< Zechariah 6 >

1 Mo sì yípadà, mo sì gbé ojú mi sókè, mo sì wò, sì kíyèsi i, kẹ̀kẹ́ mẹ́rin jáde wá láti àárín òkè ńlá méjì, àwọn òkè ńlá náà sì jẹ́ òkè ńlá idẹ.
တဖန် ငါ မျှော်ကြည့် ၍ ၊ ကြေးဝါ ဖြင့် ပြီးသော တောင် နှစ် လုံးကြား မှ ရထား လေး စီးထွက် လာ၏။
2 Àwọn ẹṣin pupa wà ní kẹ̀kẹ́ èkínní; àti àwọn ẹṣin dúdú ní kẹ̀kẹ́ èkejì.
ပဌမ ရထား ၌ မြင်း နီ ၊ ဒုတိယ ရထား ၌ မြင်း နက် ၊
3 Àti àwọn ẹṣin funfun ní kẹ̀kẹ́ ẹ̀kẹta; àti àwọn adíkálà àti alágbára ẹṣin ní kẹ̀kẹ́ ẹ̀kẹrin.
တတိယ ရထား ၌ မြင်း ဖြူ ၊ စတုတ္ထ ရထား ၌ ခွန်အား ကြီးသော မြင်း ကျားတို့သည် ကလျက်ရှိကြ၏။
4 Mo sì dáhùn, mo sì béèrè lọ́wọ́ angẹli tí ń bá mi sọ̀rọ̀ pé, “Kí ni ìwọ̀nyí, olúwa mi.”
အကျွန်ုပ် သခင် ၊ ထို ရထားတို့ကား အဘယ် သို့နည်းဟု ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ငါမေး သော် ၊
5 Angẹli náà si dáhùn ó sì wí fún mi pé, “Wọ̀nyí ni àwọn ẹ̀mí mẹ́rin ti ọ̀run, tí wọn ń lọ kúrò lẹ́yìn tí wọ́n ti fi ara wọn hàn níwájú Olúwa gbogbo ayé.
ကောင်းကင် တမန်က၊ ထို ရထားတို့သည်၊ မြေကြီး တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ၏ရှေ့ တော်၌ ရပ် နေရာမှ ထွက်သွား သော မိုဃ်း ကောင်းကင်လေ လေး ပါးဖြစ်၏။
6 Àwọn ẹṣin dúdú tí ó wà nínú rẹ̀ jáde lọ sí ilẹ̀ àríwá; àwọn funfun sì jáde lọ si ìwọ̀-oòrùn; àwọn adíkálà sì jáde lọ sí ìhà ilẹ̀ gúúsù.”
ကသော မြင်း နက် တို့သည် မြောက် ပြည် သို့ သွား ကြ၏။ မြင်းဖြူ တို့သည် မြင်းနက် နောက် သို့ လိုက် ကြ၏။ မြင်းကျား တို့သည် တောင် ပြည် သို့ သွား ကြ၏ဟု ဆို ၏။
7 Àwọn alágbára ẹṣin sì jáde lọ, wọ́n sì ń wá ọ̀nà àti lọ kí wọn bá a lè rìn síyìn-ín sọ́hùn-ún ni ayé; ó sì wí pé, “Ẹ lọ, ẹ lọ rìn síyìn-ín sọ́hùn-ún ní ayé!” Wọ́n sì rín síyìn-ín sọ́hùn-ún ní ayé.
ခွန်အား ကြီးသော မြင်းတို့သည် ထွက် ၍ ၊ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ခြင်းငှါ အားထုတ် ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား ၍ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြလော့ဟုဆို သည် အတိုင်း ၊ သူတို့သည် မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြ၏။
8 Nígbà náà ni ohùn kan sì ké sí mi, ó sì bá mi sọ̀rọ̀ wí pé, “Wò ó, àwọn wọ̀nyí tí ó lọ síhà ilẹ̀ àríwá ti mú ẹ̀mí mi parọ́rọ́ ni ilẹ̀ àríwá.”
ကောင်းကင်တမန်သည်လည်း ငါ့ ကို ခေါ် ၍ ၊ ကြည့် လော့။ မြောက် ပြည် သို့ သွား သော မြင်းတို့သည် ငါ့ အမျက် ကို မြောက် ပြည် ၌ တည် စေကြပြီဟု ဆို ၏။
9 Ọ̀rọ̀ Olúwa sì tọ̀ mí wá, wí pé:
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာသည်ကား၊
10 “Mú nínú ìgbèkùn, nínú àwọn Heldai, tí Tobiah, àti ti Jedaiah, tí ó ti Babeli dé, kí ìwọ sì wá ní ọjọ́ kan náà, kí o sì wọ ilé Josiah ọmọ Sefaniah lọ.
၁၀အရင်သိမ်းသွား ခြင်းကို ခံ ရ၍ ယခု ဗာဗုလုန် မြို့မှ ပြန် လာသောဟေလဒဲ အမျိုး၊ တောဘိယ အမျိုး၊ ယေဒါယ အမျိုးအချို့တို့ကို ခေါ် ၍ ၊ တနေ့ ခြင်းတွင် ဇေဖနိ ၏သား ယောရှိ အိမ် သို့ သွား ပြီး သော်၊
11 Kí o sì mú fàdákà àti wúrà, kí o sì fi ṣe adé púpọ̀, sì gbé wọn ka orí Joṣua ọmọ Josadaki, olórí àlùfáà.
၁၁ရွှေ ငွေ တို့ကို ယူ ၍ သရဖူ ကို လုပ် ပြီးလျှင် ယောဇဒက် သား ယဇ်ပုရောဟိတ် မင်း ယောရှု ၏ ခေါင်း ပေါ် မှာ တင် လော့။
12 Sì sọ fún un pé, ‘Báyìí ni Olúwa àwọn ọmọ-ogun sọ wí pé, wo ọkùnrin náà ti orúkọ rẹ̀ ń jẹ́ Ẹ̀ka; yóò sì yọ ẹ̀ka láti abẹ́ rẹ̀ wá, yóò si kọ́ tẹmpili Olúwa wa.
၁၂ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ အမိန့် တော်ကို ထိုသူ အား ဆင့်ဆို ရမည်မှာ၊ အညွန့် အမည် ရှိသောသူ ကို ကြည့်ရှု လော့။ မိမိ ဒေသ အရပ်၌ ပေါက် ၍ ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် လိမ့်မည်။
13 Òun ni yóò sì kọ́ tẹmpili Olúwa òun ni yóò sì wọ̀ ní ògo, yóò sì jókòó, yóò sì jẹ ọba lórí ìtẹ́ rẹ̀; òun ó sì jẹ́ àlùfáà lórí ìtẹ́ rẹ̀; ìmọ̀ àlàáfíà yóò sì wá láàrín àwọn méjèèjì.’
၁၃ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် ပြီးလျှင် ၊ ဘုန်း ကြီး၍ မိမိ ရာဇပလ္လင် ပေါ် မှာ ထိုင် လျက် စိုးစံ လိမ့်မည်။ ရာဇပလ္လင် တော် ပေါ် မှာ ယဇ်ပုရောဟိတ် လည်း ဖြစ်၍၊ ထို နှစ် ပါးတို့သည် မိဿဟာယ ပဋိညာဉ် ကို ဖွဲ့ ကြ လိမ့်မည်။
14 Adé wọ̀nyí yóò sì wà fún Helemu àti fún Tobiah, àti fún Jedaiah, àti fún Heni ọmọ Sefaniah fún ìrántí ni tẹmpili Olúwa.
၁၄ထိုသရဖူ သည်ဟေလင် ၊ တောဘိယ ၊ ယေဒါယ ၊ ဇေဖနိ ၏သား ဟင် တို့အဘို့ ၊ ထာဝရဘုရား ၏ ဗိမာန် တော်၌ သက်သေ ဖြစ်ရမည်။
15 Àwọn tí ó jìnnà réré yóò wá láti kọ́ tẹmpili Olúwa, ẹ̀yin yóò sì mọ̀ pé, Olúwa àwọn ọmọ-ogun ti rán mi sí yín. Yóò sì rí bẹ́ẹ̀ bí ẹ̀yin yóò bá gbà ohùn Olúwa, Ọlọ́run yín gbọ́ nítòótọ́.”
၁၅ဝေး သောသူတို့ သည်လည်း လာ ၍ ထာဝရဘုရား ၏ ဗိမာန် တော်၌ တည်ဆောက် ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။ သင်တို့သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ၏အမိန့် တော်ကို စေ့စေ့နားထောင် လျှင် ၊ ဤသို့ဖြစ် ရလိမ့်မည်ဟု မိန့်တော်မူ ၏။

< Zechariah 6 >