< Revelation 10 >

1 Mó sì rí angẹli mìíràn alágbára ò ń ti ọ̀run sọ̀kalẹ̀ wá, a fi àwọsánmọ̀ wọ̀ ọ́ ni aṣọ; òṣùmàrè sì ń bẹ ní orí rẹ̀, ojú rẹ̀ sì dàbí oòrùn, àti ẹsẹ̀ rẹ̀ bí ọ̀wọ́n iná.
ထို​နောက်​ကောင်း​ကင်​မှ​ခွန်​အား​ကြီး​မား​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​ဆင်း​သက်​လာ​သည် ကို​ငါ​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ကို​ဝတ်​ဆင် ၍​သူ​၏​ဦး​ခေါင်း​ပတ်​လည်​တွင်​သက်​တန့်​ရှိ​၏။ သူ​၏​မျက်​နှာ​သည်​နေ​နှင့်​တူ​၏။ သူ​၏​ခြေ ထောက်​တို့​သည်​မီး​ဖြင့်​ပြီး​သော​တိုင်​များ နှင့်​တူ​၏။-
2 Ó sì ní ìwé kékeré kan tí a ṣí ní ọwọ́ rẹ̀; ó sì fi ẹsẹ̀ rẹ̀ ọ̀tún lé Òkun, àti ẹsẹ̀ rẹ̀ òsì lé ilẹ̀.
သူ​သည်​ဖွင့်​ထား​သော​စာ​စောင်​ငယ်​ကို​ကိုင် ထား​၏။ လက်ယာ​ခြေ​ဖြင့်​ပင်​လယ်​ပေါ်​၌​လည်း ကောင်း၊ လက်​ဝဲ​ခြေ​ဖြင့်​ကုန်း​မြေ​ပေါ်​၌​လည်း ကောင်း​ရပ်​လျက်၊-
3 Ó sì ké lóhùn rara, bí ìgbà tí kìnnìún bá bú ramúramù. Nígbà tí ó sì ké, àwọn àrá méje náà fọhùn.
ခြင်္သေ့​ဟောက်​သ​ကဲ့​သို့​ကျယ်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​၏။ ယင်း​သို့​ကြွေး​ကြော်​လိုက်​သော အ​ခါ​မိုး​ကြိုး​သံ​ခု​နစ်​ချက်​မြည်​လေ​၏။-
4 Nígbà tí àwọn àrá méje fọhùn, mo múra àti kọ̀wé, mo sì gbọ́ ohùn láti ọ̀run wá ń wí fún pé, “Fi èdìdì di ohun tí àwọn àrá méje náà sọ, má sì ṣe kọ wọ́n sílẹ̀.”
ထို​အ​ချိန်​၌​မိုး​ကြိုး​သံ​တို့​က​မိန့်​မြွက်​သည့် စ​ကား​ကို ငါ​သည်​ရေး​မှတ်​မည်​ပြု​သော်``မ​ရေး မ​မှတ်​နှင့်။ မိုး​ကြိုး​သံ​ခု​နစ်​ချက်​မိန့်​မြွက်​သည့် စ​ကား​ကို​လျှို့​ဝှက်​ထား​လော့'' ဟု​ကောင်း​ကင် မှ​ထွက်​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။
5 Angẹli náà tí mo rí tí ó dúró lórí Òkun àti lórí ilẹ̀, sì gbé ọwọ́ rẹ̀ sí òkè ọ̀run.
ထို​နောက်​ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ်​တွင်​ရပ်​နေ သော​ကောင်း​ကင်​တ​မန်​သည် မိ​မိ​၏​လက်ယာ ကို​ကောင်း​ကင်​သို့​မြှောက်​ချီ​ကာ၊-
6 Ó sì fi ẹni tí ń bẹ láààyè láé àti láé búra, ẹni tí o dá ọ̀run, àti ohun tí ń bẹ nínú rẹ̀, ayé ohun tí ń bẹ nínú rẹ̀ pé, “Kí yóò si ìjáfara mọ́. (aiōn g165)
ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​၍​မိုး၊ မြေ၊ ပင်​လယ်​မှ​စ​၍​အ​ရာ​ခပ်​သိမ်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​တိုင်​တည်​လျက်``နောက်​ထပ်​နှောင့်​နှေး ကြန့်​ကြာ​မှု​ရှိ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သည်​နှင့်​အ​ညီ၊- (aiōn g165)
7 Ṣùgbọ́n ní ọjọ́ ohùn angẹli keje, nígbà tí yóò ba fún ìpè, nígbà náà ni ohun ìjìnlẹ̀ Ọlọ́run, gẹ́gẹ́ bí o tí sọ fún àwọn ìránṣẹ́ rẹ̀, àwọn wòlíì ni a ó mú ṣẹ.”
သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​၌ ကိုယ်​တော်​သည်​မိ​မိ​၏​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပြီး​မြောက်​စေ တော်​မူ​မည်'' ဟု​ဆို​လေ​သည်။
8 Ohùn náà tí mo gbọ́ láti ọ̀run tún ń ba mi sọ̀rọ̀, ó sì wí pé, “Lọ, gba ìwé tí o ṣí lọ́wọ́ angẹli tí o dúró lórí Òkun àti lórí ilẹ̀.”
ကောင်း​ကင်​မှ​ငါ​ကြား​ရ​သည့်​မိန့်​မြွက်​သံ​က ငါ့​အား``သွား​လော့။ ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ် တွင်​ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​လက် ၌​ဖွင့်​ထား​သော​စာ​စောင်​ကို​ယူ​လော့'' ဟု​ဆို ပြန်​၏။
9 Mo sì tọ angẹli náà lọ, mo sì wí fún pé, “Fún mi ní ìwé kékeré náà.” Ó sì wí fún mi pé, “Gbà kí o sì jẹ ẹ́ tan: yóò dàbí oyin.”
သို့​ဖြစ်​၍​ငါ​သည်​ထို​ကောင်း​ကင်​တ​မန်​ထံ သို့​သွား​ပြီး​လျှင် စာ​စောင်​ငယ်​ကို​ပေး​ရန် တောင်း​၏။ ကောင်း​ကင်​တ​မန်​က``ဤ​စာ​စောင် ကို​ယူ​၍​စား​လော့။ သင်​၏​ဝမ်း​ကို​ခါး​စေ လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​ခံ​တွင်း​၌​ပျား ရည်​ကဲ့​သို့​ချို​လိမ့်​မည်'' ဟု​ဆို​၏။
10 Mo sì gba ìwé kékeré náà ni ọwọ́ angẹli náà mo sì jẹ ẹ́ tan; ó sì dùn lẹ́nu mi bí oyin; bí mo sì tí jẹ ẹ́ tan, inú mi korò.
၁၀ငါ​သည်​ကောင်း​ကင်​တ​မန်​၏​လက်​မှ​စာ​စောင် ငယ်​ကို​ယူ​၍​စား​၏။ ထို​စာ​စောင်​သည်​ငါ​၏ ခံ​တွင်း​၌​ပျား​ရည်​ကဲ့​သို့​ချို​၏။ ဝမ်း​တွင်း သို့​ရောက်​သော​အ​ခါ​၌​မူ​ခါး​လေ​သည်။-
11 A sì wí fún mi pé, “Ìwọ ó sì tún sọ àsọtẹ́lẹ̀ nípa ọ̀pọ̀lọpọ̀ ènìyàn, àti orílẹ̀ àti èdè, àti àwọn ọba.”
၁၁ထို​နောက်​ကောင်း​ကင်​တ​မန်​က``သင်​သည် များ​စွာ​သော​တိုင်း​နိုင်​ငံ​များ၊ ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​များ၊ ရှင် ဘု​ရင်​များ​၏​အ​ကြောင်း​နှင့်​စပ်​လျဉ်း​သည့် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​နောက် တစ်​ဖန်​ဟော​ကြား​ရ​ဦး​မည်'' ဟု​ငါ့​အား ဆို​၏။

< Revelation 10 >