အရာကိုမြင်လျှင် လူအပေါင်းတို့သည်ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!