< Psalms 89 >

1 Maskili ti Etani ará Esra. Èmi kọrin títóbi ìfẹ́ Olúwa títí láé; pẹ̀lú ẹnu mi ní èmi yóò jẹ́ kí a mọ òtítọ́ rẹ láti ìran dé ìran.
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​အ​စဉ်​သီ​ချင်း​ဆို ပါ​မည်။ အ​ခါ​ခပ်​သိမ်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
2 Èmi ó wí pé, ìfẹ́ rẹ dúró títí láé, pé ìwọ gbe òtítọ́ rẹ kalẹ̀ ní ọ̀run fúnra rẹ̀.
ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည်​ကာ​လ​အ​စဉ် တည်​တော်​မူ​၍ သစ္စာ​တော်​သည်​လည်း​မိုး​ကောင်း​ကင်​ကဲ့​သို့ ခိုင်​မြဲ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။
3 Ìwọ wí pé, “Èmi ti dá májẹ̀mú pẹ̀lú àwọn àyànfẹ́ mi mo ti búra fún Dafidi ìránṣẹ́ mi.
ကိုယ်​တော်​ရှင်​က``ငါ​ရွေး​ကောက်​သူ​နှင့်​ငါ​သည် ပ​ဋိ​ညာဉ်​ပြု​ပြီ။ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား`သင်​၏​သား​မြေး​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​အ​မြဲ​ရ​လိမ့်​မည်။ သင်​၏​မင်း​မျိုး​မင်း​နွယ်​သည်​အ​ဆက်​မ​ပြတ် ဖြစ်​လိမ့်​မည်' ဟု ငါ​က​တိ​ပေး​ပြီ'' ဟူ​၍​မိန့်​တော်​မူ​ပါ​၏။
4 ‘Èmi ó fi ìdí irú-ọmọ rẹ múlẹ̀ títí láé èmí ó sì máa gbe ìtẹ́ rẹ ró láti ìran dé ìran.’”
5 Àwọn ọ̀run yóò máa yin iṣẹ́ ìyanu rẹ, Olúwa, òtítọ́ rẹ ni ìpéjọpọ̀ àwọn ẹni mímọ́.
ကောင်း​ကင်​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​အ​ကြောင်း​ကို​သီ​ချင်း​ဆို ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​သီ​ချင်း​ဆို​ကြ​ပါ​၏။
6 Ta ni ó wà ní ọ̀run tí a lè fiwé Olúwa? Ta ni nínú àwọn ọmọ alágbára ti a lè fiwé Olúwa?
အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​တွင်​ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ တူ​ပါ​သ​နည်း။ အ​ဘယ်​ကောင်း​ကင်​သား​သည်​ကိုယ်​တော်​ကို တု​ပြိုင်​နိုင်​ပါ​သ​နည်း။
7 Nínú àjọ ìgbìmọ̀ ẹni mímọ́, wọ́n bẹ̀rù Ọlọ́run gidigidi; ó sì ní ìbùyìn fún ju gbogbo àwọn tí ó yí i ká.
ကိုယ်​တော်​ရှင်​သည်​သန့်​ရှင်း​သူ​တို့​၏​ကောင်​စီ​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို​ခံ​ရ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​လွန်​စွာ ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​၏။
8 Olúwa Ọlọ́run alágbára, ta ló dàbí rẹ ìwọ jẹ́ alágbára, Olúwa, òtítọ́ rẹ sì yí ọ ká.
အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ကဲ့​သို့​တန်​ခိုး​ကြီး​မား​သူ မ​ရှိ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့​တွင် သစ္စာ​ရှိ​တော်​မူ​ပါ​၏။
9 Ìwọ ń darí ríru omi Òkun; nígbà tí ó ru àwọn omi sókè, ìwọ mú wọn parọ́rọ́.
ကိုယ်​တော်​ရှင်​သည်​လှိုင်း​ကြီး​သည့်​ပင်​လယ်​ကို အ​စိုး​ရ​တော်​မူ​၍ ပြင်း​ထန်​သော​လှိုင်း​တံ​ပိုး​တို့​ကို​ငြိမ်း​စေ​တော်​မူ​ပါ။
10 Ìwọ ni ó ti ya Rahabu pẹ́rẹpẹ̀rẹ bí ẹni tí a pa; ìwọ ti fi apá ọwọ́ agbára rẹ tú àwọn ọ̀tá rẹ ká.
၁၀ကိုယ်​တော်​ရှင်​သည်​ရာ​ခပ် ကို ချေ​မှုန်း​သတ်​ဖြတ်​ပစ်​တော်​မူ​ပါ​၏။ တန်​ခိုး​တော်​ဖြင့်​ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​ကို နှိမ်​နင်း​တော်​မူ​ပါ​၏။
11 Tìrẹ ní àwọn ọ̀run, ayé pẹ̀lú jẹ́ tìrẹ: ayé àti ohun gbogbo tí ó wà nínú rẹ̀: ìwọ ti gbé wọn kalẹ̀.
၁၁ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကောင်း၊မိုး​ကောင်း​ကင် ကို​လည်း​ကောင်း​ပိုင်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​နှင့်​ကမ္ဘာ​ပေါ်​တွင် ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။
12 Gúúsù àti àríwá ìwọ ni ó dá wọn; Tabori àti Hermoni ń fi ayọ̀ yin orúkọ rẹ.
၁၂ကိုယ်​တော်​ရှင်​သည်​မြောက်​မျက်​နှာ​နှင့် တောင်​မျက်​နှာ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ တာ​ဗော်​တောင်​နှင့်​ဟေ​ရ​မုန်​တောင်​တို့​သည် ကိုယ်​တော်​ရှင်​အား​ရွှင်​လန်း​စွာ​ထော​မ​နာ ပြု​ကြ​ပါ​၏။
13 Ìwọ ní apá agbára; agbára ní ọwọ́ rẹ, gíga ní ọwọ́ ọ̀tún rẹ.
၁၃ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​တန်​ခိုး​ကြီး​တော်​မူ ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​၏​ခွန်​အား​တော်​သည်​ကြီး​မား လှ​ပါ​သည်​တ​ကား။
14 Òdodo àti òtítọ́ ni ìpìlẹ̀ ìtẹ́ rẹ: ìdúró ṣinṣin ìfẹ́ àti òtítọ́ ń lọ síwájú rẹ.
၁၄ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော အ​မှု​အ​ရာ​တို့​တွင်​မေတ္တာ​တော်​နှင့်​သစ္စာ​တော် ပေါ်​လွင်​ထင်​ရှား​ပါ​၏။
15 Ìbùkún ni fún àwọn ènìyàn tí wọn mọ ohùn ayọ̀ nì, Olúwa wọ́n ó máa rìn ní ìmọ́lẹ̀ ojú rẹ.
၁၅သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် ဝတ်​ပြု​သော၊ ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​အ​လင်း​တွင် ကျင်​လည်​သော​သူ​တို့​သည်​အ​လွန်​မင်္ဂလာ ရှိ​ပါ​သည်​တ​ကား။
16 Wọn ń ṣògo nínú orúkọ rẹ̀ ní gbogbo ọjọ́, wọn ń yin òdodo rẹ.
၁၆သူ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​အ​ကြောင်း​ပြု​၍ တစ်​နေ့​လုံး​ဝမ်း​မြောက်​ရွှင်​မြူး​လျက်​နေ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​၏။
17 Nítorí ìwọ ni ògo agbára wọn; nípa ojúrere ni ìwo wá ń ṣògo.
၁၇ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အောင်​ပွဲ​ကြီး​များ​ခံ​စေ​တော်​မူ​ပါ​၏။ မေတ္တာ​ရှိ​တော်​မူ​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့​အား အ​နိုင်​ရ​စေ​တော်​မူ​ပါ​၏။
18 Nítorí ti Olúwa ni asà wa, ọba wa sì ni Ẹni Mímọ́ Israẹli.
၁၈အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကွယ်​ကာ​သော​သူ​ကို​ရွေး​ချယ်​ပေး​တော် မူ​ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အ​တွက် ရှင်​ဘု​ရင်​ကို​ခန့်​ထား​ပေး​တော်​မူ​ပါ​၏။
19 Nígbà náà ni ìwọ sọ̀rọ̀ nínú ìran, sí àwọn olóòtítọ́ rẹ, wí pé, “Èmi ti gbé adé kalẹ̀ sórí ẹni tí ó lágbára, èmi ti gbé ẹni tí a yàn láti ọ̀dọ̀ àwọn ènìyàn ga.
၁၉လွန်​လေ​ပြီး​သော​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် သစ္စာ​ရှိ​သူ​အ​စေ​ခံ​များ​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်``ထင်​ရှား​ကျော်​စော​သူ စစ်​သူ​ရဲ​အား​ငါ​သည်​ကူ​မ​တော်​မူ​ပြီ။ လူ​တို့​အ​ထဲ​မှ​ရွေး​ချယ်​ထား​သူ​အား​ရာ​ဇ ပလ္လင်​ကို ငါ​အပ်​နှင်း​ပြီ။
20 Èmi ti rí Dafidi ìránṣẹ́ mi; pẹ̀lú òróró mímọ́ mi ni mo fi yàn án.
၂၀ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ဆီ​တော်​ဖြင့်​ဘိ​သိက် ပေး​၍ ဘု​ရင်​အ​ဖြစ်​ငါ​ခန့်​ထား​ပြီ။
21 Ìgbà gbogbo ni ọwọ́ mi yóò máa wà pẹ̀lú rẹ̀ apá mí yóò sì fi agbára fún un.
၂၁သူ​သည်​ငါ့​ထံ​မှ​ခွန်​အား​ကို​အ​စဉ်​အ​မြဲ ရ​ရှိ​မည်။ ငါ​၏​တန်​ခိုး​အား​ဖြင့်​သူ့​အား​စွမ်း​သန် စေ​မည်။
22 Àwọn ọ̀tá kì yóò borí rẹ̀, àwọn ènìyàn búburú kì yóò rẹ̀ ẹ́ sílẹ̀.
၂၂သူ​၏​ရန်​သူ​တို့​သည်​သူ့​အ​ပေါ်​တွင်​အ​ဘယ် အ​ခါ​၌​မျှ အ​နိုင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​ယုတ်​မာ​တို့​သည်​သူ့​ကို​နှိမ်​နင်း​နိုင် လိမ့်​မည်​မ​ဟုတ်။
23 Èmi yóò run àwọn ọ̀tá rẹ níwájú rẹ èmi yóò lu àwọn tí ó kórìíra rẹ bolẹ̀.
၂၃ငါ​သည်​သူ​၏​ရန်​သူ​များ​ကို​ချေ​မှုန်း​ပစ်​မည်။ သူ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​အား သုတ်​သင်​ပစ်​မည်။
24 Òtítọ́ mi àti ìdúró ṣinṣin ìfẹ́ yóò wà pẹ̀lú rẹ àti ní orúkọ mi ni a ó gbé ìwo rẹ ga.
၂၄ငါ​သည်​သူ့​အား​အ​စဉ်​ချစ်​မြတ်​နိုး​၍​သစ္စာ စောင့်​မည်။ သူ့​အား​အ​စဉ်​အောင်​ပွဲ​ခံ​စေ​မည်။
25 Èmi ó gbé ọwọ́ rẹ lórí òkun, àti ọwọ́ ọ̀tún rẹ lórí àwọn odo ńlá.
၂၅ငါ​သည်​သူ​၏​တိုင်း​နိုင်​ငံ​ကို​မြေ​ထဲ​ပင်​လယ်​မှ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​စေ​မည်။
26 Òun yóò kígbe sí mi pé, ‘Ìwọ ni baba mi, Ọlọ́run mi, àti àpáta ìgbàlà mi!’
၂၆သူ​သည်​ငါ့​အား`ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​ဖ၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ၊ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​ပါ​၏' ဟူ​၍​လျှောက်​ထား​လိမ့်​မည်။
27 Èmi yóò ṣe é ni àkọ́bí mi, ẹni gíga ju àwọn ọba ayé.
၂၇ငါ​သည်​သူ့​အား​ငါ​၏​သား​ဦး​ဖြစ်​စေ​မည်။ ဘုန်း​အ​ကြီး​ဆုံး​သော​ဘု​ရင်​ဖြစ်​စေ​မည်။
28 Títí láé ni èmi yóò pa ìfẹ́ dídúró ṣinṣin mọ́ fún un, àti májẹ̀mú mi pẹ̀lú rẹ̀ yóò dúró gbọingbọin.
၂၈ငါ​သည်​သူ့​အား​ထား​ရှိ​သည့်​က​တိ​သစ္စာ​ကို အ​စဉ်​တည်​စေ​မည်။ ငါ​နှင့်​သူ​ပြု​သော​ပ​ဋိ​ညာဉ်​ကို​ခိုင်​မြဲ​စေ​မည်။
29 Èmi ó fi ìdí irú-ọmọ rẹ̀ múlẹ̀ títí láé, àti ìtẹ́ rẹ gẹ́gẹ́ bí ọ̀run ti wà láé.
၂၉သူ​၏​တိုင်း​နိုင်​ငံ​သည်​မိုး​ကောင်း​ကင်​ကဲ့​သို့ တည်​မြဲ​လိမ့်​မည်။ သူ​၏​သား​မြေး​များ​သည်​အ​ခါ​ခပ်​သိမ်း​ဘု​ရင် ဖြစ်​ကြ​လိမ့်​မည်။
30 “Bí àwọn ọmọ rẹ̀ bá kọ òfin mi sílẹ̀ tí wọn kò sì rìn gẹ́gẹ́ bí ìlànà mi.
၃၀``သို့​ရာ​တွင်​အ​ကယ်​၍​သူ​၏​သား​မြေး​တို့​သည် ငါ့​တ​ရား​တော်​ကို​ပစ်​ပယ်​ကာ​ငါ​၏​နည်း ဥ​ပ​ဒေ​ကို မ​ကျင့်​သုံး​လျှင်​သော်​လည်း​ကောင်း၊
31 Tí wọn bá ba ìlànà mi jẹ́ tí wọn kò sì pa àṣẹ mi mọ́,
၃၁ငါ​၏​ညွှန်​ကြား​ချက်​များ​ကို​လျစ်​လူ​ရှု​၍ ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​မ​ထိန်း​လျှင် သော်​လည်း​ကောင်း
32 nígbà náà ni èmi ó fì ọ̀gọ̀ bẹ ìrékọjá wọn wò; àti ẹ̀ṣẹ̀ wọn pẹ̀lú pàṣán;
၃၂ငါ​သည်​သူ​တို့​ပြု​သည့်​ဒု​စ​ရိုက်​များ​အ​တွက် အ​ပြစ်​ပေး​မည်။ သူ​တို့​၏​အ​မှား​များ​အ​တွက်​ဒဏ်​ခတ်​မည်။
33 ṣùgbọ́n èmi kò ní mú ìfẹ́ mi tí ó dúró ṣinṣin kúrò lọ́dọ̀ rẹ, bẹ́ẹ̀ ni èmi kì yóò jẹ́ kí òtítọ́ mi kí ó yẹ̀.
၃၃သို့​သော်​ငါ​သည်​ဒါ​ဝိဒ်​ကို​ချစ်​မြဲ​ချစ်​မည်။ သူ့​အား​ငါ​ထား​သည့်​က​တိ​တော်​ကို​လည်း ဖျက်​မည်​မ​ဟုတ်။
34 Èmi kì yóò sẹ́ májẹ̀mú mi, bẹ́ẹ̀ ni èmi kì yóò yí ọ̀rọ̀ tí ó ti ẹnu mi jáde padà.
၃၄ငါ​သည်​သူ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို ပျက်​ပြယ်​စေ​မည်​မ​ဟုတ်။ သူ့​အား​ပေး​ခဲ့​သော​က​တိ​တော်​တစ်​ခု​ကို​မျှ ရုပ်​သိမ်း​မည်​မ​ဟုတ်။
35 Lẹ́ẹ̀kan ṣoṣo ni èmi ti fi ìwà mímọ́ mi búra; èmi kì yóò purọ́ fún Dafidi.
၃၅``ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဒါ​ဝိဒ်​အား လှည့်​စား​၍ မိန့်​ဆို​မည်​မ​ဟုတ်​ဟူ​၍ သန့်​ရှင်း​မြင့်​မြတ်​သည့်​ငါ့​နာ​မ​ကို​တိုင်​တည်​၍ တစ်​ခါ​တည်း​အ​ပြီး​အ​ပိုင်​က​တိ​ပေး​ပြီ။
36 Irú-ọmọ rẹ yóò dúró títí láé, àti ìtẹ́ rẹ̀ yóò dúró bí oòrùn níwájú mi.
၃၆ဒါ​ဝိဒ်​၏​မျိုး​ရိုး​အ​ဘယ်​အ​ခါ​၌​မျှ​မ​တိမ်​ကော​ရ။ နေ​သည်​ထွန်း​လင်း​လျက်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​မြဲ​စေ​မည်။
37 A ó fi múlẹ̀ títí láé bí òṣùpá, àti bi ẹlẹ́rìí òtítọ́ ni ọ̀run.” (Sela)
၃၇သူ​၏​နိုင်​ငံ​သည်​မိုး​ကောင်း​ကင်​တွင်​တည်​မြဲ​သော သက်​သေ​ဖြစ်​သည့်​လ​ကဲ့​သို့ အ​စဉ်​အ​မြဲ​တည်​လျက်​နေ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
38 Ṣùgbọ́n nísinsin yìí ìwọ ti ṣá tì, ìwọ sì kórìíra; ìwọ kún fún ìrunú sí ẹni àmì òróró rẹ.
၃၈သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည် မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို အ​မျက်​ထွက်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​သူ့​အား​စွန့်​ပစ်​တော်​မူ​ပါ​ပြီ။ သူ့​အား​ပစ်​ပယ်​တော်​မူ​ပါ​ပြီ။
39 Ìwọ ti sọ májẹ̀mú ìránṣẹ́ rẹ di òfo; ìwọ tàbùkù adé rẹ nínú eruku.
၃၉ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​နှင့်​ပြု​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ပယ်​ဖျက်​တော်​မူ​ပါ​ပြီ။ သူ​၏​သ​ရ​ဖူ​ကို​မြေ​သို့​ချ​တော်​မူ​ပါ​ပြီ။
40 Ìwọ ti wó gbogbo àwọn odi rẹ̀ ìwọ sọ ibi gíga rẹ̀ di ahoro.
၄၀သူ​၏​မြို့​တော်​တံ​တိုင်း​များ​ကို​ချိုး​ဖျက်​တော်​မူ​၍ သူ​၏​ခံ​တပ်​များ​ကို​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။
41 Àwọn tí ń kọjá lọ fi ṣe ìjẹ; ó ti di ẹ̀gàn àwọn olùbágbé rẹ̀.
၄၁သူ​၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​ကြ​သူ အ​ပေါင်း​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ခိုး​ယူ​ကြ​ပါ​၏။ အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ပြောင်​လှောင် ကြ​ပါ​၏။
42 Ìwọ ti gbé ọwọ́ ọ̀tún ọ̀tá rẹ̀ sókè; ìwọ mú gbogbo ọ̀tá rẹ̀ yọ̀.
၄၂ကိုယ်​တော်​ရှင်​သည်​သူ​၏​ရန်​သူ​တို့​အား​အောင်​ပွဲ​ကို ခံ​စေ​တော်​မူ​ပါ​ပြီ။ သူ​တို့​အား​လုံး​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စေ​တော် မူ​ပါ​ပြီ။
43 Pẹ̀lú, ìwọ ti yí ojú idà rẹ̀ padà, ìwọ kò sì dúró tì í nínú ogun.
၄၃ကိုယ်​တော်​ရှင်​သည်​သူ​၏​ဋ္ဌား​တို့​ကို​တုံး​စေ​တော် မူ​၍ သူ့​အား​စစ်​ပွဲ​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ ပါ​ပြီ။
44 Ìwọ ti mú ògo rẹ̀ kùnà, ìwọ si wó ìtẹ́ rẹ̀ palẹ̀ sílẹ̀ẹ́lẹ̀.
၄၄ကိုယ်​တော်​ရှင်​သည်​သူ​၏​လှံ​တံ​တော်​ကို ယူ​သိမ်း​တော်​မူ​၍ သူ​၏​ရာ​ဇ​ပလ္လင်​တော်​ကို​မြေ​သို့ လဲ​ကျ​စေ​တော်​မူ​ပါ​ပြီ။
45 Ìwọ ti gé ọjọ́ èwe rẹ̀ kúrú; ìwọ sì fi ìtìjú bò ó.
၄၅ကိုယ်​တော်​ရှင်​သည်​သူ့​အား​အ​ချိန်​မ​ကျ​မီ အို​စေ​တော်​မူ​၍​အ​ရှက်​တ​ကွဲ​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။
46 Yóò ti pẹ́ tó, Olúwa? Tí ìwọ ó ha fi ara rẹ pamọ́ títí láé? Yóò ti pẹ́ to tí ìbínú rẹ yóò máa jó bí iná?
၄၆အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​အ​စဉ်​ပင် ဖုံး​ကွယ်​၍​ထား​တော်​မူ​ပါ​မည်​လော။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​အ​ဘယ်​မျှ ကြာ​အောင်​မီး​ကဲ့​သို့​တောက်​လောင်​၍ နေ​တော်​မူ​ပါ​မည်​နည်း။
47 Rántí bí ọjọ́ mi ti kúrú tó nítorí asán ha ni ìwọ fi ṣẹ̀dá àwọn ènìyàn!
၄၇ကျွန်​တော်​မျိုး​၏​အ​သက်​သည်​အ​ဘယ်​မျှ​တို​ကြောင်း အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​သေ​မျိုး​ဖြစ်​သော ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား​ဖန်​ဆင်း​ထား တော်​မူ​သည်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။
48 Ta ni yóò wà láààyè tí kò ní rí ikú rẹ̀? Ta ló lè sá kúrò nínú agbára isà òkú? (Sheol h7585)
၄၈အ​ဘယ်​သူ​သည်​မ​သေ​ဘဲ​အ​စဉ်​အ​သက်​ရှင်​၍ နေ​နိုင်​ပါ​မည်​နည်း။ လူ​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သို့​လျှင် သင်္ချိုင်း​တွင်း​သို့​မ​ရောက်​အောင်​တား​ဆီး​နိုင် ပါ​မည်​နည်း။ (Sheol h7585)
49 Olúwa, níbo ni ìṣeun ìfẹ́ rẹ àtijọ́ wà, tí ìwọ ti fi òtítọ́ rẹ búra fún Dafidi?
၄၉အို ဘု​ရား​သ​ခင်၊ ယ​ခင်​က​ဖော်​ပြ​ခဲ့​သော​ကိုယ်​တော်​ရှင်​၏ မေတ္တာ​တော်​ကား​အ​ဘယ်​မှာ​နည်း။ ဒါ​ဝိဒ်​အား​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သော က​တိ​တော်​များ​ကား​အ​ဘယ်​မှာ​နည်း။
50 Rántí, Olúwa, bí a ti ń gan àwọn ìránṣẹ́ rẹ; bí èmi ti gbà ní àyà mi láti ọ̀dọ̀ àwọn ènìyàn,
၅၀ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​သည် အ​ဘယ်​သို့ အ​စော်​ကား​ခံ​ရ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​မဲ့​သူ​တို့​၏​ကျိန်​ဆဲ​ခြင်း​များ​ကို အ​ဘယ်​သို့​ကျွန်​တော်​မျိုး​ခံ​ရ​သည်​ကို လည်း​ကောင်း မေ့​တော်​မ​မူ​ပါ​နှင့်။
51 ẹ̀gàn tí àwọn ọ̀tá rẹ gàn, Olúwa, tí wọn gan ipasẹ̀ ẹni àmì òróró rẹ.
၅၁အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​ဘု​ရင်​ကို ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​စော်​ကား​ကြ ပါ​သည်​တ​ကား။ သူ​တို့​သည်​သူ့​အား​သွား​လေ​ရာ​ရာ​တွင် စော်​ကား​ကြ​ပါ​၏။
52 Olùbùkún ní Olúwa títí láé.
၅၂ထာ​ဝ​ရ​ဘု​ရား​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​ကုန်​လော့။ အာ​မင်၊ အာ​မင်။

< Psalms 89 >