Preface
Read
+
Publisher
Nainoia, Inc.
PO Box 462, Bellefonte, PA 16823
(814) 470-8028
Nainoia Inc, Publisher
LinkedIn/NAINOIA-INC
Third Party Publisher Resources
Request Custom Formatted Verses
Please contact us below
Submit your proposed corrections
I understand that the Aionian Bible republishes public domain and Creative Commons Bible texts and that volunteers may be needed to present the original text accurately. I also understand that apocryphal text is removed and most variant verse numbering is mapped to the English standard. I have entered my corrections under the verse(s) below. Proposed corrections to the Burmese Common Language Bible, James Chapter 1 https://www.AionianBible.org/Bibles/Myanmar---Burmese-Common-Bible/James 1 ၁) ဘုရားသခင်နှင့်သခင်ယေရှုခရစ်၏အစေ ခံဖြစ်သူယာကုပ်သည် ကမ္ဘာအရပ်ရပ်သို့ပျံ့နှံ့ လျက်ရှိသည့်ဘုရားသခင်၏လူစုတော်ဝင် အပေါင်းတို့ထံသို့မေတ္တာပို့သလိုက်ပါသည်။ 2 ၂) ငါ့ညီအစ်ကိုတို့၊ သင်တို့သည်စုံစမ်းနှောင့်ယှက် ခြင်းအမျိုးမျိုးနှင့်တွေ့ကြုံရသောအခါ ဝမ်းမြောက်စရာဖြစ်သည်ဟုခံယူကြလော့။- 3 ၃) အဘယ်ကြောင့်ဆိုသော်သင်တို့၏ယုံကြည် ခြင်းကိုစစ်ကြောစုံစမ်းမှုသည်ခံနိုင်ရည် ကိုဖြစ်ပွားစေကြောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။- 4 ၄) သင်တို့သည်မည်သည့်အရာမျှချို့တဲ့မှုမရှိ ဘဲပြည့်ဝစုံလင်ကြစေရန်အဆုံးတိုင်အောင် ခံနိုင်ရည်ရှိရကြမည်။- 5 ၅) သင်တို့အနက်တစ်စုံတစ်ယောက်သည်ဉာဏ် ပညာချို့တဲ့ပါလျှင် ဘုရားသခင်ထံတောင်း လျှောက်စေ။ ဘုရားသခင်သည်သူ့အားဉာဏ် ပညာကိုပေးသနားတော်မူလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်သည်လူခပ်သိမ်းတို့ အားရက်ရောစွာကျေးဇူးပြုတော်မူတတ် သောကြောင့်ဖြစ်၏။- 6 ၆) သို့ရာတွင်သင်တို့သည်ယုံမှားသံသယမရှိ ဘဲယုံကြည်သောစိတ်နှင့်တောင်းလျှောက်ကြရ မည်။ ယုံမှားသံသယရှိသောသူသည်လေ တိုက်၍လှုပ်ရှားနေသောပင်လယ်လှိုင်းနှင့်တူ၏။- 7 ၇) ဤကဲ့သို့သောသူသည်စိတ်နှစ်ခွရှိသူ၊ ပြု လေသမျှတို့၌တည်ကြည်မှုမရှိသူဖြစ် သောကြောင့် ထာဝရဘုရား၏ထံတော်မှ တစ်စုံတစ်ရာကိုရရှိလိမ့်မည်ဟုမမှတ် စေနှင့်။ 8 ၈) 9 ၉) ညီအစ်ကိုတစ်စုံတစ်ယောက်သည်မိမိအား နိမ့် ကျသည့်အခြေအနေမှ ဘုရားသခင်မြှင့် တင်ပေးလိုက်သောအခါဝမ်းမြောက်စေ။- 10 ၁၀) ချမ်းသာကြွယ်ဝသောညီအစ်ကိုသည်မိမိ အားဘုရားသခင်နိမ့်ကျစေတော်မူသော အခါဝမ်းမြောက်ရမည်။ အဘယ်ကြောင့်ဆို သော်ချမ်းသာကြွယ်ဝသူတို့သည်တောပန်း ကဲ့သို့ညှိုးနွမ်းပျောက်ပျက်သွားမည်ဖြစ် သောကြောင့်တည်း။- 11 ၁၁) နေပူရှိန်သည်အပင်ကိုခြောက်သွေ့စေ၍ အပွင့်ကိုကြွေကျစေ၏။ သို့ဖြစ်၍ယင်း၏ တင့်တယ်လှပမှုသည်ပျက်စီးရသကဲ့သို့ ချမ်းသာကြွယ်ဝသူသည် မိမိ၏အလုပ် အကိုင်ကိုဆောင်ရွက်လျက်နေစဉ်ပျောက် ကွယ်ရလိမ့်မည်။ 12 ၁၂) စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။- 13 ၁၃) စုံစမ်းသွေးဆောင်ခြင်းကိုခံရသူသည်`ငါ့အား ဘုရားသခင်စုံစမ်းသွေးဆောင်လျက်နေသည်' ဟုမဆိုစေနှင့်။ မကောင်းမှုသည်ဘုရားသခင် အားမသွေးဆောင်နိုင်ရာ။ ထို့ပြင်ကိုယ်တော် တိုင်အဘယ်သူ့ကိုမျှစုံစမ်းသွေးဆောင်တော် မမူ။- 14 ၁၄) လူသည်စုံစမ်းသွေးဆောင်ခြင်းခံရသည်ဆို သည်မှာ မိမိ၏ဆိုးညစ်သောလိုအင်ဆန္ဒဆွဲ ဆောင်ရာသို့လိုက်ပါခြင်းပင်ဖြစ်၏။- 15 ၁၅) ထိုလိုအင်ဆန္ဒသည်သန္ဓေယူကာအပြစ် ဒုစရိုက်ကိုဖွားမြင်၏။ အပြစ်ဒုစရိုက် သည်ကြီးပြင်းလာသောအခါသေခြင်း ကိုဖွားမြင်လေ၏။ 16 ၁၆) ချစ်သောညီအစ်ကိုတို့၊ အယူမလွဲကြနှင့်။- 17 ၁၇) ကောင်းမြတ်စုံလင်သောဆုကျေးဇူးမှန်သမျှ သည်ကောင်းကင်မှလည်းကောင်း၊ ကောင်းကင် အလင်းတန်ဆာများကိုဖန်ဆင်းတော်မူ သောဘုရားသခင်၏ထံတော်မှလည်းကောင်း သက်ဆင်း၍လာပေသည်။ ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ လှည့်ခြင်းအားဖြင့် အမှောင်ကိုကျစေတော်မမူ။- 18 ၁၈) ကိုယ်တော်သည်ဖန်ဆင်းတော်မူသောသတ္တဝါ များတွင်အဦးဆုံးနေရာ၌ရှိကြစေရန် သမ္မာ တရားတော်အားဖြင့်မိမိ၏အလိုတော်နှင့် အညီငါတို့အားဖြစ်ပွားစေတော်မူ၏။ 19 ၁၉) ချစ်သောညီအစ်ကိုတို့၊ ဤအချက်ကိုမှတ် သားထားကြလော့။ သင်တို့အားလုံးသည် ကြားနာမှုတွင်လျင်မြန်ကြစေ။ ပြောဆို မှုနှင့်အမျက်ထွက်မှုတွင်မူနှေးကြစေ။- 20 ၂၀) လူ၏အမျက်ဒေါသသည်ဘုရားသခင်၏ ဖြောင့်မတ်သောအကြံအစည်တော်ကိုမပြု စုတတ်။- 21 ၂၁) သို့ဖြစ်၍သင်တို့သည်ညစ်ညမ်းသည့်အလေ့ အထနှင့်ဆိုးယုတ်သည့်အကျင့်မှန်သမျှတို့ ကိုပယ်ရှားကြလော့။ သင်တို့၏စိတ်အတွင်း ၌ဘုရားသခင်သွင်းပေးတော်မူသောတရား တော်သည် သင်တို့ကိုကယ်တင်နိုင်၏။ တရား တော်ကိုသိမ်မွေ့စွာခံယူကြလော့။ 22 ၂၂) တရားတော်ကိုကြားနာရုံမျှသာကြားနာ ခြင်းအားဖြင့်မိမိတို့ကိုယ်ကိုမလှည့်စား ကြနှင့်။ တရားတော်ကိုလက်တွေ့ကျင့်သုံး ကြလော့။- 23 ၂၃) တရားတော်ကိုလက်တွေ့မကျင့်သုံးဘဲ ကြားနာရုံမျှသာကြားနာသောသူသည် မိမိပကတိမျက်နှာကိုမှန်တွင်ကြည့်သူ နှင့်တူ၏။- 24 ၂၄) သူသည်ယင်းသို့ကြည့်၍ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်မိမိပုံသဏ္ဌာန်ကိုမေ့ပျောက်၍ သွားတတ်လေသည်။- 25 ၂၅) သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။ 26 ၂၆) လူတစ်စုံတစ်ယောက်သည်မိမိကိုယ်ကို ဘုရားတရားကြည်ညိုသူဟူ၍ယူဆ သော်လည်း မိမိ၏လျှာကိုမထိန်းနိုင်လျှင် ကိုယ့်ကိုယ်ကိုလှည့်စားသူဖြစ်၏။ သူ၏ဘုရား တရားကြည်ညိုမှုသည်လည်းအချည်းနှီး ပင်ဖြစ်၏။- 27 ၂၇) ခမည်းတော်ဘုရားသခင်ရှေ့တော်၌စစ်မှန် သောဘုရားတရားကြည်ညိုမှုသည်ကား ဒုက္ခ ရောက်သောမိဘမဲ့ကလေးများနှင့်မုဆိုးမ တို့ကိုကြည့်ရှုစောင့်ရှောက်ခြင်း၊ လောကီအညစ် အကြေးတို့မှကင်းစင်အောင် မိမိတို့ကိုယ်ကို စောင့်ထိန်းခြင်းတို့ပင်ဖြစ်သတည်း။ Additional comments?
Refresh Captcha
The world's first Holy Bible un-translation!