< Zechariah 6 >

1 Mo sì yípadà, mo sì gbé ojú mi sókè, mo sì wò, sì kíyèsi i, kẹ̀kẹ́ mẹ́rin jáde wá láti àárín òkè ńlá méjì, àwọn òkè ńlá náà sì jẹ́ òkè ńlá idẹ.
အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​ကို​ငါ​မြင်​ရ ပြန်​၏။ ဤ​အ​ကြိမ်​၌​ငါ​သည်​ကြေး​ဝါ​တောင် နှစ်​ခု​ကြား​မှ​ထွက်​လာ​သော​စစ်​မြင်း​ရ​ထား လေး​စီး​ကို​မြင်​ရ​လေ​သည်။-
2 Àwọn ẹṣin pupa wà ní kẹ̀kẹ́ èkínní; àti àwọn ẹṣin dúdú ní kẹ̀kẹ́ èkejì.
ပ​ထ​မ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​နီ​များ၊ ဒု​တိ​ယ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​နက်​များ၊-
3 Àti àwọn ẹṣin funfun ní kẹ̀kẹ́ ẹ̀kẹta; àti àwọn adíkálà àti alágbára ẹṣin ní kẹ̀kẹ́ ẹ̀kẹrin.
တ​တိ​ယ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​ဖြူ​များ၊ စ​တုတ္ထ​စစ်​မြင်း​ရ​ထား​တွင်​ပြောက်​ကျား မြင်း​များ​က​လျက်​ရှိ​၏။-
4 Mo sì dáhùn, mo sì béèrè lọ́wọ́ angẹli tí ń bá mi sọ̀rọ̀ pé, “Kí ni ìwọ̀nyí, olúwa mi.”
ထို​နောက်​ငါ​သည်​ကောင်း​ကင်​တ​မန်​အား``အ​ရှင်၊ ဤ​စစ်​မြင်း​ရ​ထား​များ​ကား​မည်​သည့်​အ​နက် ကို​ဆောင်​ပါ​သ​နည်း'' ဟု​မေး​လျှင်၊
5 Angẹli náà si dáhùn ó sì wí fún mi pé, “Wọ̀nyí ni àwọn ẹ̀mí mẹ́rin ti ọ̀run, tí wọn ń lọ kúrò lẹ́yìn tí wọ́n ti fi ara wọn hàn níwájú Olúwa gbogbo ayé.
ကောင်း​ကင်​တ​မန်​က``ယင်း​တို့​သည်​လေ​လေး​ပါး ဖြစ်​၏။ ထို​လေ​တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး ကို​အ​စိုး​ရ​သော​အ​ရှင်​၏​ရှေ့​တော်​မှောက်​မှ ယ​ခု​ပင်​ထွက်​လာ​ခဲ့​ကြ​၏'' ဟု​ဆို​လေ​သည်။
6 Àwọn ẹṣin dúdú tí ó wà nínú rẹ̀ jáde lọ sí ilẹ̀ àríwá; àwọn funfun sì jáde lọ si ìwọ̀-oòrùn; àwọn adíkálà sì jáde lọ sí ìhà ilẹ̀ gúúsù.”
မြင်း​နက်​များ​က​သည့်​စစ်​မြင်း​ရ​ထား​သည် မြောက်​အ​ရပ်​သို့​လည်း​ကောင်း၊ မြင်း​ဖြူ​များ သည်​အ​နောက်​ဘက်​သို့​လည်း​ကောင်း၊ ပြောက် ကျား​မြင်း​များ​သည်​တောင်​ဘက်​အ​ရပ် ဒေ​သ​သို့​လည်း​ကောင်း​သွား​လျက်​နေ​ကြ​၏။-
7 Àwọn alágbára ẹṣin sì jáde lọ, wọ́n sì ń wá ọ̀nà àti lọ kí wọn bá a lè rìn síyìn-ín sọ́hùn-ún ni ayé; ó sì wí pé, “Ẹ lọ, ẹ lọ rìn síyìn-ín sọ́hùn-ún ní ayé!” Wọ́n sì rín síyìn-ín sọ́hùn-ún ní ayé.
ပြောက်​ကျား​မြင်း​များ​သည်​ကမ္ဘာ​မြေ​ပြင် ကို​ကြည့်​ရှု​စစ်​ဆေး​ရန် အ​လျင်​စ​လို​ထွက် လာ​ကြ​လေ​သည်။ ကောင်း​ကင်​တ​မန်​က``သူ တို့​အား​ကမ္ဘာ​မြေ​ပြင်​ကို​သွား​ရောက်​ကြည့် ရှု​စစ်​ဆေး​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ထွက်​သွား​ကြ​၏။-
8 Nígbà náà ni ohùn kan sì ké sí mi, ó sì bá mi sọ̀rọ̀ wí pé, “Wò ó, àwọn wọ̀nyí tí ó lọ síhà ilẹ̀ àríwá ti mú ẹ̀mí mi parọ́rọ́ ni ilẹ̀ àríwá.”
ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား၊``မြောက် အ​ရပ်​သို့​သွား​သည့်​မြင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပြေ​စေ​ကြ​လေ ပြီ'' ဟု​ပြော​၏။
9 Ọ̀rọ̀ Olúwa sì tọ̀ mí wá, wí pé:
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဤ​သို့​ဗျာ​ဒိတ် ပေး​တော်​မူ​၏။-
10 “Mú nínú ìgbèkùn, nínú àwọn Heldai, tí Tobiah, àti ti Jedaiah, tí ó ti Babeli dé, kí ìwọ sì wá ní ọjọ́ kan náà, kí o sì wọ ilé Josiah ọmọ Sefaniah lọ.
၁၀ကိုယ်​တော်​က``ပြည်​နှင်​ဒဏ်​သင့်​သူ​ဟေ​လ​ဒဲ၊ တော​ဘိ​ယ​နှင့်​ယေ​ဒါ​သ​အ​နွယ်​ဝင်​တို့​၏ အ​လှူ​ပစ္စည်း​များ​ကို​ယူ​၍ ဇေ​ဖ​နိ​၏​သား ယော​ရှိ​အိမ်​သို့​ချက်​ချင်း​သွား​လော့။ ဤ​သူ အ​ပေါင်း​တို့​သည် ဗာ​ဗု​လုန်​ပြည်​တွင်​ပြည် နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​များ ဖြစ်​၏။-
11 Kí o sì mú fàdákà àti wúrà, kí o sì fi ṣe adé púpọ̀, sì gbé wọn ka orí Joṣua ọmọ Josadaki, olórí àlùfáà.
၁၁သူ​တို့​ပေး​လှူ​ထား​သည့်​ရွှေ​ငွေ​များ​ဖြင့် သ​ရ​ဖူ​တစ်​ခု​ကို​ပြု​လုပ်​၍ ယော​ဇ​ဒက် ၏​သား​ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​၏ ဦး​ခေါင်း​ကို​ဆောင်း​ပေး​လော့။-
12 Sì sọ fún un pé, ‘Báyìí ni Olúwa àwọn ọmọ-ogun sọ wí pé, wo ọkùnrin náà ti orúkọ rẹ̀ ń jẹ́ Ẹ̀ka; yóò sì yọ ẹ̀ka láti abẹ́ rẹ̀ wá, yóò si kọ́ tẹmpili Olúwa wa.
၁၂အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​က``အ​ညွှန့် အ​တက်'' ဟု​နာ​မည်​တွင်​သူ​သည်​မိ​မိ​ရှိ​ရာ အ​ရပ်​တွင်​ကြီး​ပွား​တိုး​တက်​လျက်​ထာ​ဝ​ရ ဘုရား​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက် ရ​လိမ့်​မည်။-
13 Òun ni yóò sì kọ́ tẹmpili Olúwa òun ni yóò sì wọ̀ ní ògo, yóò sì jókòó, yóò sì jẹ ọba lórí ìtẹ́ rẹ̀; òun ó sì jẹ́ àlùfáà lórí ìtẹ́ rẹ̀; ìmọ̀ àlàáfíà yóò sì wá láàrín àwọn méjèèjì.’
၁၃ထို​သူ​သည်​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရ​မည့် သူ၊ ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့်​ဘုန်း​အ​သ​ရေ ကို​ခံ​ယူ​ရ​ရှိ​မည့်​သူ​ဖြစ်​သ​ဖြင့် မိ​မိ​၏​အ​မျိုး သား​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။ သူ​၏​ရာဇ​ပလ္လင် အ​နီး​တွင်​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ရပ် လျက်​သူ​နှင့်​အ​တူ​ငြိမ်း​ချမ်း​သင့်​မြတ်​စွာ ပူး​ပေါင်း​ဆောင်​ရွက်​ပေး​လိမ့်​မည်။-
14 Adé wọ̀nyí yóò sì wà fún Helemu àti fún Tobiah, àti fún Jedaiah, àti fún Heni ọmọ Sefaniah fún ìrántí ni tẹmpili Olúwa.
၁၄ထို​သ​ရ​ဖူ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏ ဗိ​မာန်​တော်​တွင်​ဟေ​လ​ဒဲ၊ တော​ဘိ​ယ၊ ယေ ဒါ​ယ​နှင့်​ယော​ရှိ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့် ရာ​အ​ထိမ်း​အ​မှတ်​လက္ခ​ဏာ​တစ်​ရပ်​ဖြစ် လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
15 Àwọn tí ó jìnnà réré yóò wá láti kọ́ tẹmpili Olúwa, ẹ̀yin yóò sì mọ̀ pé, Olúwa àwọn ọmọ-ogun ti rán mi sí yín. Yóò sì rí bẹ́ẹ̀ bí ẹ̀yin yóò bá gbà ohùn Olúwa, Ọlọ́run yín gbọ́ nítòótọ́.”
၁၅ရပ်​ဝေး​ဒေ​သ​တွင်​နေ​ထိုင်​ကြ​ကုန်​သော လူ​တို့​သည်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် ကို​ပြန်​လည်​တည်​ဆောက်​ရာ​တွင်​ကူ​ညီ​ဆောင် ရွက်​ကြ​လိမ့်​မည်။ ထို​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​၍​ပြီး​သော​အ​ခါ သင်​တို့​သည် မိ​မိ​တို့​ထံ​သို့​ငါ့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​ခဲ့​ကြောင်း သိ​ရှိ​ကြ​လိမ့်​မည်။ အ​ကယ်​၍​သင်​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​တိ​ကျ​စွာ​လိုက်​နာ​ကြ ပါ​မူ​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ လိမ့်​မည်။

< Zechariah 6 >