< Psalms 56 >
1 Fún adarí orin. Ti ohùn “Àdàbà lórí Óákù òkè réré.” Ti Dafidi. Miktamu. Nígbà tí àwọn ará Filistini ka mọ́ ní Gati. Ṣàánú fún mi, Ọlọ́run, nítorí àwọn ènìyàn ń fi ìgbónára lépa mi; ní gbogbo ọjọ́ ni wọn ń kọjú ìjà sí mi, wọn ń ni mi lára.
၁အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်တိုက်ခိုက်ခြင်းကိုခံနေရသဖြင့် ကျွန်တော်မျိုးကိုသနားတော်မူပါ။ ရန်သူများသည်ကျွန်တော်မျိုးအားနေ့ရှိသမျှ ညှဉ်းဆဲနှိပ်စက်ကြပါ၏။
2 Àwọn ọ̀tá mi ń lé mi ní gbogbo ọjọ́, àwọn ènìyàn ń kọjú ìjà sí mi nínú ìgbéraga wọn.
၂ကျွန်တော်မျိုး၏ရန်ဘက်တို့သည်တစ်နေ့လုံးပင် ကျွန်တော်မျိုးအားတိုက်ခိုက်ကြပါ၏။ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့များလှပါ၏။
3 Nígbà tí ẹ̀rù bà ń bà mí, èmi o gbẹ́kẹ̀lé ọ.
၃အို အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကြောက်လန့်သောအခါ ကိုယ်တော်ရှင်အားကိုးစားပါ၏။
4 Nínú Ọlọ́run èmi yóò máa yìn ọ̀rọ̀ rẹ, nínú Ọlọ́run ni ìgbẹ́kẹ̀lé mi; ẹ̀rù kì yóò bà mí kí ni ẹran-ara lè ṣe sí mi?
၄ငါသည်ဘုရားသခင်အားကိုးစားသဖြင့် အဘယ်သူကိုမျှကြောက်လန့်မည်မဟုတ်။ ကိုယ်တော်၏ကတိတော်အတွက်ကိုယ်တော်အား ထောမနာပြုမည်။ လူသည်ငါ့အားအဘယ်သို့ပြုနိုင်မည်နည်း။
5 Wọn ń yí ọ̀rọ̀ mí ní gbogbo ọjọ́, wọn ń gbèrò nígbà gbogbo láti ṣe mí níbi.
၅ငါ၏ရန်သူများသည်ငါ့ကိုတစ်နေ့လုံး စော်ကားပြောဆိုကြ၏။ ငါ့အားအကျိုးနည်းစေရန်နည်းလမ်းကို အစဉ်ပင်ရှာကြံလျက်နေကြ၏။
6 Wọn kó ara wọn jọ, wọ́n ba. Wọ́n ń ṣọ́ ìgbésẹ̀ mi wọn ń làkàkà láti gba ẹ̀mí mi.
၆သူတို့သည်ပုန်းကွယ်ရာအရပ်များတွင် စုရုံးကာ ငါ့ကိုသတ်ဖြတ်နိုင်ရန်ငါပြုသမျှသော အမှုတို့ကိုချောင်းမြောင်း၍ကြည့်ကြ၏။
7 San ẹ̀san iṣẹ́ búburú wọ́n fún wọn; ní ìbínú rẹ, Ọlọ́run, wọ́ àwọn ènìyàn náà bọ́ sílẹ̀.
၇အို ဘုရားသခင်၊ သူတို့ပြုသောဒုစရိုက်အတွက် အပြစ်ဒဏ်ခတ်တော်မူပါ။ အမျက်တော်ထွက်၍သူတို့အားနှိမ်နင်း တော်မူပါ။
8 Kọ ẹkún mi sílẹ̀; kó omijé mi sí ìgò rẹ, wọ́n kò ha sí nínú ìkọ̀sílẹ̀ rẹ bí?
၈ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက်ရှိ သည်ကို ကိုယ်တော်ရှင်သိတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏မျက်ရည်ပေါက် များကိုစာရင်းပြု၍ထားတော်မူပြီ။ ကိုယ်တော်ရှင်၏စာစောင်တွင်စာရင်းပြု၍ထားသည် မဟုတ်ပါလော။
9 Nígbà náà ni àwọn ọ̀tá mi yóò pẹ̀yìndà nígbà tí mo bá pè fún ìrànlọ́wọ́ nípa èyí ni mo mọ̀ pé Ọlọ́run ń bẹ fún mi.
၉ကိုယ်တော်ရှင်အားကျွန်တော်မျိုး တောင်းလျှောက်သောနေ့၌ရန်သူတို့သည် တပ်လန်ကြပါလိမ့်မည်။ ဘုရားသခင်သည်ငါ၏ဘက်တွင်ရှိတော်မူ ကြောင်းကို ငါသိ၏။
10 Nínú Ọlọ́run, ẹni tí mo yìn ọ̀rọ̀ rẹ̀ nínú Olúwa, ẹni tí mo yin ọ̀rọ̀ rẹ̀,
၁၀ငါသည်ထာဝရဘုရား၏ကတိတော်များကို ချီးမွမ်းပါ၏။
11 nínú Ọlọ́run ni ìgbẹ́kẹ̀lé mi: ẹ̀rù kì yóò bà mí. Kí ni ènìyàn lè ṣe sí mi?
၁၁ငါသည်ကိုယ်တော်ကိုကိုးစားသဖြင့် အဘယ်သူကိုမျှ ကြောက်လန့်မည်မဟုတ်။ လူသည်ငါ့အားအဘယ်သို့ပြုနိုင်သနည်း။
12 Mo jẹ́ ẹ̀jẹ́ lábẹ́ rẹ Ọlọ́run: èmi o mú ìyìn mi wá fún ọ.
၁၂အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားသစ္စာကတိ ပြုခဲ့သည့်အတိုင်းသစ္စာဝတ်ကိုဖြေပါမည်။ ချီးမွမ်းရာပူဇော်သကာကိုကိုယ်တော်ရှင်အား ဆက်သပါမည်။
13 Nítorí ìwọ tí gbà mí lọ́wọ́ ikú àti ẹsẹ̀ mi lọ́wọ́ ìṣubú, kí èmí lè máa rìn níwájú Ọlọ́run ní ìmọ́lẹ̀ àwọn alààyè.
၁၃အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော်မူ၍ အရေးရှုံးနိမ့်စေတော်မမူခဲ့သောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည် အသက်ရှင်သူတို့၏အလင်းထဲမှာ ဘုရားသခင်၏ရှေ့တော်၌သွားလာပါ၏။